ပန်းသီးဟာ ဓါတ်ပုံတစ်ပုံမှာ ပါဝင်တဲ့ Item တွေကို ခွဲခြားစိတ်ဖြာပြီး လုံလောက်တဲ့ သတင်းအချက်အလက် information နဲ့ သက်ဆိုင်တဲ့ ရှင်းပြချက်လေးတွေကို အထူးအလေးထား တိုးချဲ့ဆောင်ရွက်လာခဲ့ပါတယ်၊ ပန်းသီးဖီလင်များ သိကြတဲ့ Photos App မှာပါတဲ့ Visual Lookup ဆိုတဲ့ လုပ်ဆောင်ချက်လေးပါဘဲ၊ ဓါတ်ပုံထဲ တိရစ္ဆာန်လေးပါတယ်ဆို အမျိုးအမည် ဘာအမျိုးအစား၊ သစ်ပင်ဆို ဘာအပင် ဘယ်လိုခေါ်၊ အထင်ကရ လမ်းအဆောက်အဦဆို ဘယ်နိုင်ငံမှာတည်ရှိ၊ ဘာကြောင့် ကျော်ကြားသလဲ အသေးစိတ် စသဖြင့် ရှင်းလင်းချက် ဝေဝေဆာဆာနဲ့ပေါ့၊ လာမဲ့ iOS 17 မှာဆို ပိုမိုအဆင့်မြင့်တင်ထားပြီး ဓါတ်ပုံတပုံထဲမှာ အစားအသောက်များကိုလည်း ခွဲခြားစိတ်ဖြာပြီး သူ့ရဲ့ Recipes အလားတူများကိုလည်း ဖေါ်ထုတ်ပေးပါဦးမယ်၊ အင်း သွားရေကျစရာများပါဘဲ၊ ဒါတင်လားဆိုတော့ ဟုတ်သေးဘူးဗျ၊ Developer တွေ Beta ဗားရှင်းစမ်းရင်းနဲ့ အင်္ကျီအဝတ်အစားမှာပါတဲ့ အဝတ်လျှော်လမ်းညွှန် သင်္ကေတများ Laundry Symbols ကိုလည်း အသေးစိတ် ဖော်ထုတ်ပေးနိုင်ပါသတဲ့။ အင်း iOS 17 တင်ပြီးရင် လမ်းဘေးလမ်းညွှန်ဆောင်ပုဒ်တွေရိုက်ပြီး စမ်းကြည့်ရမယ်။
Apple iPhone iPad ကိုင်ဆောင်သော သူငယ်ချင်း အပေါင်းအသင်းများအတွက် သိစေတတ်စေလိုသောစေတနာဖြင့် iDevice နည်းပညာများအား စုစည်းတင်ပြပါသည်....လိုအပ်ချက်နှင့် တိုက်ဆိုင်မှူရှိသူများ လွတ်လပ်စွာ ကူးယူနိုင်ပါသည်။ (မဏ္ဍိုင်-နည်းပညာစုစည်းမှူ)
Sunday, July 9, 2023
Visual Lookup
ပန်းသီးဟာ ဓါတ်ပုံတစ်ပုံမှာ ပါဝင်တဲ့ Item တွေကို ခွဲခြားစိတ်ဖြာပြီး လုံလောက်တဲ့ သတင်းအချက်အလက် information နဲ့ သက်ဆိုင်တဲ့ ရှင်းပြချက်လေးတွေကို အထူးအလေးထား တိုးချဲ့ဆောင်ရွက်လာခဲ့ပါတယ်၊ ပန်းသီးဖီလင်များ သိကြတဲ့ Photos App မှာပါတဲ့ Visual Lookup ဆိုတဲ့ လုပ်ဆောင်ချက်လေးပါဘဲ၊ ဓါတ်ပုံထဲ တိရစ္ဆာန်လေးပါတယ်ဆို အမျိုးအမည် ဘာအမျိုးအစား၊ သစ်ပင်ဆို ဘာအပင် ဘယ်လိုခေါ်၊ အထင်ကရ လမ်းအဆောက်အဦဆို ဘယ်နိုင်ငံမှာတည်ရှိ၊ ဘာကြောင့် ကျော်ကြားသလဲ အသေးစိတ် စသဖြင့် ရှင်းလင်းချက် ဝေဝေဆာဆာနဲ့ပေါ့၊ လာမဲ့ iOS 17 မှာဆို ပိုမိုအဆင့်မြင့်တင်ထားပြီး ဓါတ်ပုံတပုံထဲမှာ အစားအသောက်များကိုလည်း ခွဲခြားစိတ်ဖြာပြီး သူ့ရဲ့ Recipes အလားတူများကိုလည်း ဖေါ်ထုတ်ပေးပါဦးမယ်၊ အင်း သွားရေကျစရာများပါဘဲ၊ ဒါတင်လားဆိုတော့ ဟုတ်သေးဘူးဗျ၊ Developer တွေ Beta ဗားရှင်းစမ်းရင်းနဲ့ အင်္ကျီအဝတ်အစားမှာပါတဲ့ အဝတ်လျှော်လမ်းညွှန် သင်္ကေတများ Laundry Symbols ကိုလည်း အသေးစိတ် ဖော်ထုတ်ပေးနိုင်ပါသတဲ့။ အင်း iOS 17 တင်ပြီးရင် လမ်းဘေးလမ်းညွှန်ဆောင်ပုဒ်တွေရိုက်ပြီး စမ်းကြည့်ရမယ်။
