Wednesday, November 7, 2018

Phone ထဲမှာ နေတဲ့ Siri မ လေးကို Setup လုပ်နည်း

Phone ထဲမှာ နေတဲ့ Siri မ လေးကို Setup လုပ်နည်း။ Siri ကအရမ်းလိမ်မာ ပြီးသဘောလဲ ကောင်း၏။ ကားမောင်း တဲ့အခါ သူရှိတော့ အန္ဒာရယ်ကင်း၏။

Tuesday, November 6, 2018

iPhone , iPad တွေပေါ်ကနေ Group FaceTime Call ကို ဘယ်လိုခေါ်ရမလဲ ?

Apple ဟာ iOS 12.1 နဲ့အတူ Group FaceTime ဆိုတဲ့ Feature ကို မိတ်ဆက် ပေးလာခဲ့ပါတယ် ။ ဒီ Group FaceTime မှာဆိုရင် FaceTime ယူစာ ( ၃၂ ) ဦး တပြိုင်နက် Audio & Video Call ကို ခေါ်ဆို ပြောဆိုနိုင်ပါလိမ့်မယ် ။ 
Apple ဟာ Group Video Call အတွက် Interface ဒီဇိုင်းကို သေသေချာချာ လုပ်ထားပါတယ် ။ ခေါ်ဆိုတဲ့သူတွေကို Little Floating Titles လေးအဖြစ် ဖော်ပြပေးထားပါတယ် ။ အပေါ်မှာ Tiles ( ၅ ) ခု , ( ၆ ) ခု ရှိပါမယ် ။ Active ဖြစ်နေတဲ့သူနှင့် စကားပြောဆိုနေတဲ့သူတွေကို အဲဒီမှာ ဖော်ပြပေးထားမှာပါ ။ ကျန်စကားမပြောပဲ နားထောင်နေတဲ့ သူတွေကိုတော့ Line ရဲ့ အောက်နားလေးမှာ ဖော်ပြပေးထားပါလိမ့်မယ် ။ 
ဒါပေမယ့် တစ်ယောက်ယောက်က စကားစပြောလိုက်တာနဲ့ ထိုသူရဲ့ Bubble လေးက အလိုအလျှောက် အပေါ်ကို တက်သွားမှာပဲ ဖြစ်ပါတယ် ။ 
Apple ဟာ Group FaceTime Feature မှာ Animoji , Memoji နဲ့အတူ FaceTime Camera ထဲမှာပါတဲ့ Filters တွေဖြင့် ပျော်စရာအဖြစ် ဖန်တီးနိုင်ရန် စီစဉ်ထားပါသေးတယ် ။


Group FaceTime Video Call Feature ကို ဘယ် Devices တွေမှာပဲ ရမှာလဲ ? 
ပထမဆုံးအနေဖြင့် Group FaceTime Video Call ကို အသုံးပြုနိုင်ရန်အတွက် iPhone , iPad ရဲ့ iOS Version ဟာ 12.1 နဲ့အထက် ဖြစ်ရပါမယ် ။ ( အခု iOS 12.1 က Latest Update ဖြစ်ပါတယ် ) 
ဒုတိယကတော့ ဒီ Group FaceTime Video Call Feature ကို Support လုပ်တဲ့ Devices စာရင်းထဲမှာ မိမိရဲ့ Device ပါ , မပါ စစ်ကြည့်ရပါမယ် ။ Group FaceTime Video Call Feature ကို A9 Processor ကနေ အထက်ကိုပဲ Support ပါတယ် ။ ( ဒီတော့ iPhone 6S ကနေ စပြီး အထက်ကို ရပါမယ် ) 
( *** Group FaceTime Video Call Feature ကို မရတဲ့ Devices တွေကတော့ iPhone 5S , iPhone 6 , iPhone 6 Plus , iPad Air , iPad Mini 2 , iPad Mini 3 , iPad Mini 4 and 6th generation iPod Touch တို့ပဲ ဖြစ်ပါတယ် ။ *** )
Group FaceTime Video Calls ကို ဘယ်လိုခေါ်ရမလဲ ? 
Step ( 1 ) 
  • FaceTime App ထဲကို ဝင်ပါ ။ 
Step ( 2 ) 
  • ညာဖက်အပေါ်က ( + ) သင်္ကေတလေးကို နှိပ်ပါ ။

