Monday, December 24, 2018

iphone user များနဲ့ iPhone ဝယ်မဲ့သူများ ဂျင်းမမိရအောင်



user များနဲ့ iPhone ဝယ်မဲ့သူများ ဂျင်းမမိရအောင်
----------------------------------------------
iPhone ဆိုပေမဲ့ iPhone မဟုတ် တဲ့ iPhone များ 🧐
iPhone ဆိုပေမဲ့ iPhone မဟုတ် တဲ့ iPhone များ 🧐
iPhone ဆိုရင် ဈေးကြီး ကြတယ်လို့ လူတိုင်းက မှတ်ယူကြပါတယ် iPhone ဝယ်ဖို့ဆို တော်တော်များများက စဉ်းစားကြတယ် အဲ့တော့ iPhoneကို ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရမယ်ဆိုရင်ရော ?
ဟာဝယ်မှာပေါ့ ? ဒါဆိုရင်တော့ သင့် အနေနဲ့ စဉ်းစားစရာလိုလာပါပီ ဘာကြောင့် ဈေးနည်းတာလဲ? Brand New Unbox အလုံးလား? Second Hand လား? သို့လောသို့လော စဉ်းစားသင့်ပါတယ်
Second Hand အလုံးကဈေးနည်းတာ မဆန်းပေမဲ့ ဝယ်မယ်ဆိုရင်တောင်မှ စစ်ဆေးဆင့်ပါတယ် (Seond Hand iPhone အကြောင်းသပ်သပ်ထပ်ရေးပေးပါမယ်)
အခုပြောမဲ့အကြောင်းက Packing အလုံးတွေကို ပုံမှန်ဈေးတွေထက် တော်တော်သက်သာတဲ့ အလုံးတွေအကြောင်းပါ
တချို့ ဆိုင်တွေမှာ ရောင်းကြပါတယ် New Packing ကို တခြားဆိုင်တွေထက်သက်သာမယ် ဆိုပီးတော့ ရောင်းကြပါတယ်
တစ်လုံးပျက်ရင် တစ်လုံးလည်းပေးမယ် ဆိုတာတွေ မက်လုံးတွေပေးပီးတော့ ရောင်းကြပါတယ်
သင်သွားဝယ်မိရင်တော့ တိုင်ပတ်ပါပီ
တချို့ဆိုင်တွေကျတော့လဲ Refur ဆိုပီး ဟိုလိုလို ဒီလိုလိုနဲ့ ပြောရောင်းကြပါတယ် သူတို့လဲ တစ်လုံးပျက်ရင် တစ်လုံးလည်းပေးမယ် ဆိုတာတွေ မက်လုံးတွေပေးပီးတော့ ရောင်းကြပါတယ် ဒါတွေလည်း ဂျင်းပါပဲ
Refur မှာဆို နှစ်မျိုးရှိပါတယ် Apple Official Refur နဲ့ China Refur ဆိုတာပါ
Apple Official Refur ဆိုတာက Appleကနေ Trade in Program ကနေဖြစ်ဖြစ် Factory Errorပါလို့ လဲပေးထားတဲ့ အလူံးတွေ စတာတွေကို မြန်မာအခေါ် အောက်ဈေး နဲ့ပြန်ရောင်းပေးတာပါ
သူတို့က Error ပါတဲ့ Part တွေကို Fix ပီးတော့ ပြန်ရောင်းပေးတာပါ
Apple Certified Refurbished ကို ဝယ်မိရင် စိတ်ပူစရာလိုလား တကယ်တော့ မလိုပါဘူး
Appleကနေ ပေးတဲ့ One Year Warranty ကို ရရှိမှာဖြစ်ပါတယ် အကယ်၍ကိုယ့် လက်ထဲမှာပဲ Factory Errorထပ်ဖြစ်အုန်းမယ် ဆိုရင်တော့ Appleက အသစ် တစ်လူံး ထပ်လဲ ပေးမှာပါ
ဒီ နိုင်ငံမှာတော့ Apple Official Refur ကိုဝယ်ဖို့ ခက်ခဲနိုင်ပါတယ်
Apple Refurဖြစ်ကြောင်း ဘယ်လိုသိနိုင်မလဲ
Model နံပါတ်ရဲ့ အစကို ကြည့်ပါ
Model Noက F နဲ့ စခဲ့မယ် ဆိုရင်တော့ Appleက Original refurပါ(အောက်မှာပုံပြပေးထားပါတယ်)
Nဆိုတာက Replacement အလုံးပါ
တချို့ဆိုင်တွေက Apple Official Refur လိုလို ပြောရောင်းပီးဂျင်းထည့်နေကြတာပါ သတိထားသင့်ပါတယ်
