Tuesday, December 18, 2018

Face ID ပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ Apple

Face ID ပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ Apple 

3D ပုံစံ ဦးခေါင်းပုံဖြင့်တောင် Unlock အဖြစ် မဖွင့်ပေးသည့် iPhone
အကောင်း အဆိုး ဒွန်တွဲနေတဲ့ ဒီလောကကြီးမှာ Apple ရဲ့ iPhone တွေအပေါ်မှာလည်း အခုတလော အကောင်းရော အဆိုးပါ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်နေပါတယ် ။ 
တရုတ်နိုင်ငံမှာ Apple အနေဖြင့် တရားတဘောင် ရင်ဆိုင်နေရပါတယ် ။ လတ်တလော အခြေအနေအရ Apple အနေဖြင့် iPhone X , iPhone 8 & 8 Plus တို့ ရောင်းချခွင့်ကို တရုတ်မှာ အပိတ်ခံလိုက်ရပါတယ် ။ ကျန်တဲ့ iPhone XS , XS Max နဲ့ XR တို့ကိုပါ ရောင်းချခွင့် တရုတ်မှာ ပိတ်ခံရမယ့် အနေအထားကိုပါ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ် ။ ဘာလို့ ရောင်းချခွင့် အပိတ်ခံလိုက်ရတာလဲဆိုတော့ iPhone တွေမှာ ပါဝင်နေတဲ့ Content Features အချို့ကြောင့်ပါပဲ ။ ဒါကြောင့်လည်း Apple ဟာ အပူတပြင်း iOS 12.1.2 ကို အလျှင်အမြန် ထုတ်ပေးလိုက်ရတာပဲ ဖြစ်ပါတယ် ။ 
ဒါကတော့ Apple အတွက် ထိုးနှက်ချက် ဖြစ်စေမယ့် သတင်းဆိုး တစ်ခုပဲ ဖြစ်ပါတယ် ။ နောက်ထပ် တစ်ခုကတော့ Apple သာမက Apple ရဲ့ ဖန်တွေပါ ကျေနပ်နှစ်သိမ့်မှု ရရှိစေမယ့် ကောင်းသတင်းလေးပါပဲ ။ 


အဲဒါကတော့ 3D ဖြင့် ဖန်တီးပြုလုပ်ထားတဲ့ ဦးခေါင်းပုံနှင့် Andriod OEMs တွေရဲ့ Face Unlock နည်းပညာပါတဲ့ Mid-Range & Flagship Devices တွေကို စမ်းသပ်ရာမှာ လွယ်လွယ်ကူကူပဲ အရူးလုပ်နိုင်ခဲ့ပါတယ် ။ Unlock ဖြစ်ခဲ့ပါတယ် ။ စမ်းသပ်မှုမှာ အသုံးပြုခဲ့တဲ့ Andriod Devices တွေကတော့ Galaxy Note 8 , Galaxy S9 , LG G7 ThinQ & OnePlus 6 တို့ပဲ ဖြစ်ပါတယ် ။
Apple ရဲ့ iPhone တွေကို စမ်းသပ်ရာမှာတော့ Device က ငြင်းပယ်ခဲ့ပါတယ် ။ Unlock မဖြစ်ခဲ့ပါဘူး ။ ဒီစမ်းသပ်မှုမှာ Apple ရဲ့ iPhone X ကို အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ် ။ 

ဒီလိုထွက်လာတဲ့ Result ဟာ သိပ်တော့ အံ့အားသင့်စရာ မရှိပါဘူး ။ ဘာလို့ဆို Apple ဟာ Face ID အတွက် Sensors တွေများစွာကို အသုံးပြုထားပြီး Andriod တွေကတော့ Front Camera အပေါ်မှာသာ အခြေခံထားလို့ ဖြစ်ပါတယ် ။
အဆိုပါ Andriod Devices တွေရဲ့ Face Unlock ဟာ Apple ရဲ့ Devices တွေထက် ပိုလျှင်မြန်ပါတယ် ။ သို့ပေမယ့် Apple ရဲ့ Face ID လိုတော့ လုံခြုံ စိတ်ချရမှု မရှိပါဘူး ။ 
ဒါကတော့ Apple ရဲ့ iPhone ယူစာတွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ် ။ 

No comments:

Post a Comment