Friday, October 16, 2020

iOS 14 ၏ PiP ခေါ် Picture in Picture Feature ကို အသုံးပြုနည်း

 

iOS 14 ၏ PiP ခေါ် Picture in Picture Feature ကို အသုံးပြုနည်း

iOS 14 တရားဝင်ထွက်လာတော့ ဘာတွေအသစ်ပါလာသလဲ ဘယ်လိုဟာတွေက ကိုယ့်အတွက် အသုံးဝင်မလဲ စသည်စသည်ဖြင့် မေးကြမြန်းကြ ရှာကြဖတ်ကြနဲ့ပေါ့။ တကယ်တော့ ကျနော်တို့လို နည်းပညာစိတ်ဝင်စားတဲ့သူတွေ အတော်များများကတော့ iOS 14 မှာပါလာတဲ့ Features အားလုံးမဟုတ်တောင်မှ အတော်လေးကို ရှာဖွေသိရှိပြီး ဖြစ်နေပါလိမ့်မယ်။

ဘာလို့ဆို iOS 14 ရဲ့ Beta Versions တွေကထဲက တင်ပြီး စမ်းသပ်ခဲ့ကြပြီး ဖြစ်နေကြလို့ပါပဲ သို့ပေမယ့်အခု iOS 14 ကို တရားဝင် Public ကို ထုတ်ပေးလာတော့မှ Upgrade မြှင့်ပြီး အသုံးပြုမယ့် End Users များကတော့ ကျနော်တို့လို့ကလိထားပြီးတဲ့သူတွေက ပြန်လည်မျှဝေပေးမှသာ သိရှိအသုံးပြုနိုင်ကြမှာဖြစ်လို့အခုလို ဒီပို့စ်လေးကို တင်လိုက်ရတာပဲဖြစ်ပါတယ်  သိပြီးသူများကတော့ ကျော်သွားလိုက်ပါ။







Messenger က Reply Reaction ကို စိတ်ကြိုက် Emoji ပြောင်းထားကြမယ်။

 Messenger က Reply Reaction ကို စိတ်ကြိုက် Emoji ပြောင်းထားကြမယ်။

 အသုံးပြုနည်းကို ပုံတွင်ကြည့်ပါ။

တဖက်မှပြန်စာကို ဖိလိုက်တဲ့အခါ Reaction လေးတွေပေါ်လာပါတယ် ဒါကိုတော့ User တိုင်းသိကြမှာပါ ယခုချိန်မှာတော့ Original ပါလာတဲ့ အဲ့ဒီ Reaction ကို မိမိစိတ်ကြိုက် Emoji များနဲ့ ပြောင်းသုံးနိုင်ပါပြီ။ ပထမဆုံးအနေနဲ့ Reaction မှာ + ခလုတ်လေး ပေါ်နေရပါမယ် မပေါ်ဘူးဆိုရင် Messenger Acc ကို Log out လုပ်ပြီး Login ပြန်ဝင်ပေးလိုက်ပါ။ ဒါဆိုရင် + ခလုတ်လေးပေါ်လာပါလိမ့်မယ်။


 ဒီလိုမျိုးလေးပေါ့ မိမိလိုချင်တဲ့ emoji ကို အသုံးပြုနိုင်ပါပြီ။

 Original ပါတဲ့ Reaction ကို အခြား emoji များပြောင်းထည့်ခြင်တယ်ဆိုရင်တော့ Customize ကိုနှိတ်ကာ မိမိထည့်ချင်တဲ့ emoji ကိုရွေးပြီး Done ကိုနှိတ်ကာ ထည့်သွင်းနိုငိပါတယ်။

iPhone တွေမှာ Battery 100% ပြည့်ရင် Notification ပြအောင် ဘယ်လိုလုပ်မလဲ

 

iPhone တွေမှာ Battery 100% ပြည့်ရင် Notification ပြအောင် ဘယ်လိုလုပ်မလဲ


iPhone Battery တွေ သက်တမ်းတိုစေနိုင်တဲ့

အချက်တွေထဲမှာ  Battery 100% ပြည့်တာ မသိပဲ တစ်ညလုံး ကြိုးတပ်ထားမိတာလဲ

တစ်ခု အပါအဝင် ပေါ့..

မင်မင်ဆိုလည်း အားသွင်းကြိုး ဖြုတ်ဖို့ အရမ်းပျင်းတာ..

ခုတော့ အားပြည့်တာနဲ့ ချက်ချင်း Noti ပေးလို့

အချိန်မီ ဖြုတ်ထားနိုင်ပြီလေ..

လွယ်လွယ်လေးနော်..တစ်ဆင့်ချင်းဆီသာ လိုက်လုပ်ပေးလိုက်..

