Monday, November 30, 2020

Apple id ရဲ့ Country & Region ကို ချိန်းသုံးကြမယ်

 


Myanmar Region ကို အသုံးပြုထားတဲ့ Apple id များဟာ ယခုချိန်ထိ Google ရဲ့ App တွေကို ပေးမသုံးသေးပါဘူး ဒါကြောင့် လူသုံးများတဲ့ Youtube App ကို App Store မှာရှာမတွေ့သေးတာပါ။

Google ရဲ့ App များအပြင် အခြား လူသုံးများတဲ့ App တွေပါ Myanmar Region ရဲ့ App Store ပေါ်ရောက်မလာသေးပါဘူး ဒါကြောင့် Myanmar Region ကို မသုံးသေးပဲ အခြား Region ကို ချိန်းသုံးမယ့် User များအတွက် Region ချိန်းနည်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ကျွန်တော်ကတော့ ကိုယ်လိုချင်တဲ့ App ဟာ လက်ရှိအသုံးပြုနေတဲ့ Region မှာမရှိရင် Region ချိန်းပြီး ပြောင်းလည်းအသုံးပြုနေပါတယ်။

ကဲစလိုက်ရအောင်

အရင်ဆုံး App Store ထဲဝင်ပြီး မြားပြထားတဲ့အတိုင်းလိုက်ဝင်ပါ

Country / Region ကို ရွေးပါ နောက်တစ်မျက်နှာရောက်သွားရင် Change Country or Region ကို နှိတ်လိုက်ပါ။
ပထမတစ်မျက်နှာမှာ မိမိအသုံးပြုချင်တဲ့ Country / Region ကိုရွေးပြီး Done လိုက်ပါ။ ဒုတိယတစ်မျက်နှာ ရောက်သွားရင် Agree ကို နှိတ်လိုက်ပါနောက်ထပ် Noti လေးတက်လာရင် Agree ကို ထပ်နှိတ်ပေးလိုက်ပါ။
Payment Method နေရာမှာ None ကိုရွေးပြီး Billing Address နေရာမှာ မိမိ ရွေးထားတဲ့ Country / Region တို့ရဲ့ မြို့နာမည် လမ်းနာမည်တွေကို ထည့်ပေးရပါမယ်။ မထည့်ခင် အရင်ဆုံး မိမိ ရွေးထားတဲ့ Country / Region တို့ရဲ့ မြို့နာမည် လမ်းနာမည်တွေကို Google မှာ သက်ဆိုင်ရာ Postcode အလိုက် ရှာထားဖို့လိုပါမယ်။ဖုန်း No ကတော့ ပြထားတဲ့ အတိုင်း လျောက်ဖြည့်လို့ရပါတယ် ပြည့်ပြည့်စုံစုံဖြည့်ပြီးရင်တော့ Next ကိုနှိတ်လိုက်ရင် အောင်မြင်သွားပါပြီ။

ဒီပြဿနာကတော့ User တွေ အမေးများဆုံး ပြဿနာတစ်ခုပါ Region info တွေဖြည့်နေတဲ့ အချိန် အချိန်နည်းနည်း ကြာသွားသည်ဖြစ်စေ အခြား App တွေထဲ ဝင်ရောက်နေသည်ဖြစ်စေ Region info ဖြည့်ပြီးတဲ့ အချိန် Next ဆိုတဲ့ နေရာမှာ Done လို့ပဲ ပေါ်နေမှာပါ။

ဒါဟာ Region ချိန်းတာ အပြီးထိ မအောင်မြင်ပဲ App တွေ Down တဲ့ အခါ Account Not in This Store ဆိုပြီးပဲပေါ်နေမှာပါ အဲ့လိုပေါ်နေရင်တော့ အပေါ်က ပြောထားသလို Region info ကို သေချာဖြည့်ပြီး Next လုပ်မှ အောင်မြင်သွားပါလိမ့်မယ်။

ကျွန်တော်ပြောတဲ့ နည်းတွေအတိုင်း တစ်ဆင့်ချင်း သေသေချာချာလုပ်မယ်ဆိုရင်တော့ Country / Region အောက်မြင်သွားပါလိမ့်မယ်။ ကျွန်တော်ကတော့ Korea Region ကို ချိန်းထားတာဖြစ်တဲ့အတွက် PUBG Korea Version ကို Download လုပ်နိုင်ပါပြီ။

Thursday, November 26, 2020

မထိခိုက်စေပဲ iPhone ရဲ့ Speakers တွေကို Clean လုပ်နည်း

 


Apple ဟာ iOS ကို Maintenance နဲ့ Bugs တွေကို Fixes လုပ်ဖို့အတွက် Updates တွေကို မကြာခဏဆိုသလို ထုတ်ပေးလေ့ရှိပါတယ်။ အလားတူပဲ iPhone အတွင်းမှာရှိတဲ့ Hardware တွေကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သုံးလာတာကြာလေ iPhone ရဲ့ Microphone တို့၊ Speakers တို့မှာလည်း အညစ်အကြေးတွေနဲ့ ကပ်ငြိတွယ်ကပ်နေတတ်ပါတယ်။ အဲဒီအခါ iPhone  Speaker or Microphone ကနေ ထွက်ရှိလာတဲ့ အသံဟာ အရင်ကလို သဲသဲကွဲကွဲ ရှိတော့မှာ မဟုတ်ပါဘူး။ တစ်လ ဒါမှမဟုတ် နှစ်လတကြိမ်လောက်တော့ iPhone ကို သန့်ရှင်းအောင် လုပ်သင့်ပါတယ်။

Clean Your iPhone Speakers

သိတဲ့အတိုင်းပါပဲ iPhone 7 Series ကနေစပြီး Apple ဟာ iPhones အားလုံးမှာ Dual-Speakers တွေကို ထည့်ပေးလာခဲ့ပါတယ်။ Speaker တစ်ခုက အပေါ်ဖက် Microphone ဘေးမှာရှိပြီး၊ နောက်တစ်ခုကတော့ အောက်ဖက် Lightning Connector အနားမှာ ရှိပါတယ်။ သူတို့ကို ဘယ်လို Clean လုပ်ရမလဲ ပြောပြပါမယ်။

