Thursday, September 8, 2022

2022-9 Apple Event

 


iPhone 14 Pro အပြင် Apple Event မှာ ဘာတွေမိတ်ဆက်သွားသလဲ...

==========================
နှစ်စဥ်ပြုလုပ်နေကြ Apple Event ကတော့ ယခုနှစ်မှာလည်း ကျင်းပပြီးသွားခဲ့ပြီဖြစ်သလို iPhone 14 Series အသစ်တွေကိုလည်း တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Apple Event ကို မကြည့်ဖြစ်လိုက်တဲ့သူတွေအတွက် Apple ကနေ iPhone 14 အပြင် ဘာတွေ မိတ်ဆက်သွားသလဲဆိုတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
iPhone 14 Series
—----------------
Apple ကနေ ယခုနှစ်မှာ သတင်းတွေထွက်ရှိထားသလို mini iPhone မထုတ်တော့ဘဲ iPhone 14 ၊ iPhone 14 Plus ၊ iPhone 14 Pro နဲ့ iPhone 14 Pro Max ဆိုပြီး ၄ မျိုး မိတ်ဆက်ခဲ့ပါတယ်။ iPhone 14 Series မှာဆိုရင် အရေးပေါ်အခြေအနေတွေမှာ ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီး Emergency SOS Feature သုံးနိုင်ဖို့ Satellite Connectivity Feature ပါလာမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဆိုပါ Feature ကို iPhone 14 ဖုန်းတွေမှာ ၂ နှစ်အခမဲ့သုံးနိုင်မှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာ US နဲ့ Canada နိုင်ငံတွေမှာ အရင်ဆုံး သုံးနိုင်မှာပါ။ Apple ဟာ US နိုင်ငံအတွင်းမှာ ရောင်းချတဲ့ iPhone 14 ဖုန်းတွေအကုန်လုံးကို Physical SIM Card Slot ထည့်သွင်းပေးတော့မှာမဟုတ်ဘဲ eSIM Only ပဲ ရောင်းချသွားမှာဖြစ်ပါတယ်။
iPhone 14 & iPhone 14 Plus
—----------------
iPhone 14 နဲ့ iPhone 14 Plus ဟာ Screen Size 6.1” နဲ့ 6.7” အပြင် Battery Life ပဲ ကွာခြားသွားမှာဖြစ်ပြီး ကျန်တဲ့ Design ပိုင်းနဲ့ Specification ပိုင်းတွေအတူတူပဲဖြစ်ပါတယ်။ မနှစ်တုန်းက iPhone 13 Design နဲ့ အပြင်ပန်းတူညီပြီးတော့ Chipset ကိုလည်း A15 Bionic Chip ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း 6-Core CPU အမျိုးအစားဖြစ်သွားတာကြောင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားမှာပါ။ iPhone 14 Plus ဖုန်းဟာ လက်ရှိ iPhone တွေအားလုံးထဲမှာ Battery ကြာရှည်အခံဆုံးဖုန်းဖြစ်လာမယ်လို့လည်း Apple ကနေ ပြောကြားခဲ့ပါသေးတယ်။
Display အနေနဲ့ အမြင့်ဆုံး 1200nits Brightness ကို ထောက်ပံ့ပေးနိုင်တဲ့ Apple Custom OLED Super Retina Display XDR ကို အသုံးပြုထားပြီး Dolby Vision ကိုပါ ထောက်ပံ့ထားမှာဖြစ်ပါတယ်။ Camera ကိုလည်း အဆင့်မြှင့်တင်ထားပြီး 12MP Main Camera ကို Sensor အသစ်ထည့်သွင်းထားတာကြောင့် Low Light ပိုင်းမှာ ၄၉ ရာခိုင်နှုန်းပိုကောင်းမွန်မှာဖြစ်ပါတယ်။ အရှေ့ဘက် TrueDepth