Tuesday, December 15, 2020

ProRAW

 

အမိုက်ဆုံး ဓာတ်ပုံတွေကို အကြမ်းဆုံး ProRAW နဲ့ ရိုက်ကူးပါ! 🔥
iOS 14.3 မှာ iPhone 12 Pro နဲ့ 12 Pro Max ကို အသုံးပြုပြီး Apple ProRAW ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပြီ ဖြစ်လို့ Pro အဆန်ဆုံး ဓာတ်ပုံတွေကို စိတ်တိုင်းကျ Edit လုပ်နိုင်ပါပြီ!
Apple ProRAW ဆိုတာ RAW ဓာတ်ပုံတွေရဲ့ Editing Flexibility နဲ့ Apple ရဲ့ Smart HDR, Deep Fusion တို့လို အဆင့်မြင့် နည်းပညာတွေကို ပေါင်းစပ်ထားတဲ့ Format အသစ် ဖြစ်ပါတယ်။
RAW ဓာတ်ပုံတွေလို စိတ်ကြိုက် Edit လုပ်ချင်တယ်၊ Machine Learning အသုံးပြု Image Processing Technology တွေကိုလည်း အသုံးချချင်တယ်၊ ဒီနှစ်ခုလုံးကို ProRAW မှာ ရရှိနိုင်မှာပါ။
iPhone 12 Pro နဲ့ 12 Pro Max တို့ရဲ့ အနောက်ဘက် Camera (၃) ခုလုံးမှာ Apple ProRAW နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပြီး၊ လိုအပ်ရင် Night Mode ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Settings > Camera > Formats ထဲမှာ Apple ProRAW ကို On ထားလိုက်ရင် Camera ရိုက်ကူးတဲ့အခါ အပေါ်မှာ RAW Button လေး ပေါ်နေမှာ ဖြစ်ပြီး လိုအပ်သလို အဖွင့်၊ အပိတ် လုပ်နိုင်ပါတယ်။
ProRAW ဓာတ်ပုံတွေရဲ့ Size က 25MB လောက် ရှိပြီး ပုံမှန်ဓာတ်ပုံတွေထက် တော်တော်လေး Size ပိုကြီးတာကြောင့် လိုအပ်တဲ့အခါမှသာ ProRAW နဲ့ ရိုက်ကူးဖို့ အကြံပြုချင်ပါတယ်။
ကိုယ့်လက်ထဲက iPhone လေးနဲ့တင် ProRAW ဓာတ်ပုံတွေကို စိတ်ကူးရှိသလို ရိုက်ကူး၊ ပြင်ဆင်၊ ဖန်တီးနိုင်ပြီ ဆိုတော့ ဝါသနာရှင်နဲ့ Pro တွေ အားလုံး ကြွေဆင်းသွားမှာတော့ သေချာပါတယ်! 

iOS 14.3

 

iOS 14.3 နဲ့ iPadOS 14.3ကို Release လုပ်ပေးလိုက်ပါပြီ. Update အသစ်မှာ အဓိကအနေနဲ့ Apple Fitness+ ပါဝင်လာပြီးတော့ တခြား Features တွေအနေနဲ့.🍎
- AirPods Max ကို အသုံးပြုရင် ပိုအဆင်ဖို့ Features
အသစ်တွေပါဝင်ပါတယ်..🎧
- iPhone 12 Pro, Pro Max မှာ ပဲရနိုင်တဲ့
Apple ProRaw မှာဆိုရင်လဲ Video ရိုက်တဲ့အခါမှာ 25fps ထိရိုက်နိုင်အောင် Option အသစ်တစ်ခုထည့်ပေးလိုက်ပါတယ်..📸
- Mirror Front Facing Camera Feature
- PS5 Controller Support Feature🎮
- App Store မှာလဲ Privacy ထပ်မြင့်ပေးထားပါတယ်..
- Safari မှာလဲ Ecosia Search Engine Dafult Option တစ်ခုထပ်ထည့်ပေးလိုက်ပါတယ်.🌐
- MgaSafe နဲ့ ပြသာနာ တတ်နေတဲ့ တစ်ချို့ issues လေးတွေကိုလဲ ဖြေရှင်းပေးထားပါတယ်.📢

