Saturday, November 14, 2015

iOS ရဲ့ Passcode ကို ဂဏန်းနဲ့တင်မဟုတ်ဘဲ အက္ခရာစုံနဲ့ Passcode ပေးချင်သူတွေအတွ

5iPhone မှာ Password/Passcode ပေးရင် သုံးစွဲသူတော်တော်များများက ဂဏန်းနဲ့ပဲ Passcode ပေးလေ့ရှိပါတယ်။ iOS ရဲ့ Default Passcode ပုံစံကလည်း Numeric Keyboard နဲ့ပဲသတ်မှတ်ထားတာကိုး ။ ပြီးခဲ့တဲ့ မတ်လ ထဲမှာတုန်းက Jailbreak လုပ်ထားတဲ့ iOS ရဲ့ Passcode ကို ကွန်ပျူတာနဲ့ချိတ်ပြီး Brute-force attack နဲ့ယူလို့ရတဲ့ Tool တွေထွက်ရှိလာတာတွေ့ရပါတယ်။ ဒါကြောင့် မိမိတို့ iPhone/Pad တွေရဲ့ Passcode ကို ဂဏန်းနဲ့တင်မဟုတ်ဘဲ သာမန်ကီးဘုတ်က character တွေနဲ့ ယခင်ကထက်နည်းနည်းလေးပိုခက်အောင်သတ်မှတ်ချင်သူတွေအတွက် နည်းလမ်းလေးပါ။
iOS ရဲ့ Setting > Touch ID & Passcode ထဲကိုဝင်ပါ။ Simple Passcode ကို Off ပါ။



Turn Passcode on ကိုနှိပ်ပါ။



သာမန်ကီးဘုတ်နဲ့ Passcode သတ်မှတ်ခိုင်းပါပြီ။ မိမိစိတ်ကြိုက် character တွေနဲ့ Passcode သတ်မှတ်လိုက်ပါ။


ပြီးရင်တော့ ဖုန်းကို Lock ချပြီး ပြန်ဖွင့်ကြည့်ပါ။ Passcode ကို သာမန်အက္ခရာကီးဘုတ်နဲ့ ရိုက်လို့ရပါပြီ။

Numeric Keyboard နဲ့ passcode ပေးတာထက်တော့ ပိုပြီးစိတ်ချရမှာပါ။
အားလုံးပဲအဆင်ပြေကြပါစေ။

No comments:

Post a Comment