ဒီလို Easy Tips လေးတွေ ဆက်ပြီး တင်ပေးသွားမှာဆိုတော့ see first လုပ်ရင်း

သူများတွေအတွက် ရှယ်ပေးသွားဦးနော်..

Remax Myanmar

Search Bar မှာ Shortcuts ကို ရှာပြီး ဝင်


 Create Personal Automation နှိပ်


 Battery Level ကိုရွေး

ကိုယ်က 80% မှာ ပြပေးစေချင်ရင်တော့ အဲဒီအထိပဲ ဆွဲပေါ့နော်


 

Search Box မှာ Notification ရိုက်ပြီး ရှာလိုက်နော်

 

Ask Before Running ပိတ်ဖြစ်အောင် ပိတ်ပါ..


 

"iPhone 12 Pro ကို မ၀ယ်ခင်သိထားသင့်တဲ့အချက်များ"

 

"iPhone 12 Pro ကို မ၀ယ်ခင်သိထားသင့်တဲ့အချက်များ"
မကြာခင်ဈေးကွက်ထဲကိုရောက်လာတော့မယ့် iPhone 12 Series မှာ Pro Model ကိုမှသဘောကျတဲ့သူတွေအတွက် အစောဆုံးရောက်လာဖို့ ရှိနေတဲ့ iPhone 12 Pro အကြောင်းကိုလေ့လာလိုက်ကြရအောင်..
ဆိုတော့ iPhone 12 Pro မှာဘာတွေများထူးခြားလာလဲ???
Design
iPhone 12 Pro ရဲ့ Design ကတော့ Pro ဆိုတဲ့အတိုင်း Premium Design ဘက်ကိုရောက်သွားပါတယ်။ သူ့မှာလည်း Rounded Edges Designအစား iPad Pro‌ လို Flat-edge Frame Design ကိုသုံးပေးထားပါတယ်။ ဖုန်းရဲ့ ရှေ့ဘက် Screen ကိုလည်း iPhone 12 လို Ceramic Shield cover အသစ်နဲ့ကာကွယ်ပေးပါတယ်။ ဒီ Ceramic Shield cover ကို လက်ရှိ Smarphone တွေထဲမှာ အကြမ်းခံနိုင်ဆုံး Glass လို့ Apple ကတော့ ဆိုထားပါတယ်။ ဖုန်းရဲ့ ကျောဘက်ကိုတော့ Gorilla Glass နဲ့ကာကွယ်ပေးထားပြီး ဘေးဘောင်ကတော့ Apple ရဲ့ High-end Flagship ဖုန်းတွေအတိုင်း Stainless Steel Frame နဲ့ကွပ်ပေးထားပါတယ်။
Display
Display အတွက်ဖုန်းမှာ iPhone 12 လို (2532 x 1170 pixels resolution) ရှိတဲ့ 6.1-inches OLED Super Retina XDR Display ကိုအသုံးပြုပေးထားပါတယ်။ ထုံစံအတိုင်း High Refresh Rate တွေတော့တော့ပါလာခြင်းမရှိပေမယ့် အကောင်းဆုံးဆိုတဲ့ Display ရစေဖို့ 1,200 nits of brightness, Dolby Vision ၊ HDR10 ၊ သဘာ၀ကျတဲ့ Viewing Experience ရစေဖို့ True Tone ၊ True-to-life Colors တို့ကိုထောက်ပံ့ပေးထားပါတယ်။
Camera
iPhone 12 Pro ရဲ့ Camera မှာတော့ Triple Camera Setup ထဲမှာ 12 MP, f/1.6, Wide Angle Camera ၊ 12 MP, f/2.4 ,Ultrawide Lens နဲ့
12 MP, f/2.0, 52mm Focal Length Telephoto Lens တို့ကိုတပ်ဆင်ပေးထားပါတယ်။ းထားပါတယ်။ Telephoto Lens ကြောင့် 2x optical zoom နဲ့ total range 4x Optical Zoom ကိုပေးနိင်ပါတယ်။ နောက်ထပ် ဒီ Triple Camera နဲ့အတူ LiDAR Sensor ကိုပါထည့်ပေးလာပါတယ်။
ဒီ LiDAR Sensor ကြောင့် ဆန်းသစ်လှတဲ့ Photography ကိုခံစားနိုင်မှာပါ။ အကြောင်းကတော့ LiDAR Sensor ဟာ ပြင်ပပတ်၀န်းကျင်ရ‌ဲ့ 3D Maps တွေကိုပြုလုပ်ပေးနိုင်လို့ပါပဲ။ နောက်ပြီး ဒီ LiDAR Sensor ကို Reality Application တွေမှာသုံးနိုင်ရုံသာမက အမှောင်ထဲမှာလည်း ပိုမိုမြန်ဆန်တဲ့ Focus ရစေဖို့လည်း သုံးနိုင်ဦးမှာပါ။ ဒီလို ညဘက်မှာ Focus လုပ်တာက အရင်က iPhone တွေက ၆ ဆပိုမြန်ပြီး ပိုတိကျတယ်လို့ Apple ကဆိုထားပါတယ်။ Focus မြန်သွားတဲ့အတွက် Capture Process ဟာလည်းပိုမြန်သွားပါတယ်။ နောက်ထပ် Apple ProRAW ဆိုတဲ့ Feature အသစ် လည်းပါလာပါတယ်။