    Step ( 3 ) 
  • Next Screen ကို ရောက်တဲ့အခါ Search Bar ကို နှိပ်ပြီး ၊ ဆက်သွယ်မှု ပြုမယ့် Contacts ကို ရှာရပါမယ် ။ သူတို့ရဲ့ Number က အပြာရောင် ( Blue ) ဖြစ်နေတယ်ဆိုရင် သူတို့ FaceTime မှာ ရှိနေလို့ ဖြစ်ပါတယ် ။ အဲဒီလူကို Tap လိုက်ရပါမယ် ။ အဲဒီနောက် သူတို့နာမည်ရဲ့ နောက်က Space ကို ထပ်နှိပ်ပေးရပါမယ် ။ ဒါဆို Process ကို ထပ်လုပ်ပေးသွားပါလိမ့်မယ် ။ 
Step ( 4 ) 
  • Video or Audio Button ကို နှိပ်ပြီး မိမိခေါ်ဆိုမှု ပြုချင်တဲ့ လူတွေ အားလုံးကို ထပ်ပြီး ထည့်သွားလိုက်ရုံပါပဲ ။ ဒါဆို ခေါ်ဆိုမှု စပါပြီ ။ 
Step ( 5 ) 
  • Memoji Mask တို့ , Animoji တို့ , ဒါမှမဟုတ် Filters တွေကို ရယူဖို့အတွက်ကတော့ ဘယ်ဖက်အောက်ခြေက Effects Button လေးကို နှိပ်ပြီး သွားရပါမယ် ။ 
iMessages မှာ Group FaceTime Video Call ကို ဘယ်လို အသုံးပြုမလဲ ? 
Step ( 1 ) 
  • Messages App ထဲကို ဝင်ရပါမယ် ။ ပြီးရင် ပို့နေကြ ဖြစ်တဲ့ iMessage Thread ထဲကို သွားရပါမယ် ။ 
Step ( 2 ) 
  • အပေါ်မှာ ရှိတဲ့ Contact Bubbles လေးကို နှိပ်လိုက် ရပါမယ် ။ ပြီးအောက်ကို ဆင်းသွားပြီး FaceTime ကို နှိပ်ကာ Group Video Call ကို စခေါ်လို့ ရပါပြီ ။ Group Audio Call ကို ခေါ်ဖို့ကတော့ Audio Button ကို နှိပ်ပြီး ခေါ်ရပါမယ် ။ 
Step ( 3 ) 
  • FaceTime Group Call က ချက်ချင်း စပါတယ် ။ မိမိနဲ့အတူ ချိတ်ဆက်နေတဲ့ သူကို တန်းပြီး မြင်ရပါလိမ့်မယ် ။ 
Step ( 4 ) 
  • တစ်စုံတစ်ယောက်က ထွက်သွားတာနဲ့ တပြိုင်နက် နောက်မှ ပြန်ချိတ်နိုင်ရန်အတွက် Button လေးကို သူတို့ဖက်က မြင်တွေ့ရပါလိမ့်မယ် ။ 
ကဲ FaceTime App မှာ Activate လုပ်ပြီးတဲ့ ယူစာတွေ , iMessages မှာ Activate ဖြစ်ပြီးသား ယူစာတွေကတော့ iOS 12.1 နဲ့အတူ ပါလာတဲ့ New Feature Group FaceTime Video Call ကို ခေါ်ဆိုမှု ပြုနိုင်ကြပါပြီဗျား ။ 
Credit iPhoneHacks 
အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

iOS 8.0 ကနေ လက်ရှိ iOS 12.1 အထိ အသုံးပြုနိုင်တဲ့ မြန်မာဖောင့်အလှတွေကို သွင်းကြမယ်

ကိုယ့်ရဲ့ iPhone , iPad တွေ အပေါ်မှာ ထည့်ထားတဲ့ Font ဒီဇိုင်းတွေက အသုံးကြာလာလို့ ရိုးပြီး အီနေကြပြီလား ။ 
ဒါမှမဟုတ် iOS Versions တစ်ခါ မြှင့်တိုင်း မလုပ်တတ် မကိုင်တတ်တာကြောင့် ကိုယ့်ရဲ့ Devices မှာ မြန်မာစာတွေ မမှန်တာ ၊ ဖတ်လို့ မရအောင် ထပ်နေတာမျိုး ဖြစ်နေ ကြုံတွေ့နေရပြီလား ။ 
ဟုတ်ပြီလေ … 
အခု ဒီပို့စ်လေးကို ဖတ်ကြည့်ပြီးရင်တော့ ရိုးနေကြတဲ့ သူတွေလည်း ပြန်ပြီး လန်းလာမယ် ၊ အဲ …
မြန်မာစာ ဟိုနေရာ မမှန် ဒီနေရာ အဆင်မပြေ ဖြစ်နေကြတဲ့သူတွေလည်း အကုန်လုံး အစစ အရာရာ အဆင်ပြေသွားလိမ့်မယ်ဗျာ ။ 
အခု ကျနော်ပြောမယ့် အကြောင်းလေးတွေကိုတော့ အစအဆုံး သေသေချာချာလေး ဖတ်ကြည့်ပြီး တဆင့်ချင်း လုပ်သွားဖို့တော့ လိုတာပေါ့နော့ ။ 
ဒီစာလုံး ဒီ ဒီဇိုင်းတွေပဲ မြင်နေရလို့ ရိုးတဲ့သူ ၊ ဟိုနေရာ ဒီနေရာမှာ မြန်မာစာ မမှန်လို့ စိတ်ညစ်နေရတဲ့ သူများခင်ဗျား ။ 
ပထမဆုံး – iPhone , iPad တွေရဲ့ Setting ကို သွားရပါမယ် ။ 
ဒုတိယ – General ထဲက Profile ထဲကို ဝင်လိုက်ရပါမယ် ။ 
တတိယ – အဲဒီထဲမှာ ရှိနေတဲ့ Zawgyi Profiles တွေကို တွေ့ရပါလိမ့်မယ် ။ တစ်ခုချင်းစီထဲကို ဝင်ပြီး အောက်က Remove Profile လေးကို နှိပ်ပေးလိုက်ကြပါဗျ ။ အရင်က ရှိပြီးသား ထည့်ပြီးသား ဇော်ဂျီတွေကို Remove လုပ်ပြီးပြီ ဆိုရင်တော့ … 
စတုတ္ထ – MyFont App ထဲကို ဝင်ရပါမယ် ။ ( MyFont App ကို Updated တော့ လုပ်ထားပါဗျ ။ ဒါမှ Features အသစ် အသစ်တွေကို ပိုင်ဆိုင်နိုင်မှာ 🥰 ) 
ပဉ္စမ – MyFont ထဲမှာ Essentials ရယ် , Collection ရယ်ဆိုပြီး ရှိပါတယ် ။ Collection ထဲကို ဝင်လိုက်ရပါမယ် ။ ( အခုမှ ဝင်ဖူးတဲ့ ယူစာအသစ်ဆိုရင်တော့ Fb Acc နဲ့ ချိတ်ဆက်ပေးရပါမယ် ။ ချိတ်လိုက်ပါ ။ New Feature Fonts လေးတွေက သင့်ကို ကြိုလင့်နေပါပြီ 😍 ) 
MyFont App ကို Update လုပ်ရန် 👉👉👉
ဆဌမ – ခဏစောင့်ပေးလိုက်ရင် ဇော်ဂျီဖောင့်အလှ စတိုင်မျိုးစုံနဲ့အတူ ယူနီကုတ်ဖောင့်မျိုးစုံတွေကိုပါ မြင်တွေ့ရပါလိမ့်မယ် ။ ( မပေါ်လာရင် အပေါ် ဘယ်ဖက်က MyFont ကို နှိပ်ပြီး ပြန်ထွက် ၊ ပြီး Collection ထဲကို ပြန်ဝင် ။ အောက်ကို ဆွဲချပြီး Refresh လုပ်ပေး ။ ဒါဆို ဖောင့်အလှ စတိုင်မျိုးစုံကို သင်မြင်တွေ့ ရပါပြီခင်ဗျား 😘 ) 
သတ္တမ – ကဲ ! သင်ကြိုက်နှစ်သက်ရာ ဖောင့်အလှစတိုင် တစ်ခုကို ရွေးချယ်ပြီးရင် ညာဖက်အပေါ်က Install ခလုတ်လေးကို နှိပ်လိုက် ရပါမယ် ။ ပြီး ပေါ်လာတဲ့ Popup လေးထဲက Allow ကို ဆက်နှိပ်ပေး ။ Install ပေါ်လာရင် ထပ်နှိပ် ။ ပြီး Done ကို နှိပ်လိုက်ရင်တော့ သင်နှစ်သက်တဲ့ ဖောင့်အလှတစ်ခုကို Install လုပ်လို့ ပြီးသွားပြီပဲ ဖြစ်ပါတယ် ။ 
အဌမ – သင်နှစ်သက်တဲ့ ဖောင့်အလှစတိုင်ကို Install လုပ်ပြီးသွားတာ မှန်ပေမယ့် All Finish ပြီးသွားသေးတာတော့ မဟုတ်ပါဘူး ။ အခုအချိန်မှာ သင့်အနေဖြင့် Noti တွေမှာသော်၎င်း ၊ အခြားသော နေရာတွေမှာလည်း မြန်မာစာ မမှန်သေးတဲ့ Errors အချို့ ကြုံတွေ့ရနိုင်ပါသေးတယ် ။ ဒါမှမဟုတ် အခု Install လုပ်လိုက်တဲ့ ဖောင့်အလှစတိုင်မျိုး မရသေးတာလည်း ဖြစ်တတ်ပါတယ် ။ ( အချို့လည်း တစ်ခါထဲနဲ့ အဆင်ပြေတတ်ပါတယ် ။ ) 
ဒါကြောင့် သင့်ရဲ့ iPhone , iPad တို့ကို Restart လုပ်ပေးဖို့ လိုအပ်ပါတယ် ။ ( Restart လုပ်နည်းလေးကို ပုံနဲ့ ပြသပေးထားပါတယ် ။ အဲဒီအတိုင်း လုပ်လိုက်ပါဗျ ။ )