ACTION Mode Video
ACTION Mode Video
===============
ခေတ်ကြီးကိုက TikTok နဲ့ Reels ခေတ် ဖြစ်နေသလို ဘယ်နေရာရောက်ရောက် လှုပ်ရှားသက်ဝင်တဲ့ ဗွီရိုက်ချက်လေးတွေ မလုပ်လိုက်ရရင်ကိုဘဲ စားမဝင် အိပ်မပျော်နိုင်၊ ရုပ်ငြိမ်တွေတော့ ထားပါတော့၊ တချို့ရိုက်ချက်တွေ လှုပ်ရှားသက်ဝင် ပြေးလွား ပျော်မြူးတဲ့ အက်ရှင်ဆန်ဆန်တွေဆို ကင်မရာမင်းကလည်း လက်ငြိမ်ငြိမ်နဲ့ ရိုက်ချက်တွေပြုနိုင်မှ ကြည့်ရသူ ကျေနပ်စေရတယ်၊ ရှေ့က သရုပ်ဆောင်ဘယ်လောက်ကောင်းကောင်း ရိုက်ချက်တွေ တုန်ခါနေရင် ဖီးလ်ငုတ်ရဘီပေါ့၊ TikTok, Reels မှာ Like နည်းရင်လည်း မျက်နှာငယ်ရသကိုး။
ဟုတ် အဲအခက်အခဲကို ပန်းသီးဟာ iOS 16 မှာ ဖြေရှင်းခဲ့ပါတယ်၊ Action Mode ဆိုတဲ့ လုပ်ဆောင်ချက်လေးကို မိတ်ဆက်ခဲ့ပါတယ်၊ ကင်မရာလှုပ်ခါနေသော်လည်း ရိုက်ချက် ဗွီဒီယိုအက်ရှင်တွေက တည်ငြိမ် သိမ်မွေ့နေပါလိမ့်မယ်၊ သို့သော် အချိန်နဲ့တပြေးညီ Image Processing ကို အကြီးအကျယ် ဖန်တီးမှုပြုရသလို ကင်မရာမှာ Censoring ကလည်း မြင့်ဘို့လိုအပ်ပါတယ် လောလောဆယ် အိုင်ဖုန်း ၁၄ ဖုန်းများသာ (14, 14Plus, 14Pro, 14Pro Max) Hardware ထောက်ပို့နိုင်တဲ့အတွက် Action Mode ဟာ အိုင်ဖုန်း ၁၄ နဲ့ သူ့နောက်ပိုင်း မော်ဒယ်များသာ ရရှိနိုင်ပါ့မယ်၊ ကိုယ်ကိုယ်တိုင် ပြေးလွားပြီး ရိုက်ကူးရမယ်ဆို အရမ်းအသုံးဝင်လှပြီး ဗွီဒီယို အရည်အသွေးကလည်း အလွန်တရာကောင်းမွန်လှတဲ့ အတွက် အိုင်ဖုန်း ၁၄ ပိုင်ရှင်များဆို သုံးကြည့်ဘို့ အကြံပြုချင်ပါတယ်။
Action Mode ကို အသုံးပြုရတာလည်း အလွန်လွယ်ကူပါတယ်၊ ကင်မရာ App ကိုဖွင့်ပြီး ဗွီဒီယိုကို ပြောင်းလိုက်ပါ၊ နောက် ဖုန်းရဲ့ အပေါ်ညာဘက်ရှိ ပုံစာမှာပြထားတဲ့ Action Button လေးကို ဖိနှိပ်ပြီး On လိုက်ပါ၊ ဟုတ် Shutter button ကို နှိပ်ပြီး ရိုက်ချက်ပြင်းပြင်းတွေကို ဖန်တီးလို့ ရပါဘီ၊ ကြည်လင်ပြတ်သားပြီး သက်ညိမ်တဲ့ ပုံရိပ်တွေရဘို့ Processing လုပ်တဲ့အခါ ပုံရိပ်ရဲ့ အလင်းအားကောင်းမှုကလည်း အထူးလိုအပ်လှပါတယ်၊ အဲလိုအခါမျိုးဝယ် ကင်မရာက More Light required လို့ ပြောတတ်ပါတယ် ဟုတ် လုံလောက်တဲ့အလင်းရောင် ရတဲ့နေရာ ဝန်းကျင်တခုကို ရှာဘို့ အကြံပြုချင်ပါတယ်၊ အို မရဘူး ဒီနေရာ ဒီအခင်းအကျင်းကိုဘဲ ကြိုက်လှပါတယ် ဆိုရင်လည်း အလင်းရောင်နည်းနည်းမှာ Action Mode အလုပ် လုပ်တဲ့ နည်းလည်း ရှိပါတယ်၊ Settings > Camera > Record Video အောက်မှာ Action Mode Lower Light ကို Turn ON ပြီး စိတ်ကြိုက် အက်ရှင်ဗွီဒီယိုများ ဖန်းတီးနိုင်ပါဘီ၊ Action Mode မှာဆိုရင် HD (1080p) သို့မဟုတ် 2.8K Resolution အရည်အသွေး ဗွီဒီယိုကို 60fps နဲ့ ရိုက်ကူးလို့ရနိုင်ပါကြောင်း၊ ကဲ အိုင်ဖုန်း ၁၄ ပိုင်ရှင် ပန်းသီးဖီလင်များ ခုဘဲ စသုံးကြည့်လိုက်ပါနော်။ သုံးဘူးသူများလည်း comment မှာ အတွေ့အကြုံလေးလည်း မျှပေးခဲ့ပါဦး၊ ကျေးဇူးပါ။