ဒီ Cameras တွေဟာ 10-bit HDR Dolby Vision video (60fps) ကိုရိုက်ကူးပေးနိုင်ပြီး ရုပ်ရှင်အ‌ရည်အ‌သွေးမျိုးရှိတဲ့ Video တွေကိုလည်းရိုက်ကူးနိုင်မှာပါ။ နောက်ထပ် 60fps 4K video recording ကိုပါထောက်ပံ့ပေးထားပါတယ်။
တစ်ခြား Features တွေအနေနဲ့ Night mode Time-Lapse feature ၊ Smart HDR 3 ၊ Deep Fusion ၊ Night mode နဲ့ Night mode Portrait shots တို့ကိုထောက်ပံ့ပေးထားပါတယ်။
Selfie မှာတော့ 12 MP, f/2.2, Wide Camera ကို SL 3D, (depth/biometrics sensor) နဲ့တွဲပေးထားပါတယ်။ ဒီ Selfie Camera ဟာလည်း
Smart HDR 3 ၊ Deep Fusion ၊ Night mode နဲ့ Night mode Portrait shots နဲ့ Dolby Vision selfie videos စတဲ့ Features တွေကိုထောက်ပံ့ပေးထားပါတယ်။ Selfie ဟာလည်း 60fps 4K Videos တွေကိုရိုက်ပေးနိုင်ပါတယ်။
Performance
Performance မှာလည်း iPhone 12 လို A14 Bionic Chipset နဲ့ အားဖြည့်ပေးထားပြီး 5G Connectivity ကိုထောက်ပံ့ပေးထားပါတယ်။ ဒီမှာ Application Bandwidth အပေါ်မူတည်ပြီး 4G/5G ပြောင်းပေးမယ့် Smart Data Mode လည်းပါလာပါတယ်။ ဒါကြောင့် 5G ဟာ လိုအပ်တဲ့အချိန်မှာသာသုံးလို့ရမှာဖြစ်တဲ့အတွက် ဖုန်းရ‌ဲ့ Battery Life ကပိုတိုးတက်လာမှာပါ။
Apple ကတော့ ဒီ Chipset ကို Smartphone တွေထဲမှာအမြန်ဆံုး Chipset လို့ဆိုထားပါတယ်။
A14 Chipset မှာ High- Performance Cores နှစ်ခု ၊ Efficiency Cores လေးခုနဲ့အတူ GPU Cores လေးခု ၊ ISP နဲ့ Apple Neural Engine ပါ၀င်ထားပါတယ်။ ဒီ Core တွေကြောင့် Graphics ဟာ
50%အထိပိုမြန်သွားပြီး Machine Learning tasks မှာတော့ 80% အထိပိုမြန်သွားပါတယ်။
ဆိုတော့ iPhone 12 နဲ့အတူ အကောင်းဆုံးသော Performance ကိုခံစားလို့ရမှာကအသေအချာပါပဲ။ Software မှာတော့ iOS 14 နဲ့ Run ပေးထားပါတယ်။
Battery
Battery မှာတော့ 20W Fast Charging ၊ Qi Fast Wireless Charging ထောက်ပံ့ပေးထားတဲ့ 2,775 mAh Battery ကိုသုံးပေးထားပါတယ်။ 20W Fast Charging ကြောင့် မိနစ် ၃၀ အတွင်း 50% သွင်းနိုင်မယ်လို့ သိရပါတယ်။ ဒီ 2,775 Battery ဟာ Video Playback ၁၇ နာရီ ၊ Streaming Video Playback ၁၁ နာရီ နဲ့ Audio Playback
၆၅ နာရီအထိပေးနိုင်ပါတယ်။ iPhone 12 နဲ့ အတူတူပါပဲ။
တစ်ခြား Features တွေအနေနဲ့ ဖုန်းမှာ Face ID ၊ IP 68 Rating ၊ Stereo Speakers စတဲ့ Features တွေပါဝင်ထားပါတယ်။ iPhone 12 Series အားလုံးရဲ့ ဘူးထဲမှာ အားသွင်းခေါင်းနဲ့နားကြပ်တော့ပါလာခဲ့ခြင်းမရှိတော့ဘဲ USB-C to Lightning Port ပဲပါလာမှာဖြစ်တဲ့အတွက် ဖုန်း၀ယ်တဲ့အခါ Charger ၀ယ်ဖို့မ‌မေ့ပါနဲ့နော် 

