IOS 8.2 Beta 2 ကို Jailbreak လုပ်နိုင်သော TaiG jailbreak tool v1.3 ထွက်ရှိ
Myanmar Mobile App Store > iOS Jailbreak Tool > iOS 8.2 Beta 2 ကို Jailbreak လုပ်နိုင်သော TaiG jailbreak tool v1.3 ထွက်ရှိ
ios-8-2-beta-2-jailbreak
Author: သက်နိုင်စိုး March 8, 2015
iOS Jailbreak Tool
2015 ခုနှစ် ၂ လပိုင်း ၅ ရက်နေ့တွင် TaiG Jailbreak Team မှ iOS 8.2 Beta 2 ကို Jailbreak ပြုလုပ်နိုင်သော TaiG Jailbreak Tool version အသစ် 1.3 ကိုထုတ်ဝေခဲ့သည်။
ယင်း TaiG Jailbreak Tool v1.3 သည် iOS 8.1.3 မှလွဲပြီး ကျန်သည့် iOS 8.0 မှ iOS 8.1.2 အထိ ၊ iOS 8.2 Beta 2 တို့ကို Jailbreak ပြုလုပ်နိုင်သည်။
iOS 8.2 Beta 2 တင်ထားသူများအနေဖြင့် Jailbreak ပြုလုပ်လိုပါက TaiG Jailbreak Tool v1.3 ကိုအောက်က link မှာရယူနိုင်ပါတယ်။
TaiG Jailbreak Tool v1.3 အားရယူရန်
http://www.taig.com/en/
Apple iPhone iPad ကိုင်ဆောင်သော သူငယ်ချင်း အပေါင်းအသင်းများအတွက် သိစေတတ်စေလိုသောစေတနာဖြင့် iDevice နည်းပညာများအား စုစည်းတင်ပြပါသည်....လိုအပ်ချက်နှင့် တိုက်ဆိုင်မှူရှိသူများ လွတ်လပ်စွာ ကူးယူနိုင်ပါသည်။ (မဏ္ဍိုင်-နည်းပညာစုစည်းမှူ)
Friday, March 13, 2015
Thursday, February 26, 2015
iPhone ကနေသင့်သူငယ်ချင်းတွေကိုစနောက်ဖို့  နည်း။
iOS က iMessage ရဲ့ ကောင်းတဲ့အချက်တစ်ခုက တစ်ဖက်လူကစာရိုက်နေတဲ့အခါမှာ indicator လေးပြပေးနေတာပဲဖြစ်ပါတယ်။ အဲဒီ indicator လေးနဲ့ ဆင်တူတဲ့ GIF image ပုံတစ်ခု ကိုရှာပြီးသင့်သူငယ်ချင်းတွေကိုစနောက်ရင် ပျော်စရာကောင်းမှာပါ။
ပုံရရင် သင့်ဖုန်း မှာသိမ်းပါ။ ပြီးရင်စဖို့ သူငယ်ချင်းတစ်ယောက်ကိုရှာပြီးစကားပြောပါ။ပြီးရင် GIF ပုံကိုပို့ လိုက်ပါ။ပြီးရင်တော့ ဘာမှထပ်မရိုက်ဘဲအသာစောင့်နေပါ။ ဒါဆိုရင်သင့်သူငယ်ချင်းကသင်စာရိုက်နေတယ် လို့ ထင်မှတ်ပြီးစောင့်နေပါလိမ့်မယ်။တော်တော်ကြာကြာအထိ စောင့် နေရတဲ့အခါမှာတော့ သင့်သူငယ်ချင်းဆီက *&^%$# အသံတွေကြားရမှာဖြစ်ပြီး ရယ်မောနိုင်ပါပြီ။
တစ်ခုသတိထားရမှာက သင့်သူငယ်ချင်းကလည်း iPhone သုံးနေလားဆိုတာ သင်သိထားဖို့ လိုပါတယ်။ Mac,iPad တို့ သုံးနေတယ်ဆိုရင် GIF ပုံက device ရဲ့ ညာဘက်အခြမ်းမှာပေါ်မှာမဟုတ်လို့ ပါ။
Download iMessage Indicator GIF
ios (iphone) နဲ့  Android ဖုန်း ဘာကို သုံးသင့်သလဲ အခြေခံသဘောတရားများဖတ်နိုင်ပါပြီ
ios အကြောင်းနှင့်ပက်သက်၍ ကျနော်လေ့လာမိသလောက်မျှဝေခြင်း (၁)
ios နှင့် android အားနှိုင်းယှဉ်ကြည့်မယ်ဆိုရင်
ios က android လောက် အသုံးပြုရတာ မလွယ်ကူပါ သို့သော် အရမ်းလည်း မခက်ပါ
ios ကိုစတင်အသုံးပြုတော့မယ်ဆိုရင် Apple ကဖြန်ချီထားတဲ့ App တွေ Game ကိုရယူသုံးစွဲဘို့ နဲ့ Apple ရဲ့ ဝန်ဆောင်မှုတွေကိုရယူဘို့ Apple ID account တစ်ခုလိုအပ်ပါတယ်
Android ဆိုရင်လည်းဒီလိုပါပဲ Google account တစ်ခုလိုပါတယ်
ios လွယ်လွယ်ပြောရင် iPhone တစ်လုံးကိုအသုံးပြုတော့မယ်ဆိုရင် ကွန်ပျူတာ တစ်လုံးတော့ ရှိထားသင့်ပါတယ်
ဘာကြောင့်လဲဆိုတော့ သီချင်းတွေ ဗီဒီယိုတွေ ကို android မှာလို bluetooth နဲ့ Share ပေးလို့မရဘူး external memory လည်းမရှိတာကြောင့် ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး
Apple မှအခမဲ့ဖြန့်ဝေထားသော itunes ဖြင့်သာ music , video , game , app & ebook စသည်တို့ကို သွင်းနိုင်မည်ဖြစ်သည်။
ဖုန်းဖြင့် App Store မှ download ဆွဲချရသော်လည်း မိမိမှာရှိသည့် မြန်မာသီချင်းများနှင့်ဗီဒီယို စာအုပ်များကို App Store တွင်ရှာမရနိုင်ပါ။
သူငယ်ချင်းတစ်ယောက်ဆီမှာရှိလို့ လိုချင်ရင်တောင် Bluetooth နဲ့ Share ပေးလို့လည်းမရတဲ့အတွက် သီချင်းတစ်ပုဒ်လိုချင်တိုင်း ကွန်ပျူတာမှသာ သွင်းယူရမှာဖြစ်လို့
ကွန်ပျူတာတစ်လုံးကတော့ ရှိသင့်ပါတယ်
iPhone အသစ်တစ်လုံးကို သင်ဝယ်တဲ့အခါ ဖုန်းရဲ့ ဘာသာစကားစနစ်မှာ မြန်မာစာ မပါလာပါဘူး
ကျနော်တို့က မြန်မာစာရေးချင် ဖတ်ချင်တဲ့အခါ မြန်မာစာစနစ်ကိုထည့်သွင်းပေးဘို့ လိုအပ်လာပါတယ်
အဲဒီမြန်မာစာရေးလို့ရတဲ့ ကီးဘုတ်နဲ့ ဖောင့်ကို မြန်မာပရိုဂရမ်မာများက တီထွင်ပေးထားပါတယ်
ဒါပေမဲ့ Apple က ဒါကိုထည့်သုံးခွင့်မပေးထားပါဘူး ကျနော်တို့က သုံးချင်တယ်ဆိုတော့ Apple ရဲ့ စနစ်ကို စပြီးချိုးဖောက်ရပါပြီ
အဲလိုချိုးဖောက်တာကိုပဲ Jailbreak လုပ်တယ်လို့ပြောဆိုကြပါတယ်.. Android နဲ့ ယှဉ်ပြောရရင်တော့ Root လုပ်တာပေါ့ဗျာ...