Use Toothbrush

ခြောက်သွေ့တဲ့ Toothbrush နဲ့ iPhone  Speakers တွေကို သန့်ရှင်းအောင် ဖယ်ရှားပေးပါ။ ခြောက်သွေ့တဲ့ Toothbrush နဲ့ Speakers တွေကို Clean လုပ်လို့ရသလို အရက်ပြန်နဲ့ Toothbrush ကို စွတ်ပြီး iPhone  အပေါ်အောက် Speakers တွေကိုပွတ်တိုက်ပေးလို့လည်း ရပါတယ်။

မှတ်ထားပါ Toothbrush ကို အရက်ပြန်ထဲ လုံးဝ မစိမ်ပါနဲ့။ ပြီးတော့ Speakers ကို Cleaning လုပ်နေစဥ်မှာလည်းToothbrush ကို အရမ်းဖိပြီး မပွတ်တိုက်ပါနဲ့။ ဖြည်းဖြည်းနဲ့ ညှင်ညှင်သာသာ တိုက်ရပါမယ်။ အရက်ပြန်ဟာ ရေထက် မြန်မြန်ခြောက်သွေ့လွယ်တဲ့အတွက် iPhone ရဲ့ အတွင်းပိုင်းကို အရည်ကြောင့် ထိခိုက်မှု လျော့နည်းစေပါလိမ့်မယ်။

Use Painter’s Tape

Toothbrush လိုမျိုး ခြောက်သွေ့တာနဲ့ ပွတ်တိုက်ပြီးတာတောင်မှ Speakers တွေ အသံထွက်က အနည်းငယ် မရှင်းမလင်းဖြစ်နေတုန်းပဲဆိုရင်တော့ Masking Tape or Painter Tape တွေ သုံးပြီး Clean လုပ်တာက အကောင်းဆုံးပါပဲ။ မည်သည့်မျက်နှာပြင်ပေါ်တွင်မဆို ကော်ကို ကပ်နိုင်စေရန် အထူးဒီဇိုင်း ပြုလုပ်ထားပါတယ်။ ဖိအားကို ခံနိုင်သည့် ကော်ရှိပြီး ၎င်းသည် iPhone Speakers များကို သန့်ရှင်းရေးအတွက် အကောင်းဆုံးကိရိယာတစ်ခုပင် ဖြစ်စေပါလိမ့်မယ်။

တိပ်ခွေမှ အနည်းငယ် ဆုတ်ဖြဲယူလိုက်ပါ။ ကော်ပါသည့် စေးကပ်နေတဲ့အပိုင်းကို အပြင်တွင်ထား၍ လိပ်ပါ။ ပြီးလျှင်iPhone  Speakers များပေါ်တွင် နှိပ်ပါ။ Tape ပေါ်ရှိ အညစ်အကြေးတွေကို စက္ကူဖြူပေါ်တွင် နှိပ်၍ စစ်ပါ။ အဲဒီနောက်အဆိုပါ Tape အဟောင်းကို လွှင့်ပစ်၍ Tape အသစ်ကို ထပ်ဖြဲကာ လိပ်ပါ။ ထို့နောက် iPhone  Speakers တွေပေါ် နှိပ်ပြီးထပ်မံ Cleaning လုပ်ပါ။

Use Compressed Air

ယူစာများအနေဖြင့် Desktop, Laptop Keyboards အစရှိသည်တို့ပေါ်ရှိ ဖုန်မှုန့်များကို Compressed Air အားအသုံးပြု၍ဖယ်ရှားနိုင်ပါတယ်။ ထို့အတူ iPhone  Speakers တွေကိုလည်း Clean လုပ်တဲ့အခါမှာလည်း အသုံးပြုလို့ ရပါမယ်။iPhone  Speakers နဲ့ (  ) လက်မ ဒါမှမဟုတ် ( ၁၀ ) လက်မ အကွာမှာ လေမှုတ်ထုတ်မယ့်ကိရိယာကို ထားရပါမယ်။ထို့နောက် ဖုန်မှုန့်တွေကို မှုတ်ထုတ်ပါ။

လေမှုတ်ထုတ်အားကောင်းတဲ့ Compressed Air မျိုးကို အသုံးမပြုဖို့ အကြံပေးရပါလိမ့်မယ်။ iPhone ရဲ့ Speakers အနားမှာလည်း မထားပါနဲ့။ ဖုန်းရဲ့ အတွင်းပိုင်းကို ပျက်စီးစေနိုင်လို့ပဲ ဖြစ်ပါတယ်။ ( ယူစာအတော်များများ ပြင်းထန်တဲ့ လေမှုတ်အားဒဏ်ကြောင့် iPhone  Speakers တို့ Microphones တို့ ပျက်စီးသွားခြင်းများ ကြုံတွေ့ကြရဖူးတဲ့အတွက် ဒီနည်းကိုအထူးသတိထားပြီးမှ လုပ်စေချင်ပါတယ်။ )

➤ Falcon Compressed Gas: Buy [Amazon]

iPhone  Speaker တွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် Toothbrush ကိုသာ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ သေးပြီးချွန်ထက်တဲ့ သွားကြားထိုးတံလိုမျိုးကို အသုံးမပြုစေချင်ပါဘူး။ သွားကြားထိုးတံဖြင့် ထိုးသွင်းပါက အညစ်အကြေးဖုန်မှုန့်တွေကို Speakers  အတွင်းပိုင်းကို တွန်းပို့စေသလို ဖြစ်နိုင်တဲ့အတွက်ပါ။

အားလုံးပဲ ဒီပို့စ်လေးနဲ့ မိမိတို့၏ iPhone Speakers or Microphones တွေကို သန့်ရှင်းအောင် ပြုလုပ်နိုင်ကြပါစေဗျာ။

iCloud ပေါ်မှ Data တွေကို Recover ပြန်ယူနည်း


 

iCloud ပေါ်က Data တွေကို ပြန်လည် ရယူနည်းကို မပြောပြခင်မှာ အရင်ဆုံး ပြောထားချင်တာလေးတွေ ရှိပါတယ်။

iCloud ကို iPhone, iPad ပေါ်ကနေ Log in ( Sign in ) ဝင်လို့ ရပါတယ်။ Safari ဒါမှမဟုတ် အခြားသော Third Party Browser တွေပေါ်ကနေလည်း Log in ဝင်လို့ ရပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူတော့ မဟုတ်ဘူး။

Browser တွေပေါ်ကနေ Desktop Mode ကို ပြောင်းပေးမှ ဝင်လို့ ရပါမယ်။ ပုံအပြည့် မပေါ်တဲ့အတွက် ဝင်ရ ပြုရတာ အတော် ခက်ပါတယ်။ ဒါကြောင့် iCloud ပေါ်က Data တွေကို Recover ပြန်ယူတော့မယ်ဆိုရင် PC ( Computer ) နဲ့သာ ပြန်ယူဖို့ အကြံပြု တိုက်တွန်းပါတယ်။

ဘယ်လို Data တွေကို Recover ပြန်ယူလို့ရမလဲ ?

