Wednesday, November 18, 2015

Myanmar Hacker Evolution





                          
Myanmar Hacker ဆိုတာနဲ့ပတ်သတ်ရင် တော်တော်များများက Blink Hacker Group ကိုပဲ ပြေးမြင်ကြတယ် ဟုတ်ပါတယ် Blink Hacker Group ကို ဘယ်လိုပဲ မြင်မြင်သူတို့ရဲ့လုပ်ရပ်တွေ ဟာ ဘာတွေပဲဖြစ်ဖြစ် သူတို့ဟာ Myanmar Hacker Evolution ( မြန်မာ ဟက်ကာ အုံကြွမှု ) အပေါ် အတော်ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တယ်ဆိုတာပဲ.။
တကယ်တော့ BHG မပေါ်ခင်ကတည်းက မြန်မာ ဟက်ကာတွေရှိခဲ့တာပဲ ။ Planet Creator တို့ YEHG ( YGN Ethical Hacker Group ) တို့ လို Hacker Group တွေလည်း ရှိခဲ့တာပဲ ။
                             
 ပြီးတော့ YEHG ကို DDos တိုက်လို့ ပြဿနာတွေ တက်ကုန်တာမျိုးလို Hacker တိုက်ပွဲတွေလည်း ရှိခဲ့ဖူးတာပဲ ။ MMSO လို Hacker          Forum သီးသန့် မဟုတ်သော်လည်း Hacking & Security Forum တွေရှိခဲ့တာပဲ ။ မဇ္ဈိမ ကို DDos တိုက်ခဲ့ပြီး Cyber War အသွင် လုပ်တာလည်း ရှိခဲ့ဖူးတာပဲ ။ ဒီအထိ Hacker Evolution ( ဟက်ကာ အုံကြွမှု ) ဆိုတာမျိုးဖြစ်မလာသေးဘူး ။
၂၀၁၂ Anonymous , Wikileaks , lulz တို့ကျေးဇူးနဲ့ ကမ္ဘာလုံးဆိုင်ရာ Hacker အုံကြွမှုကြီးက မြန်မာနိုင်ငံကို ရိုက်ခတ်လာတယ်လို့ပဲ ပြောရမလား . ?? Blink Hacker Grop ဆိုပြီး အဖွဲ့အစည်း တစ်ခု ပေါ်လာတယ် ။ စလာတုန်းကတော့ စစ်အစိုးရနဲ့ပတ်သတ်တဲ့ မီဒီယာ တွေကို တိုက်ခိုက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေတ်လူငယ် Website ကို စတင် တိုက်ခိုက်ခဲ့တယ် ။ YTP ကို DDos နဲ့ တိုက်ခိုက်တယ်လို့ ကြေညာခဲ့တယ် ။ ဒီမှာပဲ နည်းပညာသမားတော်တော်များများအပြင် နိုင်ငံရေးသမားတွေ အခြား နည်းပညာ နယ်က မဟုတ်တဲ့လူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တယ် ။ နည်းပညာနယ်ပယ်ရဲ့ အပြင်ဘက်က လူတွေရဲ့ ဦးနှောက်ထဲမှာ မြန်မာဟက်ကာ ဆိုတဲ့ အတွေးအခေါ်တစ်ခုကို ထည့်ပေးခဲ့တယ် ။
BHG စတင်တည်ထောင်ပြီး 1st Generation အဆုံးသတ်ခါနီးမှာ Myanmar Hacker Forum တစ်ခု တည်ထောင်ဖို့ကြိုးစားကြတယ်
  ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်  အဲ့ဒီ့ဖိုရမ် ပြီးဆုံးမသွားဘူး  ဒီတော့ ပထမဆုံး မြန်မာ ဟက်ကာ ဖိုရမ်ကို  ပြောဆိုရင် အဲ့ဒီ့ ဖိုရမ်ကို ပြရလိမ့်မယ်  အောင်မြင်တာ မအောင်မြင်တာ က  တစ်ကြောင်းပေါ့ 