နဝမ – ကဲ ဦးဦးတို့ , ဒေါ်ဒေါ်တို့ , ကိုကိုတို့ , မမတို့ , ညီညီတို့ , ညီမလေးတို့ခင်ဗျား …. 
အခုဆိုရင် မိမိတို့ နှစ်သက်ရာ ဖောင့်အလှ စတိုင်လေးတွေနဲ့ အားရပါးရ လန်းနိုင်ကြပါပြီခင်ဗျား 🥰😍😘
Credit မူရင်း Fonts အလှ Creators များကို အထူး အထူး ကျေးဇူးတင်ရှိပါတယ်ဗျား 
အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

History of the iPhone ( 2008 to 2018 )

History of the iPhone ( 2008 to 2018 )

ထုတ်ကုန်တွေအကြား ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်မယ့် နည်းလမ်းကို မူပိုင်ခွင့်တင်လိုက်တဲ့ Apple

Apple က အမေရိကန်မူပိုင်ခွင့်ရုံး (USPTO) မှာ တင်ခဲ့တဲ့ မူပိုင်ခွင့်တစ်ခုမှာ Apple ထုတ်ကုန်တွေအကြား အားသွင်းနိုင်မယ့် စိတ်ဝင်စားဖွယ်ရာနည်းလမ်းတစ်ခုကို ဖော်ပြထားပါတယ်။
အဲ့ဒီမူပိုင်ခွင့်မှာ (bi-directional) အပြန်အလှန်သွားလာနိုင်တဲ့ လျှပ်စီးကြောင်းတစ်ခု ထုတ်လွှတ်ပေးနိုင်တဲ့ wireless charging coil တစ်ခုကို ဖော်ပြထားပါတယ်။ ဒါကြောင့် သီအိုရီအရ တူညီတဲ့ ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့ iPad ဒါမှမဟုတ် MacBook ဟာ ဘက်ထရီအားနည်းနေတဲ့ iPhone X ဒါမှမဟုတ် iPhone 8 ထံကို စွမ်းအင် လွှဲပြောင်းပေးနိုင်မှာဖြစ်ပါတယ်။


ဒီနည်းပညာဟာ ထုတ်ကုန်တစ်ခုပေါ်မှာ အခြားတစ်ခုကိုတင်ပြီး အားသွင်းနိုင်ဖွယ်ရှိပါတယ်။ ဥပမာအနေနဲ့ မူပိုင်ခွင့် ပုံကြမ်းတစ်ခုမှာ charging point အများအပြားပါဝင်တဲ့ MacBook တစ်ခုကို ပြသထားပါတယ်။ အဲ့ဒီ charging point တွေဟာ MacBook နဲ့ iPhone 8 Plus, Apple Watch စတဲ့ အခြားထုတ်ကုန် နှစ်ခု၊ သုံးခုလောက်ကြားမှာ စွမ်းအင်တွေကို လွှဲပြောင်းရာမှာ အသုံးပြုနိုင်ပါတယ်။
ထုတ်ကုန်တွေကို MacBook ပေါ်မှာထပ်ထားပြီး အားသွင်းမယ်ဆိုရင်တော့ MacBook ကို အသုံးပြုလို့ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစိတ်ကူးဟာ ထုတ်ကုန်သုံးခုကို MacBook ပေါ်မှာတင်ရုံနဲ့ အားသွင်းစေနိုင်မှာ ဖြစ်ပါတယ်။ ဒီသီအိုရီအရ Apple ကို iPhone ရဲ့ display ပေါ်မှာ တင်ပြီး အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
ဒီနည်းပညာစိတ်ကူး အမှန်တကယ် ဖြစ်မြောက်လာဖို့အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းရနိုင်ပါတယ်။

Sunday, November 4, 2018

iPhone X & iPhone Xr


Iphone Xr ထွက်လာပြီး နောက်ပိုင်း မှာ iphone ရဲ့ x series တွေကို ယှည်လေ့လာစမ်းကြည့်တဲ့အခါမှာတော့ ..