Sunday, December 13, 2020

iPhone တစ်လုံး၊ eSIM (၅) ကဒ်သုံး 😱

 

iPhone တစ်လုံး၊ eSIM (၅) ကဒ်သုံး 😱
eSIM စနစ် ပါဝင်တဲ့ iPhone တွေမှာ ဖုန်းနံပါတ်တွေ စိတ်ကြိုက် ပြောင်းသုံးဖို့အတွက် Physical SIM (၁) ကဒ် အပြင် eSIM (၅) ခု အထိ ထည့်ထားလို့ရတယ်နော်!
eSIM ဆိုတာ အရင်လို Physical SIM Card / Slot တွေ မလိုအပ်ဘဲ QR Code ကို Scan ဖတ်လိုက်ရုံနဲ့ ထည့်သွင်းနိုင်တဲ့ Digital SIM နည်းပညာအသစ် ဖြစ်ပါတယ်။
iPhone တစ်လုံးမှာ eSIM (၅) ခု အထိ ကြိုတင် ထည့်သွင်းထားလို့ ရပြီး၊ နှစ်သက်ရာ eSIM (၁) ခု ကို လိုအပ်သလို ရွေးချယ် Activate လုပ်ကာ အသုံးပြုနိုင်ပါတယ်။
Personal နဲ့ အလုပ်ကိစ္စတွေ အတွက် ဖြစ်စေ၊ Voice/Data Plan နဲ့ Account တွေ အတွက် ဖြစ်စေ၊ လိုအပ်တဲ့ eSIM ဖုန်းနံပါတ်ကို Settings ထဲမှာ ပြောင်းသုံးလိုက်ရုံပါပဲ။
Physical SIM (၁) ကဒ်က အမြဲတမ်း Activate ဖြစ်နေမယ်၊ eSIM (၅) ခုထဲက (၁) ခုကိုလည်း ရွေးချယ် Activate လုပ်ထားနိုင်မယ်၊ အရမ်းကို အဆင်ပြေတာနော်!
Apple မှ မြန်မာနိုင်ငံမှာ တရားဝင် ရောင်းချခွင့်ပြုထားတဲ့ Official Stock တွေက eSIM စနစ် ပါဝင်တဲ့ iPhone တွေ ဖြစ်လို့ ဖုန်းနံပါတ်တွေ စိတ်ကြိုက် ထည့်သုံးနိုင်တာပေါ့!
iPhone XS, XS Max, XR နဲ့ နောက်ပိုင်း Model အားလုံးမှာ Physical SIM (၁) ကဒ် အပြင် eSIM ထပ်မံထည့်သွင်းပြီး Dual SIM အသုံးပြုလို့ ရနေပြီ ဖြစ်ပါတယ်။
eSIM ထည့်ပြီး iPhone မှာ Dual SIM အသုံးပြုနည်း ဗီဒီယို -> fb.watch/2kmNHMrFGP
SIM Card မလို၊ အလုပ်မရှုပ်၊ အချိန်ကုန် သက်သာတဲ့အပြင် ဖုန်းနံပါတ် (၅) ခု အသုံးပြုနိုင်မယ့် eSIM အကြောင်းလေးကို ဘော်ဒါတွေကိုလည်း Share ပေးလိုက်ပါနော်! 😉

Wednesday, December 9, 2020

ပြိုင်ဖက်တွေကို ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ AirPods Max

 


