Wednesday, November 18, 2015

လူကြိုက်များနေတဲ့ iPhone 7 Concept





ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းဟာ လူကြိုက်များနေတဲ့ iPhone 7 Concept ဖြစ်ပါတယ်။ အမေရိကန်မှ ဒီဇိုင်နာ တစ်ဦးမှာ သူ့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ iPhone 7 ဘယ်လိုဖြစ်လာမယ်ဆိုတာကို ခန့်မှန်းရေးဆွဲခြင်း ဖြစ်ပါတယ်။
ယင်းသို့ စိတ်ကူးပုံဖော် ရေးဆွဲဖို့အတွက် Apple က ပြုလုပ်ခဲ့တဲ့ iPhone သမိုင်းနဲ့ အနာဂတ်မှာ ပြောင်းလဲလာနိုင်ချေရှိတဲ့ စမတ်ဖုန်း ပုံစံများကို ထည့်သွင်းတွက်ချက်ပြီးတော့ ခန့်မှန်းရေးဆွဲထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Apple မှ တရားဝင် ထုတ်ဖော် ပြသတဲ့ ဒီဇိုင်း မဟုတ်ပါ။ Jony Ive လို့အမည်ရတဲ့ ဒီဇိုင်နာ ပုဂ္ဂိုလ်ကို သိကြပါလိမ်မယ်။ သူဟာ iPhone ဒီဇိုင်းကို ဦးဆောင်ဖန်တီးသူ ဖြစ်ပြီး Apple ရဲ့ ဒီဇိုင်နာအဖွဲ့နဲ့ ဘုတ်အဖွဲ့တို့ရဲ့ အကြံပေးဖို့ ဝေဖန်မှုများဖြင့် ဖန်တီးရခြင်း ဖြစ်ပါတယ်။
တကယ့် iPhone က ဘယ်လို ပုံစံ ထွက်ရှိမယ်ဆိုတာကို လာမယ့် ၂၀၁၆ စက်တင်ဘာလလောက်အထိ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။
.

No comments:

Post a Comment