Xr ဟာ တစ်နှစ်စော ထွက်ခဲ့တဲ့ iphone x နဲ့ တောင် ယှဉ်မရဘူး ဖြစ်နေပါတယ်..

................

Xr ဟာ X ထက် ဆိုဒ် နည်းနည်းကြီးသွားတယ်ဆိုပေမယ့် .. xr size ဟာ ဆိုဒ်ပျက်ကြီးဖြစ်နေပါတယ် ..
ပုံစံ က လဲ iphone 8 အကြီးစား ပုံစုံဖြစ်လာလို့ ပုံတုံး ကြီးလို ဖြစ်နေပါတယ်...

x ဆိုဒ် ကတော့ ယောက်ကျားလေးတွေ ကိုင်လို့ အဆင်ပြေတဲ့ အကောင်းဆုံး ဆိုဒ် ပုံစံမှာ ရှိနေပြီး.. မိန်းကလေးတွေ အနေနဲ့လဲ သေး မနေပြန်ပါဘူး..
design ကတော့ xs နဲ့ ပုံစံတူမို့ အမိုက်စားမှာရှိနေပါတယ်..

....................

Xr ဟာ နောက်ခြမ်း က မှန်သားဖြစ်ပေမယ့် ဘောင်အကွပ်ကတော့ 8 /8+ တို့လိုမျိုး aluminiun ပဲ ဖြစ်နေပြီး..

X ကတော့ ဘောင်အကွပ် က xs/ xs max တို့လို stainless steel ဖြစ်နေပါတယ်

.................

Xr ဟာ ကင်မရာ နှစ်လုံး ပါတဲ့ ဖုန်းတွေလို portrait ရိုက်လ်ု့ရအောင် ကင်မရာတစ်လုံးထဲကို sensor ကြီးသွားအောင် လုပ်ထားတာဖြစ်ပေမယ့် dual camera တွေရဲ့ portrait တွေလောက်ကို လုပ်န်ုင်စွမ်းအား မကောင်းပြန်ပါဘူး..

ဒီတော့ portrait ပိုင်းမှာလဲ x ကို မယှဉ်နိုင်ခဲ့ပါဘူး

................

display ပိုင်းမှာလဲ xr ဟာ lcd တွေထဲမှာ အမြင့်ဆုံး အရည်အသွေးရုပ်ထွက်ကို ပ်ုင်ဆိုင်တဲ့ lcd ကို တပ်ဆင်ထားတယ် ဆိုပေမယ့်..

lcd ဟာ lcd သာ ဖြစ်တဲ့ အတွက် led display ပိုင်ဆိုင်ထားတဲ့ x နဲ့ ရုပ်ထွက်ပိုင်း ဘယ်လိုမှ ယှဉ်မရခဲ့ပါဘူး..

.................

အနှစ်ချူပ် ဆိုရရင် အမြင်ပိုင်း အထိအတွေ့ ပိုင်း မှာ Xr ဟာ X ကို ဘယ်လိုမှ ယှဉ်လို့မရပါဘူး..

software အပိုင်းမှာသာ xr ဟာ latest ဖြစ်တဲ့အတွက် processor တစ်ဆင်ံမြင့်သွားပြီး အနည်းငယ် ပိုလုပ်နိုင်တာကလွဲ ရင် xr ဟာ x ကို ယှဉ်လို့မရပါဘူး..

အဲ့ဒီတော့ ဈေးမကွာတော့တဲ့ ၂၀၁၇ ထုတ် X နဲ့ ၂၀၁၈ ထုတ် ဖြစ်တဲ့ Xr ကို ရွေးပါဆိုရင် တော့..

model အမြင့် ရေရှည် သုံးဖို့ ဆို Xr ကို ရွေးရမှာ ဖြစ်ပြီး..

အထိအတွေ့ အရသာ အမြင်အာရုံခံစားမှု အရဆိုရင်တော..့
Xr ကို ငြင်းရမှာ အသေအချာပါပဲ ..