🚫China Refurဆိုတာဘာလဲ
China Refurဆိုတာ တော့ ဖုန်းအဟောင်းတွေ ကို လိုအပ်တဲ့ ပစ္စည်းတွေ စုပေါင်းပြီး ဖုန်း တစ်လုံးပြန်ရအောင် ပြုလုပ်ထားတာပါ
(ဥပမာ-iphone 5s တစ်လုံးရှိတယ်ဆိုပါဆို့ ဖုန်းက သုံးမရအောင် ပျက်နေပီ ဒါပေမဲ့ MotherBoardကကောင်းသေးတယ် ဒီတော့အဲ့ဖုန်းက MotherBoardကို ယူ တခြား Bodyတို့မှန်တို့ကို ဝယ် ပြီးရင် ဖုန်းအကောင်းတစ်လုံးရအောင် တပ်ဆင်ပြီးရင်ပြန်ရောင်းတာပါ)
ဒီဖုန်းတွေက စွမ်းဆောင်ရည်ကလည်းကောင်းမှာမဟုတ်သလို Apple ရဲ့ Official Warranty ကိုလည်း ရရှိမှာ မဟုတ်ပါဘူး သူတို့ကဝယ်မိရင် တကယ်ဒုက္ခပေးတက်တဲ့ အမျိုးပါ
China Refurတွေဒီကို အဝင်များတဲ့ ဖုန်းModel တွေက
5,5s,6,6plus,6s,6splusအဲ့ဖုန်းမော်ဒယ်တွေပါ
ဒီ China Refurတွေကို စစ်နိုင်တဲ့ နည်းတွေက
တချို့ china refurတွေဆို ဖုန်းဘူးကအစ လုပ်ထားတာ သေသပ်ပါတယ်
တချို့ကျတာ့လည်း မသေသပ်ဘူး
ဖုန်းဘူးအတွင်းပိုင်းဆိုရင် ကြိုးတွေကလည်း စည်းထားတာ မသေသပ်ဘူး အားသွင်းခေါင်းပုံစံက လည်း မသေသပ်
နားကြပ်တွေက အစ အတုတွေပါ
နောက်ပီးတော့ China refurဖုန်းတချို့မှာ သေချာကြည့်ရင်ခလုတ်တွေက နှိပ်ရတာလည်းမတူပါဘူး Speakerမှာဆိုလည်း စကာပေါက်လေးတွေ မပါပါဘူး
နောက်ပီးတော့ ဒီဖုန်းတွေက Computerမှာထိုးလိုက်ရင်
iphone 5Sဆို5 လို့ပေါ်နေတာတို့ ဘူးမှာရေးထားတော့ Gold ဖုန်းအရောင်ကလည်း Gold ဒါပေမဲ့ iTune မှာကျတော့ Sliver တို့ဘာတို့ ပေါ်နေရင် သေချာပါပီ အဲ့ ဒါ China Refurစစ်စစ်ပါ(ရေမရောထား)
China Refur ကိုComputerနဲ့စစ်တဲ့ နည်းကအကောင်းဆုံးလို့ကျနော်မြင်ပါတယ်
ဒါဆိုရင် တော့ china refurအကြောင်းရှင်းလောက်ပီထင်ပါတယ်🚫
imeiinfo.com နဲ့ Checkတာ Checkလို့ရပေမဲ့ တခါတလေကျရင် သူလည်းအမှားပါတက်ပါတယ်
အဲ့ဒါကြောင့် Apple Websiteမှာပဲ သွားပြီး စစ်ကြည့်ပါလို့ အကြံပြုချင်ပါတယ်
Apple Website Link-
https://checkcoverage.apple.com/ai/en/
ဒီတော့ China Refurကိုရှောင်ချင်ရင်တော့
နာမည်ရှိတဲ့ ဆိုင်ကပဲ ဝယ်ပါ ရန်ကုန်မှာ အခုဆို Apple Authorized ဆိုင်တွေလဲ ဖွင့်နေပါပီ ဆိုင်က Warrantyပေးတယ်ဆိုရင် Appleကပေးတာလား ဆိုင်ကပေးတာလားကို လေ့လာပါ iPhone ကို ဈေးအရမ်းသက်သာတဲ့ ဆိုင်ကဝယ်မယ်ဆိုရင်တော့ နည်းနည်းပါးပါးစစ်ဆေးကြပါလို့ပြောရင်း နောက်နေ့မှတွေ့တာပေါ့😁
ပုံကတော့ Apple Official Refur နဲ့ Brand New Retail Packing ကို ယှဉ်ပေးထားတာဖြစ်ပါတယ်
Apple က Refur ဖုန်းဆိုရင် ဘယ်တော့မှ Brand New Packing ပုံစံမလာပါဘူး Apple Refurbished ဖြစ်ကြောင်းစာလေးပါပါတယ်



No comments:

Post a Comment