Tuesday, October 20, 2020

iOS 14 မှာပါဝင်လာတဲ့ အရမ်းမိုက်တယ့် Back Tap Function အကြောင်း

 

iOS 14 မှာပါဝင်လာတဲ့ အရမ်းမိုက်တယ့် Back Tap Function အကြောင်း

Apple က iOS 14 မှာ Back Tap ဆိုတဲ့ feature အသစ်တစ်ခုကိုထည့်သွင်းပေးထားပါတယ်။ သူက Siri ကိုခေါ်ခြင်း  Home Screen ကိုသွားခြင်း Screenshot ရိုက်ခြင်းစတာတွေကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Settings – Accessibility – Touch – Back Tap ကို သွားလိုက်ရင် Double-tap နဲ့ Triple Tap ဆိုပြီးတွေ့ရပါလိမ့်မယ်


အဲ့ဒီ Tap တွေဟာ ဒုတိယပုံထဲမှာပြထားသလို Function တွေကို Assign လုပ်ထားလို့ရပါတယ်


ဥပမာ Double tap မှာ Lock Screen ထားထားရင် ဖုန်းရဲ့နောက်ကျောကို 2 ချက်ပုတ်လိုက်တဲ့အခါ Screen Lock ဖြစ်သွားမှာပါ


Triple Tap မှာ Screenshot ထားထားရင် ဖုန်းနောက်ကျောကို 3 ချက်ပုတ်လိုက်တဲ့အခါ Screenshot ရိုက်သွားမှာပါ

Double Tap / Triple Tap မှာ မိမိထည့်ချင်တဲ့ Setting များကိုလဲ ထည့်သွင်းအသုံးပြုနိုင်ပါသေးတယ်။

Back Tap အသုံးပြုနိုင်သော Device များ

iPhone 8

iPhone 8 Plus

iPhone X

iPhone XS

iPhone XS Max

iPhone XR

iPhone 11

iPhone 11 Pro

iPhone 11 Pro Max

iPhone SE 2020

iOS 14 တွင် App များနှင့် Home Screen တစ်ခုလုံးကိHide နည်း

 

iOS 14 တွင် App များနှင့် Home Screen တစ်ခုလုံးကိHide နည်း

Home Screen Widget အသစ်များနှင့်အတူ iOS 14 တွင် သင့်ရဲ့အတွေ့အကြုံကိုစိတ်ကြိုက်ပြုပြင်ရန်နောက်ထပ်Functionတစ်ခုကို ပြောပြပေးပါဦးမယ် ဒါကတော့ App တွေကို မဖျက်ပဲ Home Screen ပေါ်ကနေ ဖျောက်ထားနည်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် App တစ်ခုချင်းစီတာမက Home Screen တစ်ခုလုံးကိုတောင် ဖျောက်ထားနိုင်ပါတယ်။

သင့်ရဲ့ ဖုန်းဟာ App တွေအများကြီး သွင်းထားပြီး Screen တစ်ခုလုံးရှုတ်ပွနေသည်ဖြစ်စေ ကိုယ်မမြင်စေချင်တယ့် App ကို Home Screen ပေါ်မှာ မပေါ်စေချင်သည်ဖြစ်စေ ယခုနည်းကိုအသုံးပြုနိုင်ပါတယ် အရင်ဆုံး Home Screen တစ်ခုလုံးဖျောက်နည်းကိုပြောပြပေးပါမယ်


Home Screen ကို ဖိထားပါ

Scroll Bar လေးပေါ်လာရင်နှိတ်ပေးလိုက်ပါ

ကိုဖျောက်ချင်တယ့် Home Screen ကို အမှန်ခြစ်ဖြုတ်ပြီး Done ကိုနှိတ်လိုက်ပါ ဒါဆိုရင် Home Screen တစ်ခုလုံးပျောက်သွားပါပြီ ပြန်ဖေါ်ချင်တယ်ဆိုရင်တော့အမှန်ခြစ်ပြီး Done ပေးလိုက်ပါ။

App တစ်ခုချင်းစီဖျောက်မယ်ဆိုရင်တော့

မိမိဖျောက်ချင်တယ့် App ကို ဖိထားပါ
Move to App Library ကိုနှိတ်ပေးလိုက်ပါ         App ပျောက်သွားပါလိမ့်မယ်

နောက်တစ်ခုအနေနဲ့ မိမိ အသစ် Down မယ့် App ကို Home Screen ပေါ်မှာတင်မှာလား ဒါမဟုတ် Home Screen ပေါ်မတင်ပဲ App Library ထဲမှာပဲသွင်းမှာလားဆိုတယ့် Function ကိုလဲရွေးချယ်နိုင်ပါသေးတယ်

ဒါကိုတော့ Setting – Home Screen ထဲမှာ စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်။

မိမိတို့ ဖျောက်ထားတယ့်  App တွေကို ပြန်ရှာချင်တယ်ဆိုရင်တော့ App Library ထဲမှာပြန်ရှာနိုင်ပါတယ်။

iOS 14 ရဲ့ Key Feature တွေထဲကတစ်ခုဖြစ်တဲ့ Apple CarKey အကြောင်း

 

iOS 14 ရဲ့ Key Feature တွေထဲကတစ်ခုဖြစ်တဲ့ Apple CarKey အကြောင်း

Apple က 2014 ခုနှစ်မှာကားမောင်းရင်းဖုန်းသုံးနိုင်မဲ့ Smart & Safe ဖြစ်စေပြီး ဖုန်းထဲက Application တွေကို ကားရဲ့ Infotainment Touch Screen ပေါ်မှာသုံးလို့ရတဲ့ Apple CarPlay ဆိုတဲ့ feature ကိုမိတ်ဆက်ခဲ့ပါတယ်။

2014 March မှာကျင်းပတဲ့ Geneva Auto Show မှာ Ferrari FF နဲ့ပွဲဦးထွက်မိတ်ဆက်ခဲ့ပါတယ် Mercedes Benz နှင့်Volvo တို့လည်းအတူပါဝင်ခဲ့ပေမယ့် BMW ကတော့သူတို့ကားတွေမှာ Support လုပ်မှာမဟုတ်ဘူးလိုကြေငြာခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့သူတို့ဆုံးဖြတ်ချက်ကိုပြင်ခဲ့ရပြီး အခုချိန်မှာတော့နိုင်ငံတကာမှာရောင်းတဲ့ 80 % သောကားသစ်တွေမှာ Apple CarPlay Builtin ပါဝင်နေပြီဖြစ်ကာ US ဈေးကွက်မှာဆိုရင် 97% ထိရှိနေပါပြီ။


ဒါကြောင့် မကြာသေးခင်ကထွက်ရှိထားတဲ့ iOS 14 မှာတော့ Apple CarPlay ကို Car Parking များ EV Charging station များရှာပေးနိုင်ခြင်းတို့လို Feature တွေနဲ့ Upgrade တွေလုပ်ထားပေးတဲ့အပြင် Digital CarKey ကိုပါထပ်မံမိတ်ဆက်ခဲ့ပါတယ်။