Safari မှာ မှတ်ထားလေ့ရှိတဲ့ Bookmarks တွေ, Calendar ထဲက Events တွေ, Contacts တွေ, Files ထဲက Data တွေ, နောက်ပြီး Reminders တွေကို Restore ပြန်လုပ်ယူလို့ ရပါမယ်။


iCloud ထဲက Data တွေကို ပြန်ယူနည်း

Step ( 1 ) PC ရဲ့ Browser ကနေ iCloud.com လို့ ရိုက်ပြီး သွားပါ။

Step ( 2 ) iCloud.com ကို ရောက်လျှင် မိမိရဲ့ Apple ID နဲ့ Log in ( Sign in ) ဝင်ပါ။

Step ( 3 ) iCloud ထဲ ရောက်ပြီဆိုလျှင် Settings အိုင်ကွန်ထဲကို ဝင်ပါ။
Step ( 4 ) Settings ထဲကို ရောက်ပြီဆိုလျှင် အောက်ကို နည်းနည်းဆင်းသွားလိုက်ပါ။ Advanced ခေါင်းစဉ်အောက်က Restore Files ကို နှိပ်ပါ။

Step ( 5 ) Restore ပြန်ယူလို့ရမယ့် Data Files တွေကို iCloud မှာ ပြပေးပါလိမ့်မယ်။ ဘေးမှာ အမှတ်ခြစ်ပေးပြီး အောက်က Restore Files ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။

Step ( 6 ) Restore ပြန်ယူဖို့ Comfirm Prompt လေး တက်လာလျှင် Restore ကို ထပ်နှိပ်ပေးလိုက်ပါ။

ဒါဆို iCloud ကနေပြီး မိမိ Delete လုပ်ပစ်ခဲ့မိတဲ့ Data တွေကို Account ထဲကို ပြန်ထည့်ပေးသွားပါလိမ့်မယ်။ iPhone, iPad နဲ့ Sync ပြန်လုပ်ပေးနေတာကိုတော့ ခေတ္တ စောင့်ပေးရပါမယ်။ iCloud နဲ့ iPhone, iPad တို့ကို Sync လုပ်ပေးတာဖြစ်လို့ Internet ဖြင့် ချိတ်ဆက်ပေးထားဖို့တော့ လိုအပ်ပါတယ်။


iCloud ထဲက Contacts တွေကို ပြန်ယူနည်း

တစ်ခါတရံ Contacts တွေကို မှားဖျက်လိုက်မိတာမျိုး၊ ဒါမှမဟုတ် ပျောက်သွားတာမျိုး ကြုံတွေ့လာရင်, လာခဲ့လျှင် ဒီနည်းနဲ့ လုပ်ပြီး ပျောက်သွားတဲ့ Contacts တွေကို ပြန်ယူ ရပါမယ်။

လုပ်ရမယ့် နည်းကတော့ အပေါ်ကအတိုင်းပါပဲ။

Step ( 1 ) PC ကနေ iCloud.com လို့ ရိုက်ပြီး သွားပါ။ မိမိရဲ့ Apple ID နဲ့ Sign in လုပ်ပါ။

Step ( 2 ) iCloud ထဲ ရောက်လျှင် Settings အိုင်ကွန်ကို နှိပ်ပြီး ဝင်ပါ။

Step ( 3 ) အောက်ကို ဆင်းသွားပြီး Restore Contacts ကို နှိပ်ပါ။

Step ( 4 ) Contact Archives တွေရဲ့ စာရင်းတွေ ပေါ်လာပါလိမ့်မယ်။ နေ့ရက်, လ, အချိန်တွေကို ကြည့်ပြီး Restore ပြန်ယူမယ့် Archive ကို Select လုပ်ပေးကာ Restore လေးကို နှိပ်ပေးလိုက်ပါ။


Step ( 5 ) Comfirm Prompt လေး တက်လာလျှင် Restore ကို ထပ်နှိပ်ပေးပါ။

ဒါဆို မိမိရဲ့ အခန့်မသင့်လို့, မှားယွင်းပြီး ဖျက်မိလို့ ပျောက်သွားခဲ့တဲ့ Contacts တွေကို ပြန်လည် ရရှိပါပြီ။

ကျန်တဲ့ Calendar ထဲက Events တွေ, Reminders ထဲက Data တွေကိုလည်း အထက်ပါ နည်းအတိုင်း ပြန်လည် ရယူနိုင်ပါမယ်။

Monday, November 23, 2020

Apple ID ကို ကိုယ်တိုင်အလွယ်တကူ ဖွင့်လို့ရတယ်နော်!

 

