Sunday, November 15, 2020

Apple ၏ အကောင်းဆုံး ပရိုဖုန်း


 




“iPhone 12 Pro Max (Best Pro Phone of Apple)”
iPhone 12 Pro Max ဟာ iPhone 12 Pro ရဲ့ screen အကြီး Version ပါ။ 6.7 inch display ဖြစ်ပြီး iPhone တွေထဲမှာ အကြီးဆုံးပါ။Display တင်မဟုတ်ပါဘူး Camera နဲ့ Battery life ပါ iPhone 12 Pro ထက်ပိုကောင်းပါတယ်။အခြား 12 တွေလို A14 Bionic Chip နဲ့ 5G connectivity ရတယ်ဆိုပေမဲ့ ဒါက အကောင်းဆုံးဆိုတာတွေပဲ လိုချင်တဲ့ သူတွေအတွက် apple phone ပါ။သာမာန် iPhone 12 Pro ထက် $100 ပိုပေးရတာတန်လား ဆိုရင်တော့ အကောင်းဆုံး Premium phone အတွက်ပေးသင့်တဲ့ ပမာဏ လို့ပဲပြောရမှာပါ။အဓိက စဥ်းစားရမှာက သင့်လက်က ဒီ ကြီးမားတဲ့ Display နဲ့ အဆင်ပြေပါ့မလားဆိုတာပါပဲ။
iPhone 12 Pro Max ကို တွေ့ရင် အရင်သတိထားမိမှာက ကြီးမားလွန်းတဲ့ screen ပါ။ထွက်ဖူးသမျှ iPhone တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ 6.7 inches Super Retina XDR OLDE panel နဲ့ဖြစ်ပြီး တောက်ပတဲ့ colors တွေ deep black ဖြစ်တာတွေက photos, videos နဲ့ Apps တွေကြည့်တဲ့အခါ အတော်လေးကို ကြည့်လို့ကောင်းပါတယ်။ iPad ကို မကိုင်ဖြစ်တော့လောက်အောင် ဒီ Display က ကြီးပြီး အတော်ကောင်းပါတယ်။screen ကြီးပေမဲ့ ဘောင်တွေသေးတဲ့ အတွက် Phone sizeက iPhone 11 Pro Max ထက်နည်းနည်းပဲ ပိုကြီးတာပါ။ဒါပေမဲ့ ကြီးတာကတော့ ကြီးနေပါသေးတယ်။ သင်က device ကြီးတာတွေ အိပ်ကပ်ထဲ့ထည့်ရတာမကြိုက်ဘူးဆိုရင်တော့ မဝယ်သင့်ပါဘူး။ သင့်မှာ tablet လဲမသုံးဘူး(phone ကိုလက်နှစ်ဖက်နဲ့ သုံးရလဲကိစ္စမရှိဘူး) ဆိုရင်တော့ ဝယ်ကိုဝယ်သင့်တဲ့ iPhoneပါ။ကြီးမားတဲ့ Display ကို narrow bezels နဲ့ ကိုမှ HDR10 နဲ့ Dolby vision support ပါလို့ အမိုက်စား viewing experience ကိုရမှာပါ။ Apple ပြောတဲ့ Pro Display ဆိုတာ ဒါကိုပြေတာပါ။ အားမရတာတစ်ခုပဲရှိပါတယ် 120Hz refresh rate ပါ။iPad Pro မှာ သုံးပြီးသား နည်းပညာ ဖြစ်ပေမဲ့ မပါလာပါဘူး။ နောက်နှစ်တော့ ပါမှာပါ။ ဈေးကွက်ထဲကpremium Android phone တွေတိုင်းလိုလို မှာ ပါနေပေမဲ့ apple ကခုထိ မထည့်ပေးနိုင်သေးတာတော့ ရှက်စရာပါ။ ဒါပေမဲ့လဲ Screem Quality ကြောင့် deal-breakerတော့မဖြစ်နေပါဘူး။ 2020 iPhone တွေမှာ Ceramic Sheild ပါလာတဲ့ အတွက် 4 ဆ ပိုအကြမ်းခံမယ်လို့ ဆိုပါတယ်။ iPhone 12 Pro ရဲ့ Drop test တွေ မြင်ပြီးကြပြီထက်ပါတယ်။ 12Pro Max မှာလဲ အဲလောက်နီးပါးတော့ခံနိုင်မှာပါ။
iPhone 12 Pro Maxရဲ့ Design ဟာလဲ refreshed လုပ်ထားပြီး iPhone 4 ,5 ကို ကြိုက်ရင် ဒီ Design ကိုလဲကြိုက်မှာပါ။ Pacific Blue ဆိုတဲ့ အရောင်သစ်ပါလာပြီး ကျွန်တော်ကတော့ Gold color ကိုပို ကြိုက်ပါတယ်။ Pro တွေရဲ့ Gold Color က သာမာန် မြင်နေကျ phone တွေရဲ့ Gold နဲ့ မတူပဲ တစ်ကယ့် gold color စစ်စစ် နဲ့တူပါတယ်။ အနောက်ဖက်ကို frosted glass သုံးထားပြီး shiny ဖြစ်တဲ့ stainless steel ဘောင်နဲ့ ဆိုတော့ ကြည့်ရတာလုံးဝကို Premium Design ပါ။