Apple Digital CarKey ဆိုတာကတော့ iPhone သို့မဟုတ် Apple Watch နဲ့ကားတံခါးလက်ကိုင်ကို Tap လုပ်ပြီး ကားကို Unlock လုပ်လို့ရပါတယ် iPhone ကနေကားရဲ့ Top Speed တွေ Music volume အစရှိတာတွေကိုပါ Manage လုပ်နိုင်မှာဖြစ်ပြီး ဖုန်းပျောက်သွားတယ်ဆိုရင်တောင် iCloud Account နဲ့လှမ်းပြီး iPhone ကနေ CarKey feature ကို Disable လုပ်ပစ်လို့ရပါတယ် ဖုန်အားကုန်နေတဲ့အချိန်တွေမှာတောင် ကားသော့အနေနဲ့သုံးလို့ရနေဦးမှာပါ။


ဒါကတော့ Physical Car Key တွေမှာမရနိုင်တဲ့ Unique Feature တစ်ခုလို့ပြောလို့ရပါတယ်။ ပုံမှန်ဆိုကားသော့ပျောက်ရင် ချင်းချင်းပိတ်ပစ်ဖို့ဆိုတာမလွယ်ပါဘူး ကိုယ့်ကားကိုအခြားတစ်ယောက်ကို ငှားပေးမယ်ဆိုရင်လည်း iMessage ကနေ ယောက်အထိ Share ပေးလို့ရပါတယ် ကားသော့တွေတကူးတကသွားပေးနေစရာမလိုတော့ပါဘူး။

ဒါပေမယ့်ဒီနေရာမှာတစ်ခုအရေးကြီးတာက iCloud Account ကို ဖုန်းနံပါတ်နဲ့ Two Factor Authentication ခံထားမယ်ဆိုရင် (iCloud ဝင်ထားတဲ့နောက်ထပ် iPhone/iPad တစ်လုံးလည်းမရှိဘူးဆိုရင်) SIM card ကလည်းပျောက်သွားတဲ့ဖုန်းထဲပါသွားတယ်ဆိုရင် iCloud နဲ့ CarKey ကနေ remove လုပ်ဖို့ပြသနာရှိနိုင်ပါတယ် ဒါကြောင့် TFA on ထားမယ်ဆို ဖုန်းနံပါတ်ကိုအနည်းဆုံးနှစ်ခုထည့်ထားသင့်ပါတယ်။


Digital CarKey သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ iCloud မှာဖုန်းနံပါတ်နှစ်ခုထည့်ထားဖို့အရေးကြီးပါတယ် ယခု Function ကိုတော့ Apple CarKey support လုပ်တဲ့ကားတွေမှာဘဲသုံးလို့ရမှာဖြစ်ပါတယ် BMW က CarPlay တုန်းကအစပိုင်းမှာ သူတို့ကားတွေမှာထည့်သုံးဖို့ငြင်းဆန်ခဲ့ပေမယ့် အခု CarKey မှာတော့ Apple နဲ့ပထမဆုံးလက်တွဲတဲ့ Business Partner ဖြစ်လာပါပြီ။

CarKey support လုပ်တဲ့ပထမဆုံးမော်ဒယ်ကတော့ BMW 5 series ပါ အခုချိန်မှာတော့ 5 series သာမက BMW ရဲ့2020 July နောက်ပိုင်းထုတ်လုပ်တဲ့အောက်ပါ Series တွေမှာပါသုံးလို့ရနေပါပြီ။

Series 1, 2, 3, 4, 5, 6, 8, X5, X6, X7, X5M, X6M, Z4

ထူးခြားချက်တစ်ခုကတော့ ဒီထဲမှာ BMW ရဲ့ Flagship luxury sedan ဖြစ်တဲ့ 7 series တော့မပါဝင်သေးပါဘူး။


Apple က CarPlay မှာလိုဘဲကားတိုင်းမှာသုံးနိုင်လာမယ်လို့ ဆိုတာကြောင့်အခြားကားသစ်တွေမှာလည်းမကြာခင်ပါဝင်လာမှာဖြစ်ပါတယ်။

BMW အတွက်ကတော့ Digital Key ဆိုတာ ဒါပထမဆုံးမဟုတ်ပါဘူး Samsung ဖုန်းတွေမှာ BMW Connected App ကနေ Digital Key အနေနဲ့သုံးနိုင်တာကြာပါပြီ။

iOS ပေါ်ကနေ အိမ်သုံးမီတာ/လုပ်ငန်းသုံးမီတာ ကျသင့်နှုန်းကို တွက်နည်း

 

iOS ပေါ်ကနေ အိမ်သုံးမီတာ/လုပ်ငန်းသုံးမီတာ ကျသင့်နှုန်းကို တွက်နည်း

ဟိုတစ်နေ့က Group ထဲမှာ ပို့စ်တစ်ခု တွေ့လိုက်လို့ပါ။ iOS ပေါ်ကနေ မီတာခကျသင့်နှုန်းကို တွက်ချက်ပေးမယ့်App ကို မေးထားတဲ့ ပို့စ်ပါ။ Andriod တွေအတွက်ကတော့ Applications တွေ ရှိနေတဲ့အတွက် အဆင်ပြေပေမယ့်iOS အတွက်ကတော့ App တစ်ခုမှ မရှိသေးပါဘူးခင်ဗျာလို့။ ဒါကြောင့် အရင်က ကျနော်တင်ထားခဲ့တဲ့ ပို့စ်အဟောင်းလေးကိုပဲ ပြန်ရှာဖွေပြီး Edit လုပ် တင်ပေးလိုက်ရပါတယ်။

အိမ်သုံးမီတာရော၊ လုပ်ငန်းသုံးမီတာအတွက်ရော ဖြစ်ပါတယ်။ ( ) ယူနစ်ကနေ ဘယ်နှယူနစ်အထိဆိုဘယ်လောက် ဘာညာ စသည်ဖြင့် ခေါင်းစားခံပြီး တွက်ချက်နေစရာ မလိုအောင်လို့ ဖန်တီးသူက စီစဉ်ပေးထားပါတယ်။ ( အပေါ်က မီတာယူနစ်ဘေးက အကွက်ထဲမှာ ကိုယ်သုံးထားတဲ့ ယူနစ်အရေအတွက်ပဲ ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ဥပမာ ပြီးခဲ့တဲ့လရဲ့ မီတာစာရွက်မှာပါတဲ့ ယခုလဖတ်ခြင်းဆိုတဲ့အောက်မှာ 30926 ဆိုပါစို့။ အခုလက်ရှိအိမ်ကမီတာမှာ ပေါ်နေတဲ့ ယူနစ်က 31226 အာ့ဒါဆို များတဲ့အထဲက နည်းတာကို နှုတ်ကြည့်လိုက်။ 300 ယူနစ်ပါ။အာ့ဒါ ဒီလအိမ်မှာသုံးထားတဲ့ ယူနစ်ဖြစ်ပါတယ်။ အာ့ယူနစ်ကိုမှ ပုံထဲက နေရာမှာ ရိုက်ထည့်ပေးပြီး တွက်မည်ကိုနှိပ်ရမှာ ဖြစ်ပါတယ်။ ) တစ်ခါထဲ အဖြေ Results ကို ထုတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ကျနော်ပေးထားတဲ့ Link ကို နှိပ်ပြီး သွားရပါမယ်။