Adaptive Audio
Adaptive Audio
==============
iOS17 နဲ့ အတူပါဝင်လာမဲ့ ထူးခြားကောင်းမွန်တဲ့ လုပ်ဆောင်ချက်လေးတစ်ခုပါဘဲ၊ အိုင်အိုအက်စ် ထွက်လာတဲ့အခါမှာ AirPods Pro2 တစ်ခုတည်းသာ အသုံးပြု၍ ရရှိပါ့မယ်၊ သူ့ရဲ့ ထူးကဲတဲ့ လုပ်ဆောင်ချက်လေးကတော့ noise-cancellation နဲ့ transparency mode နှစ်ခုကြား အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး အလိုအလျောက် အသံကို ထိန်ညှိပေးပါ့မယ်၊
အလုပ်လုပ်မဲ့ အင်္ဂါရပ်(၃)ခုကတော့
- Personalise Volume: ဝန်းကျင်နဲ့ လိုက်လျောညီစွာ အသံအတိုးအကျယ်ကို ထိန်းညှိပေးပါ့မယ်၊
- Conversation Awareness:မိမိကို တဦးတယောက်မှ လာ၍စကားပြောလျှင်လည်းကောင်း မိမိက စ၍ စကားပြောလျှင်လည်းကောင်း Transparency Mode ကို အလိုအလျောက် ပြောင်းပေးပြီး သီချင်းတခုခုဖွင့်ထားရင်လည်း အသံကိုလျှော့ပေးပါမယ်၊
မိမိအိုင်ဖုန်းမှာ iOS17 တင်ပြီး AirPods Pro2 နားဝယ်တပ်ဆင်ပြီးလျှင် အိုင်ဖုန်းရဲ့ Home မျက်နှာပြင် အပေါ်ညာထောင့်မှ အောက်ကို ဆွဲချပြီး Control Center ကို သွားပေးပါ၊ နောက် Noise Control Button မှ Adaptive ကို ရွေးလိုက်လျှင်ဘဲ Adaptive Audio စတင်လုပ်ဆောင်ပါဘီ၊ ပုံစာ (၂)
မိမိအိုင်ဖုန်းမှလည်း Setting ကိုသွားပြီး မိမိရဲ့ AirPods Pro2 ကို ရွေးချယ်ပြီး Adaptive ကို On လို့ရသလို AirPods ကို ဖိနှိပ်ခြင်း Setting ကိုလည်း စိတ်ကြိုက် Noise Control အဖြစ် ထားလို့လည်း ရပါသေးတယ်၊ ပုံစာ (၃)
ကိုယ်မှာ AirPods Pro1 ဘဲရှိပြီး ဒီ Function ကို မစမ်းရ၍ ဝမ်းနည်းမိသော်လည်း ကိုယ့်ထက်ဆိုးတဲ့ AirPods Max ကြီးလည်း မရဘူးဆိုတော့ ဖြေသာပါတယ် ကိုပန်းသီးရယ်
အိုင်ဖုန်း၁၄ ရဲ့ ဂြိုလ်တုဆက်သွယ်ရေး
အိုင်ဖုန်း၁၄ ရဲ့ ဂြိုလ်တုဆက်သွယ်ရေး
=========================အမေရိကန်မှ အမျိုးသမီး (Juana Reyes) ဟာ လော့အိန်ဂျယ်ရှိ Angelos National Forest အတွင်း တောင်တက်ပြုလုပ်နေစဥ် မတော်တဆပြိုလဲပြီး ခြေထောက်ကျိုးကာ ခရီးမဆက်နိုင်ဖြစ်နေပါတယ်၊ ဝေးလှံခေါင်ပါး တောတောင်အရပ်ဖြစ်သည့်အားလျှော်စွာ Cellular Coverage မရှိသည့်အတွက် 911 ကို အကူအညီတောင်းလို့မရနဲ့ အတိဒုက္ခရောက်စရာပါ၊ သို့သော် ကံကောင်းချင်တော့ ထိုအမျိုးသမီးဟာ အိုင်ဖုန်း ၁၄ ပိုင်ရှင်ဖြစ်သည့်အားလျော်စွာ အိုင်ဖုန် ၁၄ ရဲ့ နည်းပညာအသစ်ဖြစ်တဲ့ ဂြိုလ်တုဆက်သွယ်ရေး (Emergency SOS via Satellite) ကို အသုံးပြုပြီး ကယ်ဆယ်ရေးဌာနကို အလျင်အမြန် အဆက်အသွယ်ပြုနိုင်ခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့များ ဟယ်လီကော်ပ်တာနဲ့ အချိန်မှီ လာရောက် ကယ်ထုတ်သွားနိုင်ခဲ့ပါတယ်။
