Friday, December 14, 2018

5GB တာFree ရတယ့် iCloud Storage ကို အလျင်အမြန် မပြည့်သွားအောင် အသုံးပြုနည်း။

5GB တာFree ရတယ့် iCloud Storage ကို အလျင်အမြန် မပြည့်သွားအောင် အသုံးပြုနည်း။

iCloud ရဲ့ Storage မှာ အဓိကသုံးနေတယ့် Data များ
(1) Photos
(2) Mail
(3) Contants
(4) Calendars
(5) Notes
(6) Safari စသည်တို့ရှိကြပါတယ်။
(1) Photos
iOS User တွေအသုံးအများဆုံး အလျင်အမြန် ပြည့်သွားနိုင်တယ့် Data က Photo & Video တွေပါပဲ။
Wifi ချိတ်မိတာနဲ့ Photo & Video တွေကို Auto Backup လုပ်သွားမှာပါ။ သင်ဟာ Photo & Video တွေ အများအပြားရိုက်တက်သူဆိုရင်တော့ 5GB ဟာ ခဏထဲနဲ့ပြည့်သွားနိုင်ပါတယ်။ iCloud Storage ပြည့်သွားပီဆိုရင် နောက်ထက် ရိုက်ကူးထားတယ့် Photo & Video တွေကို Backup လုပ်ပေးတော့မှာမဟုတ်ပါဘူး။
(2) Mail
အချို့ User တွေ / လုပ်ငန်းရှင်တွေကတော့ Mail တွေ ဖွင့်ထားပီး အသုံးပြုကြပါတယ်။ Mail အဝင်အထွက်တွေကိုလဲ iCloud က Auto Backup လုပ်ပေးပါတယ်။ Mail တွေ အဝင်အထွက် အရမ်းများလာရင်တော့ Storage ကိုပိုတိုးစေပါတယ်။
(3) Contants
Contants ကတော့ အရေးကြီးဆုံးပါ။ မိမိရဲ့ အသိ သူငယ်ချင်းတွေရဲ့ ဖုန်း No တွေကို သိမ်းပေးမှာပါ။ သင်ဘယ် iPhone ကိုပဲပြောင်းပြောင်း icloud Acc ဝင်ပေးလိုက်တာနဲ့ မိမိမှတ်သားထားတယ့် Contants တွေ ပေါ်လာပါလိမ့်မယ်။ Contants က iCloud Storage ကို နေရာတိတ်မယူပေးပါဘူး။
(4) Calendars
Calendars ကတော့ လုပ်ငန်းရှင်အများစုပဲ သုံးကြမယ်ထင်ပါတယ်။
အစည်းအဝေး နေ့တွေ အရေးကြီးချိန်းဆိုထားတာတွေကို Calendar မှာမှတ်သားထားသူတွေအတွက်ကတော့ အသုံးဝင်ပါတယ်။ Calendars ကလဲ iCloud Storage ကိုနေရာတိတ်မယူစေပါဘူး။
(5) Notes
မိမိတို့ အရေးကြီး ရေးစရာ မှတ်သားစရာတွေကိုမှတ်သားနိုင်ပါတယ်။ တခြား iPhone ပြောင်းသုံးရင်တောင် iCloud ဝင်လိုက်ရင် မိမိမှတ်သားထားတယ့် Note တွေတက်လာပါလိမ့်မယ်။ Notes ကလဲ Storage တိတ်မစားပါဘူး။
(6) Safari
Safari Broswer အသုံးများတယ့် User တွေအတွက်ပါ။ Add Bookmark တွေ Add Favorites တွေကို မှတ်သားထားမယ်ဆိုရင်လဲ iCloud က သိမ်းထားပေးပါတယ်။ Storage တိတ်မစားပါဘူး။
ဒီနေရာမှာ Data အလျင်အမြန် တက်စေတာကတော့ Photos function ပဲဖြစ်ပါတယ်။တခြား Function တွေကတော့ Storage သုံးစွဲမှု နည်းပါတယ်။
ဒီထဲက ကိုမသုံးတယ့် Function တွေကို Backup မလုပ်ချင်ဘူးဆိုရင်လဲ ပိတ်ထားလို့ရပါတယ်။
Setting – Profile – iCloud ထဲမှာ ဝင်ပိတ်နိုင်ပါတယ်။

Admin ကတော့ Photos Function ကို ပိတ်ထားတာပါ။ Photo & Video တွေကို Backup လုပ်ဖို့ Third Party App ဖြစ်တယ့် Google Photos ကိုပဲသုံးပါတယ်။
Google Photos App အကြောင်း
iCloud Storage ကိုအဓိကထားသုံးတာက Contants & Notes အတွက်ပါပဲ။
iCloud Storage ကို GB တိုးချင်လဲရပါတေးတယ်။ 20 GB ကို တစ်လ $ 0.99 ပေးရပါတယ်။

ယခု ကျွန်တော်ပြောခဲ့တာတွေသိသွားပီဆိုရင်တော့ iCloud Storage ကို အလျင်အမြန် မပြည့်အောင်ဘယ်လိုလုပ်ရမယ်ဆိုတာ သိလောက်ပီလို့ထင်ပါတယ်။
crd;; iOS Banker Myanmar

No comments:

Post a Comment