( ) အိမ်သုံးမီတာ ကျသင့်ခကို တွက်ရန်လင့် >>> ( https://yesc.org.mm/meter-calculator )

( ) လုပ်ငန်းသုံးမီတာ ကျသင့်ခကို တွက်ရန်လင့် >>> ( https://yesc.org.mm/meter-calculator )

မီတာယူနစ်ရဲ့ ဘေးက Box ထဲမှာ မိမိတို့ သုံးစွဲထားပြီးဖြစ်တဲ့ ယူနစ်ကို ရေးထည့်ပေး ရပါမယ် ပြီးလျှင် တွက်မည်ကို နှိပ်လိုက်ရုံပါပဲ။ ခဏကြာပြီးလျှင် ယခင်နှုန်းထားဆိုတဲ့ ဇယားကွက်ထဲမှာ ကျသင့် မီတာခကို ဖော်ပြပေးပါလိမ့်မယ်။ သူ့အောက်မှာတော့ ယခုနှုန်းထားဆိုသည့် လက်ရှိတက်သွားတဲ့ မီတာကောက်ခံနှုန်းကို အလိုအလျှောက် တွက်ချက်ပေးပြီး ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ မီတာခကို ( ၅၀၀ ) ကျပ် ထပ်ပေါင်းပေးလိုက်ပါက သင်ဆောင်ရမယ့် မီတာခနှုန်းကို ရပါပြီ။ နောက်ပြီး ဒီလင့်ကို iOS or Andriod ပေါ်ကနေအသုံးပြုလို့ရပါတယ်။

ကဲ ဒါဆိုရင်မိမိတို့အနေဖြင့် လက်ရှိသုံးစွဲထားတဲ့ မီတာယူနစ်ကို ဖတ်ကြည့်ပြီး မည်ရွေ့မည်မျှ ဆောင်ရမလဲဆိုတာကို လွယ်ကူစွာ တွက်ချက်ပြီး ကြိုတင်၍ သိရှိနိုင်ပါကြောင်း

iOS 14 မှာ App icon အလှတွေ ပြောင်းသုံးကြမယ်

 

iOS 14 မှာ App icon အလှတွေ ပြောင်းသုံးကြမယ်


iOS 14 မှာ iOS User များစိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ Function အများအပြားကိုထည့်သွင်းပေးထားပါတယ် ယခင်က Jailbreak လုပ်ပြီးမှ ဖုန်းကိုစိတ်ကြိုက်ပြင်ဆင်နိုင်ပေမယ့် ယခုချိန်မှာတော့ စိတ်ကြိုက်ပြင်ဆင်နိုင်တယ့်Function အချို့ကိုထည့်သွင်းပေးထားပါတယ် ယခု Post မှာတော့ Original App icon တွေ ကြည့်ရတာ ရိုးအီနေသူများအတွက် icon အလှဆင်နည်းကို ပြောပြပေးသွားမှာပါ

ကျွန်တော်ပြောပြပေးမဲ့နည်းက root-level file system access ကိုဘာမှမပြင်ပဲ Apple Shortcuts App ကိုအသုံးပြုကာ App များကို Shortcuts အဖြစ် ပြောင်းလဲပေးမှာဖြစ်ပါတယ် ဥပမာ သင်က ပြုပြင်ထားတယ့် App ထဲဝင်တဲ့အခါ Shortcuts App က ကြားခံပြီးမှ မူရင်း App ထဲ ရောက်ရှိသွားမှာဖြစ်ပါတယ်။

သင့်ရဲ့App icon တွေကို အလှဆင်ခြင်တယ်ဆိုရင်တော့ ယခု ပြောပြပေးမဲ့နည်းကိုတစ်ဆင့်ခြင်း လိုက်လုပ်ကြည့်ပါ။

Shortcuts App Down ရန်

https://apps.apple.com/us/app/shortcuts/id1462947752

App icon အလှများ Down ရန် Link

https://icons8.com/icons/clouds

အရင်ဆုံး မိမိပြောင်းချင်တဲ့ App ရဲ့ icon တွေကို အရင် Save ထားပါ (Save တဲ့နည်းက မိမိလိုချင်တဲ့ icon တွေရင် ဖိထားပြီး Add to Photos နှိတ်ပေးပါ)


 

Save ပြီးပြီဆိုရင် Shortcuts App ထဲ ဝင်ပါ


 + ခလုတ်လေးကို နှိတ်ပေးပါ Add Action ထဲဝင်ပြီး Scripting  ကိုနှိတ်ပါ
Open App ထဲဝင်ပါ Choose ကိုနှိတ်ပြီး မိမိပြောင်းချင်တဲ့ App ကို Select ပေးပါ
ညာဘက်တောင့်က အစက်ကလေး ၃ စက်ကို နှိတ်ပြီး Shortcut Name မှာ App Name ရေးပေးပြီး Done  လိုက်ပါ ပြီးရင် App to Home Screen ကို ထပ် နှိတ်ပါ။
icon လေးကို နှိတ်ပြီး Choose Photo မှာ မိမိ Save ထားတဲ့ icon လေးကိုရွေးပေးပြီး Done လိုက်ပါ ဒါဆိုရင် icon ပုံစံအသစ်ရလာပါလိမ့်မယ်

iPhone 12 Buying Guide

 

iPhone 12 Buying Guide


iPhone 12 line up ထဲကမော်ဒယ်တွေရဲ့အဓိကကွာခြားချက်တွေနဲ့ ဘယ်မော်ဒယ်တွေက ဘယ်လိုလူတွေအတွက်ရွေးချယ်သင့်တယ်၊ ဘယ်မော်ဒယ်တွေကိုင်ထားရင် upgrade လုပ်သင့်ပြီဆိုတာတွေကို ကျွန်တော့အမြင်နဲ့သုံးသပ်ထားပေးပါတယ်