အဲလို Jailbreak လုပ်ပြီးတဲ့အခါ Android မှာ super user လိုမျိုး
ios မှာတော့ cydia ဆိုတာလေးရှိလာပါတယ်... အဲဒီ cydia ကိုအသုံးပြုပြီး ကျနော်တို့ လိုချင်တဲ့ မြန်မာကီးဘုတ်နဲ့ ဖောင့်အပြင်
အခြားသော Apple ကခွင့်မပြုထားတဲ့ App & hacking game တွေကို သင့်ရဲ့  i device ထဲကိုထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
မြန်မာကီးဘုတ်နဲ့ဖောင့်ထည့်နည်းကို နောက်ပိုင်းမှာ အဆင်ပြေသလိုဖော်ပြပေးသွားပါမယ်
ယနေ့အချိန်ထိ နိုင်ငံအများစုမှာ android စနစ်ကိုသာလူသုံးများနေပါသေးတယ်
အထူးသဖြင့် မြန်မာပြည်မှာ ios ဟာတန်ကြေးမြင့်နေတဲ့ဖုန်းဖြစ်တာက တစ်ကြောင်း
android နဲ့စာရင် အသုံးပြုရ အနည်းငယ်ခက်ခဲနေတာက တစ်ကြောင်း
Application နှင့် ဂိမ်းများ android နဲ့စာရင် သုံးပုံတစ်ပုံလောက်သာရှိတဲ့အပြင် အခမဲ့ရယူနိုင်မှု android လောက်မပေါများတဲ့အတွက်တစ်ကြောင်း
မြန်မာပြည်သားအများစု အသုံးပြုနေတဲ့ မြန်မာ application နှင့် ဂိမ်းများ Android လောက် ios မှာမရှိခြင်းများနှင့်
လူတန်းစေ့ကိုင်နိုင်တဲ့ android ဖုန်းအသုံးပြုမှု များခြင်းဟာ အဆန်းတော့မဟုတ်ပေ...
ios က တန်ကြေးမြင့်သလို ပေးတာနဲ့တန်အောင်ကို သုံးလို့ကောင်းတယ်ဆိုတာ အသုံးပြုဖူးသူတိုင်း လက်ခံရမဲ့အချက်တစ်ချက်ပါ
သူ့ရဲ့ အရည်အသွေးဟာ ဖုန်းလောကမှာ အကောင်းဆုံးဆိုတာကိုငြင်းလို့မရအောင်ပါပဲ
ဆက်လက်မျှဝေပါဦးမည်...
ကျနော့်ရေးသားချက်များလိုအပ်နေသေးတယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိပါတယ် ဒီအတွက်စာဖတ်သူများကိုတောင်းပန်ထားချင်ပါတယ်
ကျနော်က ios ကိုလေ့လာတာသိပ်မကြာသေးလို့ အမှားပါခဲ့ရင်နားလည်ခွင့်လွှတ်စေချင်ပါတယ်
ကျနော့်ထက်တတ်ကျွမ်းသူများ ကျနော့်အမှားအား အကြံပေးမှုနှင့် ကျိုးကြောင်းမှန်ကန်ဝေဖန်မှုကို လေးစားစွာလက်ခံပါသည်။
Monday, February 9, 2015
iPhone 5 , 5 s နှင့်  5 c တို့ ၏ ( top ten secret codes) များ
1 ။ *#06# to find ime number (it will work many of smart phone)
2 ။ *#21# is display information about call forwarding (call voice and data )
3 ။ *#62 # information call forwarding if iphone is switched or in case of none of services is available
4 ။ ## 002 # this code disable call forwarding .
5 ။ *#30# this codes allow (or) blocks the phone number calling you
6 ။ *# 31 # allow you to hide your number.
7 ။ *#33# multiple configuration like (call,sms,data,etc..) and show wether they are enabled or not.
8 ။ *#61# to know miss call
9 ။ *#43# to verify status call wating like ( sms,data and sync data )
10 ။ *3001#12345#* to display many of inner setting of your phone.
========================================
ဆက်လက်ဖော်ပြပေးပါမည်။
Tuesday, February 3, 2015
iPhone Pattern & Password ဖြည်နည်း
နည်းလမ်း(၁)
1. ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။
2. iFunBox အသုံးပြုပြီး "Raw File System" (File mgr.) ထဲ ဝင်ပါ။
3. /Library/MobileSubstrate/DynamicLibraries ထဲဝင်ပြီး AndroidLock နာမည်နဲ့အစပြုတဲ့ ဖိုင်နှစ်ခုကို Delete လုပ်ပါ။
4. iDevice ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။
5. မြင်နေကျ "Slide to Unlock" ဆိုတဲ့ screen ကို တွေ့ရပါလိမ့်မယ်။Done!