Saturday, November 3, 2018

iPhone နဲ့ iPad အသုံးပြုသူများသိထားသင့်တဲ့ Privacy & Security

iPhone နဲ့ iPad အသုံးပြုသူများသိထားသင့်တဲ့ Privacy & Security တစ်ချို့ကိုကျွန်တော် တင်ပြပါမယ် :D
1-Find My iPhone
Settings >> iCloud >> Find my iPhone ကို iDevice အသုံးပြုသူတိုင်း on ထားသင့်ပါတယ် တစ်ဆက်တည်း Send Last Location ကိုပါ on ထားပါ ကိုယ့်ရဲ့ Device ပျောက်သွားခဲ့ရင် တစ်ခြား device တစ်ခုကနေ icloud website မှာကိုယ့် Apple ID ဝင်ပြီးရှာနိုင်ပါတယ် အားလုံးနီးပါးသိပြီးသားမို့ အထွေအထူးရှင်းပြဖို့လိုမယ်မထင်ပါဘူး တစ်ခုသတိထားရမှာက ကိုယ့်ရဲ့ကိုယ်ပိုင် ID ကိုသာသုံးသင့်ပြီး Password ကိုလည်းသေချာမှတ်ထားစေချင်ပါတယ်
2-Lock Screen Notifications for Messages and Mail
ကိုယ်ဆီကိုဝင်လာမဲ့ Messages & Mails များမှာ လူသိမခံစေချင်တဲ့အကြောင်းအရာတွေပါဝင်နေနိုင်ရင် Settings >> Notification >> Messages/Mails မှာ Show previews ကိုပိတ်ထားပါ
3-Use Letters and Numbers for Your Passcode
Six-digit passcode ကိုလုံခြုံမှုအားနည်းသေးတယ်လို့ယူဆရင် Letter တွေ Number တွေနဲ့ထားနိုင်ပါတယ်
Settings >> Touch ID & Passcode ( လက်ရှိသုံးနေတဲ့ passcode ရိုက်ထည့် ) >> Change Passcode ( လက်ရှိသုံးနေတဲ့ passcode ရိုက်ထည့် ) >> Passcode Options >> Custom Alphanumeric Code ကိုရွေးပြီး Letters & Numbers နဲ့ Passcode အသစ်ပေးပါ
4-Erase Data After 10 Passcode Attempts
အကယ်၍များ တစ်ယောက်ယောက်ကသင့်ဖုန်းကိုခိုးသွားပြီး Passcode အမှားတွေနဲ့ဖုန်းကိုဖွင့်ဖို့ကြိုးစားတဲ့အခါ ၁ဝကြိမ်မှားတာနဲ့ သင့်ရဲ့ data တွေကိုအလိုလျောက်ဖျက်နိုင်တဲ့ Security setting ကို iOS မှာထည့်သွင်းပေးထားပြီးသားပါ
Settings >> Touch ID & Passcode >> Erase Data ကို on ထားပါ
5-Lock Screen Access
Touch ID & Passcode setting မှာပဲပါတဲ့ Today View, Notification View, Siri, Reply with Message, Home Control, Wallet ဆိုတဲ့ features တွေကို iPh, iPad unlock မလုပ်ပဲ အသုံးမပြုနိုင်ဖို့ ပိတ်ထားသင့်ပါတယ်
6-Notes Lock
Note ရဲ့ညာဖက်အပေါ်ထောင့်မှာရှိတဲ့ share icon လေးကို နှိပ် Lock note ကိုရွေးပြီး Note တွေကို lock ချထားနိုင်ပါတယ်
7-Two-Factor Authentication
Apple ID ကို Two-Step Verification ခံထားပါ Password သိတယ်ဆိုရင်တောင် Verification code မသိပဲ တစ်ခြားတစ်ယောက်က သင့်ရဲ့ Apple ID ကိုသုံးနိုင်မှာမဟုတ်ပါဘူး
8-Auto-Delete Messages
Message တွေကိုအချိန်အကြာကြီးသိမ်းထားဖို့မလိုအပ်ရင် အလိုအလျောက်ရှင်းနိုင်ဖို့ Settings >> Messages မှာ 30 Days or 1 Year ကိုရွေးထားနိုင်ပါတယ်
9-Safari Private Browsing
Safari မှာသင်အသုံးပြုခဲ့တဲ့ history ဒါမှမဟုတ် login တွေကိုသင့် device ထဲမှာမှတ်သားထားခြင်းမရှိပဲသုံးချင်ရင် Safari ရဲ့အောက်ခြေညာဖက်ဆုံးမှာရှိတဲ့ Tabs icon ကိုနှိပ် အောက်ခြေ ဗယ်ဖက်ဆုံးမှာ ပေါ်လာတဲ့ Private ဆိုတာလေးကိုရွေးပြီး Private mode နဲ့သုံးနိုင်ပါတယ်
10-Turn Off Share My Location
အများအားဖြင့် Find My Friends app သုံတဲ့အခါမှာပဲအသုံးဝင်တဲ့ Share My Location ကိုပိတ်ထားပါ
Settings >> iCloud >> Share My Location
11-Use a VPN
Online ပေါ်မှာ Anonymous အနေနဲ့လုံခြုံစွာအသုံးပြုနိုင်ဖို့ VPN app သုံးပါ
12-Auto-Lock Settings
Default အနေနဲ့ one minute ဆိုရင် auto lock ကျပေမယ့် 30 seconds ထိလျှော့နိုင်ပါတယ်
Settings >> Display & Brightness >> Auto-Lock
13-Restrictions
Stock App တွေဖျောက်ထားနိုင်ဖို့နဲ့ တစ်ခြား sevice တွေကိုကန့်သတ်ထားနိုင်ဖို့ Restrictions ကို enable လုပ်ပြီးသုံးသင့်ပါတယ်
Settings >> General >> Restrictions
အဆင်ပြေကြပါစေးးးး

iOS ဆိုတာ ဘာလဲ? ipsw ဆိုတာ ဘာလဲ?