ဒီနှစ်ထွက်တဲ့ iPhone 12 family မှာ iPhone 12 Mini, iPhone 12, iPhone 12 Pro, iPhone 12 Pro Max ဆိုပြီး မော်ဒယ် မျိုးအထိပထမဆုံးအနေနဲ့ထုတ်လုပ်ထားပါတယ်။ ကျွန်တော့အမြင်တော့ ဒီနှစ် iPhone 12 တွေကိုမနှစ်ကထက်အများကြီးအားရကျေနပ်မှုရှိပါတယ်။ Adapter နဲ့ Earpods  မထည့်ပေးတာတော့ သိပ်ဘဝင်မကျပေမယ့် ၁၉ဒေါ်လာအထိဈေးလျှော့ပေးထားပါတယ်။ အရင်ထက် ၁၀ ဒေါ်လာစီသက်သာသွားပါပြီ။ Type C cable လည်းပါပြီးသားဖြစ်တာကြောင့် fast charging ရဖို့ သောင်းကျော်ဘဲကုန်ပါတော့မယ်။

ဒီနှစ်မော်ဒယ်တွေက မနှစ်က iPhone 11 Series ထက်စာရင် ကွာခြားချက်တွေကကျဉ်းမြောင်းလာပါပြီ။ မနှစ်က11 series တုန်းက iPhone 11 မှာ 720p+ LCD Display (326ppi) ကိုသုံးထားပြီး 11 Pro နဲ့ 11 Pro Max တွေမှာတော့Super Retina XDR OLED Display (458ppi) ကိုသုံးထားပါတယ်။ ထို့ပြင် 11 Pro တွေမှာ 18W fast charger ကိုတစ်ခါတည်းထည့်ပေးထားပြီး 11 မှာတော့ 5W Standard charger ကိုသာသုံးထားပေးပါတယ်။ ထို့ပြင် 11 မှာ LCD display ဖြစ်သွားတာကြောင့် ဘေးဘောင်တွေအရမ်းထူသွားပါတယ်။ အခု iPhone 12 series မှာတော့ ဒီအပိုင်းတွေမှာအားလုံးတပြေးညီဖြစ်သွားပါပြီ။ အကုန်လုံးမှာ OLED Display ကိုသုံးထားပြီး adapter တွေကိုလည်းဘယ်မော်ဒယ်အတွက်မှမထည့်ပေးတော့ပါဘူး

iPhone 12 series မှာတူတာတွေအရင်ပြောပါမယ်

– A14 Bionic Chip (5nm)

– 5G Network

– Ceramic Shield

– OLED Display

– 20W fast charging support

– MegSafe Support

– Dual SIM (Physical Single SIM + eSIM) except China Region

– IP 68 (6m for 30 min)

– Face ID

– 60 Hz Refresh rate

ကွာခြားချက်တွေကတော့

– Screen size

12 Mini – 5.4”, 12 & 12 Pro – 6.1”, 12 Pro Max – 6.7”

  Pixel Density

12 Mini : 476 ppi, 12 & 12 Pro : 460 ppi, 12 Pro Max : 458 ppi

– Typical Brightness

12 Mini & 12 – 625 nits, 12 Pro & 12 Pro Max – 800 nits

– Battery cacacity : 12 mini 2227 mAh, 12 & 12 Pro 2775 maAh, 12 Pro Max 3687 mAh,

– Frame : 12 Mini & 12 – Aluminum; 12 Pro & 12 Pro Max – Stainless steel

– Camera : 12 Mini & 12 – Dual Camera; 12 Pro & 12 Pro Max – Quad Camera

– RAM : 12 Mini & 12 – 4GB; 12 Pro & 12 Pro Max – 6GB

– Storage : 12 Mini & 12 – 64GB/ 128GB/ 256GB ; 12 Pro & 12 Pro Max – 128GB/ 256GB/ 512 GB

ဘယ်မော်ဒယ်ကဘယ်လိုလူမျိုးတွေအတွက်ဖြစ်မလဲ

iPhone 12 Mini (starting price $729)

iPhone 12 family မှာဈေးအသက်သာဆုံးဖြစ်ပေမယ့် ကျန်တဲ့မော်ဒယ်တွေထက် ထွေထွေထူးထူးဝိတ်လျှော့ထားခြင်းမရှိပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ performance ကောင်းကောင်း Compact ဖုန်းလေးတစ်လုံးကိုင်ချင်သူတွေအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ။ screen size 5.4” ရှိပေမယ့် 19.5:9 screen ratio ဖြစ်တာမို့ 4.7” ရှိတဲ့ iPhone 6/7/8 တွေထက် body size ပိုသေးပါတယ်။ အလေးချိန်ကလည်း 135 gram သာရှိတာကြောင့် 112 gram ရှိတဲ့ iPhone 5s သာသာလေးဘဲရှိပါတယ်။

Facebook သိပ်မသုံးတဲ့လူကြီးတွေ၊ ကျွန်တော်တို့လို့ဖုန်းထက် PC ကိုပိုပြီးအသုံးများတဲ့သူတွေ၊ iPad သို့မဟုတ်Android flagship ဖုန်းတစ်လုံးရှိပြီးသားသူတွေအတွက် secondary အနေနဲ့သုံးဖို့သင့်တော်ပါတယ်။ Primary phone အနေနဲ့ဆိုရင်တော့သေးလွန်းပါတယ်။ ထို့ပြင် 2227 mAh သာရှိတဲ့ battery ကလည်း daily usage အတွက်လုံလောက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် 1800 mAH ဝန်းကျင်ဘဲပါတဲ့ iPhone 6, 7, 8, SE တွေထက်တော့များပါတယ်။ iPhone 8 လောက်သုံးရတာအဆင်ပြေတယ်ဆိုရင် 12 Mini ကလည်းအဆင်ပြေနိုင်လောက်ပါတယ်။ ထို့အပြင်သူ့ရဲ့ pixel density ကလည်း 476 ppi တောင်ရှိတာမို့ ထွက်သမျှ iPhone တွေထဲမှာအမြင့်ဆုံးပါ။


 

 

iPhone 12 Pro Max (Starting price $1099)

screen size 6.7” တောင်ရှိတာမို့ ထွက်ပြီးသမျှ iPhone တွေထဲမှာအကြီးဆုံးဖြစ်ပါတယ်။ camera ပိုင်းမှာဆိုလည်း12 Pro မှာတောင်မရတဲ့ pro feature အချို့ပါဝင်ပါတယ်။ screen size ကြီးကြီး Plus size မှသုံးချင်တယ်ဆိုတဲ့သူတွေအတွက် နောက်ဆုံးပေါ် iPhone လည်းဖြစ်ရမယ် အကြီးဆုံးနဲ့အကောင်းဆုံးဖြစ်ရမယ် ငွေလည်းတတ်နိုင်တယ်ဆိုတဲ့သူတွေအတွက်ပါ။

iPhone 12 (Starting price $829) & iPhone 12 Pro (starting price $999)