ကျေးဇူးကြီးပါပေ့ ဆရာပန်းသီးရယ် ...
အိုင်ဖုန်းဘက်ထရီကို ဘယ်အခြေအနေဆို လဲသင့်ပါသလဲ?
အိုင်ဖုန်းဘက်ထရီကို ဘယ်အခြေအနေဆို လဲသင့်ပါသလဲ?
- Settings > Battery > Battery Health & Charging ကို သွားပြီး Maximum Capacity ကို စစ်ကြည့်ပါ၊ အကယ်၍ ၈၀% အောက် ကျနေဘီဆို လဲသင့်ပါဘီ၊
- Battery Status အနေနဲ့ အိုင်ဖုန်းက “Battery being degraded” သတိပေးစာတွေ့ရင် အမြန်လဲသင့်ပါဘီ၊
- ဘက်ထရီ အားသွင်းနေတဲ့ Sign ပြပြီး ဘက်ထရီအား လုံးဝ မဝင်တော့ဘူးဆိုရင် လဲသင့်ပါဘီ၊
Saturday, April 1, 2023
Voice Isolation
IOS User တွေ ဖုန်းပြောတဲ့အခါ တစ်ဖက်လူက ကိုယ့်အသံကိုယ်ဘဲ ကြည်ကြည်လင်လင် ကြားရပြီး အနောက်က Background Noise တွေ မကြားစေချင်ရင်
Voice Isolation ကို ဖွင့်ပြီးပြောဖို့လိုပါမယ်။
iOS 16.4 မှာ အသစ်ပါလာတဲ့ Voice Isolation က ဖုန်းပြောတဲ့အခါ တကယ့်ကို noise cancellation လုပ်ပေးထားတော့ သီချင်းအကျယ်ကြီးဖွင့်တာတို့၊ night out သွားလို့ Club ထဲရောက်နေတောင် တစ်ဖက်လူက တော်ရုံသိမှာမဟုတ်ပါဘူး။
အဲတော့ ကိုယ်က club ရောက်နေလည်း အိမ်ကဖုန်းဆက်ရငါ ဘယ်မှ မရောက်သလို ဟန်ဆောင်နေလို့ရပါတယ်
ဒီ feature က iOS 16.4 မှာဘဲရမှာပါ။ FaceTime မှာက အစတည်းက ရတယ်ဆိုပေမယိ့ အခုမှ Cellular Call တွေမှာရတာဖြစ်ပါတယ်။
ဒီ feature ကို ON ချင်ရင်တော့ ဖုန်းပြောတဲ့အခါ Control Center ကို ဆွဲခြပြီး Mic Mode>> Voice Isolation ကိုရွေးလိုက်ပါ။
တစ်ခါရွေးပြီးရင် နောက်တစ်ခါထပ်လုပ်စရာမလိုတော့ပါဘူး။
Tuesday, October 25, 2022
iOS 16.1 Update ထွက်လာပါပြီ
iOS 16.1 Update ထွက်လာပါပြီ
- iPhone XR, 11, 12 mini, 13 mini တွေမှာ Battery Percentage မြင်အောင်လုပ်လို့ရပါပြီ (Settings > Battery > Battery Percentage - On)
- Battery Percentage ကလည်း အရင်ကလို Battery Icon ရဲ့ Full ပုံစံပေါ်မှာမှ Number ပြမှာမဟုတ်ပဲ လက်ကျန်ရှိသလောက်ပေါ်မှာမှ Number ပြမှာမို့လို့ ပိုအဆင်ပြေသွားပါတယ်
- iCloud Shared Photo Library ပါလာပါပြီ .. ကိုယ် Share ချင်တဲ့ Photos, Videos တွေကို Friends, Family တွေဆီ iCloud သုံးပြီး Share ပေးနိုင်မှာပါ
- Camera App ထဲမှာလည်း ရိုက်လိုက်တဲ့ပုံကို တစ်ခါတည်းတန်း Share ဖို့အတွက် Button လေးပါလာပါတယ် .. အမြဲတမ်းတော့မဖွင့်ထားနဲ့ပေါ့ .. မဟုတ်တာတွေရိုက်ပြီး Auto Share မိနေဦးမယ် 