ပြိုင်ဖက်တွေကို ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ AirPods Max ထွက်ရှိလာပါပြီ။ Rumored နဲ့ အနည်းငယ်ကွဲပြားချက်က Price နဲ့ Digital Crown ပါ။ ခုထွက်ရှိလာတဲ့ Max မှာတော့ Digital Crown ကို အသံအတိုးအကျယ် ၊ သီချင်းအကူးအပြောင်းအတွက် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပြီးတော့ ဖုန်းခေါ်ဆိုမှုနဲ့ Siri ကိုပါ တွဲဖက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
နောက်ခလုပ်တစ်ခုကတော့ noise control ဖြစ်ပြီး Active Noise Cancellation ဖွင့်လိုက်ရင် ပြင်ပက ဝင်ရောက်လာမယ့် ဆူညံသံကို anti noise စနစ်ဖြင့် ပြန်လည်ပထုတ်ပြီး သီချင်းသံ သီးသန့်ခံစားရအောင် လုပ်ပေးမယ့် ပိုကောင်းလာတဲ့စနစ်နဲ့ Transparency mode ကလည်း စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။
ဖန်ရှင်အသစ်တစ်ခုကတော့ Adaptive EQ ပါ။ ဒီဖန်ရှင်က နားကို Fit ဖြစ်ခြင်းမဖြစ်ခြင်းကို ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပီး Real World မှာ လူတစ်ယောက်ရဲ့ နားထဲမှာ ကြားရနိုင်မယ့် အသံအရည်အသွေးပိုင်းကို inward facing microphones က အတွင်းထဲမှာ တောက်လျှောက် အကဲဖြတ်နေပီး Bass လိုအပ်ရင် bass ပိုပေးပြီး Treble လိုအပ်ရင် Treble ကို Live ထောက်ပံ့ပေးသွားမယ့် စနစ်တစ်ခုပါ။
AirPods Pro In Ear မှာတောင် Spatial ကို ထောက်ပံ့ပေးထားတဲ့ Apple က Over Ear မှာလည်း Spatial ပါဝင်လာပါတယ်။ H1 Chip နဲ့ AirPods Max အသံအရည်သွေးကို Computational audio လို့ သုံးနှုန်းထားတာက အသံစနစ်ကို Level တန်း နားသောတဆင်နိုင်အောင် အသံထွက်ရုံသပ်သပ်ထပ်ပိုတဲ့ အတွေ့ကြုံသစ်တွေကို ခံစားရစေနိုင်ပါတယ်ဆိုပီး ညွှန်းထားတဲ့သဘောပါ။ တကယ်မှာ အတွေ့အကြုံသစ်တွေရလာမလားဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ Product တစ်ခု ဖြစ်လာစေမှာပါ။ တန်ဖိုးအနေနဲ့က ၅၄၉ ဒေါ်လာဖြင့် စမှာဖြစ်လို့ မြန်မာနိုင်ငံမှာတော့ ၇ သိန်းကနေ ၈ သိန်းကြာ ပေါက်စျေးဖြစ်သွားနိုင်ပါတယ်။




Tuesday, December 8, 2020

AirPods Max

 

Apple က Christmas Surprise အနေနဲ့ AirPods Max လို့အမည်ရတဲ့ Headphone ကိုမိတ်ဆက်လိုက်ပါပြီ
အရောင်အနေနဲ့ 5 မျိုးပါဝင်လာမှာဖြစ်ပြီး စျေးကတော့ $549 ကျသင့်မှာဖြစ်ပါတယ် (ဖုန်းတလုံးစာပဲ😅)
Apple ကိုယ်တိုင် Design ဆွဲထားတဲ့ Dynamic Driver တွေကိုသုံးပေးထားပြီးတော့ AirPods Pro မှာပါဝင်ပြီးဖြစ်တဲ့ Active Noise Cancellation, Transparency Mode, Adaptive EQ, Spatial Audio စတဲ့နည်းပညာတွေလဲပါဝင်လာဦးမှာပါ
Control အနေနဲ့ကတော့ Apple Watch တွေလို Digital Crown ပါဝင်လာပြီး Noise Cancellation နဲ့ Transparency Mode ကိုပြောင်းပေးမယ့် Control လဲပါဝင်လာပါတယ် .. Apple H1 Chip ကိုလဲ တဖက်စီမှာတခုစီထည့်ပေးထားပါတယ်
Weight ကတော့ 385g လေးမှာဖြစ်ပြီး Battery ကတော့ အားတခါသွင်းရင် နာရီ ၂၀ ထိခံမှာဖြစ်ပါတယ် .. ၅ မိနစ်အားသွင်းရုံနဲ့ ၁ နာရီခွဲထိ ဘက်ထရီခံမှာဖြစ်ပါတယ်
ဘူးခွံထဲမှာတော့ AirPods Max ရယ် Smart Case ရယ် Lightning to Type-C Cable ကိုထည့်သွင်းပေးထားမှာဖြစ်ပါတယ်