iPhone 12 နဲ့ 12 Pro က screen size, Display, Battery capacity တွေအတူတူဘဲဖြစ်ပါတယ်။ ကွာခြားချက်တွေကတော့ 12 မှာ aluminum frame ဖြစ်ပြီး 12 pro မှာတော့ stainless steel frame ဖြစ်သွားပါတယ်။ camera ပိုင်းမှာ 12 က wide နဲ့ ultrawide နှစ်လုံးဘဲပါပြီး 12 Pro မှာ Telephoto နှင့် LiDAR sensor တွေပါပါဝင်ပါတယ်။ 12 မှာ RAM 4 GB ဖြစ်ပြီး 12 Pro မှာတော့ 6 GB ပါဝင်ပါတယ်။ Storage တွေအနေနဲ့ 12 က 64 GB ကစပြီး 12 Pro ကတော့ 128 GB ကစပါတယ်။

iPhone 12 64GB ကမူရင်းဈေး ဒေါ်လာ ၈၃၀ ဖြစ်ပြီး 128GB ကတော့ဒေါ်လာ ၈၈၀ ပါ။ ဒေါ်လာ ၅၀ ဘဲကွာတော့တာကြောင့် 128GB ဘဲဝယ်သင့်ပါတယ်။ iPhone 12 Pro မှာတော့ 128 GB ကစထုတ်ပြီး ဒေါ်လာ ၁၀၀၀ ပါ။128GB ချင်းတူရင် ဒေါ်လာ ၁၂၀ သာကွာပါတော့တယ်။

ဒီမော်ဒယ်နှစ်ခုကတော်တော်လေးရွေးရခက်စေပါတယ်။ ပိုကောင်းတဲ့ build quality နဲ့ camera feature တွေသုံးချင်ရင် 12 Pro ကိုရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် camera ပိုင်းကလည်း normal usage မှာသိပ်ကွာခြားမှာမဟုတ်လို့budget လျှော့ချင်ရင်တော့ iPhone 12 လည်းအဆင်ပြေပါတယ်။ နှစ်ခုလုံးကတော့ မှားယွင်းတဲ့ရွေးချယ်မှုဖြစ်မှာမဟုတ်ပါဘူး။


 

iPhone ဘယ်မော်ဒယ်တွေ upgrade လုပ်သင့်ပြီလဲ

ကျွန်တော့အမြင်ကတော့ iPhone 7 နဲ့‌ရှေ့မော်ဒယ်တွေကတော့မဖြစ်မနေ Upgrade လုပ်သင့်နေပါပြီ။ iPhone Xs နဲ့အထက်တွေကတော့ Upgrade လုပ်စရာမလိုသေးပါဘူး (ပိုက်ဆံပေါလို့တစ်နှစ်တစ်မျိုးလဲကိုင်သူများမပါ)iPhone 8, 8 Plus နဲ့ iPhone X တွေကတော့ on the margin ပါ။ လဲသင့်ချိန်တန်ပြီဆိုပေမယ့် ဆက်ကိုင်မယ်ဆိုလည်းအဆင်ပြေပါသေးတယ်။

iOS 14 မှာမော်ဒယ်တွေအလိုက်ပေးတဲ့ feature တွေပေါ်မူတည်ပြီ ဒီလိုသုံးသပ်တာဖြစ်ပါတယ်။ Back tap feature ကို iPhone 8 နဲ့အထက်ဘဲပေးပြီး 6s နဲ့ 7 တွေမှာမရပါဘူး။ Selfie camera mirror mode နဲ့ Apple CarKey တွေကိုiPhone Xs နဲ့အထက်ဘဲပေးပြီး X နဲ့ရှေ့မော်ဒယ်တွေအတွက်မရတော့တာကြောင့် Apple ကိုယ်တိုင်ခွဲခြားပေးထားတာဖြစ်ပါတယ်။ ကျွန်တော်သတ်မှတ်တာမဟုတ်ပါဘူး။

ဒီမော်ဒယ် မျိုးထဲမှာ iPhone 12  (128 GB) က လူကြိုက်အများဆုံးနဲ့အဝယ်သင့်ဆုံးမော်ဒယ်ဖြစ်တယ်လို့ယူဆပါတယ်။

Monday, October 19, 2020

iPhone Speaker ထဲမှာဝင်နေတဲ့ရေတွေကို Shortcuts တခုနဲ့ဘယ်လိုထုတ်မလဲ?

 


iPhone Speaker ထဲမှာဝင်နေတဲ့ရေတွေကို Shortcuts တခုနဲ့ဘယ်လိုထုတ်မလဲ?

 

ဒီနေ့ပြောပြပေးသွားမှာကတော့ iPhone Speaker ထဲဝင်နေတဲ့ ရေတွေကို Shortcuts တခုလေးနဲ့ဘယ်လိုထုတ်မလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ် .. iPhone 7 ကစပြီး IP67 Water Resistant ဖြစ်လာပြီဆိုတော့ မိမိဖုန်းကိုရေစိုတဲ့နေရာတွေယူသွားလို့ရပါပြီ .. ဒါပေမယ့် Speaker တွေထဲရေဝင်သွားတဲ့အခါ အသံတိုးသွားတတ်ပါတယ် .. အဲ့အခါ သီချင်း 5 ပုဒ်လောက်ကို အသံအမြင့်ဆုံးထားပြီးဖွင့်ထားလိုက်ရင် Speaker ရဲ့တုန်ခါမှုနဲ့ ရေတွေအလိုလိုထွက်သွားပါတယ် .. အခုနည်းလေးကတော့ သီချင်းဖွင့်စရာမလိုပဲ Shortcuts တခုနဲ့ ရေထုတ်တဲ့နည်းပဲဖြစ်ပါတယ်

Step 1 – ပထမဆုံး iOS 14 တင်ထားရပါမယ် .. ပြီးရင် Settings > Shortcuts > Allow Untrusted Shortcuts ကို on ပေးရပါမယ် .. တကယ်လို့ အဲ့ဒီ Option မပါလာဘူးဆိုရင် Shortcuts app ထဲက Shortcuts တခုခုကို run ပြီးမှ ပြန်ဖွင့်ကြည့်ပါ


 Step 2 – https://www.icloud.com/shortcuts/44d02587cec14f09bc53355760fa8ae9 .. ပေးထားတဲ့ link ကိုနှိပ်ပြီး Add Untrusted Shortcut ကိုနှိပ်ပါ


Step 3 – ဒါဆိုရင် Water Eject ဆိုတဲ့ Shortcuts လေးပေါ်လာပါပြီ .. အဲ့ဒီ Shortcut ကိုနှိပ်ပြီး Begin Water Ejection ကိုနှိပ်လိုက်ရင် Speaker တုန်ခါမှုအမြင့်ဆုံးဖြစ်စေတဲ့ အသံတသံပေါ်လာပြီး ရေတွေထွက်အောင်လုပ်ပါလိမ့်မယ် .. တခါတည်း run ရုံနဲ့ရေအကုန်မထွက်ရင် ထပ်ခါထပ်ခါ run ပြီး ရေကုန်တဲ့ထိလုပ်လို့ရပါတယ်


 Video tutorial ကြည့်ချင်ရင် YouTube မှာတင်ပေးထားပါတယ် > https://www.youtube.com/watch?v=4anXMeWtzIA

Sunday, October 18, 2020

eSim ဆိုတာဘာလဲ?


