Tuesday, September 20, 2022

Prevent Lock to End Call

 

Prevent Lock to End Call
===================
ပန်းသီး User များ ကြုံဘူးမယ် ထင်ပါတယ်၊
အရေးတကြီးဖုန်းခေါ်ဆိုမှုများ၊ ခက်ခက်ခဲခဲ ခေါ်ဆိုရသော ဖုန်းများ၊ ချစ်ရသူနဲ့ တီးတိုးဖုန်းပြောနေချိန် ဖုန်းခေါ်ဆိုမှုများ FaceTime ခေါ်ဆိုမှုများ မပြီးဆုံးခင်မှာ မတော်တဆ အိုင်ဖုန်းရဲ့ Side Button ကို ဖိမိ၍လည်းကောင်း၊ ဖုန်းမျက်နှာပြင်ပေါ်မှာ AssistiveTouch ကြောင့်လည်းကောင်း ဖုန်းခေါ်ဆိုမှုကို စောလျင်စွာ ပြတ်တောက်စေပါတယ်၊ ဒါကလည်း အိုင်ဖုန်းရဲ့ သဘောတရားကြောင့်ပါဘဲ၊ ဖုန်းရဲ့ LockScreen ပိတ်သလို ဖြစ်စေတဲ့အရာမှန်သမျှ ခေါ်ဆိုနေသောဖုန်းကို ချက်ချင်း ပြတ်တောက်စေပါတယ်။
ဟုတ် အဲ မတော်တဆမှုတွေကြောင့် ဖုန်းခေါ်ဆိုမှုပြတ်တောက်ခြင်းများကို ကာကွယ်တဲ့ နည်းလမ်းလေးတစ်ခု iOS ၁၆ မှာ ပါဝင်လာပါတယ်၊ အိုက်အိုအက်စ် Default အရ အဲ setting ကို OFF ပြုထားပါတယ်၊ အသုံးလိုသူများ အိုင်ဖုန်းရဲ့ Settings > Accessibility > Touch ကို သွားပြီး “Prevent Lock to End Call” ကို အမြဲ ဖွင့်ပေးထားလိုက်ပါ၊ အမြဲ ON ထားဘို့လည်း တိုက်တွန်းချင်ပါတယ်၊
ခုဆိုရင် မတော်တဆပြတ်တောက်မှုများ ကင်း၍ “End Call” ကို ဖိနှိပ်မှသာ ခေါ်ဆိုမှုများ ဖုန်းဝင်မှုများ အဆုံးသတ်ပါတော့မယ်၊ ဒီ ကာကွယ်မှုတွေဟာ Messenger, Signal, Google Voice, WhatsApp စတဲ့ တခြား App အသုံးပြု ခေါ်ဆိုမှုများကိုလည်း အတူတူ သက်ရောက်ပါတယ်။

No comments:

Post a Comment