Sunday, July 9, 2023

Visual Lookup



 ပန်းသီးဟာ ဓါတ်ပုံတစ်ပုံမှာ ပါဝင်တဲ့ Item တွေကို ခွဲခြားစိတ်ဖြာပြီး လုံလောက်တဲ့ သတင်းအချက်အလက် information နဲ့ သက်ဆိုင်တဲ့ ရှင်းပြချက်လေးတွေကို အထူးအလေးထား တိုးချဲ့ဆောင်ရွက်လာခဲ့ပါတယ်၊ ပန်းသီးဖီလင်များ သိကြတဲ့ Photos App မှာပါတဲ့ Visual Lookup ဆိုတဲ့ လုပ်ဆောင်ချက်လေးပါဘဲ၊ ဓါတ်ပုံထဲ တိရစ္ဆာန်လေးပါတယ်ဆို အမျိုးအမည် ဘာအမျိုးအစား၊ သစ်ပင်ဆို ဘာအပင် ဘယ်လိုခေါ်၊ အထင်ကရ လမ်းအဆောက်အဦဆို ဘယ်နိုင်ငံမှာတည်ရှိ၊ ဘာကြောင့် ကျော်ကြားသလဲ အသေးစိတ် စသဖြင့် ရှင်းလင်းချက် ဝေဝေဆာဆာနဲ့ပေါ့၊ လာမဲ့ iOS 17 မှာဆို ပိုမိုအဆင့်မြင့်တင်ထားပြီး ဓါတ်ပုံတပုံထဲမှာ အစားအသောက်များကိုလည်း ခွဲခြားစိတ်ဖြာပြီး သူ့ရဲ့ Recipes အလားတူများကိုလည်း ဖေါ်ထုတ်ပေးပါဦးမယ်၊ အင်း သွားရေကျစရာများပါဘဲ၊ ဒါတင်လားဆိုတော့ ဟုတ်သေးဘူးဗျ၊ Developer တွေ Beta ဗားရှင်းစမ်းရင်းနဲ့ အင်္ကျီအဝတ်အစားမှာပါတဲ့ အဝတ်လျှော်လမ်းညွှန် သင်္ကေတများ Laundry Symbols ကိုလည်း အသေးစိတ် ဖော်ထုတ်ပေးနိုင်ပါသတဲ့။ အင်း iOS 17 တင်ပြီးရင် လမ်းဘေးလမ်းညွှန်ဆောင်ပုဒ်တွေရိုက်ပြီး စမ်းကြည့်ရမယ်။

No comments:

Post a Comment