: : Iphone 12 with magsafe ? : 📲

📲

 
I phone 12 series သုံးနေသူတွေ magsafe ခေါ် ကြိုးမဲ့ အားသွင်းတာ သုံးသင့်သလား ?
အဖြေက..
must be ပါ ✅
သုံးကိုသုံးသင့်ပါတယ် ‼
Why?
တိတိကျကျ တွက်ကြည့်မယ်ဆို..
12 နဲ့ 12 pro ရဲ့ 2815mAh battery ဟာ 14w သာ လက်ခံတာမို့
20w charger ကြီးနဲ့ အမြဲသွင်းနေရင် သေချာတယ်
ဘက်ထရီ life မြန်မြန်ကျလာမှာပါပဲ
12pro max က battery ပိုကြီးတယ် ရမှာပဲလဲ မထင်ပါနဲ့
3687 mAh battery ဟာ 18 w သာမို့ 20w နဲ့သွင်းရင် အနဲနဲ့ အများ ဆိုသလို ကျလာမှာပါပဲ..
အဆင်အပြေဆုံး ကတော့ magsafe နဲ့ သာသွင်းရင် 15w မို့ အကုန်လုံးအတွက် watt ကွက်တိကျတာမို့ battery သက်တမ်း မထိစေပါဘူး..
Iphone ကြီး သိန်း ၂၀ လောက် သုံးပြီး magsafe ၇ သောင်းကျော်လောက် နှမျော မိရင် တစ်နှစ်ကျော်လောက်ဆို battery replacement ဖြစ်သွားနိုင်ပါတယ်
Magasfae ကြိုးသုံးလို့ တချို့ ဆိုင်တွေက Magasfae ကာဗာ စျေးကြီးကြီးတွေ သုံးရမယ် ဆိုတာလဲ မဟုတ်ပါဘူး
ရိုးရိုး ဘာဗာ သုံးသုံး သံလိုက်က ကပ်ပါတယ် သွင်းရပါသေးတယ်
နောက် magsafe ​ကနေ တခြား wireless သွင်းစရာတွေကိုလဲ သွင်းရပါသေးတယ်
တချိို့က ပြောကြသေးတယ် နှေးတယ်ပေါ့
20w က ၄၅ မိနစ် ဆို
Magsafe က ၁ နာရီ လောက်မို့ ကွာလှ ၁၅ မိနစ်ပါ
အဲ့ ၁၅ မိနစ် အတွက် battery life လဲချင်လဲ ကြပါ
နောက်ဆုံး magsafe သုံးလိုက်ရင် apple ရဲ့ ၆ လလောက်နေ အသုံးကြမ်း သူတွေ ကြိုးပျက်လို့ လဲရတဲ့ problem လေး ကင်းဝေးသွားပါမယ်
OEM ကြိုး ဟုတ်မဟုတ်တွေ မရှာရတော့ဘူးပေါ့ ...





Sunday, December 6, 2020

ပိဋကဆော့ဝဲလ်များ အသုံးပြုရန်လမ်းညွှန်

 

(၂၀၂၀-၂၀၂၁) ခုနှစ်အတွက် IOS 10နှင့်အထက်
ပိဋကဆော့ဝဲလ်များ အသုံးပြုရန်လမ်းညွှန်
🙏 အိုင်ဖုန်း အိုင်ပက် ထဲ ဆော့ဝဲလ်အဟောင်းသွင်းထားသူများ
(၁) ဆော့ဝဲလ်အဟောင်းကို ဖျက်ရန်မလိုပါ။
(၂) ဒီလင့်ခ်ကို သွားပါ.. https://dhammapedia.com/ios/allapps.html Safari နဲ့ ဖွင့်ရပါမယ်၊ လင့်ခ်ကို နှိပ်လိုက်လို့ Safari နဲ့ AUTO မပွင့်လာခဲ့ရင် Safari Browser ကိုဖွင့်ပြီး dhammapedia.com/ios/allapps.html လို့ အတိအကျရိုက်ထည့်ရပါမယ်။
(၃) အပေါ်ဆုံးမှာ မြင်ရတဲ့ ပန်းသီးပုံလိုဂို နဲ့ (၂၀၂၀-၂၀၂၁) လိုင်စင် ဆိုတာကို နှိပ်ပါ၊ install ကိုရွေးပါ၊ (၂)မိနစ်ခန့် စောင့်ပါ..
ဒါဆို မူလ ဆော့ဝဲလ်များအားလုံး ပြန်သုံးလို့ ရသွားပါပြီ
🙏 အိုင်ဖုန်း အိုင်ပက် ထဲ ဆော့ဝဲလ်အသစ် ခုမှ စသွင်းမည့်သူများ
(၁) ဒီလင့်ခ်ကို သွားပါ.. https://dhammapedia.com/ios/allapps.html Safari နဲ့ ဖွင့်ရပါမယ်၊ လင့်ခ်ကို နှိပ်လိုက်လို့ Safari နဲ့ AUTO မပွင့်လာခဲ့ရင် Safari Browser ကိုဖွင့်ပြီး dhammapedia.com/ios/allapps.html လို့ အတိအကျရိုက်ထည့်ရပါမယ်။
(၂) အပေါ်ဆုံးမှာ မြင်ရတဲ့ ပန်းသီးပုံလိုဂို နဲ့ (၂၀၂၀-၂၀၂၁) လိုင်စင် ဆိုတာကို နှိပ်ပါ၊ install ကိုရွေးပါ၊ (၂)မိနစ်ခန့် စောင့်ပါ..
(၃) Setting - General - Profile (သို့မဟုတ်) Device management ကို သွားပါ၊ Asia Information Matrix Ptd., Ltd. ကိုနှိပ်ပါ၊ Trust ကိုရွေးပါ။
(၄) ဒီလင့်ခ်ကို ပြန်သွားပါ.. https://dhammapedia.com/ios/allapps.html Safari နဲ့ ဖွင့်ရပါမယ်၊ လင့်ခ်ကို နှိပ်လိုက်လို့ Safari နဲ့ AUTO မပွင့်လာခဲ့ရင် Safari Browser ကိုဖွင့်ပြီး dhammapedia.com/ios/allapps.html လို့ အတိအကျရိုက်ထည့်ရပါမယ်။
(၅) သွင်းချင်တဲ့ ဆော့ဝဲလ်ကို တစ်ခုချင်းစီ နှိပ်ပြီး သွင်းနိုင်ပါပြီ၊ ဆော့ဝဲလ်အများကြီးကို တစ်ပြိုင်နက်တည်း သွင်းတာထက် တစ်ခါသွင်းရင် (၃)ခုလောက်ပဲ ပြိုင်သွင်းတာက ပိုကောင်းပါတယ်။
အားလုံး လွယ်ကူအဆင်ပြေကြပါစေ 🙏
ရိုသေစွာဖြင့်