Apple ID ကို ကိုယ်တိုင်အလွယ်တကူ ဖွင့်လို့ရတယ်နော်!
Apple Product အသစ်တွေကို ဝယ်ယူရရှိနိုင်ပြီဆိုတော့ iCloud, App Store နဲ့ အခြား Service တွေကို သုံးဖို့ Apple ID အကောင့်တစ်ခု မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် Apple Device တွေကို အသုံးပြုသူတိုင်းအတွက် Apple ID အသစ်ကို ကိုယ်တိုင်အလွယ်တကူ ဖွင့်နိုင်မယ့် နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။
ပထမဦးဆုံး အနေနဲ့ iPhone ကို Wi-Fi/Hotspot တစ်ခု ရှိရန် (သို့) Cellular Data နဲ့ အင်တာနက်ရရှိအောင် ချိတ်ဆက်ထားရပါမည်။ အဲ့ဒီနောက် iPhone ရဲ့ Setting ထဲက Sign in to your Apple ID ကိုဝင်ပါ။
- Apple ID အသစ်ပြုလုပ်မှာ ဖြစ်တာကြောင့် Don’t have an Apple ID ကိုနှိပ်ပါ။ ထို့နောက် Create Apple ID ကိုနှိပ်ပါ။
- ကိုယ့်ရဲ့ First Name , Last Name နဲ့ Birthday တို့ကို မှန်ကန်စွာဖြည့်စွက်ပြီး Next ကိုနှိပ်ပါ။
- Email Address တောင်းတဲ့အခါ ရှိပြီးသား Gmail ကို အသုံးပြုလို့ရပေမယ့် သီးသန့် iCloud Mail ပြုလုပ်ချင်တဲ့အတွက် Don’t have an Email Address ကိုနှိပ်ပါ။
- iCloud Mail အတွက် နှစ်သက်ရာ Username တစ်ခုထည့်ပြီး Next ကိုနှိပ်ပါ။
- Apple ID အတွက် Password အသစ်ထားရမှာ ဖြစ်ပြီး အနည်းဆုံး အက္ခရာ ၈လုံး၊ဂဏန်း ၁ လုံး၊ Capital Letter နဲ့ Small Letter တစ်လုံးစီ မဖြစ်မနေ ထည့်ပေး ရပါမယ်။
- Password မေ့သွားတယ့်အခါ Recovery ပြုလုပ်နိုင်ဖို့အတွက် ကိုယ်အမှတ်မိဆုံး ဖြစ်မယ့် Security Question နဲ့ အဖြေ ၃ ခုကို ရွေးချယ်သတ်မှတ်ပေးရပါမယ်။
- Terms and Condition တွေပေါ်လာရင် Agree ကိုနှိပ်ပါ။ ထို့နောက် Apple ID ပြုလုပ်ပြီးပြီ ဖြစ်ပေမယ့် Apps တွေကို Download လုပ်ဖို့အတွက် အဆင့်အနည်းငယ် ကျန်ပါသေးတယ်။
- App Store ကိုဝင်ပြီး၊ What’s New ပေါ်လာတယ့်အခါ Continue ကိုနှိပ်ပါ။
- FaceBook လိုမျိုး Free App တစ်ခုကို ရှာပြီး Get ကိုနှိပ်ပါ။ ထို့နောက် Alert ပေါ်လာတဲ့အခါ Use Existing Apple ID ကိုနှိပ်ပြီး အသစ်ပြုလုပ်ထားတဲ့ Apple ID နဲ့ Password ကိုထည့်ပါ။
- နိုင်ငံနေရာ မှာ Myanmar ကိုရွေးချယ်ပြီး Terms and Condition ကိုဖွင့်ပါ။ ထို့နောက် Next ကိုနှိပ်ပါ။
- Payment Method မှာ None ကိုရွေးပါ။ Billing Address မှာ ကိုယ့်ရဲ့ နေရပ်လိပ်စာ နဲ့ Postcode ကိုထည့်ပါ။ ကိုယ့်မြို့နယ်ရဲ့ Postcode မသိရင်လည်း Google မှာ အလွယ်တကူ ရှာလို့ရပါတယ်။ ထို့နောက် Next နှိပ်ပြီး App ကို Download ဆွဲနေပြီဆိုရင်တော့ အောင်မြင်စွာ ပြီးဆုံးပါပြီ။

Sunday, November 22, 2020

iPhone ကို Restart / Hard Reset / Reboot လုပ်နည်း


 

ဒီတစ်ခါ Knowledge Sharing ပေးချင်တာကတော့ဗျာ။ iPhone တွေကို Reboot လုပ်တယ်လို့လဲခေါ်တယ်၊ Hard Reset လုပ်တယ်လို့လဲခေါ်တယ်၊ အဲ Restart လုပ်တယ်လို့လဲ ခေါ်ကြတဲ့ဟာကို လုပ်တဲ့နည်းလမ်းပါပဲဗျာ။

ဒါကတော့ စတုတ္ထအကြိမ်မြောက် Edit ပြန်လုပ်ပြီး တင်ပေးတဲ့ Post ပဲ ဖြစ်ပါတယ်ဗျ။ လက်ရှိ Latest အဖြစ် ထွက်ထားတဲ့iphone 12,iphone 12 pro max  iPhone 11, iPhone 11 Pro နဲ့ iPhone 11 Pro Max တို့ကို Restart လုပ်တဲ့နည်းလေးကိုပါ ထည့်ပေးလိုက်ပါတယ်ဗျာ။

ဘယ်လိုအချိန် ဘယ်လိုနေရာမျိုးတွေမှာ ခင်များတို့၊ ကျနော်တို့ရဲ့ iPhone တွေကို Reboot လုပ်ဖို့ လိုအပ်နေတာလဲ ??

ဂိမ်းတွေကို မနားတမ်း တဆက်ထဲ တချိန်လုံး ဆော့နေမယ်ဗျာ။

fb ကို တမနက်လုံး၊ တညလုံး မနားမနေ ထိုင်ပွတ်နေမယ်ဗျာ။

ဒါမှမဟုတ် Movies တွေ တစ်ကားပြီးတစ်ကား ဒေါင်းလုတ်ဆွဲနေမိတယ်ဗျာ။

တစ်နေ့တစ်ရက်ထဲက ကိစ္စမရှိပေမယ့်။ နေ့စဉ်ရက်ဆက်ဆိုရင်တော့ ကိစ္စက ရှိလာပြီဗျ။ နည်းနည်းဟမ်းချင်လာပြီ။ စိတ်ထဲမှာလဲ အရင်လောက် သုံးရ ပြုရ စိတ်တိုင်းမကျသလိုမျိုး ခံစားလာရတော့မယ်။ ပေါ့ပေါ့ပါးပါး မရှိတော့ဘူး။ Pages အရွှေ့အပြောင်းတွေမှာ ထစ်ထစ်ထစ်နဲ့ ဂဂျိုးဂဂျောင် ဖြစ်ချင်လာတယ်ဗျာ။

ဒါဆို Reset ချလိုက်ရင် ကောင်းမလား ?
ဆိုတဲ့ အတွေးက ခေါင်းထဲ ရောက်လာပြီ။ အမှန်က Reset လုပ်ဖို့ အခြေအနေအထိ မရောက်သေးဘူးဗျ။ ဒီပြဿနာက Reboot လုပ်လိုက်ရုံနဲ့တော့ Errors Clear ဖြစ်တယ်။

အဲ .. iOS Version အသစ် တင်ပြီးလို့ လိုအပ်တဲ့ ဆော့ဝဲလ်အချို့ကို install လုပ်ပြီးသွားရင်လည်း ဒီနည်းလမ်းလေးနဲ့ပဲ Restart လုပ်လိုက်သင့်ပါတယ်ဗျ။ မလုပ်ခင် ဒီနေရာမှာ အကြံပေးချင်တာက ဘာပြဿနာတစ်စုံတစ်ရာမှ မရှိ၊ မတက်ဘူး ဆိုတဲ့ သူများကလည်း တစ်လမှာ ( ၂ ) ကြိမ်လောက်တော့ Reboot လုပ်သင့်တယ်ဗျ။