iPhone 12 Pro Max ရဲ့ Camera ဟာ iPhone 12 Pro လိုပဲ triple rear camera setup ဆိုပေမဲ့ တချို့နေရာတွေမှာ ကြီးကြီးမားမား ကွဲပြားနေတာတွေရှိပါတယ်။ Main sensor က 47% ပိုကြီးသွားတဲ့ အတွက် low light မှာ ပိုကောင်းပါတယ်။ပြီးတော့ telephoto lens ကလဲ့ 65mm ဖြစ်သွားတဲ့ အတွက် 5x optical zoom ရသွာပါတယ်။ latest android phone တွေမှာ 100x ထိရနေပြီဆိုပေမဲ့ 5x ကလဲ လုံလောက်ပါတယ်။ နောက်ထပ်တစ်ခုက sensor-shift optical image stabilisation ပါ။ glass len ကလှုပ်တာမဟုတ်ပဲ sensor ကိုယ်တိုင်ကလှုပ်အောင်ဖန်တီးထားတာပါ။ Glass ထက် sensor ကပိုပေါ့တဲ့ အတွက် ပိုပြီး အထောက်အကူဖြစ်ပါတယ်။ iPhone 12 Pro Max ရဲ့Camera ဟာ top of the line-upထဲမှာပါ ပါတယ်။Dayligh မှာ iPhone 12 အားလုံးဟာ အတော်လေးကောင်းပါတယ်။Colorတွေ contrast တွေကောင်းတယ်, bright ဖြစ်တယ်ဆိုပေမဲ့ natural ဆန်တာတော့ မပျောက်သွားပါဘူး။ low light မှာ iPhone 12 Pro Max ရဲ့ max ISO က7616 ဖြစ်ပြီး iPhone 12 Pro က 5808 ပါ။ ဒါကြောင့် noise တွေနည်းပြီး night mode ပြောင်းစရာတောင်သိပ်မလိုပါဘူး။iPhone 12 Pro Max မှာ sensor size ပိုကြီးတဲ့ အတွက် color တွေ detail တွေပိုကောင်းပါတယ်။anti-shake system နဲ့ ပေါင်းစပ်မှုကြေင့်လဲ sensor ကို light ပိုရစေတဲ့ အတွက် night mode မှာ blur ဖြစ်တာတွေကို နည်းစေပြီး အခြား phone တွေထက် ပိုကောင်းပါတယ်။ နောက်ပိုင်း phone တွေဟာ software နဲ့ hardware ပေါင်းစပ်မှု မှာအတော်လေးတိုးတက်လာတာတွေ့ရပါတယ်။Apple ရဲ့ HDR3 နဲ့ Deep Fusion systems တွေကြောင့် အလင်းရောင်ရှုပ်ထွေတဲ့ နေရာတွေ (ဥပမာ: Bar lighting) လိုနေရာတွေမှာဆိုရင် မှောင်နေတဲ့ အပိုင်းတွေက detail တွေမပျောက်စေပဲ brightness ကို balance ဖြစ်အောင်လုပ်ပေးတာ အတော်လေးမိုက်ပါတယ်။ တစ်ခါတလေတော့ color saturate ကောင်းဖို့အနည်းငယ်လိုနေတာတွေ့ရပါတယ်။
နောက်ပိုင်းမှာ ProRaw feature ရရှိမှာ ဖြစ်ပြီး noise reduction လို software လုပ်ဆောင်ချက်တွေ မဖယ်ပဲ user တွေကို RAW format တွေရိုက်ကူးနိုင်စေမှာပါ။ လောဆယ်တော့မရသေးပါဘူး။ Portrait မှာတော့ လူနဲ့ နောက်ခံကို blur လုပ်တဲ့ အခါတော်တော် လေးကောင်းတယ်ဆိုပေမဲ့ အမွေးရှိတဲ့ တိရစ္ဆာန်တွေ "ကြောင်” ကိုရိုက်ရင်တော့ သိပ်မမိုက်တာတွေ့ရပါတယ်။ သိသိသာသာတိုးတက်လာတဲ့ အပိုင်းကတော့ autofocus speedပါ။ Low-Light တွေမှာ LiDAR sensor အကူအညီ ကြောက်း focus လုပ်တာကတော်တော်လေးမြန်ပါတယ်။Selfie camera မှာလဲ night mode ပါတဲ့ အတွက် flesh light မလိုပဲ low lightတွေမှာရိုက်နိုင်မှာပါ။ တော်တော်လေးတော့ အလုပ်ဖြစ်တယ်ဆိုပေမဲ့ hair နေရာတွေမှာ တော့ သိပ်အဆင်မပြတာတွေရပါတယ်။