 

eSim ဆိုတာဘာလဲ? eSim ရဲ့ အားသာချက်တွေကရောဘာတွေလဲ?

 

eSim ဆိုတာကတော့ Embedded Sim ဒါမှမဟုတ် Electronic Sim လို့ အဓိပ္ပာယ်ရပါတယ် .. ကျွန်တော်တို့နေ့စဉ်အသုံးပြုနေကျ Sim card တွေဟာ Physical Sim လို့ခေါ်ပြီး ဒီ Physical Sim ကိုအသုံးပြုမယ်ဆိုရင် Sim Card ကိုဖုန်းထဲထည့်သွင်းထားရပါတယ် ..

ဖုန်းတမျိုးနဲ့တမျိုးလဲ Sim card slot အရွယ်အစားမတူလို့ Nano Sim, Micro Sim စသဖြင့် Sim card အရွယ်အစားမျိုးစုံလဲရှိပါတယ် .. ဒီတော့ eSim ဆိုတာ Physical Sim လို Sim card ကြီးဖုန်းထဲထည့်ထားစရာမလိုတဲ့ Embedded Sim ပဲဖြစ်ပါတယ် ..

လက်ရှိမြန်မာနိုင်ငံမှာ eSim Support ပေးတဲ့ carrier ဆိုလို့ MyTel တခုတည်းသာရှိပြီး လက်ရှိမှာ MyTel ကိုယ်တိုင်ကိုက eSim အရောင်းပိတ်ထားတယ်လို့သိရပါတယ်


eSim ကို Apple က 2017 မှာထွက်ခဲ့တဲ့ Apple Watch Series 3 မှာစတင်ပြီး Support လုပ်ခဲ့တာဖြစ်ပါတယ် .. iPhone တွေမှာဆိုရင် 2018 ကမိတ်ဆက်ခဲ့တဲ့ iPhone XS/XS Max, iPhone XR Series တွေကစပြီး ဒီနှစ်ထုတ်ခဲ့တဲ့ iPhone 11 Series တွေပါ eSim ကို အသုံးပြုမှာဖြစ်ပါတယ် ..

eSim စတင်ပြီးဝယ်ယူပြီဆိုရင် Operator က Sim card ပေးမှာမဟုတ်ပဲ QR Code လေးသာပေးလိုက်မှာဖြစ်ပါတယ် .. ဒီ QR Code လေးကို Cellular ထဲက Add Mobile Plan မှာသွားပြီး Scan ဖတ်လိုက်တာနဲ့ Sim card ထည့်လိုက်သလိုမျိုး လိုင်းတက်လာမှာဖြစ်ပြီး eSim ကိုအသုံးပြုလို့ရပါပြီ

eSim ရဲ့ အကြီးမားဆုံးအားသာချက်ကတော့ ဖုန်းပျောက်သွားရင်ပြန်လိုက်လို့လွယ်အောင်ပြုလုပ်ထားလို့ရတာပါပဲ ..

သာမန် Physical sim တွေဆိုရင် ကောက်ရထားတဲ့လူက Sim ကိုထုတ်ပစ်လိုက်လို့ရပါတယ် .. ဒါပေမယ့် eSim က Settings ထဲသွားပြီး Remove လုပ်ရမှာဖြစ်လို့ Phone ကိုသာ Passcode lock ခံထားရင် eSim က active ဖြစ်နေဦးမှာပါ ..

ကောက်ရတဲ့လူက Airplane Mode on ပြီး Internet ပိတ်လို့ရပါသေးတယ်ဆိုပေမယ့် Lock Screen က Control Center access ကိုပိတ်ထားလိုက်မယ်ဆိုရင် ကောက်ရတဲ့လူအနေနဲ့ Power ပိတ်ထားရုံကလွဲပြီး ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး .. Power သာ On ထားမယ်ဆိုရင် internet access ရနေမှာဖြစ်ပြီး Find my iPhone ကနေတဆင့်အလွယ်တကူ ရှာတွေ့နိုင်မှာပဲဖြစ်ပါတယ်

နောက်ထပ်အားသာချက်တခုကတော့ Warranty claim လုပ်ဖို့လွယ်တာပါ ..

Physical Dual Sim iPhone တွေဟာ တရုတ်ပြည်အတွက်သာ ထုတ်လုပ်ပေးထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတွေအတွက် တရားဝင်အလုံးမဟုတ်ဘူးလို့သတ်မှတ်လို့ရပါတယ် ..

ဒီတော့ Warranty ကာလအတွင်း Factory fault ကြောင့် Apple ကိုပြန်ပို့ရတော့မယ်ဆိုရင် China ကိုပြန်ပို့ရတာဖြစ်လို့ ဆိုင်တော်တော်များများက Physical Dual Sim ကို Warranty claim ပေးဖို့လက်တွန့်တတ်ကြပါတယ် ..

ဒါ့အပြင် eSim က Physical Sim တွေလိုမျိုး Sim card ပျောက်တာမျိုးတွေလဲမရှိတော့ပါဘူး .. ပြီးတော့ Multiple Operator Support ပေးလာတဲ့နေ့ကျရင် eSim သမားတွေက sim card ထုတ်လဲစရာမလိုပဲ eSim နဲ့သာ carrier ပြောင်းလို့ရမှာဖြစ်လို့ ဒါကလဲ eSim ရဲ့ အားသာချက်တခုပါပဲ

အခုလက်ရှိ eSim သုံးလို့ရတဲ့ Device တွေဟာ လက်ချိုးရေလို့ရနေပါသေးတယ် .. Apple တခုတည်းကသာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာဖြစ်ပါတယ် .. Google Pixel တွေမှာလဲ eSim သုံးလို့ရတယ်ဆိုပေမယ့် US တခုတည်းမှာသာ သုံးလို့ရနေသေးတာဖြစ်လို့ အဆင်မပြေသေးဘူးလို့ပြောလို့ရပါတယ်

အောက်ကပုံကတော့ ကျွန်တော့်ဖုန်းပုံပါ .. Settings > Cellular ကိုဓာတ်ပုံရိုက်ပြထားတာဖြစ်ပြီး .. အပေါ်က Primary ဆိုတာ Physical Sim ဖြစ်ပြီးအောက်က Mobile Data ဆိုတာကတော့ eSim ပဲဖြစ်ပါတယ် .. eSim ထည့်ချင်ရင် အောက်က Add Mobile Plan ကိုနှိပ်ပြီး QR Code scan ဖတ်လိုက်ရတာပါ .. ဒါပါပဲ