- Live Activities လည်းပါလာပါပြီ .. ဒါကတော့ 3rd Party App တွေကနေ Activity တွေကို Dynamic Island or Lock Screen မှာ အမြဲပြသနေတာမျိုးပါ .. ဥပမာ - ဘောလုံးပွဲရဲ့ Live Score တွေ, Taxi ခေါ်ထားရင် Taxi ရဲ့ Location တွေစသဖြင့်ပေါ့ .. ဒါကတော့ Developer တွေ သူတို့ App ကို Update ပေးမှရပါမယ် .. တချို့ App တွေကတော့ရနေပါပြီ
- iPhone 14 Pro တွေမှာ Black Wallpaper သုံးထားရင် Dynamic Island ကိုသတိထားမိအောင် သူ့ပတ်လည်မှာ Outline လေးလုပ်ပေးထားပါတယ်
- Dynamic Island ဟာ Reachability နဲ့အလုပ်,လုပ်ပါပြီ
- Apple Watch မရှိပဲ iPhone မှာတင် Fitness+ ကိုသုံးလို့ရပါပြီ
- Wallet ထဲက Car Key, Hotel Key စတဲ့ အရာတွေကို တခြားလူတွေကို Share ပေးနိုင်ပါပြီ .. နောက်ပြီး Wallet App မသုံးတဲ့လူတွေအနေနဲ့လည်း Wallet App ကို Delete လုပ်လို့ရပါပြီ
- Home မှာလည်း Matter Standard ကို Support လုပ်ပါပြီ
- Delete လုပ်လိုက်တဲ့ Message ဟာ Recently Deleted ထဲမှာမပေါ်ပဲ Conversation List မှာပြန်ပေါ်နေတာကို Fix ပေးထားပါတယ်
Friday, October 21, 2022
iOS 16.1 Update မှာ ဘယ်လို Feature အသစ်တွေပါလာမလဲ...?
အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထွက်လာမယ့် iOS 16.1 Update မှာ ဘယ်လို Feature အသစ်တွေပါလာမလဲ...?
============================
Apple ဟာ iOS 16 ကို မိတ်ဆက်ထားတာ အချိန်ရက်သတ္တပါတ်အနည်းငယ်ရှိနေပြီဖြစ်ပါတယ်။ iOS 16 ဟာ အဓိကအနေနဲ့ Lock Screen Feature လိုမျိုး လူကြိုက်များတဲ့ Feature အသစ်တွေအပြင် တခြားသော Feature အသစ်တွေအများအပြားပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တချို့သော Feature လေးတွေကတော့ iOS 16 နဲ့အတူ မထွက်လာဘဲ နောက်ပိုင်းမှ ရရှိလာမှာဖြစ်ပါတယ်။
Live Activities
------------
iOS 16.1 မှာ အဓိကပါဝင်လာမှာကတော့ Live Activities Feature ကို စတင်ပြီး Support ပေးလာတာပဲဖြစ်ပါတယ်။ ဒါကြောင့် Application တွေအနေနဲ့ Notification Update တွေကို Lock Screen မှာ အချိန်နဲ့တပြေးညီ Update ဖော်ပြပေးနိုင်မှာပါ။ ဒါက Grab ဌားတာမျိုး၊ Foodpanda မှာတာမျိုးတွေမှာ ကိုယ့်ဆီကို ဘယ်အချိန်ရောက်လာမလဲဆိုတာကို App အတွင်း ဝင်ရောက်စရာမလိုဘဲ တန်းကြည့်နိုင်တော့မှာဖြစ်ပါတယ်။
Battery Percentage Update
------------
