Sunday, July 9, 2023

Adaptive Audio

 Adaptive Audio

==============
iOS17 နဲ့ အတူပါဝင်လာမဲ့ ထူးခြားကောင်းမွန်တဲ့ လုပ်ဆောင်ချက်လေးတစ်ခုပါဘဲ၊ အိုင်အိုအက်စ် ထွက်လာတဲ့အခါမှာ AirPods Pro2 တစ်ခုတည်းသာ အသုံးပြု၍ ရရှိပါ့မယ်၊ သူ့ရဲ့ ထူးကဲတဲ့ လုပ်ဆောင်ချက်လေးကတော့ noise-cancellation နဲ့ transparency mode နှစ်ခုကြား အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး အလိုအလျောက် အသံကို ထိန်ညှိပေးပါ့မယ်၊
အလုပ်လုပ်မဲ့ အင်္ဂါရပ်(၃)ခုကတော့
- Adaptive Noise Control: ဝန်းကျင်အနီး ဆူညံမှုပေါ်မူတည်ပြီး အလိုအလျောက် ထိန်းညှိပေးပါ့မယ်
- Personalise Volume: ဝန်းကျင်နဲ့ လိုက်လျောညီစွာ အသံအတိုးအကျယ်ကို ထိန်းညှိပေးပါ့မယ်၊
- Conversation Awareness:မိမိကို တဦးတယောက်မှ လာ၍စကားပြောလျှင်လည်းကောင်း မိမိက စ၍ စကားပြောလျှင်လည်းကောင်း Transparency Mode ကို အလိုအလျောက် ပြောင်းပေးပြီး သီချင်းတခုခုဖွင့်ထားရင်လည်း အသံကိုလျှော့ပေးပါမယ်၊
မိမိအိုင်ဖုန်းမှာ iOS17 တင်ပြီး AirPods Pro2 နားဝယ်တပ်ဆင်ပြီးလျှင် အိုင်ဖုန်းရဲ့ Home မျက်နှာပြင် အပေါ်ညာထောင့်မှ အောက်ကို ဆွဲချပြီး Control Center ကို သွားပေးပါ၊ နောက် Noise Control Button မှ Adaptive ကို ရွေးလိုက်လျှင်ဘဲ Adaptive Audio စတင်လုပ်ဆောင်ပါဘီ၊ ပုံစာ (၂)
မိမိအိုင်ဖုန်းမှလည်း Setting ကိုသွားပြီး မိမိရဲ့ AirPods Pro2 ကို ရွေးချယ်ပြီး Adaptive ကို On လို့ရသလို AirPods ကို ဖိနှိပ်ခြင်း Setting ကိုလည်း စိတ်ကြိုက် Noise Control အဖြစ် ထားလို့လည်း ရပါသေးတယ်၊ ပုံစာ (၃)
ကိုယ်မှာ AirPods Pro1 ဘဲရှိပြီး ဒီ Function ကို မစမ်းရ၍ ဝမ်းနည်းမိသော်လည်း ကိုယ့်ထက်ဆိုးတဲ့ AirPods Max ကြီးလည်း မရဘူးဆိုတော့ ဖြေသာပါတယ် ကိုပန်းသီးရယ်






No comments:

Post a Comment