Apple product အသစ်


 
လာမယ့် December 8 ရက်နေ့
အင်္ဂါနေ့မှာ ''Christmas surprise'' အနေနဲ့ product အသစ်
တစ်ခုထွက်ဖို့ရှိနေသေးတဲ့ Apple
Rumors တွေအရ AppleCare Service အသစ်တစ်ခုခု
မိတ်ဆက်လာဖို့ဖြစ်နိုင်ချေများပြီး
AirTags နဲ့ AirPods Studio တို့ကို
လည်းမိတ်ဆက်လာနိုင်ပါတယ်။

MacBooks (2021)


 
MacBooks (2021)
Apple ရဲ့''One more thing'' event
မှာ apple silicon M1 chip တွေ
အသုံးပြုထားတဲ့ 13'' MacBook Air,
13'' MacBook Proနဲ့Mac Mini
တို့ကိုမိတ်ဆက်သွားခဲ့ပါတယ်။M1 chip
အသုံးပြုထားတဲ့MacBookတွေက
intel based Macတွေထက်battery
lifeနဲ့performanceပိုင်းတွေမှာ
သိသိသာသာကောင်းမွန်လာတာကိုတွေ့ရပါ
တယ်။
apple leaker တစ်ဦးဖြစ်တဲ့
Ming-Chi Kuoအနေနှင့်resignပြုလုပ်
ထားတဲ့MacBookတွေကိုနောက်နှစ်လယ်ပိုင်းမှာ
မိတ်ဆက်လာနိုင်ခြေရှိတယ်လို့သိရပါ
တယ်။13'' MacBook အစားdesign
အသစ်နဲ့ 14" MacBook တွေကို
မိတ်ဆက်လာနိုင်ပါတယ်။
ယခုထွက်ရှိထားတဲ့M1chip MacBook
တွေကintel based MacBook တွေ
လောက်stableမဖြစ်သေးပါဘူး။ဒီနှစ်ကုန်
နောက်2021နှစ်ဆန်းပိုင်းလောက်မှသာ
stableဖြစ်လာနိုင်မယ်လို့သိရပါတယ်။
ထို့ကြောင့်M1 chip MacBookဝယ်ဖို့
စဉ်းစားထားသူတွေအနေနဲ့နောက်နှစ်လောက်ထိ
စောင့်ကြည့်သင့်ပါတယ်။

iPad Pro (2021)