မနားတမ်း အချိန်ပြည့် Run နေခဲ့ရတဲ့ မိမိရဲ့ အမြဲတမ်းအဖော်မွန် အိုင်ဖုန်းလေးထဲက CPU တို့ ၊ Ram တို့၊ အခြားသက်ဆိုင်ရာ စက်ပစ္စည်းတွေကို Refresh ဖြစ်ဖို့ Reboot လုပ်ပေးပါမှ သူလဲ သူ့အစွမ်းအစကို အပြည့်အဝ ထုတ်ပေး၊ ထုတ်ပြနိုင်မှာပေါ့ ဟုတ်ဖူးလားဗျ။

ဒါနဲ့ AssistiveTouch ကနေ Restart ကို လွယ်လင့်တကူ လုပ်ပေးလို့ရတယ် မဟုတ်လားဗျ။ ဒါဆို ဒီခလုတ်တွေ နှိပ်ပြီး လုပ်ဖို့ မလိုတော့ဘူးပေါ့။ No  No လိုအပ်ပါသေးတယ်။

တစ်ခါတရံမှာ AssistiveTouch ကို မပြောနဲ့၊ Touch Screen ကို ထိတာ၊ ဖိတာကိုတောင် မသိတဲ့ ဟမ်းနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ Restart / Hard Reset / Reboot လုပ်ဖို့အတွက် ဒီခလုတ်တွေကို နှိပ်တတ်ဖို့၊ နှိပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

ကဲ ဒီတော့ ဒီပို့စ်လေးကို Save ထားလိုက်ကြတော့ဗျာ။


 

အရင်ထွက်ခဲ့တဲ့ iPhone Series အဟောင်းတွေကနေ iPhone 6S / 6S Plus အထိ …

Home Button + Power Button ကို တပြိုင်ထဲ နှိပ်ထားပြီး၊ Apple Logo ပန်းသီးပဲ့လေးပေါ်လာမှ နှိပ်ထားတာကို လွှတ်ပေးလိုက် ရပါမယ်။ သူ့ကိစ္စ သူလုပ်ပြီးလို့ ပြန်တက်လာရင် Reboot လုပ်ငန်းစဉ် ပြီးသွားပြီ ဖြစ်ပါတယ်။


 

iPhone 7 / 7 Plus မှာတော့ …

Volume Down + Power Button ကို တပြိုင်ထဲ နှိပ်ထားပြီး၊ Apple Logo လေး ပေါ်လာမှ ခလုတ်တွေကို လွှတ်ပေးပါ။ ဒါဆို Rebooting စလုပ်ပါပြီ။


iPhone 8 / 8 Plus / X တို့မှာတော့ …

Volume Up ကို တစ်ချက်နှိပ်၊ ပြီး Volume Down ကို တစ်ချက်နှိပ်၊ ပြီးတာနဲ့ Power Button တစ်ခုထဲကိုပဲ နှိပ်ထားပေတော့။ Slide to power off စာတန်းပေါ်လာရင်လဲ Power Button ကို မလွှတ်ပဲ ဆက်သာ နှိပ်ထား။ နောက်ဆုံး Apple ရဲ့ Logo လေးပေါ်လာတော့မှ ခလုတ်ကို လွှတ်ပေးလိုက်ပေတော့။ ဒါဆို Reboot ဖြစ်သွားပါ

 iPhone XS နဲ့ iPhone XS Max မှာ …

iPhone XS နဲ့ iPhone XS Max မှာ လုပ်ရမယ့် နည်းက Volume Up ကို တစ်ချက်နှိပ်။ ပြီး Volume Down ကို တစ်ချက်နှိပ်။ ပြီးတာနဲ့ Power Button ကိုပဲ နှိပ်ထားလိုက်ပေတော့။ Slide to power off စာတန်းပေါ်လာရင်လဲ Power Button ကို မလွှတ်ပဲ ဆက်သာ နှိပ်ထား။ Apple ရဲ့ Logo လေး ပေါ်သည်အထိ နှိပ်ရမှာနော်။ ပေါ်လာရင် လွှတ်လိုက်တော့။


 

iPhone 12,iPhone 12 Pro Max iPhone 11 , iPhone 11 Pro နဲ့ iPhone 11 Pro Max တို့မှာလည်း …

Volume Up ကို တစ်ချက်နှိပ်၊ ပြီးရင် Volume Down ကို တစ်ချက်နှိပ်၊ ပြီးတာနဲ့ Power Button ခေါ် Side Button ကို ခပ်ကြာကြာဖိထား။ မလွှတ်လိုက်နဲ့။ Apple Logo လေး ပေါ်လာတော့မှ လွှတ်။ ဒါကို Restart / Hard Reset / Reboot လုပ်တယ်လို့ ခေါ်တယ်။

ကဲ အခုဆိုရင် ခင်များတို့၊ ကျနော်တို့ရဲ့ အိုင်ဖုန်းလေးတွေကို Reboot လုပ်လိုက်လို့ Refreshing ဖြစ်ပြီး ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်နဲ့ သုံးလို့ ရပြီပေါ့ဗျာ။

အားလုံးအဆင်ပြေကြပါစေ။

Sunday, November 15, 2020

Apple ၏ အကောင်းဆုံး ပရိုဖုန်း


 




