Monday, November 23, 2020

Apple ID ကို ကိုယ်တိုင်အလွယ်တကူ ဖွင့်လို့ရတယ်နော်!

 

Apple ID ကို ကိုယ်တိုင်အလွယ်တကူ ဖွင့်လို့ရတယ်နော်!
Apple Product အသစ်တွေကို ဝယ်ယူရရှိနိုင်ပြီဆိုတော့ iCloud, App Store နဲ့ အခြား Service တွေကို သုံးဖို့ Apple ID အကောင့်တစ်ခု မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် Apple Device တွေကို အသုံးပြုသူတိုင်းအတွက် Apple ID အသစ်ကို ကိုယ်တိုင်အလွယ်တကူ ဖွင့်နိုင်မယ့် နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။
ပထမဦးဆုံး အနေနဲ့ iPhone ကို Wi-Fi/Hotspot တစ်ခု ရှိရန် (သို့) Cellular Data နဲ့ အင်တာနက်ရရှိအောင် ချိတ်ဆက်ထားရပါမည်။ အဲ့ဒီနောက် iPhone ရဲ့ Setting ထဲက Sign in to your Apple ID ကိုဝင်ပါ။
- Apple ID အသစ်ပြုလုပ်မှာ ဖြစ်တာကြောင့် Don’t have an Apple ID ကိုနှိပ်ပါ။ ထို့နောက် Create Apple ID ကိုနှိပ်ပါ။
- ကိုယ့်ရဲ့ First Name , Last Name နဲ့ Birthday တို့ကို မှန်ကန်စွာဖြည့်စွက်ပြီး Next ကိုနှိပ်ပါ။
- Email Address တောင်းတဲ့အခါ ရှိပြီးသား Gmail ကို အသုံးပြုလို့ရပေမယ့် သီးသန့် iCloud Mail ပြုလုပ်ချင်တဲ့အတွက် Don’t have an Email Address ကိုနှိပ်ပါ။
- iCloud Mail အတွက် နှစ်သက်ရာ Username တစ်ခုထည့်ပြီး Next ကိုနှိပ်ပါ။
- Apple ID အတွက် Password အသစ်ထားရမှာ ဖြစ်ပြီး အနည်းဆုံး အက္ခရာ ၈လုံး၊ဂဏန်း ၁ လုံး၊ Capital Letter နဲ့ Small Letter တစ်လုံးစီ မဖြစ်မနေ ထည့်ပေး ရပါမယ်။
- Password မေ့သွားတယ့်အခါ Recovery ပြုလုပ်နိုင်ဖို့အတွက် ကိုယ်အမှတ်မိဆုံး ဖြစ်မယ့် Security Question နဲ့ အဖြေ ၃ ခုကို ရွေးချယ်သတ်မှတ်ပေးရပါမယ်။
- Terms and Condition တွေပေါ်လာရင် Agree ကိုနှိပ်ပါ။ ထို့နောက် Apple ID ပြုလုပ်ပြီးပြီ ဖြစ်ပေမယ့် Apps တွေကို Download လုပ်ဖို့အတွက် အဆင့်အနည်းငယ် ကျန်ပါသေးတယ်။
- App Store ကိုဝင်ပြီး၊ What’s New ပေါ်လာတယ့်အခါ Continue ကိုနှိပ်ပါ။
- FaceBook လိုမျိုး Free App တစ်ခုကို ရှာပြီး Get ကိုနှိပ်ပါ။ ထို့နောက် Alert ပေါ်လာတဲ့အခါ Use Existing Apple ID ကိုနှိပ်ပြီး အသစ်ပြုလုပ်ထားတဲ့ Apple ID နဲ့ Password ကိုထည့်ပါ။
- နိုင်ငံနေရာ မှာ Myanmar ကိုရွေးချယ်ပြီး Terms and Condition ကိုဖွင့်ပါ။ ထို့နောက် Next ကိုနှိပ်ပါ။
- Payment Method မှာ None ကိုရွေးပါ။ Billing Address မှာ ကိုယ့်ရဲ့ နေရပ်လိပ်စာ နဲ့ Postcode ကိုထည့်ပါ။ ကိုယ့်မြို့နယ်ရဲ့ Postcode မသိရင်လည်း Google မှာ အလွယ်တကူ ရှာလို့ရပါတယ်။ ထို့နောက် Next နှိပ်ပြီး App ကို Download ဆွဲနေပြီဆိုရင်တော့ အောင်မြင်စွာ ပြီးဆုံးပါပြီ။

No comments:

Post a Comment