iPad Pro (2021)
Apple companyရဲ့special event
ဖြစ်တဲ့ WWDC20 မှာ11'' iPad Proနဲ့
12.9" iPad Pro တို့ကိုမိတ်ဆက်သွားခဲ့
ပါတယ်။နောက်နှစ်2021မှာလည်းOLED
displayအသုံးပြုထားတဲ့iPad Proတွေ
ကိုမိတ်ဆက်လာမှာဖြစ်ပါတယ်။
Appleအနေနဲ့2021အတွင်းမှာiPad
Pro modelတွေကိုနှစ်ကြိမ်တိုင်
မိတ်ဆက်လာဖို့ရှိနိုင်ပါတယ်။
2021ပထမနှစ်ဝက်မှာMini-OLED displayအသုံးပြုထားတဲ့iPad Proကို
မိတ်ဆက်လာနိုင်ပြီးဒုတိယနှစ်ဝက်မှာ
OLED displayအသုံးပြုထားတဲ့
iPad Proကိုမိတ်ဆက်လာနိုင်တယ်လို့
The Elecအရသိရပါတယ်။
Mini-OLED အသုံးပြုထားတဲ့iPad
Proကတော့12.9''အနေနဲ့ပဲမိတ်ဆက်
လာနိုင်ခြေရှိပါတယ်။
Apple Pencil 3ကိုလည်း2021အတွင်း
မှာဘဲမိတ်ဆက်သွားဖို့ရှိနေပါတယ်။

 

Apple Watch(2021)


 
Apple Watch(2021)
September လတုန်းကကျင်းပခဲ့တဲ့
"Time Files" Apple event မှာ
Apple Watch Series 6 နဲ့ Apple Watch SEတို့ကိုမိတ်ဆက်သွားခဲ့ပါတယ်။
နောက်နှစ်2021မှာလည်းApple Watch Series 7 ကိုမိတ်ဆက်လာမှာဖြစ်ပါတယ်။
Apple အနေနဲ့ Series 7 ကို new
design နဲ့မိတ်ဆက်လာမယ်လို့
Ming-Chi Kuo ကပြောကြားလာပါတယ်။
Edgeတွေက လေးထောင့်ဆန်ဆန်ဖြစ်သွား
နိုင်ချေရှိပါတယ်။Apple Watch Series 7မှာTouch ID (under-display
fingerprint scanner) ပါဝင်လာနိုင်ပြီး
security ပိုင်းမှာအဆင့်မြှင့်လာဖို့ရှိနေပါ
တယ်။
Series 7ရဲ့display ကို Mini-LED
သို့မဟုတ် Micro-LED ကိုအသုံးပြုလာနိုင်
ပါတယ်။ထို့ကြောင့် Series 7ရဲ့display
ကယခင်နှစ်ကထက်ပိုမိုကောင်းမွန်လာပြီး
အထူကလည်းပိုမိုပါးလွှာသွားမှာဖြစ်ပါတယ်။
Series 6 မှာBlood Oxygen Level
ကိုတိုင်းတာပေးနိုင်တဲ့featureကိုထည့်ပေး
ခဲ့ပါတယ်။Series 7မှာလည်းfeature
အသစ်တွေပါဝင်လာဖို့ရှိနေပါတယ်။

iPhone မှာ Adapter နဲ့ EarPods ဘာကြောင့် မပါတော့တာလဲ?

iPhone မှာ Adapter နဲ့ EarPods ဘာကြောင့် မပါတော့တာလဲ?
အသစ်ထွက် iPhone တွေမှာ Power Adapter နဲ့ EarPods မပါဝင်တော့တာကို အားလုံး သိပြီးလောက်ပြီပေါ့! မပါဝင်တော့တဲ့ အကြောင်းရင်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
Environment
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ဖို့အတွက် (၂၀၃၀) ခုနှစ် ရောက်တဲ့အခါ Apple လုပ်ငန်းတစ်ခုလုံးမှာ Carbon ထုတ်လွှတ်မှု Net Zero ဖြစ်အောင် Apple က Plan ချထားပါတယ်။
လက်ရှိ ထုတ်လုပ်နေတဲ့ iPhone Model အသစ်/အဟောင်း အားလုံးမှာ Power Adapter နဲ့ EarPods မပါဝင်တော့တာကလည်း အဲ့ဒီ့ Environment Plan ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
e-Waste
User အများစုမှာ Adapter နဲ့ နားကြပ်တွေ ရှိထားပြီးသား ဖြစ်လို့ ဘူးထဲက Accessories တွေကို မသုံးဖြစ်ဘဲ ပိုနေတတ်ပါတယ်။ အခုလို ပိုနေရင် Electronic Waste (e-Waste) လို့ ခေါ်ပါတယ်။
အဲ့ဒီ့လို e-Waste တွေကို လျှော့ချနိုင်ဖို့ Adapter နဲ့ EarPods အစား တကယ် လိုအပ်ပြီး ရေရှည် အသုံးပြုနိုင်မယ့် Fast‑charging USB‑C to Lightning Cable ကိုသာ ထည့်သွင်းပေးထားတာပါ။
Shipment
Adapter နဲ့ EarPods မပါဝင်တဲ့အတွက် ဘူးအရွယ်အစား သေးသွားတာကြောင့် iPhone တွေကို ကမ္ဘာအနှံ့ ပို့ဆောင်တိုင်းမှာ ဘူးများများ ပိုဆံ့တဲ့အတွက် Shipment အကြိမ်ရေ နည်းသွားပါတယ်။
လိုအပ်တဲ့ Shipment အခေါက်ရေ နည်းသွားတာကြောင့် ပို့ဆောင်ရေး လေယာဉ်တွေ၊ ကားတွေ အသုံးပြုမှု နည်းသွားမှာ ဖြစ်ပြီး Carbon ထုတ်လွှတ်မှု အမြောက်အများကို လျှော့ချနိုင်ပါတယ်။
e-Waste လျှော့ချခြင်း၊ Packaging ပိုမို သေးငယ်ခြင်းနဲ့ Renewable Energy ကို ပြောင်းလဲ အသုံးပြုခြင်းတို့ကြောင့် တစ်နှစ်ကို ကားအစီးရေ (၄၅၀,၀၀၀) နဲ့ ညီမျှတဲ့ Carbon ပမာဏကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
(၂၀၃၀) ခုနှစ်မှာ ပြီးမြောက်မယ့် Apple ရဲ့ အရမ်းမိုက်တဲ့ Environment Plan ကို စိတ်ဝင်စားတယ် ဆိုရင်တော့ apple.com/2030 မှာ အပြည့်အစုံ ဝင်ရောက် လေ့လာနိုင်ပါတယ်။