“iPhone 12 Pro Max (Best Pro Phone of Apple)”
iPhone 12 Pro Max ဟာ iPhone 12 Pro ရဲ့ screen အကြီး Version ပါ။ 6.7 inch display ဖြစ်ပြီး iPhone တွေထဲမှာ အကြီးဆုံးပါ။Display တင်မဟုတ်ပါဘူး Camera နဲ့ Battery life ပါ iPhone 12 Pro ထက်ပိုကောင်းပါတယ်။အခြား 12 တွေလို A14 Bionic Chip နဲ့ 5G connectivity ရတယ်ဆိုပေမဲ့ ဒါက အကောင်းဆုံးဆိုတာတွေပဲ လိုချင်တဲ့ သူတွေအတွက် apple phone ပါ။သာမာန် iPhone 12 Pro ထက် $100 ပိုပေးရတာတန်လား ဆိုရင်တော့ အကောင်းဆုံး Premium phone အတွက်ပေးသင့်တဲ့ ပမာဏ လို့ပဲပြောရမှာပါ။အဓိက စဥ်းစားရမှာက သင့်လက်က ဒီ ကြီးမားတဲ့ Display နဲ့ အဆင်ပြေပါ့မလားဆိုတာပါပဲ။
iPhone 12 Pro Max ကို တွေ့ရင် အရင်သတိထားမိမှာက ကြီးမားလွန်းတဲ့ screen ပါ။ထွက်ဖူးသမျှ iPhone တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ 6.7 inches Super Retina XDR OLDE panel နဲ့ဖြစ်ပြီး တောက်ပတဲ့ colors တွေ deep black ဖြစ်တာတွေက photos, videos နဲ့ Apps တွေကြည့်တဲ့အခါ အတော်လေးကို ကြည့်လို့ကောင်းပါတယ်။ iPad ကို မကိုင်ဖြစ်တော့လောက်အောင် ဒီ Display က ကြီးပြီး အတော်ကောင်းပါတယ်။screen ကြီးပေမဲ့ ဘောင်တွေသေးတဲ့ အတွက် Phone sizeက iPhone 11 Pro Max ထက်နည်းနည်းပဲ ပိုကြီးတာပါ။ဒါပေမဲ့ ကြီးတာကတော့ ကြီးနေပါသေးတယ်။ သင်က device ကြီးတာတွေ အိပ်ကပ်ထဲ့ထည့်ရတာမကြိုက်ဘူးဆိုရင်တော့ မဝယ်သင့်ပါဘူး။ သင့်မှာ tablet လဲမသုံးဘူး(phone ကိုလက်နှစ်ဖက်နဲ့ သုံးရလဲကိစ္စမရှိဘူး) ဆိုရင်တော့ ဝယ်ကိုဝယ်သင့်တဲ့ iPhoneပါ။ကြီးမားတဲ့ Display ကို narrow bezels နဲ့ ကိုမှ HDR10 နဲ့ Dolby vision support ပါလို့ အမိုက်စား viewing experience ကိုရမှာပါ။ Apple ပြောတဲ့ Pro Display ဆိုတာ ဒါကိုပြေတာပါ။ အားမရတာတစ်ခုပဲရှိပါတယ် 120Hz refresh rate ပါ။iPad Pro မှာ သုံးပြီးသား နည်းပညာ ဖြစ်ပေမဲ့ မပါလာပါဘူး။ နောက်နှစ်တော့ ပါမှာပါ။ ဈေးကွက်ထဲကpremium Android phone တွေတိုင်းလိုလို မှာ ပါနေပေမဲ့ apple ကခုထိ မထည့်ပေးနိုင်သေးတာတော့ ရှက်စရာပါ။ ဒါပေမဲ့လဲ Screem Quality ကြောင့် deal-breakerတော့မဖြစ်နေပါဘူး။ 2020 iPhone တွေမှာ Ceramic Sheild ပါလာတဲ့ အတွက် 4 ဆ ပိုအကြမ်းခံမယ်လို့ ဆိုပါတယ်။ iPhone 12 Pro ရဲ့ Drop test တွေ မြင်ပြီးကြပြီထက်ပါတယ်။ 12Pro Max မှာလဲ အဲလောက်နီးပါးတော့ခံနိုင်မှာပါ။
iPhone 12 Pro Maxရဲ့ Design ဟာလဲ refreshed လုပ်ထားပြီး iPhone 4 ,5 ကို ကြိုက်ရင် ဒီ Design ကိုလဲကြိုက်မှာပါ။ Pacific Blue ဆိုတဲ့ အရောင်သစ်ပါလာပြီး ကျွန်တော်ကတော့ Gold color ကိုပို ကြိုက်ပါတယ်။ Pro တွေရဲ့ Gold Color က သာမာန် မြင်နေကျ phone တွေရဲ့ Gold နဲ့ မတူပဲ တစ်ကယ့် gold color စစ်စစ် နဲ့တူပါတယ်။ အနောက်ဖက်ကို frosted glass သုံးထားပြီး shiny ဖြစ်တဲ့ stainless steel ဘောင်နဲ့ ဆိုတော့ ကြည့်ရတာလုံးဝကို Premium Design ပါ။
iPhone 12 Pro Max ရဲ့ Camera ဟာ iPhone 12 Pro လိုပဲ triple rear camera setup ဆိုပေမဲ့ တချို့နေရာတွေမှာ ကြီးကြီးမားမား ကွဲပြားနေတာတွေရှိပါတယ်။ Main sensor က 47% ပိုကြီးသွားတဲ့ အတွက် low light မှာ ပိုကောင်းပါတယ်။ပြီးတော့ telephoto lens ကလဲ့ 65mm ဖြစ်သွားတဲ့ အတွက် 5x optical zoom ရသွာပါတယ်။ latest android phone တွေမှာ 100x ထိရနေပြီဆိုပေမဲ့ 5x ကလဲ လုံလောက်ပါတယ်။ နောက်ထပ်တစ်ခုက sensor-shift optical image stabilisation ပါ။ glass len ကလှုပ်တာမဟုတ်ပဲ sensor ကိုယ်တိုင်ကလှုပ်အောင်ဖန်တီးထားတာပါ။ Glass ထက် sensor ကပိုပေါ့တဲ့ အတွက် ပိုပြီး အထောက်အကူဖြစ်ပါတယ်။ iPhone 12 Pro Max ရဲ့Camera ဟာ top of the line-upထဲမှာပါ ပါတယ်။Dayligh မှာ iPhone 12 အားလုံးဟာ အတော်လေးကောင်းပါတယ်။Colorတွေ contrast တွေကောင်းတယ်, bright ဖြစ်တယ်ဆိုပေမဲ့ natural ဆန်တာတော့ မပျောက်သွားပါဘူး။ low light မှာ iPhone 12 Pro Max ရဲ့ max ISO က7616 ဖြစ်ပြီး iPhone 12 Pro က 5808 ပါ။ ဒါကြောင့် noise တွေနည်းပြီး night mode ပြောင်းစရာတောင်သိပ်မလိုပါဘူး။iPhone 12 Pro Max မှာ sensor size ပိုကြီးတဲ့ အတွက် color တွေ detail တွေပိုကောင်းပါတယ်။anti-shake system နဲ့ ပေါင်းစပ်မှုကြေင့်လဲ sensor ကို light ပိုရစေတဲ့ အတွက် night mode မှာ blur ဖြစ်တာတွေကို နည်းစေပြီး အခြား phone တွေထက် ပိုကောင်းပါတယ်။ နောက်ပိုင်း phone တွေဟာ software နဲ့ hardware ပေါင်းစပ်မှု မှာအတော်လေးတိုးတက်လာတာတွေ့ရပါတယ်။Apple ရဲ့ HDR3 နဲ့ Deep Fusion systems တွေကြောင့် အလင်းရောင်ရှုပ်ထွေတဲ့ နေရာတွေ (ဥပမာ: Bar lighting) လိုနေရာတွေမှာဆိုရင် မှောင်နေတဲ့ အပိုင်းတွေက detail တွေမပျောက်စေပဲ brightness ကို balance ဖြစ်အောင်လုပ်ပေးတာ အတော်လေးမိုက်ပါတယ်။ တစ်ခါတလေတော့ color saturate ကောင်းဖို့အနည်းငယ်လိုနေတာတွေ့ရပါတယ်။