 

iPhone 12 Models တွေရဲ့ Battery Size


 

iOS 14 မှာ Status Bar ပေါ်က အစိမ်းရောင် လိမ္မော်ရောင် အစက်လေးတွေက ဘာကိုဆိုလိုတာလဲ

 

iOS 14 မှာ Status Bar ပေါ်က အစိမ်းရောင် လိမ္မော်ရောင် အစက်လေးတွေက ဘာကိုဆိုလိုတာလဲ

iOS 14 မှာ စွမ်းဆောင်ရည်အသစ်များနှင့် အပြောင်းအလဲ များစွာ ပါဝင်လာတယ်ဆိုတာ အားလုံး သိပြီးဖြစ်မှာပါ သင့်အနေနဲ့ Status Bar ရဲ့ ညာဘက်အစွန်မှာပေါ်နေတဲ့ အစိမ်းရောင် နဲ့ လိမ္မော်ရောင်အစက်တွေက ဘာကြောင့်ပေါ်တယ်ဆိုတာ အရမ်းသိချင်နေမယ်ထင်ပါတယ်။

အဲ့ဒီအစက်တွေဟာ သင့်ရဲ့ကိုယ်ရေးကိုယ်တာ လုံခြုံမှုကိစ္စတွေကို ကာကွယ်ကူညီပေးမယ့် အချက်ပြစနစ်ဖြစ်ပါတယ် ဥပမာ အနေနဲ့ Macbooks နှင့် Mac တွေရဲ့ Web Camera ဘေးမှာ အစိမ်းရောင် LED မီးလေးရှိပါတယ်

အဲ့ဒါဟာသင် ကင်မရာ အသုံးပြုတဲ့အချိန် အခြား Third Party App များက Track လုပ်နေရင် အသိပေးမဲ့ စနစ်တစ်ခုဖြစ်ပါတယ်။iPhone နဲ့ iPad တွေမှာ LED စနစ်ထည့်ဖို့ နေရာမပေးချင်တော့တာကြောင့်ယခုလို Status Bar ပေါ်မှာ နေရာပေးလိုက်ရခြင်းဖြစ်ပါတယ်။


iPhone / iPad ပေါ်က လိမ္မော်ရောင် အစက်ကလေးက ဘာကိုဆိုလိုတာလဲ

ထိုလိမ္မော်ရောင် အစက်ကလေးဟာ သင့်ဖုန်းထဲက အသံနဲ့ အသုံးပြုရမဲ့ App တစ်ခုခုကို သုံးတဲ့အချိန်ပေါ်လာမှာဖြစ်ပြီး အကြောင်းက သင်မိုက်ခရိုဖုန်း သုံးနေပြီဆိုတာကိုပြပေးတာဖြစ်ပါတယ်။ ဥပမာအနေနဲ့ Siri သို့မဟုတ် ဖုန်းခေါ်တဲ့အချိန် ဖြစ်ဖြစ်  အသံနဲ့ ပတ်သက်တဲ့ App ကိုအသုံးပြုပြီဆိုတာနဲ့ အလျိုအလျောက် ပေါ်လာမှာဖြစ်ပါတယ် အမြဲတန်းပေါ်နေမှာတော့မဟုတ်ပါဘူး

ထိုလိမ္မော်ရောင်အစက်ကလေးဟာ အသံနဲ့ အသုံးမပြုရတယ့် App တွေမှာ ပေါ်နေရင်တော့ သေချာပါတယ် သင့်ရဲ့အသံတွေကို Track လုပ်နေပါပြီ။ယခင် iOS Version အဟောင်းတွေမှာ ယခုလို Function မပါဝင်တာကြောင့် App တစ်ခုဟာ သင့်ရဲ့ Privacy ကိုTrack လုပ်နေလားဆိုတာ မသိရှိခဲ့ရပါဘူး


iPhone / iPad ပေါ်က အစိမ်းရောင် အစက်ကလေးက ဘာကိုဆိုလိုတာလဲ

အစိမ်းရောင်အစက်ကလေးတွေကတော့ App တစ်ခုက ကင်မရာကို အသုံးပြုနေတဲ့အခါ ဓာတ်ပုံရိုက်တဲ့အခါတွေမှာ ပေါ်ပါတယ် ကင်မရာသုံးနေတဲ့အ ချိန် မိုက်ကရိုဖုန်းကောသုံးနိုင်တာကြောင့် လိမ္မော်ရောင် အစက်သီးသန့်ပေါ်မှာမဟုတ်ပဲ အစိမ်းရောင်အနေနဲ့ပဲပေါ်ပါမယ်။ ဒါဟာလဲ အပေါ်ကနည်းတူပါပဲ ပုံမှန်မဟုတ်တဲ့ App တစ်ခုဟာ ကင်မရာကို အသုံးမပြုပဲ အစိမ်းရောင်အစက်လေးပေါ်နေရင်တော့ သင့်ရဲ့ Privacy ကို Track လုပ်နေတယ်ဆိုတာ သိထားရပါမယ်။