Wednesday, December 2, 2020

iPhone နှင့် iPad တွေမှာ ဘက်ထရီချွေတာ သုံးစွဲနိုင်စေသည့် အချက်များကတော့....

 

Did you know how to save battery life on iPhone and iPad?
iPhone နှင့် iPad တွေမှာ ဘက်ထရီချွေတာ သုံးစွဲနိုင်စေသည့် အချက်များကတော့....
1-Turn on Low Power Mode
========================
Settings > Battery > Low Power Mode ကို ဖွင့်ပါ။
2-Turn on Auto-Brightness
=======================
Settings > General > Accessibility Display Accommodations > Auto-Brightness > ကို ဖွင့်ပါ။
3-Turn Off True Tone
==================
Settings > Display & Brightness > True Tone ကို ပိတ်ပါ။
4-Don’t bother closing apps
=========================
မိမိ အသုံးပြုခဲ့ပြီးသော App များက Background မှာ ရှိနေပါတယ်။
Home Buttom ကို နှစ်ချက် နှိပ်လိုက်ပါက App Switcher ပေါ်လာပါလိမ့်မည်။
(***iPhone X swip up)
မိမိ အသုံးပြုထားသော backgroud Apps များကို မပိတ်ပါနဲ့...
5-Prevent Background App Refresh
================================
Settings > General > Background App Refresh > မှာ off ပါ။
6-Don't Automatically Update Apps
================================
Settings > iTunes & App Store > Updates ကို ပိတ်ပါ။
7-Stop Motion & Animations
=========================
Settings > General > Accessibility > Reduce Motion ကို On ပါ။
8-Turn Off Other Location Settings
==============================
Settings > Privacy > Location Services > System Services >
Location-Based iAds,Popular Near Me, and Setting Time Zone တို့ကို ပိတ်ပါ။
(မိမိ မလိုအပ်သော အချို့ App များရဲ့ Location ကို Never လုပ်ထားပါ။)
9-Turn off Equalizer
==================
Settings > Music > EQ > မှာ off ပါ။
10-Keep Wi-Fi Off
================
Settings > Wi-Fi ကို ပိတ်ပါ။
(Cellular Data ဖြင့် အသုံးပြုလျှင်)
11-Make Sure Personal Hotspot Is Off
=================================
Settings > Personal Hotspot ကို ပိတ်ပါ။
12-Turn Bluetooth Off
===================
Settings > Bluetooth ကို ပိတ်ပါ။
13-Turn off Cellular Data unnecessary Apps
========================================
Settings > Cellular/Mobile Data > မှာ မိမိအသုံးပြုမလိုသော Apps များကို ပိတ်ပါ။
14-Turn off 4G/LTE
================
Settings > Cellular > Cellular Data Options > Voice & Data > မှာ 3G ကို ရွေးပါ။
15-Don't Take App Suggestions & Remove Widgets
============================================
မလိုအပ်သော Widgets များကို Remove လုပ်ပါ။
Widgets Page(Homescreen First Page to swip left) > Edit > (ဥပမာ-Siri App Suggestions ) ကို Remove လုပ်ပါ။
16-Turn Off Fitness Tracking
=========================
Settings > Privacy > Motion & Fitness > Fitness Tracking ကို ပိတ်ပါ။
17-Don't Send Diagnostic Data to Apple or Developers
===============================================
Settings > Privacy > Analytics >
1-Share iPhone & Watch Analytics,
2-Share With App Developers,
3-Share iCloud Analytics,
4-Improve Activity,
5-Improve Wheelchair Mode တို့ကို ပိတ်ပါ။
