Saturday, November 14, 2015

iPad Pro အွန်လိုင်း အော်ဒါရပြီ

နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ စလို့ iPad Pro များကို အွန်လိုင်းကနေ အော်ဒါ စတင်မှာယူလို့ရတော့မှာ ဖြစ်ပါတယ်။ အမေရိကန်မှာ 32 GB iPad Pro တစ်လုံးကို အမေရိကန်ဒေါ်လာ ၇၉၉ ပေါက်ဈေး ရှိပါတယ်။
Wi-Fi & Cellular 128 GB ကိုတော့ အမေရိကန်ဒေါ်လာ ၁၀၇၉ ဒေါ်လာလို့ သတ်မှတ်ထားပါတယ်။ နိုင်ငံပေါင်း ၄၈ နိုင်ငံမှ အွန်လိုင်း အော်ဒါ စတင် မျာနိုင်မှာ ဖြစ်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အသီးသီးရဲ့ currency သတ်မှတ်မှုများဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ 5.6 million pixels အရည်အသွေးရှိပြီး 2732 x 2048 at 264 pixels per inch (PPI) ဖြစ်တာကြောင့် လက်ရှိ MacBook များထက် တောင် ပိုလို့ အရည်အသွေးကောင်းပါတယ်။ အရည်အသွေးအားဖြင့် ငွေ၊ ရွှေ၊ space grey ဆိုပြီးတော့ သုံးမျိုး ရှိပါတယ်။ 64-bit A9X chip ကို အသုံးပြုထားပြီး ဘက်ထရီ ၁၀ နာရီ ခံပါတယ်။
Apple Pencil ကို ၉၉ ဒေါ်လာ၊ Smart Keyboard ကို ၁၆၉ ဒေါ်လာ အသီးသီးတို့နဲ့ ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာတစ်ဝန်းရှိ PC ပေါင်း ၈၀ ရာခိုင်နှုန်းထက် ပိုမြန်တဲ့ device တစ်ခု ဖြစ်ကြောင်း ဆိုထား ပါတယ်။
                              မဏ္ဍိုင် (နည်းပညာ မှတ်စု)

No comments:

Post a Comment