App တွေဟာ သင့်ရဲ့ Privacy ကို ဘယ်အချိန် တွေကို Track နေတယ်ဆိုတာ မသိရှိနိုင်တာကြေင့်ယခုလို Function ကို ထည့်သွင်းပေးထားရခြင်းဖြစ်ပါတယ်။

သင့်ရဲ့ Privacy ကို Track လုပ်နေပြီဆိုတာ သတိထားမိပြီဆိုရင်တော့ အဲ့ဒီ App ကို အမြန်ဆုံးဖျက်ချလိုက်တာအကောင်းဆုံးပါပဲ။


ထိုအစက်ကလေးတွေပေါ်နေတဲ့အချိန် Control Center ကိုဆွဲချလိုက်ရင်ဘယ် App က Track လုပ်နေတယ်ဆိုတာပါပြပေးပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့်သင့်ရဲ့ Privacy ကို Apple က ဘယ်လောက်အလေးထားတယ်ဆိုတာ သိရှိရပါမယ်။

iPhone 12 နဲ့ iPhone 12 Pro တို့ရဲ့ ကွာခြားချက် ( ၉ ) ခု

 

1. Build and Colors

Apple ရဲ့ Pro စီးရီးနဲ့ Non-Pro စီးရီးတို့ကြား ကွားခြားမှုကတော့ အမြဲရှိနေမှာပါ။ iPhone 12 mini နှင့် iPhone 12 တို့မှာ ရွေးချယ်စရာ အရောင်အမျိုးမျိုး ရနိုင်ပေမယ့် Build Quality မှာတော့ အနည်းငယ်လျော့ပါမယ်။ iPhone 12 မှာ အရောင်အနေဖြင့် Product(RED), White, Blue, Green နှင့် Black ဆိုပြီး အရောင် ( ၅ ) ရောင် ရွေးချယ်နိုင်ပါမယ်။ Aluminum ကိုယ်ထည်နဲ့ ဖြစ်ပါတယ်။

iPhone 12 Pro နှင့် iPhone 12 Pro Max တို့မှာကတော့ အရောင် ( ၄ ) ရောင်သာ ရွေးချယ်နိုင်မှာဖြစ်ပြီး ကိုယ်ထည်ကတော့ Premium ဆန်တဲ့ Stainless Steel ကိုယ်ထည်နဲ့ ဖြစ်ပါတယ်။ အရောင်တွေကတော့ Graphite, Gold, Pacific Blue နဲ့ Silver တို့ပဲ ဖြစ်ပါတယ်။ ( ပြောရရင် ဒီနှစ် iPhone 12 Pro Lineup အရောင်တွေဟာ အတော်လေး မိုက်ပါတယ် )

2. Bigger Display Size

ပြီးခဲ့သည့်နှစ် Apple ရဲ့ ဈေးအနည်းဆုံး ဖုန်းဟာ 6.1 လက်မ Display နဲ့ ဖြစ်ခဲ့ပေမယ့် ဒီနှစ် iPhone 12 Lineup မှာတော့ ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်သွားပါပြီ။ ဘာလို့ဆို iPhone 12 6.1 လက်မနှင့် iPhone 12 mini 5.4 လက်မဆိုပြီး ထွက်ရှိလာလို့ ဖြစ်ပါတယ်။ iPhone 12 Pro Lineup မှာတော့ iPhone 12 Pro 6.1 လက်မနှင့် iPhone 12 Pro Max 6.7 လက်မဆိုပြီး ထွက်လာပါတယ်။ iPhone 12 Pro Max ဆိုရင် အခုနှစ်ထွက်ရှိလာတဲ့ iPhone 12 နှင့် iPhone 12 mini တွေထက်တင် Display အရွယ်အစား ကြီးတာမဟုတ်ပဲ၊ ပြီးခဲ့သည့်နှစ်က iPhone 11 Pro Max ထက်ကို ကြီးတာ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက iPhone 12 နှင့် iPhone 12 Pro တို့က Display Resolution အတူတူပဲ ဖြစ်နေတာပါ။ သိတဲ့အတိုင်း iPhone 12 mini နဲ့ iPhone 12 Pro Max တို့ကတော့ Display အရွယ်အစား အတော်ကြီး ကွာဟသလို၊ Display Resolution ကလည်း ကွာခြားပါတယ်။ ဒါပေမယ့်လည်း အဆိုပါ iPhone 12 ( ၄ ) မျိုးလုံးမှာတော့ Dolby Vision, HDR10 နှင့် HLG တို့ကိုတော့ တူညီစွာ Support လုပ်ပါတယ်။ iPhone 12 Pro က 800 nits အထိ Max Brightness ရပြီး၊ iPhone 12 ကတော့ 625 nits အထိပဲ အမြင့်ဆုံးရတဲ့ Super Retina XDR Display ကို အသုံးပြုထားပါတယ်။

