Saturday, November 14, 2015

၎ လက်မ အရွယ် အိုင်ဖုန်း မီနီ ထွက်မည်



iphone4
Apple အနေနဲ့ အိုင်ဖုန်း အသေးတွေ လုံးဝမထုတ်တော့ဘူးလို့ ထင်ခဲ့ ကြပေမယ့် ယင်း အမြင်ဟာ မှားသွားပါပြီ။ ၄ လက်မ အရွယ်သာ ရှိတဲ့ အိုင်ဖုန်း မီနီများကို လာမယ့်နှစ်မှာ ထုတ်လုပ်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
iPhone 5S ဟာ iPhone 5C ထက် ရောင်းအားတက်ခဲ့တာကြောင့် iPhone 5S ကိုလည်း ပြန်လည် upgrade လုပ်ထားတဲ့ ဗားရှင်းအဖြစ် မြင်ရမှာ ဖြစ်ပါတယ်။ iPhone 5S ထက်လည်း သေးပါမယ်။ ပါးပါမယ်။ A9 Chip ကို အသုံးပြုမှာ ဖြစ်ပါတယ်။ လာမယ့် iPhone 7 ကတော့ A10 Chip ကို အသုံးပြုမှာပါ။ ယင်း အိုင်ဖုန်းမီနီဟာ Mid Range အမြင့်စား စမတ်ဖုန်း တစ်ခုအဖြစ် ရှိနေမှာ ဖြစ်ပါတယ်။ လက်ရှိမှာ iPod touch ၄လက်မ အရွယ်များရှိပြီး ယင်း iPod Touch များနဲ့လည်း ပုံစံ အနည်းငယ် ဆင်တူဖြစ်လေမလားလို့ ခန့်မှန်းနေကြ ပါတယ်။ iPod touch လောက်ပါးမယ် မပါးဘူး ဆိုတာတော့ မသိကြသေးပါဘူး။
၎ လက်မ အရွယ်ဖုန်းကို အလုံးရေ သန်း ၂၀ ကျော် ထုတ်လုပ်ပြီး ၂၀၁၆ ခုနှစ်မှာ ဖြန့်ချိသွားမှာလို့ သတင်းထွက်နေပါတယ်။ ယင်း သတင်းကို Apple က အတည်မပြုသေးပေမယ့် သတင်း ဝဘ်ဆိုဒ် အများစုက ဖော်ပြရေးသားနေပြီ ဖြစ်ပါတယ်။ အခြား Spec များကို သိရတဲ့အခါ ပြန်လည် မျှဝေပေးသွားပါ့မယ်။

No comments:

Post a Comment