Thursday, December 6, 2018

Control Center ကို စိတ်ကြိုက်ပြင်ဆင် အသုံးပြုခြင်း

Control Center ဟာ iOS user များအတွက် မိမိတို့အသုံးပြုလိုသေ function များကို မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူအသုံးပြုနိုင်တဲ့ နေရာတစ်ခုပါ။ သင့် iOS device ကို screen unlocked လုပ်စရာမလိုပဲ camera သုံးခြင်း၊ lights သုံးခြင်း အစရှိသည့် များစွာသော function များကို လွယ်ကူစွာသုံးစွဲနိုင်ပါသည်။
Control Center လွယ်ကူစွာအသုံးပြုနိုင်ဖို့အတွက်ဆိုလျှင် မိမိတို့အသုံးများသည့် function များကို Control Center တွင်ထည့်သွင်းထားဖို့လည်း လိုပါသည်။ ၎င်းကို Control Center Customize လုပ်ခြင်းလို့ခေါ်ပါသည်။

Control Center ကိုဖွင့်ခြင်း

Control Center ကို ဘယ်လိုဖွင့်ရလဲဆိုလျင်တော့ iPhone X ရှေ့က iPhone model များမှာ screen ရဲ့ အောက်ခြေမှနေ အပေါ်ကိုဆွဲတင်လိုက်ရင် control center ပေါ်လာပါမည်။ iOS 12 တင်ထားသည့် iPhone X နဲ့နောက် Model များကတော့ ညာအပေါ်ထောင့်ကနေ အောက်ကိုဆွဲချပေးရပါသည်။

Control Center ကိုပိတ်ခြင်း

Screen ရဲ့လွတ်တဲ့အပေါ်ပိုင်းကိုဖိလိုက်ရင်ဖြစ်ဖြစ်၊ home button ကိုနှိပ်လိုက်ရင်ဖြစ်ဖြစ် control center ပိတ်သွားပါမည်။ iPhone X နဲ့အထက် model များကတော့ screen ရဲ့အောက်ခြေကနေ အပေါ်ကိုပွတ်ဆွဲလိုက်ရင်လည်း control center ပိတ်သွားပါမည်။

Customize Control Center

Control center ကို customize လုပ်ထားခြင်းဖြင့် မိမိတို့အသုံးပြုလေ့ရှိသည့် function များကိုအလွယ်တကူအသုံးပြုနိုင်ပါမည်။
  1. Setting > Control Center သို့သွားပါ။
  2. Customize Control ကိုနှိပ်ပါ။

ထိုနေရာတွင် INCLUDE နဲ့ MORE CONTROLS ဆိုပြီး အပိုင်းနှစ်ပိုင်းရှိပါတယ်။ INCLUDE အပိုင်းကတော့ Control Center ထဲမှာ လက်ရှိရှိနေတဲ့အရာများဖြစ်ပြီး MORE INCLUDE ကတော့ မိမိတို့သုံးလိုသည့်များကို မိမိတို့ဘာသာ ထည့်သွင်းပေးရမယ့် အရာများဖြစ်ပါသည်။
သက်ဆိုင်ရာ function များရဲ့ ညာဘက်ဘေးနားက အစိမ်းရောင်ခလုပ်လေးကိုနှိပ်လိုက်ရင်တော့ control center ထဲကိုရောက်သွားပါမယ်။ control center ထဲကနေ ပြန်ဖြုတ်ချင်ရင်တော့ အနီရောင်ခလုပ်လေးကို နှိပ်လိုက်ရပါမည်။
Control center ထဲမှာရောက်သွားတဲ့ သက်ဆိုင်ရာ function များကို ကိုယ်စားပြုသည့် icon လေးတွေကိုလည်း အပေါ်အောက်ရွှေ့နိုင်ပါသည်။ မည်သို့ရွှေ့ရမည်လည်းဆိုလျှင် ညာဘက်ဘေးမှ မျဉ်းကြောင်းသုံးကြောင်းပုံလေးကို ဖိနှိပ်၍ အပေါ်အောက် မိမိလိုရာကို ပွတ်ဆွဲပြီးနေရာချပေးခြင်းဖြင့် နေရာရွှေ့နိုင်ပါသည်။
Customize Control ကိုမဝင်မှီ Setting > Control Center အောက်က Access Within Apps ဆိုတဲ့ function လေးရှိပါသည်။ ထို function ကတော့ Application တစ်ခုခုကို အသုံးပြုနေစဉ်မှာ Control Center ကိုအသုံးပြုခြင်း အသုံးမပြုခြင်းကို ON/OFF လုပ်ထားနိုင်ပါသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ

No comments:

Post a Comment