18-Turn Off Limit Ad Tracking
==========================
Settings > Privacy > Advertising > Limit Ad Tracking ကို ပိတ်ပါ။
19-Disable Cellular Calls Through Other Devices
===========================================
Settings > Phone > Calls on Other Devices > Allow Calls on Other Devices > မှာ ပိတ် ပါ။
20-Turn Data Push Off Email
=========================
Settings > Accounts & Passwords > Fetch New Data > Push ကို ပိတ်ပါ။
21-Turn off iCloud Backup & Disable Unneed Apps
============================================
Settings > Accounts & Passwords > iCloud >
1-iCloud Backup
2-မိမိအသုံးမပြုလိုသော Apps များ ကို ပိတ်ပါ။
22-Don't Automatically Upload Photos to iCloud
==========================================
Settings > Photos > Upload to My Photo Stream ကို ပိတ်ပါ။
23-Kill “Hey Siri and Suggestion Search Apps”
=======================================
Settings > Siri & Search >
1-Listen for "Hey Siri"နှင့်
2-မိမိ မလိုအပ်သော Apps > Search & Siri Suggestions ကို ပိတ်ပါ။
24-Disable Live Photo & Dynamic Backgrounds
=========================================
Settings > Wallpaper > Choose မှာ Live Photo & Dynamic ကို မရွေးပါနဲ့...
Stills or Photos ကိုသာ ရွေးပြီး မိမိနှစ်သက်သော သာမန်ပုံကို သာ Wallpaper ထားပါ။
25-Auto-Lock Sooner
===================
Settings > Display & Brightness > Auto-Lock > 30 Seconds,1 /2/3/4/5 Minutes တခုခု ကို ရွေးပါ။
26-Turn off Raise to Wake
=======================
Settings > Display & Brightnes > Raise to Wake ကို ပိတ်ပါ။
27-Disabled Unneeded Vibration
=============================
Settings > General > Accessibility > Vibration ကို ပိတ်ပါ။
28-Kill Push notifications from apps
================================
Settings > Notifications > (မလိုအပ်သော) Apps > Allow Notifications ကို ပိတ်ပါ။
29-Turn AirDrop Off Unless You're Using It
=====================================
Settings > General > AirDrop မှာ Receiving Off ပါ။
(Control Center မှ AirDrop ကို Receiving Off ပါ။)
30-Find the Battery Killers
========================
Settings > Battery > Battery Usage တွင် တွင် မိမိအသုံးပြုခဲ့သော ဘက်ထရီကို ပြန် စီစစ်သုံးသပ်ပါ။
31-Run Down Your Battery As Much As Possible
==========================================
iPhone မှာ ဘက်ထရီ အားသွင်းသောအခါ 0% မှ 80% ထိ အားသွင်းရတာ မြန်ပြီး 80% မှ 100% ရောက်ရင် အားဝင်နှုန်း နှေးသွားပါတယ်။
Low Power Mode သုံးပြီး အားသွင်းရင် 80% ရောက်သွားရင် Low Power Mode Turuned Off ဖြစ်သွားပါတယ်။
Apple သည် ဘက်ထရီကို lithium-ion (Li-Ion) သုံးထားပြီး iPhone အတွက် 500 cycle ,iPad အတွက် 1000 cycle အကြိမ်ရေထိ အသုံးပြုနိုင်သည်လို့ဆိုထားပါတယ်။
25% မှ 75% ထိ ကို 1 cycle လို့ သတ်မှတ်ပါတယ်။
တစ်ကြိမ် အားသွင်းရင် 20%အောက် ကနေ 80% အထက်ရောက်အောင် အားသွင်းသင့်ပါတယ်။
မိမိဖုန်း ဘက်ထရီ အားနည်း နေချိန် နှင့် အင်တာနက် လိုင်းအားကျနေချိန်များတွင် ဗွီဒီယို၊ဂိမ်းများ၊web broswer များ ဆက်တိုက် မသုံးသင့်ပါ။