iOS ဆိုတာ ဘာလဲ?
ipsw ဆိုတာ ဘာလဲ?
Firmware Upgrade/Downgrade ဆိုတာ ဘာလဲ?
ဗဟုသုတ အနေနဲ့ သိချင်ရင်....
What is iOS ?
iOS ဆိုတာ.. ( iPhone/iPod/iPad Operating System ) ဖြစ်ပါတယ်။
အရင်ကတော့ iPhone OS လို့ ခေါ်ပြီး ခုနောက်ပိုင်းမှာတော့ iOS လို့ ပြောင်းလဲခေါ်ဆိုလာပါတယ်။
What is IPSW?
" IPSW "ဆိုတာ..." iPhone/iPod/iPad Software " ပါ ။
IPSW ကတော့ ကမ္ဘာ့ ပထမဆုံး iPhone
ကိုစမိတ်ဆက်ကတည်းကအသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။
iPhone ကို iPhone 2G လို့လဲ ခေါ်ကြတယ်။တကယ်ကတော့ iPhone ပါပဲ အနောက်က မည်သည့် class မှ မပါပါဘူး ..
iPhone ကို January 09 ရက် / 2007 မှာ စတင်မိတ်ဆက်ပြသခဲ့ပြီးတော့ ... June 29 ရက် / 2007 မှာစတင်ဖြန့်ချီခဲ့ပါတယ် ။
အသုံးပြုတဲ့ iPhone OS က version 1 ဖြစ်ပါတယ် ။ အဲ့ကတည်းက ipsw ကိုစသုံးခဲ့ခြင်းဖြစ်ပါတယ် ။
IPSW file ထဲမှာဘာတွေပါဝင်သလဲဆိုတော့...
>firmware folder (၁) ခု
>BulidManifest.plist (plist = Apple Property List)
>restore.plist
>kernalcache file ၂ ခု (Document)
>dmg file ၃ ခု (dmg = Disk Image)
တို့ ပါဝင်ပါတယ် ။ ဒီ file (၅)ခုမှာ size
အများဆုံးကတော့ dmg file (၃) ခုထဲက
(၁) ခုပါ။
size 1GB or 2GB ကျော်ကျော်လောက်ရှိပါတယ် ။ ကျန်တဲ့ file (4) ခုက size သေးပါတယ် ။
> BuildManifest
*BuildManifest.plist*
BuildManifest.plist ထဲမှာကတော့ ဖိုင် (၅) ခုပါဝင်ပါတယ်
>Buildidentities
>ManifestVersion
>ProductBuildVersion
>ProductVersion
>SupportedVersionTypes
တို့ ပဲဖြစ်ပါတယ် ။ အဲ့ ဖိုင် (၅) ခုထဲက
>Buildidentities နဲ့ 
>SupportedVersionTypes
တို့ က Array အမျိုးအစားပါ ။
Array ဖြစ်တာမို့ သူ့ ထဲမှာအခန်းတွေထပ်ပြီးပါဝင်ပါသေးတယ် ။
(Programming သမားတွေနားလည်ပါလိမ့်မယ် .. Array ဟာမတူညီတဲ့ data types တွေကို အခန်းလိုက်အခန်းလိုက် သူ့ အမျိုးအစားတူတွေပဲစုပြီး စုသိမ်းပေးထားတဲ့ နေရာတစ်ခုပါ )
What is Downgrade / Upgrade?
iDevice ကို Downgrade / Upgrade လုပ်တဲ့ အခါမှာ Buildidentities ထဲ က Array အခန်းတွေ
ထဲကမှကိုယ့် device နဲ့ ကိုက်ညီတဲ့ Device Class / Board ID ကိုရှာပါတယ်
Array အခန်းပေါင်း (၈) ခန်းပါပါတယ် အဲ့(၈) ခန်းထဲကမှ ကိုယ့် Device နဲ့ ကိုက်ညီတဲ့ အခန်းတိုင်းကို တိုက်စစ်မှာဖြစ်ပါတယ်
ပြီးမှ Apple က TSS (Tatsu Signing Server)ကို ကိုယ့် Device အတွက် တင်မယ့် firmware ဟာ compatible ဖြစ်မဖြစ် shshblobs file နဲ့ စစ်ပါတယ် .. (၂) ခုက ကိုက်ညီမှရှိမှသာ device ကို firmware downgrade / upgrade လုပ်နိုင်တာဖြစ်ပါတယ်။
shsh blobs နဲ့ ပတ်သတ်ပြီး အသေးစိတ်သိချင်ရင်တော့..
What is shsh blobs ?
shsh blobs ဆိုတာ iOS software upgrade / downgrade လုပ်တဲ့အခါမှာ အသုံးပြုပါတယ်။
Apple က iOS software Upgrade ပြုလုပ်တဲ့အခါမှာ Tatsu Signing Server (TSS) ကနေ စစ်ပေးပါတယ်။
ဖုန်းထဲက hardware အစိတ်အပိုင်းလေးတစ်ခုရှိပါတယ်။
အဲ့ဒါကို apple ဆီ request ပို့ လိုက်ပါတယ်..( restore / update လုပ်နေတုန်း internet လိုတာဒါကြောင့်ပါ )
အဲ့လို request ပို့ လိုက်တဲ့အခါ Apple က Verify လုပ်ပါတယ်။
ပြည့်စုံပြီဆိုမှ Upgrade / Downgrade လုပ်လို့ရတာပါ ။
shsh blobs မှာ အစိတ်အပိုင်း (၃) ခုရှိပါတယ်။
Apple ရဲ့Tatsu Signing Server (TSS) ကနေအဓိက စစ်တဲ့ (၃) ခုပါ..
1-ဖုန်းမော်ဒယ်
2-လက်ရှိတင်ထားတဲ့ firmware version
3-ဖုန်းရဲ့ ECID (Exclusive Chip Identification)
ECID ဆိုတဲ့ ကီးကုတ်လေးတွေ က ဖုန်းတလုံးအတွက် တခုပဲရှိပါတယ်။
တသက်လုံးမပြောင်းလဲတဲ့ကုတ်လေးတွေပါ။
ဖုန်းအမျိုးအစားကွာရင် ECID လေးတွေလဲကွာသွားပါတယ် ..
ဒါကြောင့် iPh 6 သမားရဲ့ blobs ကို iPh 7 မှာ သုံးယူလို့ မရတာပါ ..
Why save shsh blobs ?
ဘာလို့  shsh blobs ကို save ရမှာလဲ ?
Apple က signing ပိတ်ထားတဲ့ version ကို ပြန်ဆင်းနိုင်ဖို့ ပါ။
ဥပမာ... လက်ရှိ 11.1.2 ပဲထားပါတော့
11.3.1 ကို jailbreakလုပ်ထားတယ်။ Apple ကလဲ signing ပေးထားသေးတယ်...
11.3.1 shsh ကိုတော့ save ထားလိုက်မယ်...
နောက် ၂ ပတ်လောက်ကြာရင်.. 11.3.1 ကို Apple က တင်ခွင့်ပိတ်လိုက်မယ်။
မည်သူမှတင်မရတော့ဘူး ..
ဒါပေမယ့် ..signing ဖြစ်နေတဲ့ အချိန်တုန်းက blobs ကို save ထားတဲ့အတွက် iOS 12 ပေးထားပေမယ့် 11.3.1 ကို Firmware တင်လို့ရသွားပါတယ်..
Apple က signing ပေးတဲ့ အချိန်တုန်းက blobs ကို save မထားရင်တော့ Downgrade ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်..Downgrade ပြုလုပ်ချင်သူများက shsh blobs နဲ့ Firmware ကို save ထားခြင်း ဖြစ်ပါတယ်။
Future Restore လို့ ခေါ်ကြပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေ..