Camera ကိုလည်း 12MP Aperture f1.9 Sensor ကို ပြောင်းလဲအသုံးပြုထားပြီး ယခင်ထက် Low Light ပိုင်းမှာ ၃၈ ရာခိုင်နှုန်း ပိုကောင်းမွန်မှာပါ။ Autofocus ကိုလည်းထောက်ပံ့ထားတဲ့အတွက် Selfie ပုံတွေ ယခင်ထက် ပိုပြီး ပြတ်သားနေမှာဖြစ်ပါတယ်။ Video ပိုင်းမှာလည်း လှုပ်ရှားမှုတွေကို တည်ငြိမ်စွာရိုက်ကူးနိုင်မယ့် Action Mode Feature အသစ်ပါဝင်လာပါတယ်။
iPhone 14 Pro | iPhone 14 Pro Max
—----------------
iPhone 14 Pro နဲ့ 14 Pro Max ဖုန်းတွေက ယခင်အတိုင်း 6.1” နဲ့ 6.7” Screen Size နဲ့ပဲ ထွက်ရှိထားပေမယ့် အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်မှာဖြစ်ပါတယ်။
Design ပိုင်းအရလည်း FaceID အတွက် Notch အစား Dynamic Island လို့ ခေါ်ဆိုတဲ့ Display Cutout ကိုမှ အသုံးပြုတဲ့ Application ၊ Notification တွေအပေါ်လိုက်ပြီး ပြောင်းလဲအသုံးပြုနိုင်မယ့် Feature အသစ်ကို ထည့်သွင်းပေးခဲ့ပါတယ်။ အဆိုပါ Dynamic Island က iPhone 14 Pro ဖုန်းတွေမှာပဲ အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် တခြားသော iPhone တွေနဲ့ ယှဥ်ရင် ကွဲထွက်နေမှာပါ။
Display ပိုင်းကိုလည်း အဆင့်မြှင့်တင်ထားပြီး ဘေးဘောင်တွေပိုပါးလွှာသွားသလို ပုံမှန်အသုံးပြုမှုတွေမှာ 1600nits Brightness နဲ့ Outdoor Mode အနေနဲ့ 2000nits အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ 120Hz ProMotion ကိုလည်း ဆက်လက်အသုံးပြုနိုင်မှာဖြစ်သလို iPhone 14 Pro ဖုန်းတွေမှာ လူအများမျှော်လင့်နေတဲ့ Always-on Display Feature လည်းပါဝင်လာပါပြီ။
Performance ပိုင်းမှာလည်း A16 Bionic Chip အသစ်ကို အသုံးပြုထားပြီး လက်ရှိစမတ်ဖုန်းတွေထဲမှာ အမြန်ဆုံးလို့ ပြောထားတယ်။ Specification အရလည်း 6-Core CPU ၊ Memory Bandwidth ကို ၅၀ ရာခိုင်နှုန်း တိုးထားတဲ့ 5-Core GPU ၊ 16-Core Neural Engine နဲ့ Display Engine အသစ်တွေထည့်ထားတာဆိုတော့ စွမ်းဆောင်ရည်ပိုင်းမှာတော့ အကောင်းဆုံးဖြစ်နေမှာသေချာပါတယ်။
Camera ပိုင်းမှာလည်း လုံးဝ Main Camera ကို 48MP Quad Pixels Sensor အသစ်ကို အဆင့်မြှင့်တင်ထားတယ်။ အခု 48MP Sensor က Pixel-binned နည်းပညာနဲ့ အရင် iPhone 13 Pro ထက် Low Light ပိုင်းမှာ ၂ ဆပိုကောင်းပြီး Dynamic Range လည်းပိုသာတဲ့ ဓါတ်ပုံတွေကို ထုတ်ပေးနိုင်တယ်။ ပြီးတော့ Sensor ကို Crop ထားပြီး 2x Telephoto Mode ရိုက်လို့ရမယ်။ 48MP ProRAW ဓါတ်ပုံတွေကိုလည်း ထုတ်ပေးနိုင်တယ်ဆိုတော့ ပြန် Edit မယ့်သူတွေအတွက် အကြိုက်ဖြစ်သွားပြီ။ ကျန်တဲ့ 12MP Ultra Wide Camera ကိုလည်း Sensor အဆင့်မြှင့်ထားပြီး အရင်ထက် Low Light ပိုင်းမှာ ၃ ဆပိုသာသွားသလို Macro Mode တွေလည်း ပိုပြီး အရည်အသွေးကောင်းလာမှာပါ။ Video ပိုင်းမှာဆိုရင်လည်း အခုနက Action Mode အပြင် Cinematic Mode ကိုပါ 4K 30fps သို့မဟုတ် 4K 24fps နဲ့ ရိုက်လို့ရသွားပါပြီ။