 

 

iPhone 12 နှင့် iPhone 12 Pro သင့်ရဲ့ရွေးချယ်မှုက ဘယ်တစ်ခုဖြစ်မလဲ




iPhone 12 နှင့် iPhone 12 Pro သင့်ရဲ့ရွေးချယ်မှုက ဘယ်တစ်ခုဖြစ်မလဲ
iPhone 12 နဲ့ 12 Pro က အလွန်ဆင်တူလှပါတယ်
နှစ်ခုလုံးမှာ 6.1-inch OLED displays လေးထောင့်ဆန်နေတဲ့ designs နှင့် Apple’s A14 Bionic processor ပါဝင်ပါတယ်
ဒါပေမယ့် သေသေချာချာလေးကြည့်မယ် ဆိုရင်တော့ iPhone 12 နဲ့ 12 Pro မှာကွာခြားမှုလေးတွေ ရှိပါတယ်
ဒီနေရာမှာတော့ iPhone 12 နဲ့ 12 Pro ကို အဓိကပြောသွားမှာပါ
12 mini နဲ့ 12 က တူညီပေမယ့်လည်း Display size ,resolution ကွာခြားချက်လေးတွေရှိပါတယ်
အဲလိုပဲ 12 နဲ့ 12 Pro Max ကျတော့ လည်း အရွယ်အစားတွေ camera တွေကွာခြားပါတယ်
ဒီတော့ 12 နဲ့ 12 Pro ကိုပဲ နှိုင်းယှဉ် ကြည့်လိုက်ကြရအောင်
🔸Display
iPhone 12 and the iPhone 12 Pro နှစ်ခုလုံးမှာ
6.1-inch Super Retina XDR display ပါဝင်ပြီး
OLED technology ကိုအသုံးပြုထားပါတယ်
resolution ကတော့ 2532 x 1170 pixels ရှိပြီး တစ်လက်မကို 460 pixels ရှိပါတယ်
မတူတာတခုကတော့ 12 Pro Display က “typical” brightness iPhone 12 ထက် 800 nits နှင့် 625 ပိုမြင့်ပါတယ်
iPhone 12 နှင့် iPhone 12 Pro display နှစ်ခုလုံးကို Ceramic Shield technology ဖြင့်ကာကွယ်ထားပါတယ် ။ အရင်ကထက် ၄ဆ ပြုတ်ကျခံနိုင်တယ် လို့  ကပြောထားပါတယ်
iPhone 12 and iPhone 12 Pro မှာ
* 2,000,000:1 contrast ratio
* True Tone display
* Wide color display (P3)
* Haptic Touch ပါဝင်ပါတယ်
🔸Design
iPhone 12 နှင့် iPhone 12 Pro တို့သည်ဒီဇိုင်းပိုင်းနှင့်အလွန်ဆင်တူသည်။ နှစ်ခုလုံးမှာ iPad Pro နှင့် iPhone 4 / iPhone 5 တို့နှင့်ဆင်တူပါတယ်
12 ရော 12 Pro မှာပါ Face ID အာရုံခံစနစ်တပ်ဆင်ထားပြီး အရွယ်အစားကလဲ အတူတူပါပဲ
Design အဓိကကွာခြားချက်မှာ iPhone 12 ကို Apple က "aerospace-grade aluminium" နှင့် iPhone 12 Pro ကိုတော့ “surgical-grade stainless steel.” နဲ့ပြု လုပ်ထားပါတယ်
ပြောချင်တာက 12 ကို Aluminum နဲ့ လုပ်ထားပြီး 12 Pro ကို Stainless steel နဲ့လုပ်ထားပါတယ်
ဒါက iPhone ရဲ့Weight ကိုကွာခြားသွားစေပါတယ်
iPhone 12 က ၅.၇၈ အောင်စ၊ iPhone 12 Pro က ၆.၆၆ အောင်စအလေးချိန်ရှိပါတယ်
12 ရော 12 Pro ရဲ့ dimensionsကလည်း အတူတူပါပဲ
* Height: 5.78 inches
* Width: 2.82 inches
* Depth: 0.29 inches
iPhone 12 နှင့် iPhone 12 Pro နှစ်ခုစလုံးသည် IP68 splash, water နှင့် dust resistance များအတွက်အဆင့်သတ်မှတ်ထားပါတယ်
ဒီသတ်မှတ်ချက်အရ iPhone 12 နှင့် iPhone 12 Pro သည်မိနစ် ၃၀ ရေအနက် ၆ မီတာအတွင်းနစ်မြုပ်မှုကိုခံနိုင်ပါတယ်
🔸Performance and battery life
iPhone 12 နှင့် iPhone 12 Pro နီးပါးတူညီတဲ့ Processor ကိုအသုံးပြုထားပါတယ်
12 ရော 12 Pri နှစ်ခုစလုံးမှာ Apple ၏နောက်ဆုံးထွက် A14 Bionic Chip ကိုသုံးပေးထားပါတယ်
A14 Bionic မှာဆိုရင် high-performance cores နှစ်ခု နှင့် efficiency cores လေးခုပါခင်ပါတယ်
iPhone 12 နှင့် iPhone 12 Pro နှစ်ခုလုံးတွင်နောက်ဆုံးပေါ် Neural Engine ကိုတပ်ဆင်ထားပြီး
machine learning ကိုပိုမိုကောင်းမွန်တယ်လို့ဆိုထားပါတယ်
Apple ရဲ့အဆိုအရ 16-core Neural Engine သစ်သည်ယခင်မျိုးဆက်နှင့်နှိုင်းယှဉ်လျှင်စွမ်းဆောင်ရည် ၈၀ ရာခိုင်နှုန်းပိုမိုမြင့်တက်စေသည်ဟုပြောကြားခဲ့ပါတယ်
iPhone 12 Pro တွင် 6GB RAM နှင့် iPhone 12 တွင် 4GB ပါဝင်သည်။
iPhone 12 Pro RAM အနည်းငယ်ထပ်ဖြည့်ထားတာက သူ့မှာပါဝင်လာတဲ့ Camera Features တွေကြောင့်ဖြစ်ပါတယ်
သို့သော် RAM ကွာခြားချက်သည်ကင်မရာ၏အပြင် အခြားစွမ်းဆောင်ရည်အပေါ်အဓိကသက်ရောက်မှုမရှိနိုင်ပါဘူး
နောက်ဆုံးအနေနဲ့၊ Apple က iPhone 12 နဲ့ iPhone 12 Pro ဟာဘက်ထရီသက်တမ်းတူညီတယ်လို့ပြောပါတယ်။
* Video playback: Up to 17 hours
* Video playback (streamed): Up to 11 hours
* Audio playback: Up to 65 hours
Device နှစ်ခုလုံးမှာ fast-charging support လုပ်ပေးထားပါတယ်
20w power adapter နဲ့ဆိုရင် 50% ကို 30 minutes နဲ့သွင်းနိုင်မှာဖြစ်ပါတယ် 7.5W wireless charging စနစ်ကိုလုထောက်ပံပေးထားပါတယ် MagSafe ကို အသုံးပြုပြီိး 15W wireless Charging ကိုလဲ Support လုပ်ထားပါသေးတယ်
🔸Connectivity
iPhone 12 lineupက ပထမဆုံး 5G စနစ်ပါဝင်လာတဲ့ iPhone လဲဖြစ်ပါတယ်
12 Pro မှာလဲ 5G စနစ်ပါဝင်ပါတယ်
United State မှာ iPhone 12 နှငျ့ iPhone 12 Pro နှစျခုစလုံးသညျ sub-6GHz 5G နှငျ့ mmWave 5G ကိုထောက်ပံ့ပေးထားပါတယ်
