Tuesday, December 4, 2018

iOS User တွေ သိပ်မသိကြတဲ့ HandOff ဆိုတဲ့ Function

iOS User တွေ သိပ်မသိကြတဲ့ HandOff ဆိုတဲ့ Function ကိုဘယ်လိုသုံးကြမလဲ

iOS ရဲ့ Setting >> General ထဲက Handoff ဟာ iOS နဲ့ Mac OS တွေကို တစ်ခုထက်မက သုံးစွဲနေသူတွေအတွက် အလုပ်လုပ်ဖို့ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ Function တစ်ခုဖြစ်ပါတယ်။

(၁) သုံးမယ့် Device တွေအားလုံးက တူညီတဲ့ Apple ID နဲ့ Cloud မှာဝင်ထားဖို့လိုပါမယ်
(၂) Device အားလုံးမှာ Handoff, Bluetooth, Wifi တွေကို On ထားဖို့လိုပါတယ်
(၃) Bluetooth, Wifi Range ထဲမှာ Nearby Device တွေအဖြစ် ရှိနေရပါမယ်

မခက်ဘူး အဲဒါတွေဖွင့်လိုက်ရင် သုံးပေရော့ပဲ။ ဒါဆို စသုံးလို့ရပါပြီ။ ကျွန်တော် Video Tutorial လေးနဲ့ပါပြပေးထားပါတယ်။ iPad mini3 နဲ့ iPhone 7+ နှစ်ခုကို စမ်းပြထားပါတယ်။ (Macbook မဝယ်နိုင်လို့ပါ။ လက်ဆောင်ပေးရင်စိတ်မဆိုးဘူး)

Pages App ကို iPad မှာဝင်ထားပြီး အလုပ်လုပ်နေပါတယ်။ ပြီးတာနဲ့ iPhone ရဲ့ Multitask view ထဲကိုဝင်လိုက်ရင် အောက်ထဲမှာ iPad မှာအလုပ်လုပ်နေတဲ့ Pages App ကိုဖော်ပြနေမှာဖြစ်ပါတယ် ဒါကြောင့် iPad မှာလုပ်လက်စ တန်းလန်းကို iPhone မှာလည်း ဆက်လုပ်နိုင်ပါပြီ

ဒီဘက်က ဝင်ထားတဲ့ Contact App ကို ဟိုဘက်ကနေ Access လုပ်လို့ရပါတယ်။ ဖုန်းထဲမှာ ရှိနေတဲ့ လူတစ်ယောက်ရဲ့ Message ကိုဖွင့်ထားရင်း iPad ကနေသူ့ဆီကို စာပို့လို့ရနိုင်ပါတယ်။

ဒီဘက်က Copy ကူးလိုက်တဲ့ ပုံတွေ စာသားတွေကိုတောင် ဟိုဘက်မှာ Paste လုပ်လို့ရတယ်ဗျာ။ အဲလောက်ထိ ကိုအသုံးဝင်ပါတယ်။
ကျွန်တော့် Wifi Version iPad မှာ SIM Card မပါပါဘူး ပါလည်း ဖုန်းခေါ်လို့မရပါဘူး။ ဒါပေမယ့် Handoff ရှိနေပါပြီ။ ရဲရဲသာခေါ်လိုက်ပါ။ iPhone ကိုဝင်လာတဲ့ ဖုန်းအဝင်ကိုလည်း iPad ကနေတစ်ဆင့် လက်ခံဖြေကြားလို့ရပါတယ်။

ဒီစနစ်တွေက တကယ်အသုံးဝင်သလားလို့မေးရင် အသုံးဝင်ပါတယ်။ ကျွန်တော်တို့ Apple User တွေဟာ အခြား OS တွေလို Data အကူးအပြောင်းကအစ လက်ပေါက်ကပ်တတ်ပါတယ်။ အခုတော့ ဒီဘက်က Copy ကူး ဟိုဘက်မှာ Paste လုပ်နိုင်တဲ့အထိ Device တွေကို ပေါင်းကူးလုပ်သုံးနိုင်တဲ့ Handoff ဟာ အခြား OS တွေနဲ့ယှဉ်ရင် သာမာန်ထက်ပိုထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တာတော့ ငြင်းလို့မရပါဘူး။ AirDrop တို့ Handoff တို့ဟာ Apple Product တွေကို Set လိုက်သုံးချင်လာအောင် သာသာထိုးထိုးဆွဲဆောင်ထားတဲ့ လုပ်ဆောင်ချက်အလန်းစားတွေ ဆိုလည်း မမှားပါဘူးဗျာ

ကဲဗျာ ပြောနေတာကြာပါတယ်။ ဒီလောက်ဆို Handoff ဆိုတာဘာလည်း သိလောက်ပါပြီ။ ပိုပြီး လက်တွေ့ကျအောင် ကျွန်တော်စမ်းပြထားတဲ့ Video လေးအတိုင်း စမ်းကြည့်ကြရအောင်လား။

Credit - Tech Paradise

No comments:

Post a Comment