Thursday, February 26, 2015

iPhone ကနေသင့်သူငယ်ချင်းတွေကိုစနောက်ဖို့  နည်း။

iOS က iMessage ရဲ့ ကောင်းတဲ့အချက်တစ်ခုက တစ်ဖက်လူကစာရိုက်နေတဲ့အခါမှာ indicator လေးပြပေးနေတာပဲဖြစ်ပါတယ်။ အဲဒီ indicator လေးနဲ့ ဆင်တူတဲ့ GIF image ပုံတစ်ခု ကိုရှာပြီးသင့်သူငယ်ချင်းတွေကိုစနောက်ရင် ပျော်စရာကောင်းမှာပါ။ ပုံရရင် သင့်ဖုန်း မှာသိမ်းပါ။ ပြီးရင်စဖို့ သူငယ်ချင်းတစ်ယောက်ကိုရှာပြီးစကားပြောပါ။ပြီးရင် GIF ပုံကိုပို့ လိုက်ပါ။ပြီးရင်တော့ ဘာမှထပ်မရိုက်ဘဲအသာစောင့်နေပါ။ ဒါဆိုရင်သင့်သူငယ်ချင်းကသင်စာရိုက်နေတယ် လို့ ထင်မှတ်ပြီးစောင့်နေပါလိမ့်မယ်။တော်တော်ကြာကြာအထိ စောင့် နေရတဲ့အခါမှာတော့ သင့်သူငယ်ချင်းဆီက *&^%$# အသံတွေကြားရမှာဖြစ်ပြီး ရယ်မောနိုင်ပါပြီ။ တစ်ခုသတိထားရမှာက သင့်သူငယ်ချင်းကလည်း iPhone သုံးနေလားဆိုတာ သင်သိထားဖို့ လိုပါတယ်။ Mac,iPad တို့ သုံးနေတယ်ဆိုရင် GIF ပုံက device ရဲ့ ညာဘက်အခြမ်းမှာပေါ်မှာမဟုတ်လို့ ပါ။ Download iMessage Indicator GIF

No comments:

Post a Comment