Thitsarparami iOS Application

🙏 mp3 တရားတော်အသစ်များကို နေ့စဉ်တင်ပေးနေသော သစ္စာပါရမီ website မှ ဆရာတော် အပါး တစ်ရာကျော်၊ တရားတော်အပုဒ်ပေါင်း သုံးသောင်းကျော်အား ဖုန်းထဲတွင် အလွယ်ကူ သိမ်းထားနိုင်သည့် iOS Application အသစ် ကို App Store မှ အခမဲ့ ဒေါင်းလုပ်ရယူ၍ တရားတော်များအား နာယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
📲 Thitsarparami iOS Application
-::-::-::-::-::-::-::-::-::-::-::-::-::-::-::-::
https://itunes.apple.com/sg/app/thitsarparami/id1083064869…


Thursday, November 1, 2018

iPhone နှင့် iPad တွေမှာ ဘက်ထရီချွေတာ သုံးစွဲနိုင်စေသည့် အချက်များ....

📲iPhone နှင့် iPad တွေမှာ ဘက်ထရီချွေတာ သုံးစွဲနိုင်စေသည့် အချက်များ....
1-Turn on Low Power Mode
========================
Settings > Battery > Low Power Mode ကို ဖွင့်ပါ။
2-Turn on Auto-Brightness
=======================
Settings > General > Accessibility Display Accommodations > Auto-Brightness > ကို ဖွင့်ပါ။
3-Turn Off True Tone
==================
Settings > Display & Brightness > True Tone ကို ပိတ်ပါ။
4-Don’t bother closing apps
=========================
မိမိ အသုံးပြုခဲ့ပြီးသော App များက Background မှာ ရှိနေပါတယ်။
Home Buttom ကို နှစ်ချက် နှိပ်လိုက်ပါက App Switcher ပေါ်လာပါလိမ့်မည်။
(***iPhone X swip up)
မိမိ အသုံးပြုထားသော backgroud Apps များကို မပိတ်ပါနဲ့...
5-Prevent Background App Refresh
================================
Settings > General > Background App Refresh > မှာ off ပါ။
6-Don't Automatically Update Apps
================================
Settings > iTunes & App Store > Updates ကို ပိတ်ပါ။
7-Stop Motion & Animations
=========================
Settings > General > Accessibility > Reduce Motion ကို On ပါ။
8-Turn Off Other Location Settings
==============================
Settings > Privacy > Location Services > System Services >
Location-Based iAds,Popular Near Me, and Setting Time Zone တို့ကို ပိတ်ပါ။
(မိမိ မလိုအပ်သော အချို့ App များရဲ့ Location ကို Never လုပ်ထားပါ။)
9-Turn off Equalizer
==================
Settings > Music > EQ > မှာ off ပါ။
10-Keep Wi-Fi Off
================
Settings > Wi-Fi ကို ပိတ်ပါ။
(Cellular Data ဖြင့် အသုံးပြုလျှင်)
11-Make Sure Personal Hotspot Is Off
=================================
Settings > Personal Hotspot ကို ပိတ်ပါ။
12-Turn Bluetooth Off
===================
Settings > Bluetooth ကို ပိတ်ပါ။
13-Turn off Cellular Data unnecessary Apps
========================================
Settings > Cellular/Mobile Data > မှာ မိမိအသုံးပြုမလိုသော Apps များကို ပိတ်ပါ။
14-Turn off 4G/LTE
================
Settings > Cellular > Cellular Data Options > Voice & Data > မှာ 3G ကို ရွေးပါ။
15-Don't Take App Suggestions & Remove Widgets
============================================
မလိုအပ်သော Widgets များကို Remove လုပ်ပါ။
Widgets Page(Homescreen First Page to swip left) > Edit > (ဥပမာ-Siri App Suggestions ) ကို Remove လုပ်ပါ။
16-Turn Off Fitness Tracking
=========================
Settings > Privacy > Motion & Fitness > Fitness Tracking ကို ပိတ်ပါ။
17-Don't Send Diagnostic Data to Apple or Developers
===============================================
Settings > Privacy > Analytics >
1-Share iPhone & Watch Analytics,
2-Share With App Developers,
3-Share iCloud Analytics,
4-Improve Activity,
5-Improve Wheelchair Mode တို့ကို ပိတ်ပါ။
18-Turn Off Limit Ad Tracking
==========================
Settings > Privacy > Advertising > Limit Ad Tracking ကို ပိတ်ပါ။
19-Disable Cellular Calls Through Other Devices
===========================================
Settings > Phone > Calls on Other Devices > Allow Calls on Other Devices > မှာ ပိတ် ပါ။
20-Turn Data Push Off Email
=========================
Settings > Accounts & Passwords > Fetch New Data > Push ကို ပိတ်ပါ။
21-Turn off iCloud Backup & Disable Unneed Apps
============================================
Settings > Accounts & Passwords > iCloud >
1-iCloud Backup
2-မိမိအသုံးမပြုလိုသော Apps များ ကို ပိတ်ပါ။
22-Don't Automatically Upload Photos to iCloud
==========================================
Settings > Photos > Upload to My Photo Stream ကို ပိတ်ပါ။
23-Kill “Hey Siri and Suggestion Search Apps”
=======================================
Settings > Siri & Search >
1-Listen for "Hey Siri"နှင့်
2-မိမိ မလိုအပ်သော Apps > Search & Siri Suggestions ကို ပိတ်ပါ။
24-Disable Live Photo & Dynamic Backgrounds
=========================================
Settings > Wallpaper > Choose မှာ Live Photo & Dynamic ကို မရွေးပါနဲ့...
Stills or Photos ကိုသာ ရွေးပြီး မိမိနှစ်သက်သော သာမန်ပုံကို သာ Wallpaper ထားပါ။
25-Auto-Lock Sooner
===================
Settings > Display & Brightness > Auto-Lock > 30 Seconds,1 /2/3/4/5 Minutes တခုခု ကို ရွေးပါ။
26-Turn off Raise to Wake
=======================
Settings > Display & Brightnes > Raise to Wake ကို ပိတ်ပါ။
27-Disabled Unneeded Vibration
=============================
Settings > General > Accessibility > Vibration ကို ပိတ်ပါ။
28-Kill Push notifications from apps
================================
Settings > Notifications > (မလိုအပ်သော) Apps > Allow Notifications ကို ပိတ်ပါ။
29-Turn AirDrop Off Unless You're Using It
=====================================
Settings > General > AirDrop မှာ Receiving Off ပါ။
(Control Center မှ AirDrop ကို Receiving Off ပါ။)
30-Find the Battery Killers
========================
Settings > Battery > Battery Usage တွင် တွင် မိမိအသုံးပြုခဲ့သော ဘက်ထရီကို ပြန် စိစစ်သုံးသပ်ပါ။
31-Check battery health and disable performance
==========================================
Settings -> Battery -> Battery Health > Maximum Capability > မှာ 80% အောက် ကျနေပြီဆိုရင်တော့ Battery လဲသုံးဖို့ တိုက်တွန်းပါရစေ...

