Thursday, November 26, 2020

iCloud ပေါ်မှ Data တွေကို Recover ပြန်ယူနည်း


 

iCloud ပေါ်က Data တွေကို ပြန်လည် ရယူနည်းကို မပြောပြခင်မှာ အရင်ဆုံး ပြောထားချင်တာလေးတွေ ရှိပါတယ်။

iCloud ကို iPhone, iPad ပေါ်ကနေ Log in ( Sign in ) ဝင်လို့ ရပါတယ်။ Safari ဒါမှမဟုတ် အခြားသော Third Party Browser တွေပေါ်ကနေလည်း Log in ဝင်လို့ ရပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူတော့ မဟုတ်ဘူး။

Browser တွေပေါ်ကနေ Desktop Mode ကို ပြောင်းပေးမှ ဝင်လို့ ရပါမယ်။ ပုံအပြည့် မပေါ်တဲ့အတွက် ဝင်ရ ပြုရတာ အတော် ခက်ပါတယ်။ ဒါကြောင့် iCloud ပေါ်က Data တွေကို Recover ပြန်ယူတော့မယ်ဆိုရင် PC ( Computer ) နဲ့သာ ပြန်ယူဖို့ အကြံပြု တိုက်တွန်းပါတယ်။

ဘယ်လို Data တွေကို Recover ပြန်ယူလို့ရမလဲ ?

Safari မှာ မှတ်ထားလေ့ရှိတဲ့ Bookmarks တွေ, Calendar ထဲက Events တွေ, Contacts တွေ, Files ထဲက Data တွေ, နောက်ပြီး Reminders တွေကို Restore ပြန်လုပ်ယူလို့ ရပါမယ်။


iCloud ထဲက Data တွေကို ပြန်ယူနည်း

Step ( 1 ) PC ရဲ့ Browser ကနေ iCloud.com လို့ ရိုက်ပြီး သွားပါ။

Step ( 2 ) iCloud.com ကို ရောက်လျှင် မိမိရဲ့ Apple ID နဲ့ Log in ( Sign in ) ဝင်ပါ။

Step ( 3 ) iCloud ထဲ ရောက်ပြီဆိုလျှင် Settings အိုင်ကွန်ထဲကို ဝင်ပါ။
Step ( 4 ) Settings ထဲကို ရောက်ပြီဆိုလျှင် အောက်ကို နည်းနည်းဆင်းသွားလိုက်ပါ။ Advanced ခေါင်းစဉ်အောက်က Restore Files ကို နှိပ်ပါ။

Step ( 5 ) Restore ပြန်ယူလို့ရမယ့် Data Files တွေကို iCloud မှာ ပြပေးပါလိမ့်မယ်။ ဘေးမှာ အမှတ်ခြစ်ပေးပြီး အောက်က Restore Files ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။

Step ( 6 ) Restore ပြန်ယူဖို့ Comfirm Prompt လေး တက်လာလျှင် Restore ကို ထပ်နှိပ်ပေးလိုက်ပါ။

ဒါဆို iCloud ကနေပြီး မိမိ Delete လုပ်ပစ်ခဲ့မိတဲ့ Data တွေကို Account ထဲကို ပြန်ထည့်ပေးသွားပါလိမ့်မယ်။ iPhone, iPad နဲ့ Sync ပြန်လုပ်ပေးနေတာကိုတော့ ခေတ္တ စောင့်ပေးရပါမယ်။ iCloud နဲ့ iPhone, iPad တို့ကို Sync လုပ်ပေးတာဖြစ်လို့ Internet ဖြင့် ချိတ်ဆက်ပေးထားဖို့တော့ လိုအပ်ပါတယ်။


iCloud ထဲက Contacts တွေကို ပြန်ယူနည်း

တစ်ခါတရံ Contacts တွေကို မှားဖျက်လိုက်မိတာမျိုး၊ ဒါမှမဟုတ် ပျောက်သွားတာမျိုး ကြုံတွေ့လာရင်, လာခဲ့လျှင် ဒီနည်းနဲ့ လုပ်ပြီး ပျောက်သွားတဲ့ Contacts တွေကို ပြန်ယူ ရပါမယ်။

လုပ်ရမယ့် နည်းကတော့ အပေါ်ကအတိုင်းပါပဲ။

Step ( 1 ) PC ကနေ iCloud.com လို့ ရိုက်ပြီး သွားပါ။ မိမိရဲ့ Apple ID နဲ့ Sign in လုပ်ပါ။

Step ( 2 ) iCloud ထဲ ရောက်လျှင် Settings အိုင်ကွန်ကို နှိပ်ပြီး ဝင်ပါ။

Step ( 3 ) အောက်ကို ဆင်းသွားပြီး Restore Contacts ကို နှိပ်ပါ။

Step ( 4 ) Contact Archives တွေရဲ့ စာရင်းတွေ ပေါ်လာပါလိမ့်မယ်။ နေ့ရက်, လ, အချိန်တွေကို ကြည့်ပြီး Restore ပြန်ယူမယ့် Archive ကို Select လုပ်ပေးကာ Restore လေးကို နှိပ်ပေးလိုက်ပါ။


Step ( 5 ) Comfirm Prompt လေး တက်လာလျှင် Restore ကို ထပ်နှိပ်ပေးပါ။

ဒါဆို မိမိရဲ့ အခန့်မသင့်လို့, မှားယွင်းပြီး ဖျက်မိလို့ ပျောက်သွားခဲ့တဲ့ Contacts တွေကို ပြန်လည် ရရှိပါပြီ။

ကျန်တဲ့ Calendar ထဲက Events တွေ, Reminders ထဲက Data တွေကိုလည်း အထက်ပါ နည်းအတိုင်း ပြန်လည် ရယူနိုင်ပါမယ်။

No comments:

Post a Comment