နောက်ပိုင်းမှာ ProRaw feature ရရှိမှာ ဖြစ်ပြီး noise reduction လို software လုပ်ဆောင်ချက်တွေ မဖယ်ပဲ user တွေကို RAW format တွေရိုက်ကူးနိုင်စေမှာပါ။ လောဆယ်တော့မရသေးပါဘူး။ Portrait မှာတော့ လူနဲ့ နောက်ခံကို blur လုပ်တဲ့ အခါတော်တော် လေးကောင်းတယ်ဆိုပေမဲ့ အမွေးရှိတဲ့ တိရစ္ဆာန်တွေ "ကြောင်” ကိုရိုက်ရင်တော့ သိပ်မမိုက်တာတွေ့ရပါတယ်။ သိသိသာသာတိုးတက်လာတဲ့ အပိုင်းကတော့ autofocus speedပါ။ Low-Light တွေမှာ LiDAR sensor အကူအညီ ကြောက်း focus လုပ်တာကတော်တော်လေးမြန်ပါတယ်။Selfie camera မှာလဲ night mode ပါတဲ့ အတွက် flesh light မလိုပဲ low lightတွေမှာရိုက်နိုင်မှာပါ။ တော်တော်လေးတော့ အလုပ်ဖြစ်တယ်ဆိုပေမဲ့ hair နေရာတွေမှာ တော့ သိပ်အဆင်မပြတာတွေရပါတယ်။
Video မှာတော့ 4K video ကို 24/30/60 fps ရိုက်နိုင်မှာဖြစ်ပြီး Dolby vision HDR ကို 60 fps, 1080p slo-mo ကို 240fps နဲ့ ရိုက်နိုင်မှာပါ။ Night mode နဲ့ stabilization support လဲရပါတယ်။ Video shoot မှာ stabilization ကအတော်ကို ကောင်းတာပါ၊ Stabilization ကလွဲလို့ iPhone 12 Pro နဲ့ ကွာတာတော့မတွေ့ရပါဘူး။
iPhone 12 Pro Max ရဲ့ Camera ဟာ အကောင်းဆုံး iPhone camera ဆိုတာ သံသယ ဖြစ်စရာမရှိဘူးဆိုပေမဲ့ Camera တစ်ခုတည်းကြည့်ပြီး Pro Max ကို မရွေးစေချင်ပါဘူး။ iPhone 12 Pro Camera ဟာလဲ Overall အတော်ကို ကောင်းပြီး Pro Max နဲ့လဲ အများကြီး မကွာတာကြောင့်ပါ။
Performance မှာတော့ သိကြပြီးသား A14 Bionic chip နဲ့ Storage ကို 128Gb to 512Gb ထိ ရွေးချယ်နိုင်မှာပါ။ ဖုန်းတော်တော်များများကို Storage ဈေးပိုပေးတာကို ကျွန်တော်အားပေးလေ့မရှိပေမဲ့ ဒီphone ကိုတော့ 512Gb ထိရွေမယ်ဆိုလဲ အဆင်ပြေပါတယ်။ လောဆယ်တော့ iPhone 12Pro Max ကို ဘယ်ဟာကမှ Lag အောင်မလုပ်နိုင်သေးပါဘူး။ high-performance Game တွေဆော့မလား, App တွေအများကြီးဖွင့်ပြီး Switch လုပ်မလား, dolby vision footage video edit လုပ်မလား အားလုံး အေးဆေးပါပဲ။
iPhone 12 Pro Max ရဲ့ Battery life က လဲ အတော်ကိုကောင်းပါတယ်။ ချွေတာသုံးမယ်ဆိုရင် ၂ရက်လောက်ခံပါတယ်။Video playback ကို 9hr လောက်ရပါတယ်။ MagSage နဲ့သွင်မယ်ဆိုရင် 30min ကို 20% လောက်ရပါတယ်။သတိပြုရမှာက box ထဲမှာပါတဲ့ cable က USB-C နဲ့ ဖြစ်တဲ့ အတွက် အရင် iphone charger နဲ့ အဆင်မပြေပါဘူး။ USB-A မလို့ပါ။ ထပ်ဝယ်မယ်ဆို $20 လောက် ထပ်ကုန်မှာပါ။
5G ကတော့ မရလို့ မစမ်းလိုက်ရပါဘူး။ ဈေးတွေကတော့ $1099 ကနေ $1399 ထိ ရှိပြီး မြန်မာ မှဆိုရင်တော့ text တွေ shipping fee တွေထပ်ပေါင်းဖို့ လိုပါမယ်။
iPhone 12 Pro Max ဆိုတဲ့ အတိုင်းပဲ iPhone 12 Pro ထက် Screen size ပိုကြီးမယ် battery life လဲ ပိုကောင်းပါတယ်။ ကျွန်တော့ အမြင်အရတော့ Pro Max ရဲ့ Camera က အခြား 12 model တွေထက် image Quality ကသိသိသာသာ ကြီး ကောင်းတာမျိူးတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ Low-light နဲ့ zoom မှာတော့ ပိုကောင်းတာတွေ့ရပါတယ်။ ဒါကြောင့် အပေါ်မှာပြောခဲ့ သလိုပဲ Camera တစ်ခုတည်းအတွက် မရွေးသင့် သလို သင့်လက်နဲ့ တစ်ချိန်းလုံး ကိုင်ဖို့ အဆင်ပြေပါ့မလား ဆိုတာလဲ ထည့် စဥ်းစားသင့်ပါတယ်။ သင်က iPhone ကို အကောင်းဆုံးကိုပဲလိုချင်တယ် ဘာ compromise မှမလိုချင်ဘူးဆိုရင်တော့ တွေးမနေပဲ ဝယ်သာဝယ်လိုက်ပါ။Premium line-up Pro modelတွေထဲမှာ iPhone 12 Pro ကတော့ လူများစုရဲ့ လိုအပ်တာနဲ့ အကိုက်ဆုံးဖြစ်နေတုန်းပါပဲ။ ကိုင်လို့အဆင်ပြေတဲ့ size ရယ်, အမိုက်စား Camera , iPhone 12 Pro Max လိုပဲ Premium ဖြစ်မယ်။ $100 လဲ သက်သာပါသေးတယ်။ ဆိုတော့ သင်က ဘာကိုလိုအပ်လဲဆိုတာ အပေါ်မှာပဲမူတည်ပါတယ်။
သင်တို့ကော iPhone 12 Pro Max ကို သုံးနေကြပြီလား Order မှာထားတဲ့ သူတွေကောရှိလား , Pro Max ကိုကော ဘယ်လိုမြင်ကြလဲ ပြန်လည်မျှဝေ ပေးခဲ့ ကြပါအုံး။