လက်ရှိအချိန်မှာ Apple ကနေ Battery Percentage ကို Face ID ပါဝင်တဲ့ iPhone အများအပြားမှာ အသုံးပြုနိုင်ပေမယ့် တချို့သော iPhone တွေမှာတော့ အသုံးပြုနိုင်ခြင်းမရှိတော့ပါဘူး။ အခု iOS 16.1 မှာတော့ ယခင်တုန်းက မရရှိခဲ့တဲ့ IPhone XR ၊ iPhone 12 mini နဲ့ iPhone 13 mini ဖုန်းတွေမှာ Battery Percentage ကို မြင်နိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေဝေဖန်ခဲ့ကြတဲ့ Battery Percentage အလိုက် Battery Icon ကိုပါ ပြောင်းလဲပြီး ဖော်ပြပေးမှာဖြစ်ပါတယ်။
Apple Fitness+ with iPhone
------------
iOS 16.1 မှစတင်ပြီး Apple iPhone အသုံးပြုသူတွေအနေနဲ့ Apple Watch ရှိစရာမလိုအပ်တော့ဘဲ Apple Fitness+ ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော Fitness လေ့ကျင့်ခန်းတွေမှာတော့ Apple Watch ကို လိုအပ်မှာဖြစ်ပါတယ်။
Clean Energy Charging
------------
iOS 16.1 မှစတင်ပြီး Apple ဟာ iPhone တွေကို အားသွင်းတဲ့အချိန်မှာ Clean Energy Charging ကိုထောက်ပံ့ပေးနေပြီဖြစ်ပါတယ်။ ဒါဟာ တကယ်လို့ ကိုယ်က ပတ်ဝန်းကျင်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုနည်းပါးတဲ့ လျှပ်စစ်ကို အသုံးပြုနေတယ်ဆိုရင် ပြောင်းလဲ အားသွင်းပေးနိုင်စေမှာပါ။
Pre-load In-app Content
------------
iOS 16.1 မှာ အသစ်ပါဝင်လာတဲ့နောက်ထပ် အသုံးဝင်တဲ့ Feature ကတော့ Pre-load In-App Content ပဲဖြစ်ပါတယ်။ ဒီ Feature က ကိုယ်ယခင်တုန်းက အသုံးပြုခဲ့ဖူးတဲ့ App ကို ဖျက်မိပြီး ပြန်လည် Download ပြုလုပ်တဲ့အချိန်မှာ ယခင်တုန်းက Data တွေကို အစက ပြန်ပြီး ဝင်ရောက်ဖို့မလိုအပ်လဲ Restore ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။
Wednesday, October 12, 2022
iOS 16 မှာ အသုံးပြုသင့်တဲ့ အကောင်းဆုံး Feature (5) ခု
iOS 16 မှာ အသုံးပြုသင့်တဲ့ အကောင်းဆုံး Feature (5) ခု
iOS 16 က ထွက်ထားတာလည်း ကြာပြီဖြစ်တဲ့အပြင် Bugs တွေလည်း မရှိသလောက်နည်းနေပြီဖြစ်လို့ Feature တွေကို စိတ်ချလက်ချအသုံးပြုနိုင်ပါပြီ။
ဒါ့ကြောင့် iOS 16 မှာ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုသင့်တဲ့ Feature (5) ခုအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။
iOS 16 ရဲ့အရမ်းမိုက်တဲ့ Feature လို့ပြောရမယ့် ကိုယ့်ရဲ့ ဖွက်ထားတဲ့ ဓာတ်ပုံလေးတွေရယ် Recent ထဲ ရောက်နေတဲ့ ပုံလေးတွေကို Lock လုပ်နိုင်တဲ့ Feature ကိုလည်း စမ်းသုံးသင့်ပါတယ်နော်။
2. Wifi Password
iOS 16 မှာ ချိတ်ထားဖူးတဲ့ Wifi Password တွေကို ပြန်ကြည့်လို့ရနိုင်တာကလည်း အရမ်းကို အသုံးဝင်လို့ စမ်းကြည့်ကြည့်သင့်ပါတယ်။
3. Message လေးတွေကို Edit လုပ်နိုင်မယ့် Feature