Video မှာတော့ 4K video ကို 24/30/60 fps ရိုက်နိုင်မှာဖြစ်ပြီး Dolby vision HDR ကို 60 fps, 1080p slo-mo ကို 240fps နဲ့ ရိုက်နိုင်မှာပါ။ Night mode နဲ့ stabilization support လဲရပါတယ်။ Video shoot မှာ stabilization ကအတော်ကို ကောင်းတာပါ၊ Stabilization ကလွဲလို့ iPhone 12 Pro နဲ့ ကွာတာတော့မတွေ့ရပါဘူး။
iPhone 12 Pro Max ရဲ့ Camera ဟာ အကောင်းဆုံး iPhone camera ဆိုတာ သံသယ ဖြစ်စရာမရှိဘူးဆိုပေမဲ့ Camera တစ်ခုတည်းကြည့်ပြီး Pro Max ကို မရွေးစေချင်ပါဘူး။ iPhone 12 Pro Camera ဟာလဲ Overall အတော်ကို ကောင်းပြီး Pro Max နဲ့လဲ အများကြီး မကွာတာကြောင့်ပါ။
Performance မှာတော့ သိကြပြီးသား A14 Bionic chip နဲ့ Storage ကို 128Gb to 512Gb ထိ ရွေးချယ်နိုင်မှာပါ။ ဖုန်းတော်တော်များများကို Storage ဈေးပိုပေးတာကို ကျွန်တော်အားပေးလေ့မရှိပေမဲ့ ဒီphone ကိုတော့ 512Gb ထိရွေမယ်ဆိုလဲ အဆင်ပြေပါတယ်။ လောဆယ်တော့ iPhone 12Pro Max ကို ဘယ်ဟာကမှ Lag အောင်မလုပ်နိုင်သေးပါဘူး။ high-performance Game တွေဆော့မလား, App တွေအများကြီးဖွင့်ပြီး Switch လုပ်မလား, dolby vision footage video edit လုပ်မလား အားလုံး အေးဆေးပါပဲ။
iPhone 12 Pro Max ရဲ့ Battery life က လဲ အတော်ကိုကောင်းပါတယ်။ ချွေတာသုံးမယ်ဆိုရင် ၂ရက်လောက်ခံပါတယ်။Video playback ကို 9hr လောက်ရပါတယ်။ MagSage နဲ့သွင်မယ်ဆိုရင် 30min ကို 20% လောက်ရပါတယ်။သတိပြုရမှာက box ထဲမှာပါတဲ့ cable က USB-C နဲ့ ဖြစ်တဲ့ အတွက် အရင် iphone charger နဲ့ အဆင်မပြေပါဘူး။ USB-A မလို့ပါ။ ထပ်ဝယ်မယ်ဆို $20 လောက် ထပ်ကုန်မှာပါ။
5G ကတော့ မရလို့ မစမ်းလိုက်ရပါဘူး။ ဈေးတွေကတော့ $1099 ကနေ $1399 ထိ ရှိပြီး မြန်မာ မှဆိုရင်တော့ text တွေ shipping fee တွေထပ်ပေါင်းဖို့ လိုပါမယ်။
iPhone 12 Pro Max ဆိုတဲ့ အတိုင်းပဲ iPhone 12 Pro ထက် Screen size ပိုကြီးမယ် battery life လဲ ပိုကောင်းပါတယ်။ ကျွန်တော့ အမြင်အရတော့ Pro Max ရဲ့ Camera က အခြား 12 model တွေထက် image Quality ကသိသိသာသာ ကြီး ကောင်းတာမျိူးတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ Low-light နဲ့ zoom မှာတော့ ပိုကောင်းတာတွေ့ရပါတယ်။ ဒါကြောင့် အပေါ်မှာပြောခဲ့ သလိုပဲ Camera တစ်ခုတည်းအတွက် မရွေးသင့် သလို သင့်လက်နဲ့ တစ်ချိန်းလုံး ကိုင်ဖို့ အဆင်ပြေပါ့မလား ဆိုတာလဲ ထည့် စဥ်းစားသင့်ပါတယ်။ သင်က iPhone ကို အကောင်းဆုံးကိုပဲလိုချင်တယ် ဘာ compromise မှမလိုချင်ဘူးဆိုရင်တော့ တွေးမနေပဲ ဝယ်သာဝယ်လိုက်ပါ။Premium line-up Pro modelတွေထဲမှာ iPhone 12 Pro ကတော့ လူများစုရဲ့ လိုအပ်တာနဲ့ အကိုက်ဆုံးဖြစ်နေတုန်းပါပဲ။ ကိုင်လို့အဆင်ပြေတဲ့ size ရယ်, အမိုက်စား Camera , iPhone 12 Pro Max လိုပဲ Premium ဖြစ်မယ်။ $100 လဲ သက်သာပါသေးတယ်။ ဆိုတော့ သင်က ဘာကိုလိုအပ်လဲဆိုတာ အပေါ်မှာပဲမူတည်ပါတယ်။
သင်တို့ကော iPhone 12 Pro Max ကို သုံးနေကြပြီလား Order မှာထားတဲ့ သူတွေကောရှိလား , Pro Max ကိုကော ဘယ်လိုမြင်ကြလဲ ပြန်လည်မျှဝေ ပေးခဲ့ ကြပါအုံး။

No comments:

Post a Comment