ဒါပေမယ့်လည်း နိုင်ငံတကာမှာကတော့ 5G ကို Support ပေးနိုင်မှုက အကန့်အသတ်နဲ့ရှိနေပါတယ်
🔸Camera
ဒီနေရာမှာအဓိက ကွားခြားမှုတွေရှိလာပါမယ်
iPhone 12 မှာက dual-camera system နဲ့ဖြစ်ပြီိး 12MP ultra wide lens and a 12MP wide lens တို့ဖြစ်ပါတယ်
Optical image stabilization နှင့်အခြားအရာများဖြစ်တဲ့ Night mode နှင့် Deep Fusion processing
တို့ပါ ဝင်ဦးမှာဖြစ်ပါတယ်
iPhone 12 camera features:
* Dual 12MP camera system: Ultra Wide and Wide cameras
* Ultra Wide: ƒ/2.4 aperture and 120° field of view
* Wide: ƒ/1.6 aperture
* 2x optical zoom out
* Digital zoom up to 5x
* Portrait mode with advanced bokeh and Depth Control
* Portrait Lighting with six effects (Natural, Studio, Contour, Stage, Stage Mono, High‑Key Mono)
* Optical image stabilization (Wide)
* Five‑element lens (Ultra Wide); seven‑element lens (Wide)
* Brighter True Tone flash with Slow Sync
* Panorama (up to 63MP)
* Sapphire crystal lens cover
* 100% Focus Pixels (Wide)
* Night mode (Ultra Wide, Wide)
* Deep Fusion (Ultra Wide, Wide)
* Smart HDR 3 with Scene Detection
* Wide color capture for photos and Live Photos
* Lens correction (Ultra Wide)
* Advanced red‑eye correction
* Auto image stabilization
* Burst mode
* Photo geotagging
* Image formats captured: HEIF and JPEG
iPhone 12 Pro မှာကတော့ triple-camera setup ဖြစ်ပြီး ultra , wide, and telephoto lenses တို့ပါဝင်ပါတယ်
Portrait mode ကိုအသုံးပြုနေစဉ် Night mode အတွက်လည်းအထောက်အပံ့ရရှိမှာဖြစ်သည်။
12Pro မှာ LiDAR Scanner ပါဝင်လာပါတယ်
နောက်ထပ်ကွဲပြားခြားနားချက်တစ်ခုကတော့  ရဲ့
new ProRAW photo format ဖြစ်ပါတယ် ။သူက iPhone photographers တွေကို သူတို့ရဲ့ Post-processing အတွက်ပို ပြီး ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်
iPhone 12 Pro camera features:
* Pro 12MP camera system: Ultra Wide, Wide, and Telephoto cameras
* Ultra Wide: ƒ/2.4 aperture and 120° field of view
* Wide: ƒ/1.6 aperture
* Telephoto: ƒ/2.0 aperture
* 2x optical zoom in, 2x optical zoom out; 4x optical zoom range
* Digital zoom up to 10x
* Night mode portraits enabled by LiDAR Scanner
* Portrait mode with advanced bokeh and Depth Control
* Portrait Lighting with six effects (Natural, Studio, Contour, Stage, Stage Mono, High‑Key Mono)
* Dual optical image stabilization (Wide and Telephoto)
* Five-element lens (Ultra Wide); six‑element lens (Telephoto); seven-element lens (Wide)
* Brighter True Tone flash with Slow Sync
* Panorama (up to 63MP)
* Sapphire crystal lens cover
* 100% Focus Pixels (Wide)
* Night mode (Ultra Wide, Wide)
* Deep Fusion (Ultra Wide, Wide, Telephoto)
* Smart HDR 3 with Scene Detection
* Apple ProRAW
* Wide color capture for photos and Live Photos
* Lens correction (Ultra Wide)
* Advanced red-eye correction
* Photo geotagging
* Auto image stabilization
* Burst mode
* Image formats captured: HEIF and JPEG
iPhone 12 နှင့် iPhone 12 Pro တို့တွင်တူညီသောဗီဒီယိုမှတ်တမ်းတင်ခြင်းစွမ်းရည်ပါရှိပါတယ်
iPhone 12 Pro တွင် Dolby Vision HDR ကို 60 fps နှုန်းဖြင့်ရိုက်ကူးနိုင်ပြီး iPhone 12 Dolby Vision ၏ထောက်ပံ့မှုသည် 30 fps အထိပဲရပါတယ်
iPhone 12 Pro တွင်အသံဖမ်းယူစဉ် 6x နှင့် 3x နှင့် 2x optical zoom တို့တွင် digital zoom လည်းပါဝင်မှာဖြစ်ပါတယ်
iPhone 12 နှင့် iPhone 12 Pro အကြားအဓိကကွဲပြားခြားနားသောအချက်က Camera ပိုင်းပဲဖြစ်ပါတယ်
iPhone 12 Pro တွင်မတူညီသောကင်မရာစွမ်းရည်အမျိုးမျိုးကို iPhone 12မှာရရှိနိုင်မှာ မဟုတ်ပါဘူး
Camera ကလွဲပြီး အခြားအရာတွေကိုချုံ့ကြည့်ပြီးကြည့်တဲ့အခါ၊ iPhone 12 နဲ့ iPhone 12 Pro တို့နဲ့ခွဲခြားဖို့ခက်ပါတယ်
6.1 inch OLEDDisplay ၊5G၊ Apple ၏အမြန်ဆုံး A14 Bionic Processor , တူညီတဲ့ Design တွေကရွေးချယ်ဖို့ အတော်လေး ခက်လှပါတယ်
iPhone 12 နဲ့ iPhone 12 Pro ကိုဘယ်လိုထင်သလဲ။
သင်ဆိုရင်ရော ဘယ် ဖုန်းကိုရွေးမလဲ ဆိုတာ Comments မှာ ဝင်ရောက်ဆွေးနွေးပေးသွားပါဦိး
ကျေးဇူးတင်ပါတယ် ခင်ဗျာ