iMessage အသုံးပြုသူတွေအနေနဲ့ မှားပို့မိတဲ့ Message လေးတွေကို ပြန် Edit လုပ်လို့ရနိုင်တဲ့ Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ ပို့ထားတဲ့ စာလေးကို ဖိထားပြီး Edit ပြန်လုပ်နိုင်ပါတယ်။
4. Video ထဲက စာတွေကို ယူနိုင်မယ့် Live Text
iOS 16 မှာ Video ထဲကပါလာတဲ့ စာတွေကိုပါ ယူနိုင်ပြီဖြစ်လို့ ကိုယ်ကြည့်နေတဲ့ Video ထဲမှာ မှတ်စရာလေးပါလာရင် Video ကိုရပ်ထားပြီး စာလေးတွေကိုမှတ်ထားလို့ရနိုင်ပါတယ်။
5. Lock Screen and Wallpaper
Lock Screen Feature တွေကတော့ iOS 16 မှာ အရမ်းရေပန်းစားတဲ့ Feature တစ်ခုဖြစ်တဲ့အပြင် Depth Effect, Emoji Wallpaper, Focus Mode စတာတွေနဲ့ ပေါင်းစပ် ဖန်တီးလို့ရနိုင်ပါသေးတယ်။
Monday, October 3, 2022
PARTS AND SERVICE HISTORY
iOS 15.2 နဲ့အထက် iPhone တစ်လုံးမှာ
ဘယ်အစိတ်အပိုင်းတွေ လဲထားလဲဆိုတာကို
Settings ထဲမှာပဲ အလွယ်တကူ စစ်လို့ရနေပြီနော်
အဲ့ဒီ iPhone လေးရဲ့ Settings > General > About ထဲကို ဝင်လိုက်တဲ့အခါ
Serial Number ရဲ့ အောက်နားမှာ
PARTS AND SERVICE HISTORY … ဆိုတာလေး ပေါ်နေရင်
အဲ့ဒီ iPhone လေးက အစိတ်အပိုင်းတခုခု လဲထားတာပဲ ဖြစ်ပါတယ်
နောက်ပြီး အဲ့ဒီ လဲထားတဲ့ Battery, Display နဲ့ Camera တခုခုက
Apple အသိအမှတ်ပြု အစိတ်အပိုင်း ဟုတ်မဟုတ်ဆိုတာကိုလည်း စစ်လို့ရပါသေးတယ်
စစ်လို့ရနိုင်တဲ့ iPhone Model လေးတွေကတော့…
14 Series, 13 Series, 12 Series, 11 Series, X Series, SE2 & SE3
14 Series, 13 Series, 12 Series, 11 Series, SE2 & SE3
14 Series, 13 Series & 12 Series တွေပဲ ဖြစ်ပါတယ်
လဲထားတဲ့ အစိတ်အပိုင်းက…
Apple အသိအမှတ်ပြု ဖြစ်မယ်ဆိုရင်တော့
PARTS AND SERVICE HISTORY ရဲ့ဘေးမှာ
Apple အသိအမှတ်ပြု မဟုတ်တာ၊ တခြား iPhone မှာ သုံးထားဖူးတာနဲ့
သင့် iPhone Model အတွက်မဟုတ်တဲ့ အစိတ်အပိုင်းဖြစ်နေမယ်ဆိုရင်တော့
PARTS AND SERVICE HISTORY ရဲ့ ဘေးမှာ
အကယ်၍ အဲ့ဒီ iPhone ရဲ့ အစိတ်အပိုင်းတခုကို တကြိမ်ထက်ပိုပြီး လဲထားတယ်ဆိုရင်လည်း
နောက်ဆုံးလဲထားတဲ့ မှတ်တမ်းကိုပဲ ပြသပေးနေမှာဖြစ်ပါတယ်
နောက်ပြီး iPhone တစ်လုံးကို အစိတ်အပိုင်းတခုခုလဲရင်း
Logic Board ပါလဲလိုက်ရပြီဆိုရင်
အဲ့ဒီ iPhone ရဲ့ Region နဲ့ Serial Number တွေ
ပြောင်းသွားတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်
Wednesday, September 21, 2022
Assistive Touch Error
ပိုကောင်းချင်လို့
iOS 16 Update တင်လိုက်ကာမှ
ပုံမှန်သုံးနေကျ Assistive Touch လေးက
ဘယ်လိုရွှေ့ရွှေ့ မလှုပ်တော့လို့ စိုးရိမ်နေရပြီလား ?