နည်းလမ်း(၂)
ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။
iFunbox ကို ဖွင့်ပါ။ ပြီးလျှင် /var/mobile/Library/Preferences ကို သွားပါ။
com.zmaster.AndroidLock.plist ဆိုတဲ့ File Text Editor တစ်ခုခုနဲ့ ဖွင့်ပါ။
Password
123456 ကြားက နံပါတ်များသည် Password ဖြစ်ပါတယ်။
Download
iTune Down ရန်း http://www.apple.com/itunes/download/
iFunbox Down ရန်း http://dl.i-funbox.com/
Saturday, January 31, 2015
Wednesday, January 21, 2015
ios- 7 အထက် အိုင်ဖုန်းမှာ မြန်မာစာနဲ့ မြန်မာကီးဘုတ် မှန်ကန်စွာသွင်းယူနည်း
မြန်မာစာမထည့်တတ်သူတွေ ထည့်နည်းအပြည့်အစုံမသိသေးသူတွေ
ဒီနည်းအတိုင်း လုပ်ကြည့်ပါ -လေ့လာလိုသူ အောက်ကလင့်မှာဆွဲပါ
ဒီနည်းက ကိုမိုးသကြားရေးထားတာပါ ပြန်လည်မျှဝေခြင်းဖြစ်ပါ၏
Download -IOS7+++မြန်မာဖောင့်နဲ့ ကီးဘုတ်ထည့်နည်း.pdf
IOS - 7.0 to 7.0.6 အထိ Jailbreak ပြုလုပ်နည်းအဆင့်ဆင့်
....................................................
သင့်ဖုန်းကို ios version ဘယ်လောက်လဲဆိုတာစစ်ကြည့်ပါ
ကြည့်မတတ်ရင် Setting>General>About>Version မှာကြည့်ပါ
7.0.1 ကနေ 7.0.6 ထိပဲဖြစ်ရပါမယ်။
အဆင့် (၁)
သင့် iPhone ဖြစ်ဖြစ် iPad ဖြစ်ဖြစ် ios version 7.0.1 to 7.0.6 ထိ Jailbreak ပြုလုပ်နိုင်တဲ့
evasi0n v 1.0.7 နောက်ဆုံးဗားရှင်းကို အရင်ဆုံးအောက်ကလင့်ခ်မှာ ဒေါင်းပြီး
ကွန်ပျူတာ Desktop မှာသိမ်းထားလိုက်ပါ။
https://www.dropbox.com/s/8gyeglne1pmcl9q/evasi0n7.monster.7z
အဆင့် (၂)
ဒေါင်းလို့ရလာတဲ့ evasi0n7-monster ဖိုင်ကို ဖြေလိုက်ပါ။
ဖြေလို့ရလာတဲ့ evasi0n7 ကို Right Click နှိပ်ပြီး “Run as Administrator” နဲ့ဖွင့်လိုက်ပါ။
အဆင့် (၃)
သင့်ဖုန်းအား password ခံထားလျှင်
Settings -> General -> Passcode Lock On -> Turn Passcode Off ကိုနှိပ်ပြီးဖြုတ်ထားလိုက်ပါ။
ပြီးလျှင် သင့်ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ။
evasi0n ကနေ သင့်ဖုန်းရဲ့  ios firmware ကိုစစ်ဆေးပါလိမ့်မယ် ပုံ-၂ ကိုကြည့်ပါ။
အဆင်ပြေပြီဆိုရင် Jailbreak ကိုနှိပ်ပေးလိုက်ပါ။
အဆင့် (၄)
Jailbreak ကိုနှိပ်ပြီးသည်နှင့် ဖုန်းအတွင်းသို့ data များပို့နေမှာပါ။
ဘာမှမလုပ်ပါနဲ့ ကြိုးကိုမထိမိပါနဲ့ ကြိုးမလွတ်အောင် ဂရုစိုက်ပါ
Retrieving remote package
Uploading jailbreak data
Injecting evasion app (1/2)
Injecting evasion app (2/2)
Configuring system (1/2)
Configuring system (2/2)
Rebooting device
ဒီလုပ်ငန်းစဉ်များအစဉ်အတိုင်းလုပ်ပြီးသွားရင် ဖုန်း reboot ကျသွားပါမယ်။
evasion ကို မပိတ်ပါနဲ့ဦး ကြိုးကိုလည်း မဖြုတ်ပါနဲ့။
အဆင့် (၅)
ဖုန်းပြန်ပွင့်လာပါက ကွန်ပျူတာမှာ ပုံ-၃ လိုပေါ်လာပါမယ်။
ဖုန်းကိုသတိထားပြီး unlock ပြုလုပ်ပါ။
ပြီးလျှင် ပုံ-၄ ကိုကြည့်ပါ ပုံထဲကအတိုင်း evasi0n7 ကိုနှိပ်ပေးလိုက်ပါ
reboot ပြန်ကျသွားပါလိမ့်မယ်...ခဏစောင့်ပါ
evasi0n logo ပုံကိုမြင်တွေ့ရပါမယ် ဘာမှမလုပ်ပါနဲ့
Reading kernel
Calculating offsets
Setting up packages
Setting up Cydia
Continuing with boot
အထက်ပါအတိုင်း evasi0n မှ ဆက်လက်လုပ်ဆောင်သွားပါမယ်
အဆင့် (၆)
evasi0n လုပ်ဆောင်ချက်များပြီးဆုံးပါက reboot တက်လာပြီး Home Screen ကိုမြင်တွေ့ရပါက
Jailbreak လုပ်ငန်းအောင်မြင်စွာပြီးဆုံးကြောင်း ကွန်ပျူတာမှာ ပြပေးပါမယ်။
Exit ကိုနှိပ်ပြီးထွက်လိုက်ပါ ကြိုးကို ဖြုတ်နိုင်ပါပြီ
ပုံ-၅ ကလို Cydia ကိုမြင်တွေ့ရပြီဆိုရင် အိုကေပါပြီ...
