Friday, October 21, 2022

iOS 16.1 Update မှာ ဘယ်လို Feature အသစ်တွေပါလာမလဲ...?

 အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထွက်လာမယ့် iOS 16.1 Update မှာ ဘယ်လို Feature အသစ်တွေပါလာမလဲ...?

============================
Apple ဟာ iOS 16 ကို မိတ်ဆက်ထားတာ အချိန်ရက်သတ္တပါတ်အနည်းငယ်ရှိနေပြီဖြစ်ပါတယ်။ iOS 16 ဟာ အဓိကအနေနဲ့ Lock Screen Feature လိုမျိုး လူကြိုက်များတဲ့ Feature အသစ်တွေအပြင် တခြားသော Feature အသစ်တွေအများအပြားပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တချို့သော Feature လေးတွေကတော့ iOS 16 နဲ့အတူ မထွက်လာဘဲ နောက်ပိုင်းမှ ရရှိလာမှာဖြစ်ပါတယ်။
အခုအချိန်မှာတော့ Apple ကနေ iOS 16.1 Update ကို လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ တရားဝင်ထုတ်ပေးသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ iOS 16.1 Update မှာ iPhone သုံးတဲ့သူတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ Feature တွေအများအပြားပါဝင်လာဦးမှာဆိုတော့ ဘယ်လို Feature အသစ်တွေပါဝင်လာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်...။
Live Activities
------------
iOS 16.1 မှာ အဓိကပါဝင်လာမှာကတော့ Live Activities Feature ကို စတင်ပြီး Support ပေးလာတာပဲဖြစ်ပါတယ်။ ဒါကြောင့် Application တွေအနေနဲ့ Notification Update တွေကို Lock Screen မှာ အချိန်နဲ့တပြေးညီ Update ဖော်ပြပေးနိုင်မှာပါ။ ဒါက Grab ဌားတာမျိုး၊ Foodpanda မှာတာမျိုးတွေမှာ ကိုယ့်ဆီကို ဘယ်အချိန်ရောက်လာမလဲဆိုတာကို App အတွင်း ဝင်ရောက်စရာမလိုဘဲ တန်းကြည့်နိုင်တော့မှာဖြစ်ပါတယ်။
Battery Percentage Update
------------
လက်ရှိအချိန်မှာ Apple ကနေ Battery Percentage ကို Face ID ပါဝင်တဲ့ iPhone အများအပြားမှာ အသုံးပြုနိုင်ပေမယ့် တချို့သော iPhone တွေမှာတော့ အသုံးပြုနိုင်ခြင်းမရှိတော့ပါဘူး။ အခု iOS 16.1 မှာတော့ ယခင်တုန်းက မရရှိခဲ့တဲ့ IPhone XR ၊ iPhone 12 mini နဲ့ iPhone 13 mini ဖုန်းတွေမှာ Battery Percentage ကို မြင်နိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေဝေဖန်ခဲ့ကြတဲ့ Battery Percentage အလိုက် Battery Icon ကိုပါ ပြောင်းလဲပြီး ဖော်ပြပေးမှာဖြစ်ပါတယ်။
Apple Fitness+ with iPhone
------------
iOS 16.1 မှစတင်ပြီး Apple iPhone အသုံးပြုသူတွေအနေနဲ့ Apple Watch ရှိစရာမလိုအပ်တော့ဘဲ Apple Fitness+ ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော Fitness လေ့ကျင့်ခန်းတွေမှာတော့ Apple Watch ကို လိုအပ်မှာဖြစ်ပါတယ်။
Clean Energy Charging
------------
iOS 16.1 မှစတင်ပြီး Apple ဟာ iPhone တွေကို အားသွင်းတဲ့အချိန်မှာ Clean Energy Charging ကိုထောက်ပံ့ပေးနေပြီဖြစ်ပါတယ်။ ဒါဟာ တကယ်လို့ ကိုယ်က ပတ်ဝန်းကျင်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုနည်းပါးတဲ့ လျှပ်စစ်ကို အသုံးပြုနေတယ်ဆိုရင် ပြောင်းလဲ အားသွင်းပေးနိုင်စေမှာပါ။
Pre-load In-app Content
------------
iOS 16.1 မှာ အသစ်ပါဝင်လာတဲ့နောက်ထပ် အသုံးဝင်တဲ့ Feature ကတော့ Pre-load In-App Content ပဲဖြစ်ပါတယ်။ ဒီ Feature က ကိုယ်ယခင်တုန်းက အသုံးပြုခဲ့ဖူးတဲ့ App ကို ဖျက်မိပြီး ပြန်လည် Download ပြုလုပ်တဲ့အချိန်မှာ ယခင်တုန်းက Data တွေကို အစက ပြန်ပြီး ဝင်ရောက်ဖို့မလိုအပ်လဲ Restore ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။
အခုလိုမျိုး Feature အသစ်တွေအပြင် iOS 16.1 ဟာ လက်ရှိ iOS 16 အသုံးပြုသူတွေ ကြုံတွေ့နေရတဲ့ Error တွေ၊ Bug တွေကိုလည်း ပြင်ဆင်ထားမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့ကြရင် Update ပြုလုပ်ဖို့ အခုထဲက ပြင်ဆင်ထားနိုင်ပါပြီနော်...။


No comments:

Post a Comment