3. More Storage

နောက်ဆုံးမှာတော့ Apple ဟာ Pro စီးရီးတွေဖြစ်တဲ့ iPhone 12 Pro စီးရီးတွေရဲ့ Base Storage ကို 128GB ကနေ စတင်လိုက်ပြီ ဖြစ်ပါတယ်။ နောက်ထပ်လည်း 256GB နှင့် 512GB ဆိုပြီးလည်း Storage အမျိုးမျိုးကို ရွေးချယ်နိုင်ပါသေးတယ်။ iPhone 12 စီးရီးမှာတော့ Base Storage က 64GB ကနေ စမှာဖြစ်ပြီး၊ 128GB နှင့် 256GB ဆိုပြီး ထပ်မံရွေးချယ်နိုင်ပါမယ်။


 

 4. Bigger Camera Sensor on Max

Sensor-Shift Stabilization နှင့် 1.7um Pixels Features တွေဖြင့် 12MP Camera ကိုတော့ iPhone 12 Pro Max တမျိုးထဲမှာသာ ရရှိမှာ ဖြစ်ပါတယ်။ အဆိုပါ Sensor တွေက f/1.6 12MP တွေပါတဲ့ iPhone 12 စီးရီးနှင့် iPhone 12 Pro တို့ထက် အလင်းကို ပိုမိုဝင်စေမှာဖြစ်ပါတယ်။ Stabilization ကလည်း လက်ဖြင့်ရိုက်တဲ့အခါမှာ ပိုမိုအကျိုးရှိစေမှာပါ။

5. Telephoto Camera on Pro

Apple ရဲ့ Pro Lineup နဲ့ Non-Pro Lineup မှာ အမြဲကွာခြားနေမယ့်အချက်ကတော့ Camera Setup ပဲ ဖြစ်ပါလိမ့်မယ်။ iPhone 12 Lineup မှာက Dual-Camera Setup ပဲပါပြီး၊ iPhone 12 Pro Lineup မှာတော့ Triple-Camera Setup နဲ့ ဖြစ်ပါတယ်။ Primary နဲ့ Ultra-Wide Angle Cameras တွေကတော့ Lineup အားလုံးမှာ အတူတူပဲဖြစ်ပြီး၊ iPhone 12 Pro Lineup မှာတော့ Telephoto Sensor ပါတဲ့ Camera တစ်လုံး ပိုလာတာဖြစ်ပါတယ်။

Apple ဟာ Telephoto Camera Sensor ကို တိုးတက်မှုတွေ လုပ်လာပါတယ်။ iPhone 12 Pro Max ရဲ့ Telephoto Sensor အသစ်ဟာဆိုရင် 2.5x Optical Zoom အထိ ဆွဲနိုင်ပါတယ်။ နောက်ပြီး Low-Light အနေအထားမှာတောင် 12x Digital Zoom အထိ ဆွဲပြီး ပုံကောင်းကောင်း ရိုက်ယူနိုင်ပါတယ်။

6. LiDAR Scanner for Low-Light Magic

iPhone 12 Pro Lineup မှာပဲ သီးသန့်အဖြစ်ပါတဲ့ LiDAR Scanner ကိုလည်း မေ့ထားလို့ မရပါဘူး။ ဒီနှစ်အစောပိုင်းက မိတ်ဆက်ပေးခဲ့တဲ့ 2020 iPad Pro Lineup မှာ အသုံးပြုထားသည့် Scanner နဲ့ အတူတူပါပဲ။ LiDAR Scanner ဟာ AR အတွေ့အကြုံတွေမှာ ပိုပြီးတိုးတက်ကောင်းမွန်လာအောင်လို့ iPhone 12 Pro မှာ အကူအညီပေးမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီ့ထက်ပိုပါသေးတယ်။ Apple ဟာ LiDAR Scanner ကို အသုံးပြုပြီး Low-Light လိုအခြေအနေမျိုးမှာ Camera အတွက် အကောင်းဆုံး 6x Autofocus Performance ရအောင်လို့ လုပ်ပေးထားပါတယ်။ နောက်ပြီး LiDAR Scanner ပါဝင်တဲ့ iPhone 12 Pro နဲ့ iPhone 12 Pro Max တို့ဟာ Night Mode Portrait ကိုလည်း ရိုက်ယူနိုင်ပါမယ်။