ေေေiPhone 4s ios (7.0.3) ကို Jailbreak လုပ်နည်း တောင်းဆိုသူ ကျနော့်မိတ်ဆွေ
ကိုထင်ကျော် အတွက် တင်ပေးပါသည်။
အဆင်ပြေပါစေဗျာ။
(မဏ္ဍိုင်-ကိုသီဟ)
ြ
Tuesday, January 13, 2015
Windows ပိုင်းဆိုင်ရာ Error တွေအတွက် အထူးကုသမားတော် Portable ( 11 MB )
သုံးနေပြုနေရင်း ကြာလာတော့ Error တွေ တစ်မျိုးပြီးတစ်မျိုးတက် ..
ပြင်လို့လွယ်တာလည်းရှိသလို ပြင်ဖို့အတွက် ခက်ခဲတာလည်းရှိပါတယ် ..
အဲဒီထက်ဆိုးတာက ဘယ်နေရာမှာဖြစ်တဲ့ Error မှန်းမသိပဲ .. Error ရဲ့ ခြေရာလက်ရာကိုပဲ မြင်နေရတဲ့ အဖြစ်မျိုးကလည်းရှိသေးတယ် ..
Service Center တွေကို သွားပြန်တော့လည်း ပြန်ကောင်းလာအောင် ပြင်ပေးပြီး Service ခ သာတောင်းယူထားလိုက်တယ် ..
User ရှေ့မှာ ပြင်ပြတာမျိုးကလည်း ခပ်ရှားရှားဆိုတော့ အလားတူ Error မျိုးတွေ ထပ်ကြုံလာရင် ဆိုင်ပြန်ပို့ရပြန်ရော ...
ကဲ .. အဲဒါဆိုရင် Error တစ်ခုခုတက်လာရင် အဲဒီ Error ကို ကိုယ်တိုင် မဖြေရှင်းတတ်ရင်တောင် .. Error ဖြစ်နေတာကို
ရှာဖွေပြီး ပြုပြင်ပေးမယ့် PC Mechanic လေးတစ်ယောက်လောက် ကိုယ့်နားမှာရှိနေရင် မကောင်းပေဘူးလားဗျာ ..
တစ်ကယ်တော့ .. အဲဒီလို ပုဂ္ဂိုလ်မျိုးကို ကိုယ့်ဘေးနားခေါ်ထားဖို့ဆိုတာကလည်း မဖြစ်နိုင်ပြန်ပါဘူး .. ( High Boss တွေ ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ )
ကဲ .. အဲဒီတော့ .. ကျွန်တော်က သူငယ်ချင်းတို့ကို ... သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာမှာ ၀င်းဒိုးပိုင်းဆိုင်ရာ Error တွေတက်လာရင်
သူ့အလိုလို အဖြေရှာပြီး ပြုပြင်ပေးသွားမယ့် ဆော့ဝဲလေးတစ်ခု မျှဝေပေးချင်ပါတယ် ..
ကျွန်တော် .. ဒီဆော့ဝဲလေးကို Microsoft Forum ထဲက ရလာတာခင်ဗျ ..
ရလာပုံကိုပြောပြဦးမယ် ..
ကျွန်တော်က ၀င်းဒိုးရဲ့ အရေးပါတဲ့အပိုင်းတွေဖြစ်တဲ့ System 32 တို့ Registry ပိုင်းတို့ကို ကလိရတာ စိတ်ဝင်စားပါတယ် ..
ဒါနဲ့ .. တစ်နေ့တော့ Registry ပိုင်းထဲက တစ်ခုကို ၀င်ပြီး ကလိထည့်လိုက်တာ .. Restart ကျပြီးလို့ ၀င်းဒိုးလည်း ပြန်တက်လာရော
ကျွန်တော့်ရဲ့ Desktop ပေါ်က အိုင်ကွန်တွေအားလုံး Notped ဖိုင်ရဲ့ ပုံစံတွေဖြစ်နေရော ..
Photoshop ဆိုတဲ့ အိုင်ကွန်ကိုဖွင့်ရင် Firefox ကြီးပွင့်လာတယ် ..
Firefox ကိုဖွင့်လိုက်တော့ my computer ကြီးပွင့်လာတယ် ..
အဲဒီလိုပဲ .. တခြား အိုင်ကွန်တွေကို ဖွင့်လိုက်ရင်လည်း မဆိုင်တဲ့ Program တွေပဲပွင့်လာတယ် ..
အဲ .. ပိုဆိုးတာက .. Photoshop အိုင်ကွန်ကိုဖွင့်ရင် Firefox ပွင့်တယ်လို့မှတ်ထားပြီး နောက်တစ်ခါ Firefox ဖွင့်ချင်လို့ Photoshop အိုင်ကွန်ကိုဖွင့်လိုက်ရင်
Control Panel ကြီး ထပွင့်လာပြန်ရောဗျို့ ..
အဲဒါနဲ့ ကျွန်တော့မှာရှိတဲ့ Registry Cleaner တို့လို ဆော့ဝဲမျိုးတွေကို Run လိုက်ပြန်တော့လည်း Shutdown ပဲကျကျသွားတယ် .. Repaired က ဖြစ်မသွားဘူး
အဲဒါနဲ့ .. Miscrospot Forum ထဲမှာ လှည့်ပတ်ပြီးမွှေလိုက်တော့ အခုဆော့ဝဲလေးကို တွေ့တာနဲ့ ဒေါင်းပြီး စမ်းလိုက်တာ .. မိုက်တယ်ဗျို့ ..
သူ့ဖာသာသူ Error ကိုရှာတယ် .. လိုတဲ့ဖိုင် ပျောက်နေတဲ့ဖိုင်ကို သူ့ဖာသာသူ ချိတ်ဆက်ပြီး ဒေါင်းယူတယ် ပြန်ပြင်တယ် ..
ဟိဟိ .. နောက်ပိုင်းတော့ ကျွန်တော်လည်း ၀င်းဒိုးမှာဘာဖြစ်ဖြစ် .. သူ့ကိုပဲ ပြင်ခိုင်းလိုက်တာ .. အခုအချိန်ထိ သူမပြင်ပေးနိုင်တဲ့ error မကြုံဖူးသေးဘူး ..