Apple အနေနဲ့ ဒီ Error လေးကို
iOS 16.1 Update မှာ Fix လုပ်ပေးသွားမှာဖြစ်လို့
တအားကြီး စိုးရိမ်နေဖို့ မလိုပါဘူးနော်
iOS 16.1 Update ထွက်မလာသေးခင်အချိန်မှာ
ဒီ Error လေးနဲ့ ကြုံလာတဲ့အခါတိုင်း
Settings > Accessibility > Touch ထဲကို ဝင်ပြီး
အဲ့ဒီထဲက Assistive Touch ဆိုတာလေးကို
Off လုပ်ပြီး ပြန် On ပေးတဲ့ နည်းလမ်းလေးနဲ့ ဖြေရှင်းထားလို့ ရပါတယ် 
Tuesday, September 20, 2022
Prevent Lock to End Call
Prevent Lock to End Call
===================
ပန်းသီး User များ ကြုံဘူးမယ် ထင်ပါတယ်၊
အရေးတကြီးဖုန်းခေါ်ဆိုမှုများ၊ ခက်ခက်ခဲခဲ ခေါ်ဆိုရသော ဖုန်းများ၊ ချစ်ရသူနဲ့ တီးတိုးဖုန်းပြောနေချိန် ဖုန်းခေါ်ဆိုမှုများ FaceTime ခေါ်ဆိုမှုများ မပြီးဆုံးခင်မှာ မတော်တဆ အိုင်ဖုန်းရဲ့ Side Button ကို ဖိမိ၍လည်းကောင်း၊ ဖုန်းမျက်နှာပြင်ပေါ်မှာ AssistiveTouch ကြောင့်လည်းကောင်း ဖုန်းခေါ်ဆိုမှုကို စောလျင်စွာ ပြတ်တောက်စေပါတယ်၊ ဒါကလည်း အိုင်ဖုန်းရဲ့ သဘောတရားကြောင့်ပါဘဲ၊ ဖုန်းရဲ့ LockScreen ပိတ်သလို ဖြစ်စေတဲ့အရာမှန်သမျှ ခေါ်ဆိုနေသောဖုန်းကို ချက်ချင်း ပြတ်တောက်စေပါတယ်။
ဟုတ် အဲ မတော်တဆမှုတွေကြောင့် ဖုန်းခေါ်ဆိုမှုပြတ်တောက်ခြင်းများကို ကာကွယ်တဲ့ နည်းလမ်းလေးတစ်ခု iOS ၁၆ မှာ ပါဝင်လာပါတယ်၊ အိုက်အိုအက်စ် Default အရ အဲ setting ကို OFF ပြုထားပါတယ်၊ အသုံးလိုသူများ အိုင်ဖုန်းရဲ့ Settings > Accessibility > Touch ကို သွားပြီး “Prevent Lock to End Call” ကို အမြဲ ဖွင့်ပေးထားလိုက်ပါ၊ အမြဲ ON ထားဘို့လည်း တိုက်တွန်းချင်ပါတယ်၊
ခုဆိုရင် မတော်တဆပြတ်တောက်မှုများ ကင်း၍ “End Call” ကို ဖိနှိပ်မှသာ ခေါ်ဆိုမှုများ ဖုန်းဝင်မှုများ အဆုံးသတ်ပါတော့မယ်၊ ဒီ ကာကွယ်မှုတွေဟာ Messenger, Signal, Google Voice, WhatsApp စတဲ့ တခြား App အသုံးပြု ခေါ်ဆိုမှုများကိုလည်း အတူတူ သက်ရောက်ပါတယ်။
Monday, September 19, 2022
ios 16 မှာ Wi-Fi Password အလွယ်ကြည့်လို့ရပြီ
ကိုယ်ချိတ်ထားတဲ့ Wi-Fi Password ကို iOS 16 မှာ အလွယ်ကြည့်လို့ရပြီ
=============
iPhone တွေမှာ ယခင် iOS Version တွေတုန်းက ကိုယ်ချိတ်ထားတဲ့ Wi-Fi Password ကို သိနိုင်ဖို့အတွက် Siri Shortcut ကနေ QR Code လိုမျိုးပြန်ထုတ်ပြီးမှ တခြားသူကို Share ပေးရတာမျိုး၊ ဒါမှမဟုတ် Contact ထဲမှာ Apple ID ဖွင့်ထားတဲ့ Mail သို့မဟုတ် ဖုန်းနံပါတ်ထည့်သွင်းထားပြီး Share ပေးတာမျိုးပဲ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် iOS 16 မှာတော့ အခုလိုမျိုး အဆင့်တွေလုပ်စရာမလိုတော့ပါဘူး။
ဘာကြောင့်လဲဆိုရင် iOS 16 တင်ထားပြီးတာနဲ့ ကိုယ်ချိတ်ထားတဲ့ Wi-Fi Password ကို အလွယ်တကူကြည့်နိုင်ပြီဖြစ်ပါတယ်။ အခုလိုမျိုး ကိုယ့် Wi-Fi Password ကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့ Settings - Wi-Fi ထဲကို ဝင်ရောက်ပါ။ ပြီးရင် ချိတ်ဆက်ထားတဲ့ Wi-Fi Network ကို နှိပ်ပြီး Password ကို နှိပ်လိုက်ရုံပဲဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ လုံခြုံရေးအတွက် ကိုယ့်ဖုန်းမှာ ထည့်သွင်းထားတဲ့ Face ID သို့မဟုတ် Password ကို တောင်းမှာဖြစ်ပြီး ထည့်သွင်း Scan ပြုလုပ်ပြီးမှသာ Wi-Fi Password ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
အလွယ်တကူ Copy ပြုလုပ်လို့ရပြီဖြစ်တာကြောင့် ကိုယ့် Wi-Fi Password ကို Share ပေးချင်တယ်ဆိုရင် အခုနည်းလမ်းလေးက အရမ်းအသုံးဝင်ပါတယ်နော်...။
Subscribe to:
Posts (Atom)
