BHG
 1st Generation က Myanmar Website တွေကို စတင်တိုက်ခိုက်နေတဲ့အချိန်မှာပဲ Myanmar Hacker University ဆိုပြီး wall.fm အခြေစိုက် ဆိုဒ်တစ်ခု ထွက်လာပါတယ်  BHG ထက်စာရင် သူတို့က ပိုပြီး Open ဖြစ်ပါတယ်  သို့သော်လည်း  ပညာအဆင့်အတန်းမှာတော့ နိမ့်ကျပါသေးတယ်  အားရစရာကောင်းတာတစ်ခုကတော့  စည်းလုံးမှုပါပဲ  သူတို့ အလွန်စည်းလုံးပါတယ်  ကျွန်တော့်အမြင်မှာ  ရိုင်းပင်းတယ် လို့ မြင်တယ်  နောက်ပိုင်း သူတို့ Myanmar Hacker Forums ဆိုပြီ Hack Forums တစ်ခု တည်ထောင်လိုက်ပါတယ်  ပထမဆုံး မဟုတ်သော်လည်း Active အဖြစ်ဆုံး အကြီးမားဆုံး ဖိုရမ်လို့ ပြောရပါလိမ့်မယ် 

ဒီလိုနဲ့
 BHG 1st Generation ပျက်စီးသွားပါတယ်  သူတို့ အဖွဲ့ဖျက်ကြောင်း ကြေညာပြီး မကြာခင်မှာပဲ  Myanmar Cyber Army ဆိုတာ ပေါ်လာပြီး Myanmar Website တွေကို တိုက်ခိုက်ပြန်တယ်  ဒါ နည်းနည်းတော့ တိုက်ဆိုင်မှုက ကြီးမားသလို  ခံစားရပါတယ် :-P




သိပ်မကြာပါဘူး
 Blink Hacker Group ကပဲ 2nd Generation အဖြစ် လုံခြုံရေးအရ အားနည်းသော မည်သည့် Website ကိုမဆို တိုက်ခိုက်မယ်ဆိုပြီး ပြန်လည် ထွက်ရှိလာပါတယ်  ဒီအချိန် Myanmar Hacker Uniteam ဟာ လူသိများခြင်းမရှိသေးပါဘူး  ဒီအချိန်မှာ Operation BD ဆိုတဲ့ Operation တစ်ခု Myanmar Uniteam က စတင်ခဲ့ပါတယ်  Myanmar Hacker Uniteam က လူတွေ BD Website တွေကို တိုက်ခိုက်နေချိန်မှာ BHG ဟာ Myanmar Website တစ်ခုကို တိုက်ခိုက်ပြီး BD Hacker တွေကို Greetz လုပ်ခဲ့လို့ အညိုငြင်ခံခဲ့ရပါသေးတယ် 
ရိုဟင်ဂျာကိစ္စမှာတော့
 Myanmar Hacker Uniteam , BHG အပါအ၀င် မြန်မာဟက်ကာအရေးလှုပ်ရှားသူတော်တော်များများ စုစည်းမိလာပါတယ်   ဘင်္ဂလားဒေ့ရှ် Website တွေကို တိုက်ခိုက်ရင်း ဆန္ဒပြုကြပါတယ်  အခြား နည်းပညာသမားတွေအပြင်  နည်းပညာအပြင်ဘက်ကလူတွေပါ Hacking နဲ့ပတ်သတ်တဲ့ Information တွေ Source တွေကို မြန်မာလိုသော်လည်းကောင်း မျှဝေခြင်းများဖြင့်  လွယ်လွယ်ကူကူရရှိလာပါတယ် ။ ဥပမာ DDos လိုဟာမျိုးပေါ့ အတိအကျ အသေအချာတွေမသိသော်လည်း DDos ကို ခြုံသိလာတယ် DDos Tool တွေအကြောင်းသိလာတယ် ။ Myanmar Cyber Army ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Hacktivist တော်တော်များများ စုဝင်လာတယ် ။
ဒီတော့ ခြုံကြည့်ရင် BHG ဟာ နည်းပညာ သမားတွေအပါအ၀င် နည်းပညာနယ်ပယ်အပြင်ဘက်ကလူတော်တော်များများရဲ့ ခေါင်းထဲကို မြန်မာဟက်ကာဆိုတဲ့ စကားလုံးရိုက်သွင်းပေးနိုင်ခဲ့ပြီး MM Hack Forums ကတော့ ပညာတွေမျှဝေတဲ့နေရာမှာ အဓိကကျလာပါတယ်