တစ်ခုတော့ရှိတာပေါ့ .. သူက ၀င်းဒိုးပိုင်း (၀င်းဒိုးမှာမှ Miscrosoft ၀င်းဒိုးမျိုး) ကိုပဲ ပြင်ပေးနိုင်တယ် .. ဗိုင်းရပ်ကြောင့် ၀င်းဒိုးဖိုင်တွေပျက်သွားတယ် ..
သူက အဲဒီပျက်သွားတဲ့ဖိုင်ကို ရှာပြီးဒေါင်းယူပေးတယ် .. စက်ထဲမှာ Install ပြန်လုပ်ပေးတယ် .. (ဗိုင်းရပ်စ်ကိုတော့ သူ ရှင်းမပေးနိုင်ဘူး)
နောက်တစ်ခုရှိသေးတယ် .. Miscrosoft ကထုတ်တဲ့ ဆော့ဝဲတွေမှာတက်တဲ့ Error တွေကိုလည်း သူက ပြုပြင်ပေးတယ်ဗျ ..
ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ၀င်းဒိုးပြဿနာတွေကို ပြုပြင်ခိုင်းမယ်ဆိုရင်တော့ အရင်ဆုံး ဗိုင်းရပ်ကို ရှင်းပြီးမှ ဒီဆော့ဝဲကိုသုံးပေါ့ဗျာ ..
ကဲ .. စမ်းကြည့်ချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူလိုက်ပါ ..
ဒေါင်းပြီးပြီဆိုရင် မိမိစက်မှာဖြစ်နေတဲ့ Error ကိုရှင်းဖို့စပါ့မယ် .. ဒေါင်းထားတဲ့ ဖိုင်ထဲက Launch Fix ကိုနှိပ် လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါ့မယ်
အဲဒီထဲက .. Run now ဆိုတဲ့ အစိမ်းရောင်လေးတွေထဲက တစ်ခုကိုနှိပ်လိုက်ပါ .. ၀င်းဒိုးရဲ့ ဘယ်အပိုင်းက Error တက်တာလို့ နားလည်ရင်လည်း
အဲဒီထဲမှာ Error တက်တဲ့အပိုင်းကိုပဲရွေးပြီး Run now ကိုနှိပ်ပေးလိုက်ရင် အချိန်ကုန်သက်သာတာပေါ့ .. ဥပမာ - အပေါ်ဆုံး tool က Desktop ပေါ်မှာရှိတဲ့
အိုင်ကွန်တွေ Error တက်နေတာတွေ အိုင်ကွန်အောက်ကစာတွေနောက်မှာ အပြာရောင် Hightlight ဖြစ်နေတာတွေ .. အဲဒါမျိုး error တွေကို ပြုပြင်ပေးမယ့်
နေရာပါ .. ကျွန်တော် အဲဒီတစ်ခုကို Run now လုပ်ပြထားပါတယ် .. Run now ကိုနှိပ်လိုက်တဲ့အခါ .. ခဏလောက်စစ်ဆေးပြီးတာနဲ့ အောက်ကပုံလေးတက်လာပါမယ်
အပေါ်ကဟာက သူ့ကိုအလိုလိုပြင်ခိုင်းတာဖြစ်ပြီး အောက်ကဟာကတော့ ကိုယ်ပြင်ချင်တာကိုပဲ ရွေးပြင်ခိုင်းဖို့ပါ .. ကျွန်တော်ကတော့ သူ့ကိုပဲပြင်ခိုင်းမှာမို့
အပေါ်ကတစ်ခုကိုနှိပ်လိုက်ပါတယ် .. ပြင်စရာရှိတာတွေပြင်ပြီးရင် ဖိုင်တွေဒေါင်းစရာလိုလာရင်လည်း သူကဒေါင်းခိုင်းပါလိမ့်မယ်
ကိုယ်က accept လုပ်ပေးရုံပါပဲ . ( Updated ကို Run နေတာမို့ ဒေါင်းစရာမလိုတာက များပါတယ် .. ) ပြီးရင်တော့ အောက်ကပုံလေးတက်လာပါမယ်
အဲဒီထဲက View report details ဆိုတာကိုနှိပ်ပြီးကြည့်လိုက်ရင် သူ Check လုပ်ပြီးခဲ့တာတွေ .. သူပြင်ပေးသွားတဲ့နေရာတွေကို အစိမ်းရောင်အမှန်ခြစ်လေးနဲ့ ပြပေးထားမှာဖြစ်ပါတယ်
နောက်တစ်ဆင့်သွားဖို့ Next ကိုနှိပ်ပေးလိုက်ပါ .. နောက်တက်လာမှာက အခုပုံရဲ့ အပေါ်ကပုံပါပဲ .. Cancel ကိုနှိပ်ပေးလိုက်ပါ
နောက်ထပ် Error တွေကို ဆက်ရှင်းဖို့တော့ Task Bar ပေါ်မှာ Fix It ရဲ့ အိုင်ကွန်လေးရှိနေတာကို နှိပ်ပေးလိုက်ရုံပါပဲ .. နောက်ထပ် Run now တစ်ခုကိုထပ်နှိပ် .. ကျန်တဲ့အဆင့်တွေအကုန်လုံး အတူတူတွေချည်းမို့ ဒီတစ်ဆင့်နဲ့ပဲ တော်လိုက်ပါရစေ ..
ကဲ .. ဒေါင်ဒေါင်မြည်ကျန်းမာတဲ့ ၀င်းဒိုးတစ်ခုနဲ့ ပျော်ရွှင်နိုင်ကြပါစေဗျာ..

IOS တွင် လွယ်ကူစွာ Frimware ပြန်တင်နည်း.....(ကွန်ပျူတာမလို.)
ကျွန်တော် ဒီနေ.တင်ပြချင်တာလေကတော. IOS User တွေလက်၇ှိဖြစ်ပေါ်နေကြတဲ့အခက်အခဲးတစ်ခုကိုလွယ်ကူစွာဖြေရှင်းနည်းလေးပါ။မိမိတို.သွင်းလိုက်သော Cydia App တွေကြောင်. Facebook app တွင် သုံးနေရင်ပြန်ထွက်သွားခြင်း...Safari ဝင်လို.မရခြင်း စသည်.အခက်အခဲးကို...ဖြေရှင်းသောနည်းလမ်တွေ၇ှိသော်၊ ထိုနည်းလမ်းတွေဖြင်.မရပါကနောက်ဆုံးတွင် Restore လုပ်မှအဆင်ပြေကြပါတယ်....Restore ပြန်လုပ်ရာတွင် Computer,IPSW,Itunes,USB ကြိုးလိုအပ်လာပါပြီ။တစ်ခုအဆင်မပြေပါက....Restore လုပ်လို.အဆင်မပြေကြပါ။ Computer မရှိသူတွေကတော. ဆိုင်ပြေးကြရပါတယ်.....ထိုအခက်အခဲးတွေကိုဖြေရှင်းရန်....ကွန်ပျူတာမလိုပဲ Frimware ပြန်တင်နည်းကို ပုံးလေးတွေဖြင်.ရှင်းပြပေးပါမယ်......