Saturday, November 14, 2020

MagSafeအကြာင်း

 



MagSafeအကြာင်း ....
MagSafe ဆိုတာကို အရင်ကသင်ကြားဖူးနေတယ်လို့ ထင်တယ် မဟုတ်လား ❓
ခေါင်းကုတ်ပြီိးစဉ်းစားမနေပါနဲ့ ဟုတ်ပါတယ်
Apple က USB-C ကို မကူးပြောင်းမီ Macbook Charger များအတွက်သုံးခဲ့တာ ပါ
အဲဒီအချိန်တုန်းက MagSafe က Wireless နည်းပညာမဟုတ်သေးပါဘူး အမှောင်ထဲမှာ Macbook Charger ကို အလွယ်တကူ အဖွင့်အပိတ် လုပ်နိုင်ဖို့ အတွက် ပဲဖြစ်ပါတယ် Charger ကိုသံလိုက်ဖြင့် ပြုလုပ်ထားတာကြောင့်မတော်တဆမှုများသည်လက်တော့ပ်အားပျက်ဆီးသွားစေနိုင်ကြောင်းတွေ့ရှိရသည်။
iPhone အတွက် MagSafe ကတော့ အနည်းငယ်ကွဲပြားပါတယ်
ဒါဟာအပြည့်အဝကြိုးမဲ့အားသွင်းစနစ်ပါပဲ
ဒါပေမယ့်သူကအားသွင်းဖို့အတွက်သာမဟုတ်ပါဘူး။ စိတ်လှုပ်ရှားစရာအကောင်းဆုံးမှာ iPhone များအတွက် Lightning port မလိုအပ်သည့် ရှေးပြေးပုံစံလို့လဲ ဆိုနိုင်ပါတယ်
ဆိုလိုတာက Port မရှိတော့တဲ့ အတွက် ပိုမိုကောင်းမွန်သောရေစိုခံခြင်းနှင့်ပိုမိုကြီးမားသောဘက္ထရီကဲ့သို့အခြားအရာများအတွက်ကိုယ်ထည်အတွင်း၌နေရာပိုများစေနိုင်ပါတယ် ။ အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ iPhone တွေအတွက် စိတ်လှုပ်ရှားစရာကောင်းပါတယ်
MagSafe ၏ Wireless Charging နှင့် Accessories များကို iPhone 12, iPhone 12 Mini, iPhone 12 Pro နှင့် iPhone 12 Pro Max တို့တွင်ရရှိနိုငငမှာဖြစ်ပါတယ်
၎င်းသည်အနာဂတ် iPhone များတွင်လည်းပါ ၀ င်ဖွယ်ရှိပါတယ်
Wireless Charging Takes Center Stage
Apple ပထမဆုံး Wireless Charging ကို iPhone 8 နဲ့အတူ မိတ်ဆက်ခဲ့ပါတယ် ဒါပေမယ့် ၎င်းက 7.5W ပဲရပါတယ် ။ MagSafe မှာကတော့ throughputကို 15w ထိ နှစ်ဆတိုးလာပါပြီ
Apple ကတော့ ဖမ်းထားတဲ့ အချက်လေးတွေရှိပါတယ် MagSafe ကို 15W Speed ထိရောက်ဖို့က Apple-approved လုပ်ထားတဲ့ Charger ကိုသုံးမှ ရပါမယ်
အရင်အဟောင်း “off-brand” တွေကိုသုံးမယ်ဆိုရင်တော့ 7.5W ထိပဲကန့်သတ်ထားမှာဖြစ်ပါတယ်
ဒါက Apple ဟာ MagSafe ecosystem ကို အပြည့်အဝ ထိန်းချုပ်ထားတယ်လို့ဆိုနိုင်ပါတယ် ဒီလိုအယူအဆတွေက iOS user တွေအတွက်ရင်းနှင်းပြီးသားလို့ ပြောလို့ရပါတယ်
MagSafe က Speed တစ်ခု ထဲ အတွက်မဟုတ်ပဲ အသုံးပြုရလွယ်ကူစေပါတယ်
Wireless Charging တွေရဲ့ အကြီးမားဆုံး ပြဿနာဖြစ်တဲ့ “sweet spot” ကို device ရဲ့ circuit နဲ့ နီးအောင်မထားမိလို့ အားမဝင်တာမျိုး မဖြစ်စေတော့ပါဘူးး
MagSafe က ဒီပြဿနာကို iPhone ၏နောက်ဘက်ရှိအားသွင်း နေရာချထားခြင်းဖြင့်ဖြေရှင်းရန်ရည်ရွယ်ထားပါတယ်
iPhone နှင့် charger ကိုခိုင်ခိုင်မာမာထားနိုင်ရန်သံလိုက်အားဖြင့်လုံလောက်သောအချိန်တိုင်းတွင်ပြီးပြည့်စုံသောဆားကစ်တစ်ခုဖန်တီး လိုက်ပါတယ်
ဒီလောက်ဆိုရင်တော့ အားလုံး သဘောပေါက်လောက်ပြီထင်ပါတယ်