 7. ProRAW

Apple ဟာ Creative လုပ်ရတာဝါသနာပါတဲ့ Creators တွေအတွက် ProRAW ဆိုတဲ့ Image Format အသစ်ကိုလည်း မိတ်ဆက်ပေးလာပါတယ်။ ဆိုလိုတာက Apple ဟာ သူတို့ရဲ့ Smart HDR3 နှင့် Deep Fusion Processing တို့အပေါ်မှာ ကောင်းကောင်းအသုံးပြုပြီး Creators တွေအကြိုက် Over Exposure တွေ, Colour တွေ, White Balance တွေနဲ့ အခြား Process တွေကိုပါ Photos ပေါ်မှာ စိတ်ကြိုက် လုပ်ခွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

8. Better Battery Life on the Max

iPhone 12 နှင့် iPhone 12 Pro တို့ရဲ့ Video Playback ( 17 hours ) နဲ့ Audio Playback ( 65 hours )အသုံးပြုနိုင်သည့် Battery Life ကတော့ အတူတူပဲ ဖြစ်ပါတယ်။ အရွယ်အစားပိုကြီးတဲ့ iPhone 12 Pro Max ကတော့ Video Playback ( 20 hours ) နှင့် Audio Playback ( 80 hours ) အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ အရွယ်အစားအသေးဆုံးဖြစ်တဲ့ iPhone 12 mini ကတော့ အပေါ်က ( ၃ ) လုံးနှင့် ဆန့်ကျင်စွာ Battery Life အာ့လောက်မခံဘူးဆိုတာတော့ သိထားရပါမယ်။

9. Price

iPhone 12 Lineup မှာပါတဲ့ iPhone 12 mini က $699 ကနေ စမယ်လို့ တရားဝင်ကြေငြာထားပေမယ့် အဲဒါက US မှာရှိတဲ့ Operators တွေနဲ့ စာချုပ်ချုပ်ပြီး ဝယ်ယူမှရမယ့် ဈေးနှုန်းပါ။ မြန်မာပြည်မှာ အသုံးပြုဖို့အတွက်ဆိုရင်တော့ SIM Free ဝယ်ယူမှ အဆင်ပြေမှာမို့ $729 ကျသင့်မှာ ဖြစ်ပါတယ်။ အဲသလိုပဲ iPhone 12 ရဲ့ $799 ဈေးကလည်း မြန်မာပြည်မှာ အသုံးပြုဖို့အတွက်ဆိုရင် $829 ကျသင့်မှပါ။ iPhone 12 Pro ရဲ့ SIM Free ဈေးကတော့ အပြောင်းအလဲမရှိပဲ $999 ကျသင့်မှာဖြစ်သလို၊ iPhone 12 Pro Max ရဲ့ ဈေးနှုန်းကလည်း $1099 ကနေ မပြောင်းလဲပါဘူး။ အထက်ပါဈေးနှုန်းတွေက Apple Store ရဲ့ တရားဝင်ဈေးနှုန်းတွေဖြစ်လို့ မြန်မာအပြည်အရောက်ဈေးနှုန်းများ မဟုတ်တာကိုလည်း သိထားစေချင်ပါတယ်။ Custom Duty Tax တွေ, Shipping Fee တွေ, ရောင်းချတဲ့ဆိုင်ရဲ့အမြတ်တွေ မပါသေးတဲ့အတွက် ဒီကိုရောက်လျှင် ဒီဈေးထက် ပိုများမှာ ဖြစ်ပါတယ်။

အပေါ်ကအချက်တွေ အားလုံးကိုကြည့်ပြီးလျှင် ပြောစရာရှိတာက iPhone 12 နှင့် iPhone 12 Pro Lineup တွေမှာ တူညီစွာရရှိနိုင်တဲ့ Features တွေလည်း ရှိသေးတယ်ဆိုတာပါပဲ။ A14 Bionic Chipset ကို အားလုံးမှာအသုံးပြုထားတာဖြစ်လို့ Performance နဲ့ Fastest တို့ကတော့ အခြားသော Smartphones တွေထက် နှာတဖျားကတော့ သာနေမှာ ဖြစ်ပါတယ်။ နောက်ပြီး iPhone 12 Lineup အားလုံးတွင် ...
* Super Retina XDR display
* 5G, with mmWave connectivity in the U.S.
* Ceramic Shield
* IP68 Water Resistance
* Night mode for all cameras
* Dolby Vision HDR video recording
* Wi-Fi 6, Bluetooth 5.0
* MagSafe Charging and Accessories support
* Face ID
* Fast wired charging
စသည်တို့ကတော့ တူညီစွာ ရရှိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