New AirPods Pro
—----------------
AirPods Pro ကိုလည်း Apple ကနေ အသစ်ထပ်မံမိတ်ဆက်သွားခဲ့ပြီး Design ပိုင်းမှာတော့ ယခင် AirPods Pro နဲ့ ကွာခြားခြင်းသိပ်မရှိပေမယ့် အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်ခဲ့ပါတယ်။
အရင်ဆုံးအနေနဲ့ New AirPods Pro ဟာ Audio Driver အသစ်နဲ့ Amplifier အသစ်တွေကို ပြောင်းလဲအသုံးပြုထားပြီး ယခင်ထက် ပိုပြီး Details ကောင်းမွန်ပြီး ကြည်လင်ပြတ်သားတဲ့ အသံထွက်ကို ခံစားနိုင်မယ်လို့ သိရပါတယ်။ Spatial Audio ကိုလည်း အဆင့်မြှင့်တင်ထားပြီး iPhone Camera ဖြင့် ကိုယ့်နားပုံစံကို ဓါတ်ပုံရိုက်ပြီး သီးသန့် Personalized ပြုလုပ်နိုင်ဦးမှာလည်းဖြစ်ပါတယ်။
AirPods Pro အသစ်ဟာ H2 Chip အသစ်ကို အသုံးပြုထားပြီး Active Noise Cancellation (ANC) ပိုင်းမှာ ယခင် AirPods Pro ထက် ၂ ဆပိုမိုစွမ်းဆောင်နိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ဆူညံ့သံတွေကို လျော့ချပြီး စကားသံတွေကိုပဲ ဦးစားပေးနိုင်မယ့် Adaptive Transparency Mode လည်း အသစ်ပါဝင်လာမှာဖြစ်ပါတယ်။ Control ပြုလုပ်ဖို့အတွက် Force Sensor တွေကို အဆင့်မြှင့်တင်ထားပြီး အခုဆိုရင် Swipe ပြုလုပ်ပြီး အသံအတိုးအကျယ်ကိုပါ ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။
Battery ကိုလည်း အဆင့်မြှင့်တင်ထားပြီး Earbuds အနေနဲ့ အသုံးပြုရင် ၆ နာရီဆက်တိုက်၊ Charging Case နဲ့တွဲဖက်အသုံးပြုမယ်ဆိုရင် နာရီ ၃၀ အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Find My App ကနေ Earbuds တစ်ဖက်ချင်းစီအပြင် Charging Case ကိုပါ ရှာဖွေနိုင်ပြီဖြစ်ပြီး Charging Case မှာလည်း Speaker ထည့်သွင်းပေးထားပါတယ်။ အားသွင်းတဲ့အချိန်မှာလည်း Lightning Port ၊ Wireless Charging တွေအပြင် Apple Watch Charger ကိုပါ အသုံးပြုနိုင်ဦးမှာပါ။ Charging Case ကို Keychain မှာချိတ်ထားနိုင်မယ့် Loop တစ်ခုလည်း ပါဝင်လာပြီဖြစ်ပါတယ်။
Apple Watch
—----------------
နောက်ထပ် Apple ကနေ Apple Watch အသစ်တွေဖြစ်တဲ့ Apple Watch Series 8 ၊ Apple Watch SE နဲ့ Apple Watch Ultra တွေကို မိတ်ဆက်သွားခဲ့ပါတယ်။
