Monday, November 30, 2020

Apple id ရဲ့ Country & Region ကို ချိန်းသုံးကြမယ်

 


Myanmar Region ကို အသုံးပြုထားတဲ့ Apple id များဟာ ယခုချိန်ထိ Google ရဲ့ App တွေကို ပေးမသုံးသေးပါဘူး ဒါကြောင့် လူသုံးများတဲ့ Youtube App ကို App Store မှာရှာမတွေ့သေးတာပါ။

Google ရဲ့ App များအပြင် အခြား လူသုံးများတဲ့ App တွေပါ Myanmar Region ရဲ့ App Store ပေါ်ရောက်မလာသေးပါဘူး ဒါကြောင့် Myanmar Region ကို မသုံးသေးပဲ အခြား Region ကို ချိန်းသုံးမယ့် User များအတွက် Region ချိန်းနည်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ကျွန်တော်ကတော့ ကိုယ်လိုချင်တဲ့ App ဟာ လက်ရှိအသုံးပြုနေတဲ့ Region မှာမရှိရင် Region ချိန်းပြီး ပြောင်းလည်းအသုံးပြုနေပါတယ်။

ကဲစလိုက်ရအောင်

အရင်ဆုံး App Store ထဲဝင်ပြီး မြားပြထားတဲ့အတိုင်းလိုက်ဝင်ပါ

Country / Region ကို ရွေးပါ နောက်တစ်မျက်နှာရောက်သွားရင် Change Country or Region ကို နှိတ်လိုက်ပါ။
ပထမတစ်မျက်နှာမှာ မိမိအသုံးပြုချင်တဲ့ Country / Region ကိုရွေးပြီး Done လိုက်ပါ။ ဒုတိယတစ်မျက်နှာ ရောက်သွားရင် Agree ကို နှိတ်လိုက်ပါနောက်ထပ် Noti လေးတက်လာရင် Agree ကို ထပ်နှိတ်ပေးလိုက်ပါ။
Payment Method နေရာမှာ None ကိုရွေးပြီး Billing Address နေရာမှာ မိမိ ရွေးထားတဲ့ Country / Region တို့ရဲ့ မြို့နာမည် လမ်းနာမည်တွေကို ထည့်ပေးရပါမယ်။ မထည့်ခင် အရင်ဆုံး မိမိ ရွေးထားတဲ့ Country / Region တို့ရဲ့ မြို့နာမည် လမ်းနာမည်တွေကို Google မှာ သက်ဆိုင်ရာ Postcode အလိုက် ရှာထားဖို့လိုပါမယ်။ဖုန်း No ကတော့ ပြထားတဲ့ အတိုင်း လျောက်ဖြည့်လို့ရပါတယ် ပြည့်ပြည့်စုံစုံဖြည့်ပြီးရင်တော့ Next ကိုနှိတ်လိုက်ရင် အောင်မြင်သွားပါပြီ။

ဒီပြဿနာကတော့ User တွေ အမေးများဆုံး ပြဿနာတစ်ခုပါ Region info တွေဖြည့်နေတဲ့ အချိန် အချိန်နည်းနည်း ကြာသွားသည်ဖြစ်စေ အခြား App တွေထဲ ဝင်ရောက်နေသည်ဖြစ်စေ Region info ဖြည့်ပြီးတဲ့ အချိန် Next ဆိုတဲ့ နေရာမှာ Done လို့ပဲ ပေါ်နေမှာပါ။

ဒါဟာ Region ချိန်းတာ အပြီးထိ မအောင်မြင်ပဲ App တွေ Down တဲ့ အခါ Account Not in This Store ဆိုပြီးပဲပေါ်နေမှာပါ အဲ့လိုပေါ်နေရင်တော့ အပေါ်က ပြောထားသလို Region info ကို သေချာဖြည့်ပြီး Next လုပ်မှ အောင်မြင်သွားပါလိမ့်မယ်။

ကျွန်တော်ပြောတဲ့ နည်းတွေအတိုင်း တစ်ဆင့်ချင်း သေသေချာချာလုပ်မယ်ဆိုရင်တော့ Country / Region အောက်မြင်သွားပါလိမ့်မယ်။ ကျွန်တော်ကတော့ Korea Region ကို ချိန်းထားတာဖြစ်တဲ့အတွက် PUBG Korea Version ကို Download လုပ်နိုင်ပါပြီ။

No comments:

Post a Comment