(၁) Cydia တွင် http://cydia.myrepospace.com/komin27/ ကို Add လုပ်ပြီးမိမိ တို. ဖုန်းတွင်..... ilex R.A.T ကို install လုပ်ပေးပါ။" IOS User တိုင် ilex R.A.T ကို install လုပ်ထားစေချင်ပါတယ်...အခက်ခဲဖြစ်ပါက အလွယ်တကူ Restore ပြန်လုပ်နိုင်ပါသည်။."
install လုပ်ပြီးပါက ထို App ထည်းဝင်လိုက်ပါ။
iLEX R.A.T. (သို.) iLEX RESTORE ကိုဝင်ပြီး ok ပေးလိုက်ပါ။ ခဏစောင်.နေပေးပါခင်ဗျ....၁၀ မီးနစ်လောက်စောင်.လိုက်၇င် Restore ပြုလုပ်ခြင်းအောင်မြင်ပါပြီ ခင်ဗျ။
iLEX R.A.T.
iLEX RESTORE
အဆင်ပြေပါစေ။
iDevices Firmware နှင့်ပက်သက်ပြီး သိကောင်းစရာများ

Diagnostic & Usage Data ထဲက တစ်ခုခုကို ၀င်ကြည့်လိုက်တာနဲ့ Hardware နေရာတွင်မိမိ iDevice ရဲ့ code ကို ဖော်ပြပေးထားပါတယ်။ အဲဒီ code သိရင် Firmware ဖိုင်ဖြစ်တဲ့ ipsw ကို ရှာရတာလည်း လွယ်ကူသလို ဒေါင်းရတာ လည်း အခက်အခဲ မရှိတော့ပါဘူး။ Firmware ဖိုင်ဖြစ်တဲ့ ipsw code မှားပြီးတော့ ဒေါင်းရင် အချိန်ကုန်ပြီး လူလည်း ပင်ပန်းပါတယ်။ဘာကြောင့်လဲဆိ
သလို တစ်ချို့ကျတော့လည်း မိမိရဲ့ imei ကို ယူပြီးတော့ Firmware ဖိုင်ဖြစ်တဲ့ ipsw ကို ရှာကြပါတယ်။အခုပြောပြမဲ့ နည်းကတော့ Firmware သေနေတဲ့ အလုံး လိုဂိုပတ်နေတဲ့ အလုံးတွေမှာ Firmwareဖိုင်ဖြစ်တဲ့ ipsw ရဲ့ code ကို ရှာပုံ ရှာနည်းလေးပါ။ သိပြီးတဲ့ သူများကတော့ ကျော်သွားနိုင်ပါသည်။
လုပ်ငန်းစဉ် စပါမည်။
မိမိ iDevice ရဲ့ Model နံပတ်နဲ့ Firmware ဖိုင်ဖြစ်တဲ့ ipsw ရဲ့ code ကို ရှာမှာ ဖြစ်ပါတယ်။ မိမိရဲ့ model နံပတ်ကိုတော့ iDevice ရဲ့ နောက်ကျောမှာ ရေးထားပါတယ်ခင်ဗျာ။
(ကျွန်တော် ကိုယ့်တိုင် လေ့လာပြီးတွေ့ရှိချက်များကု
iPad
Model A1219,A1337 - iPad 1 (ipsw code - 1,1)
Model A1395 - iPad 2(Wifi Only) (ipsw code - 2,1)
Model A1396 - iPad 2(ipsw code - 2,2)
Model A1397 - iPad 2(ipsw code - 2,3)
Model A1395 - iPad 2(Wifi + GSM 2nd Gen) (ipsw code - 2,4)
Model A1416 - iPad 3 (ipsw code - 3,1)
Model A1430 - iPad 3 (ipsw code - 3,2)
Model A1403 - iPad 3 (ipsw code - 3,3)
Model A1458 - iPad 4 (ipsw code - 3,4)
Model A1459 - iPad 4 (ipsw code - 3,5)
Model A1460 - iPad 4 (ipsw code - 3,6)
Model A1432 - iPad mini (ipsw code - 2,5)
Model A1454 - iPad mini (ipsw code - 2,6)
Model A1455 - iPad mini (ipsw code -2,7)
Model A1489 - iPad mini 2 (ipsw code -4,4)
Model A1490 - iPad mini 2 (ipsw code -4,5)
Model A1491 - iPad mini 2 (ipsw code -4,6)
Model A1599 - iPad mini 3 (ipsw code -4,7)
Model A1600 - iPad min 3 (ipsw code -4,8)
Model A1601 - iPad min 3 (ipsw code -4,9)
Model A1474 - iPad Air (ipsw code -4,1)
Model A1475 - iPad Air (ipsw code -4,2)
Model A1476 - iPad Air (ipsw code -4,3)
Model A1566 - iPad Air 2 (ipsw code -5,3)
Model A1567 - iPad Air 2 (ipsw code -5,4)
iPhone
Model A1203 - iPhone 2G (ipsw code -1,1)
Model A1241,1324 - iPhone 3G (ipsw code -1,2)
Model A1303,1325 - iPhone 3GS (ipsw code -2,1)
Model A1332 - iPhone 4 (ipsw code -3,1)
Model A1349 - iPhone 4 (ipsw code -3,2)
Model A1387 - iPhone 4 (ipsw code -3,3)
Model A1431 - iPhone 4S (ipsw code -4,1)
Model A1428 - iPhone 5 (ipsw code -5,1)
Model A1429 - iPhone 5 (ipsw code -5,2)
Mode A1532 - iPhone 5C (ipsw code -5,3)
Model A1456 - iPhone 5C (ipsw code -5,4)
Model A1533 - iPhone 5S (ipsw code -6,1)
Model A1453 - iPhone 5S (ipsw code -6,2)
Model A1549,1586,1589 - iPhone 6 (ipsw code -7,2)
Model A1522,1524,1593 - iPhone 6 Plus (ipsw code -7,1)
iPod
Model A1213 - iPod 1 (ipsw code -1,1)
Model A1288 - iPod 2 (ipsw code -2,1)