Apple Watch Series 8 ကတော့ အဓိကအနေနဲ့ Sensor တွေကို အဆင့်မြှင့်တင်ထားတယ်လို့ ပြောနိုင်ပါတယ်။ ကိုယ်အပူချိန်ကို ၅ စက္ကန့်တစ်ခါတိုင်းပေးနိုင်တဲ့ Temperature Sensor ပါလာသလို မိန်းကလေးတွေအတွက် ရာသီစက်ဝန်းအချိန်ကို Tracking ပြုလုပ်ခြင်း၊ သားဥကြွေသည့်အချိန်ကို ဖော်ပြနိုင်မယ့် Feature တွေပါဝင်လာမှာဖြစ်ပါတယ်။ Crash Detection အတွက် Sensor တွေကို ထည့်သွင်းထားတာကြောင့် ကားတိုက်တာကိုလည်း ချက်ချင်းသိနိုင်မှာပါ။ Low Power Mode အသစ်ပါလာပြီးတော့ တစ်ခါအားသွင်းထားရင် ၃၆ နာရီအထိ သုံးလို့ရမယ်လို့ သိရပါတယ်။ အဆိုပါ Low Power Mode ဟာ Series 8 အပြင် Series 4 နဲ့အထက် Apple Watch တွေမှာပါ ရရှိလာမှာဖြစ်ပါတယ်။
Apple Watch SE ကတော့ Series 8 မှာသုံးထားတဲ့ Chip နဲ့ Motion Sensor တွေပါဝင်မှာဖြစ်ပါတယ်။ အရင် Series 3 နဲ့ ယှဥ်ရင် Display က ၃၀ ရာခိုင်နှုန်း ပိုကြီးမားကျယ်ပြန့်မှာဖြစ်ပါတယ်။ ယခင်ထွက်ရှိထားတဲ့ Watch SE ထက် ၂၀ ရာခိုင်နှုန်း စွမ်းဆောင်ရည်ပိုကောင်းမွန်မှာဖြစ်ပြီး စျေးနှုန်းအရလည်း သက်သာမှာဖြစ်ပါတယ်။
နောက်ဆုံး Apple Watch Ultra ကတော့ အကြမ်းပတမ်းပတ်မယ်ဆိုတဲ့သူတွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ Case က အစ Titanium ကိုမှ အရွယ်အစားက 49mm ဆိုတော့ အကြီးဆုံး Apple Watch ဖြစ်သလို Display ကလည်း Curved မဟုတ်ပဲ Flat ပုံစံပြုလုပ်ထားပါတယ်။ နောက်ထပ် စိတ်ကြိုက် Customized ပြုလုပ်နိုင်မယ့် Action Button ပါဝင်လာမှာဖြစ်ပြီး Speaker တွေ၊ Mic တွေကိုလည်း Upgrade လုပ်ထားတာကို တွေ့ရပါတယ်။
တခြားသော Feature တွေအနေနဲ့ကတော့ တောင်တက်တဲ့သူတွေ၊ ခရီးသွားတဲ့သူတွေအတွက် အဆင်ပြေအောင်ထုတ်ပေးထားတဲ့ Watch Face အသစ်ပါဝင်မှာဖြစ်ပြီး Watch Band တွေကိုလည်း အသုံးပြုမယ့်ပုံစံပေါ်မှုတည်ပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။၊ ပြီးတော့ ရေငုပ်တဲ့အချိန်မှာလည်း ရေအနက်ပေလိုမျိုး အချက်အလက်တွေဖော်ပြပေးနိုင်သလို ရေငုပ်ဖို့အတွက် အဆင်ပြေတဲ့ App တွေ နောက်ပိုင်းသုံးလို့ရမယ်။ GPS တွေကအစ အရင် Apple Watch တွေထက် အများကြီးအဆင့်မြှင့်တင်ပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့လည်း Apple Watch Series 8 ထက် ၂ ဆ ပိုများပြားမှာဖြစ်ပါတယ်။
- လူတိုင်းမျှော်နေတဲ့ Satellite Connection ပါလာပါပြီ .. ကောင်းကင်မှာပျံသန်းနေတဲ့ Satellite နဲ့ချိတ်ဆက်ပြီး ဖုန်းခေါ်၊ SMS တွေပို့နိုင်တော့မှာပါ .. ဒါတွေကို Emergency အခြေအနေမှာသုံးနိုင်သလို FindMy Location update အတွက်လည်းသုံးနိုင်မှာပါ .. SatelliteConnection ကို iPhone 14 ဝယ်သူတိုင်းအတွက် ၂ နှစ်စာ Free ပေးသွားမှာဖြစ်ပြီး လောလောဆယ်တော့ US နဲ့ Canada မှာပဲရဦးမှာဖြစ်ပါတယ်
- ဈေးကတော့ iPhone 14 ကို $799 ကနေစမှာဖြစ်ပြီး iPhone 14 Plus ကို $899 ကနေစမှာဖြစ်ပါတယ်
- Sept 9 မှာ Pre-order စမှာလို့ရပါပြီ











No comments:

Post a Comment