Monday, September 19, 2022

ios 16 မှာ Wi-Fi Password အလွယ်ကြည့်လို့ရပြီ


 ကိုယ်ချိတ်ထားတဲ့ Wi-Fi Password ကို iOS 16 မှာ အလွယ်ကြည့်လို့ရပြီ

=============
iPhone တွေမှာ ယခင် iOS Version တွေတုန်းက ကိုယ်ချိတ်ထားတဲ့ Wi-Fi Password ကို သိနိုင်ဖို့အတွက် Siri Shortcut ကနေ QR Code လိုမျိုးပြန်ထုတ်ပြီးမှ တခြားသူကို Share ပေးရတာမျိုး၊ ဒါမှမဟုတ် Contact ထဲမှာ Apple ID ဖွင့်ထားတဲ့ Mail သို့မဟုတ် ဖုန်းနံပါတ်ထည့်သွင်းထားပြီး Share ပေးတာမျိုးပဲ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် iOS 16 မှာတော့ အခုလိုမျိုး အဆင့်တွေလုပ်စရာမလိုတော့ပါဘူး။
ဘာကြောင့်လဲဆိုရင် iOS 16 တင်ထားပြီးတာနဲ့ ကိုယ်ချိတ်ထားတဲ့ Wi-Fi Password ကို အလွယ်တကူကြည့်နိုင်ပြီဖြစ်ပါတယ်။ အခုလိုမျိုး ကိုယ့် Wi-Fi Password ကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့ Settings - Wi-Fi ထဲကို ဝင်ရောက်ပါ။ ပြီးရင် ချိတ်ဆက်ထားတဲ့ Wi-Fi Network ကို နှိပ်ပြီး Password ကို နှိပ်လိုက်ရုံပဲဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ လုံခြုံရေးအတွက် ကိုယ့်ဖုန်းမှာ ထည့်သွင်းထားတဲ့ Face ID သို့မဟုတ် Password ကို တောင်းမှာဖြစ်ပြီး ထည့်သွင်း Scan ပြုလုပ်ပြီးမှသာ Wi-Fi Password ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
အလွယ်တကူ Copy ပြုလုပ်လို့ရပြီဖြစ်တာကြောင့် ကိုယ့် Wi-Fi Password ကို Share ပေးချင်တယ်ဆိုရင် အခုနည်းလမ်းလေးက အရမ်းအသုံးဝင်ပါတယ်နော်...။

No comments:

Post a Comment