Model A1318 - iPod 3 (ipsw code -3,1)
Model A1367 - iPod 4 (ipsw code -4,1)
Model A1421,1509,1421 - iPod 5 (ipsw code -5,1)
iDevice Firmware Name Style
iPad4,2_8.1.2_12B440_Resto
iPad - iDevice Name
4,2 - iDevice Generation Type
8.1.2 - iOS Version
12B440 - Buildnumber
Firmware webisite Link
>> https://theiphonewiki.com/
iPhone ကို 3D Effect ထည့်ပြီးအလှဆင်ရအောင်
iPhone ကို 3D Effect ထည့်ပြီးအလှဆင်ရအောင်
Cydia >>manage>>Sources>>Edit>>Add မှာ
ဒီ sources လေး သွင်းပါ http://repo.insanelyi.com/
ဒီ sources မှာ cydia paid tweaks တော်တော်များကို
Free ရနိုင်ပါတယ်
ပြီးရင် Deepend ဆိုတဲ့ tweaks ရှာပြီး install လုပ်လိုက်ပါ
ကဲရပြီဆိုရင်တော့ iPhone Display ကတော့ 3D ရုပ်ထွက်နဲ့ 
ကြွတက်လာပြီး ရေလည်လန်းပြီပေါ့
Setting ထဲမှာ Zoom,Pitch,Roll ဆိုတဲ့ mood သုံးမျိုးကို
Wallpaper အမျိုးမျိုးနဲ့ စိတ်ကြိုက် စမ်းကြည့်လိုက်ပါ

လူကြိုက်များသော Sources၊Repo နှင့် Tweak များ အပိုင်း(၁)
၁။Repo:Mac For Us Repo
Sources:http://cydia.macforus.com/
မြန်မာuser တွေအတွက် Jailbreak လုပ်ပြီးပြီးချင်း အရင်ဆုံးသွင်းကြတဲ့ Soureလေးပါ။ မြန်မာစာ Font နဲ့ Keyboard အတွက် သွင်းကြတာပါ။
zawgyi font 4.3
MMKeyboard for ios 6+(for ios6)
MMKeyboard for ios5+(for ios5)
၂။ Repo: SinFul iPhone Repo
Source:
http:// www.sinfuliphonerepo.com/
games, iBlacklist,3G Unresister(3G ကို wifi အဖြစ် လိမ်ပေးတဲ့ tweak လေးပါ။) ၊Springtomize,appsync for ios ကဲ့သို့သော cydia cracked app တွေရနိုင်ပါတယ်။(သူ့ကို မ Add ခင်တော့cracked တွေပဲရှိတာမို့ပြဿနာတစုံတရာ တက်နိုင်ပါတယ်လို့ သတိပေးစာတန်း အရင်တက်ပါတယ်။ ကိစ္စမရှိဘူးဆိုAdd Anyway လုပ်ပေးလိုက်ပါ။)
၎။Repo: BigBoss
Source: http://apt.thebigboss.org/ repofiles/cydia
၅။Repo: ModMyi
Source: http://apt.modmyi.com/
(၄/ ၅) sourceများသည် မူလတည်းကရှိနေပြီးသား sources များဖြစ်ပါတယ်။ အထူးတလည် add စရာမလိုပါဘူး။ cydia market မှ tweak တချို့ကို ရောင်းချပေးပါတယ်။ နာမည်ရှိတဲ့ Tweak တွေအကုန်သူတို့ထဲမှာရှိနေပါတယ်။ ဒါပေမဲ့တချို့ Tweak တွေကတော့ ပိုက်ဆံပေးဝယ်ရပါတယ်။ အပြာရောင်နဲ့ပြထားပြီး install အစား purchase ဆိုတာကိုတွေ့ရပါလိမ့်မယ်။ ပိုးညို ကတော့ iCleaner( မလိုအပ်သောဖိုင်များကိုဖျက် ပေးသော tweak) ကို BigBoss repoကနေအမြဲ install လုပ်ဖြစ်ပါတယ်။
၆။ Repo:Myanmar Mobile Application Store
Source:
http:// cydia.myrepospace.com/ mmas-deb
MMAS ရဲ့ repo ပါ မြန်မာ ringtone, လူကြိုက်များတဲ့tweak များ၏deb fileများ, cracked Game များ စုပေးထားတာပါ။
၇။Repo: Thethmuswe Myrepospace
Source:http:// cydia.myrepospace.com/ thethmuswe
MMAS ကသက်မှူးဆွေရဲrepo လေးပါ။ မြန်မာ ringtone, လူကြိုက်များတဲ့tweak များ၏deb fileများ, cracked Game များ စုပေးထားတာပါ။မြန်မာ user များသဘောကျ တဲ့tweak တခုကတော့ MMUG Myanmar Changer ဆိုတဲ့ဖုန်းရဲ့System Language တခုလုံးကို မြန်မာလိုမြင်နိုင်အောင်လုပ်ပေးတဲ့ Tweak လေးကတော့ရေပန်းစားပါတယ်။
၈။Repo: Insanelyi Repository
Source: http://repo.insanelyi.com/
ပိုးညိုအကြိုက် ROM packs for emulator gamesတွေဆော့ဖို့အတွက် ထည့်ထားသင့်ပါတယ်။ (ဥပမာ - GPSGame ဖြစ်တဲ့ စိုက်ပျိုးရေး၊ Sony Game များကို emulator ထည့်ဆော့ခြင်း။)နှင့် တခြား cydia cracked app တွေစုထားပါတယ်။
၉။Repo: Theme It App
Source: http://www.themeitapp.com/ repo/
themes, tweaks, iconsတွေ စုံပါတယ်။
၁၀။ Repo: Xsellize
Source: http://cydia.xsellize.com/
ROM packs for emulator gamesတွေစုထားတာပါ။