***( တစ်ခါထဲ ပြောပါမယ်။ ငွေကြေးပေါပြီး တတ်နိုင်တဲ့သူကတော့ Box ထဲမှာ ဖုန်းကလွဲလို့ ဘာမှပါမလာရင်တောင် ဝယ်ကြမှာပါပဲ။ ဘာလို့ဆို သူတတ်နိုင်လို့ ဝယ်တာမို့ပါ။ အာ့လိုလူမျိုးတွေအတွက် iPhone 12 က ဂျင်းကြီးပါလို့ သွားပြောရင် သူက ပြုံးပြီး ပြန်ကြည့်နေမှာပါ။ မဝယ်နိုင်လို့ ဖောင်းလိုက်ထုနေမယ့်အစား ဝယ်နိုင်တဲ့သူတွေကို ကြည့်ပြီး မုဒိတာပွါးတာကမှ အကျိုးပိုရှိပါလိမ့်မယ်။ ဒီလိုပြောလို့ Admin လည်း မဝယ်နိုင်ပါဘူး။ ဝယ်နိုင်တဲ့သူတွေကိုကြည့်ပြီး မုဒိတာ ထိုင်ပွါးနေမှာပါ။ ငှဲငှဲ )***

😁ios 14 ရဲ​့ အမိုက်စား function ထဲကတချို့

 

😁ios 14 ရဲ​့ အမိုက်စား function ထဲကတချို့က ios user တွေအတွက် တော်တော်လေးအသုံးဝင်လာကိုတွေ့ရတယ်
👉widget on the Home Screen
Home Screen မှာ widget တွေအစုံတင်ပေးထားတာက ရုတ်တရက်ကြည့်ရင် screen ရှုပ်သလိုဖြစ်ပေမဲ့ တကယ်မိုက်တဲ့ function တခုပါ❣️Apple accessories တွေရဲ့ battery Notification ကိုကြည့်လို့ရတာလေးတော့ တော်တော်မိုက်တယ်
👉App library
Application တွေကို လိုက်ရှာရတဲ့ ဒုက္ခတော်တော်လေး သက်သာသွားတယ်🤪ကိုယ့်ဖုန်းကို သူစိမ်းယူကိုင်ရင်တောင် စိတ်ပူနေရတဲ့ App တွေ Hide ထားလို့ရတာလေးက ရှယ်ပဲ
👉Recording indicator
ရုတ်တရက်ကြည့်ရင် indicator ကဘာမှ မဟုတ်ပါဘူးလို့တော့ထင်ကောင်းထင်နိုင်တယ်🤔
ဒါပေမဲ့ third party app တွေကနေ privacy track လုပ်ခြင်းက ကာကွယ်ဖို့ notification တခုဆိုတော့ မဆိုးဘူးတော့ပြောရမယ်
👉Mirror Selfie Feature
ဒီအချက်တော့Selfie ရိုက်ရတာကြိုက်တဲ့ ဘေဘီတွေ မမကြီးတွေအကြိုက်ဖြစ်မယ်ဆိုတာအသေအချာပဲ😜selfie ရိုက်ပြီးပြောင်းပြန်ပုံပေါ်ခြင်းကင်းဝေးပြီဆိုတော့ ဆယ်ဖီအကြိုက်ဆွဲပေတော့ပေါ့ဗျာ😅
👉Photo Hide
အရင်က album ထဲက Photo တွေကို hide လို့ရပေမဲ့ Hide Folder Name ကြီးပေါ်နေတော့ Hide လဲအလကားဖြစ်နေတာ😋အခုတော့ Hide Folder ကိုပါ ဖျောက်လို့ရပြီဆိုတော့ ဖုံးချင်ဝှက်ချင်သူများအတွက်ရွှေပေါ့ဗျာ😁
👉Compact Calls
ဘာကြီးလဲပေါ့ android ဖုန်းဒီဇိုင်းကြီး Feel ကြဲတယ်ကွာလို့ထင်မိတာ...တကယ်ကတော်တော်မိုက်တယ်ဗျ App တွေသုံးနေရင် ဖုန်းဝင်လာလို့ full screen နဲ့မလာတော့ပဲ noti banner နဲ့ပေါ်လာတာလေးပ တကယ်သုံးကြည့်တော့ တော်တော်အဆင်ပြေတယ်ဗျာ
👉Back Tap Function
ကျောဘက်ကို ၂ ချက်ခေါက်ပြီး Lock ချမလား
၃ ချက်ခေါက်ပြီး Mute လုပ်မလား တော်တော်လေး အသုံးဝင်တယ်ဗျာ မိမိစိတ်ကြိုက် ပြင်လို့ရတယ်နော် admin ကတော့ lock /Mute ကိုကြိုက်လို့ ကလိထားတာ
တခုတော့ ရှိတယ် Glass body တွေအသုံးပြုပေးထားတဲ့ Model တွေပဲရမှာဆိုတော့ 7/7+ နှင့်အောက်ပိုင်း အမျိုးအစားတွေတော့ စိတ်မကောင်းစရာပဲ🔄
😍ကဲ တခြားတခြားသော Function ကောင်းတာလေးတွေရှိရင်လဲ comment မှာဝင်ရေးပေးသွားပါအုံးနော် 😁