ကဲဒီနေ့တော့ ဒီလောက်နဲ့ပဲကျေနပ်ကြပါ။ နောက်နေ့တွေမှာလဲ စုဆောင်းထားတာလေးတွေအဆင်ပြေ မဲ့sources နဲ့ tweak တွေကို မိတ်ဆက်ပေးသွားပါအုံးမယ်။ တခုအကြံပေးချင်တာကတော့ cracked tweak တွေ theme တွေအရမ်းသွင်းထားရင် တချို့ tweak အချင်းချင်း ခရပ်ဖြစ်ပြီး springbroad error တက်တတ်ပါတယ်။ တကယ်ကိုယ့်device အတွက်အသုံးဝင်/ အသုံးတည့်မှinstallလုပ်စေချင်ပါတယ်။မလိုအပ်ပဲ theme/ tweak တွေအများကြီး ထည့်ထားရင် springbroad crack error ကစလို့ cydia ပါပျောက်ပြီးrestore ပြန်လုပ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ အဲ့လို restore ပြန်လုပ်တဲ့အချိန်Appleက frimware Update ပေးလိုက်ရင် jailbreak ပါလုပ်မရပဲ။Jailထဲပြန်ပိတ်မိတတ်တာမို့သတိနဲ့ အရင်ဆုံး ကိုယ့်စက်အမျိုးအစား,frimwa reနဲ့ကိုက်မကိုက်သေချာဖတ်ပြီးမှသွင်းပါ။ cydia မှာသွင်းထားတဲ့tweak/theme နည်းလေ error နည်းလေပါပဲ။
ယနေ့အတွက် ပိုးညို အမြဲသွင်းဖြစ်တဲ့ tweak 2ခုကိုမိတ်ဆက်ပေးရရင်
၁။ 3GUnresister(3G ကို wifi အဖြစ် လိမ်ပေးထား၍wifiနှင့်သာစွဲနိုင်သော5MBကျော်သည့်file size အကြီးများကို အလွယ်တကူ 3Gဖြင့် installလုပ်နိုင်ပြီး You Tubeကို ကြည်ကြည်လင်လင် ကြည့်နိုင်ပါတယ်။တခြာ3းG internetသုံး appများကို add ပေးထားပါက download speed မြန်ပါတယ်။)
၂။iCleaner Bugs,Errorများမလိုအပ်သောfi leများဖျက်ရန်
နောက်နေ့များမှာလဲထပ်မိတ်ဆက်ပေးအုံးပါမယ်။
www.myanmarmobileapp.com
ရဲ့ cydia application များမှာလဲ sourcesများ tweakများ deb fileများ ကို လေ့လာရယူနိုင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
Sources:http://cydia.macforus.com/
မြန်မာuser တွေအတွက် Jailbreak လုပ်ပြီးပြီးချင်း အရင်ဆုံးသွင်းကြတဲ့ Soureလေးပါ။ မြန်မာစာ Font နဲ့ Keyboard အတွက် သွင်းကြတာပါ။
zawgyi font 4.3
MMKeyboard for ios 6+(for ios6)
MMKeyboard for ios5+(for ios5)
၂။ Repo: SinFul iPhone Repo
Source:
http://
games, iBlacklist,3G Unresister(3G ကို wifi အဖြစ် လိမ်ပေးတဲ့ tweak လေးပါ။) ၊Springtomize,appsync for ios ကဲ့သို့သော cydia cracked app တွေရနိုင်ပါတယ်။(သူ့ကို မ Add ခင်တော့cracked တွေပဲရှိတာမို့ပြဿနာတစုံတရာ
၎။Repo: BigBoss
Source: http://apt.thebigboss.org/
၅။Repo: ModMyi
Source: http://apt.modmyi.com/
(၄/
၆။ Repo:Myanmar Mobile Application Store
Source:
http://
MMAS ရဲ့ repo ပါ မြန်မာ ringtone, လူကြိုက်များတဲ့tweak များ၏deb fileများ, cracked Game များ စုပေးထားတာပါ။
၇။Repo: Thethmuswe Myrepospace
Source:http://
MMAS ကသက်မှူးဆွေရဲrepo လေးပါ။ မြန်မာ ringtone, လူကြိုက်များတဲ့tweak များ၏deb fileများ, cracked Game များ စုပေးထားတာပါ။မြန်မာ user များသဘောကျ တဲ့tweak တခုကတော့ MMUG Myanmar Changer ဆိုတဲ့ဖုန်းရဲ့System Language တခုလုံးကို မြန်မာလိုမြင်နိုင်အောင်လုပ
၈။Repo: Insanelyi Repository
Source: http://repo.insanelyi.com/
ပိုးညိုအကြိုက် ROM packs for emulator gamesတွေဆော့ဖို့အတွက် ထည့်ထားသင့်ပါတယ်။ (ဥပမာ - GPSGame ဖြစ်တဲ့ စိုက်ပျိုးရေး၊ Sony Game များကို emulator ထည့်ဆော့ခြင်း။)နှင့် တခြား cydia cracked app တွေစုထားပါတယ်။
၉။Repo: Theme It App
Source: http://www.themeitapp.com/
themes, tweaks, iconsတွေ စုံပါတယ်။
၁၀။ Repo: Xsellize
Source: http://cydia.xsellize.com/
ROM packs for emulator gamesတွေစုထားတာပါ။
ကဲဒီနေ့တော့ ဒီလောက်နဲ့ပဲကျေနပ်ကြပါ။ နောက်နေ့တွေမှာလဲ စုဆောင်းထားတာလေးတွေအဆင်ပြေ
ယနေ့အတွက် ပိုးညို အမြဲသွင်းဖြစ်တဲ့ tweak 2ခုကိုမိတ်ဆက်ပေးရရင်
၁။ 3GUnresister(3G ကို wifi အဖြစ် လိမ်ပေးထား၍wifiနှင့်သာစွဲန
၂။iCleaner Bugs,Errorများမလိုအပ်သောfi
နောက်နေ့များမှာလဲထပ်မိတ်ဆက
www.myanmarmobileapp.com
ရဲ့ cydia application များမှာလဲ sourcesများ tweakများ deb fileများ ကို လေ့လာရယူနိုင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
Subscribe to:
Posts (Atom)