iOS 12 မှာ ပါလာတဲ့ Face ID အတွက် Gesture အသစ်

Gesture အသစ် တစ်ခုဖြစ်တဲ့ Retry Face ID ကို Apple က iOS 12 မှာ မိတ်ဆက်ပေးလိုက်ပါတယ် ။ 
iPhone X သမားတွေ Unlock လုပ်တဲ့အခါမှာ တစ်ခါတရံကျရင် Face ID က fail ဖြစ်ပြီး Lock မပွင့်တာကို ကြုံဖူးကြမယ် ထင်ပါတယ် ။ 
ကဲ iPhone X သမားတွေ iOS 12 ကျရင်တော့ ခင်ဗျားတို့ စိတ်မရှုပ်ရတော့ပါဘူး ။ 
ဒီ Retry Face ID ကြောင့် ဖုန်းကို အောက်ကို အနည်းငယ် နိမ့်ထားတာပဲဖြစ်ဖြစ် ၊ အပေါ်ကို အတော် မြင့်နေတာပဲဖြစ်ဖြစ် Sleep ဖြစ်နေတဲ့ iPhone X ကို ကောက်ကိုင်လိုက်တာနဲ့ Face ID Sensor တွေက တန်းပြီး အလုပ်လုပ်မှာ ဖြစ်လို့ပါပဲ ။
သိပ်ကို ရိုးရှင်းပြီး မြန်ဆန်စွာ Unlock လုပ်သွားတာကို မျက်ဝါးထင်ထင် မြင်တွေ့ရပါလိမ့်မယ် ။

ဒီ Gesture အတွက် မည်သည့် Setting ချိန်ညှိမှုမှ လုပ်စရာ မလိုအပ်ပါဘူး ။ ဘာလို့လဲဆိုတော့ ဒီ Retry Face ID Gesture ဟာ iOS 12 ရဲ့ Built-in iOS Gesture ဖြစ်နေလို့ပါပဲ ။ 
( အခြားသော iPhone Series များအတွက်လည်း Performance & Stability တွေမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာအောင်လို့ လုပ်ပေးထားပါတယ် ။ iOS 11 မှာတုန်းက လူအများ ပြောစရာ ဖြစ်ခဲ့တာတွေကို Apple အနေနဲ့ iOS 12 မှာတော့ ပြုပြင်မှုများစွာဖြင့် အကောင်းမွန်ဆုံးဖြစ်အောင်လို့ လုပ်ပေးထားပါတယ် ။ ) 
အားလုံးအဆင်ပြေချမ်းမြေ့ကြပါစေ ။

ဒေါ်လာဈေးကို Stock App ကနေကြည့်ကြမယ်

ဒေါ်လာဈေးကို Stock App ကနေကြည့်ကြမယ်
(ပုံပါ Stock App သည် iOS 12 မှ Refreshed Version ဖြစ်သည်)

iOS မှာ Stock app လေးရှိတာ မှတ်မိကြပါတယ်နော်... Stock Share မသုံးတဲ့သူအတွက် အဲ့ App ကြီးက ဖုန်တက်နေရောပေါ့... ဒီတော့ အကျိုးရှိတာ တစ်ခုခုလုပ်ကြည့်ရအောင် — အဲ့တာနဲ့ ဒေါ်လာဈေးကြည့်မယ်ဗျာ
 
Step 1 — Stock app ထဲ ဝင်ပြီး ညာအောက်ထောင့်က edit icon လေးသွားနှိပ်ပါ
 
Step 2 — ပြီးရင် ကိုယ့်အတွက် အရေးမပါမျက်စိနောက်တဲ့ဟာတွေ ဖျက်ပလိုက်။ အဲ့တာပြီးရင် ဘယ်အပေါ်ထောင့်က add icon နှိပ်မယ်ဗျာ။
 
Step 3 — ဒီမှာ ကျွန်တော်တို့က USD ငွေလဲနှုန်း ကြည့်မှာမို့ USDMMK လို့ရေးပါ။ ပြီးရင် add icon လေးနှိပ်။
(တခြား ငွေကြေးတွေအများစုရပါတယ် ရမရသိချင်ရင် ကိုယ်ကြည့်မယ့် ငွေရဲ့ currency code နောက်မှာ mmkကိုကပ်ရေးလိုက်ပါ)
 
 
Step 4 — စိတ်ကြိုက်ဖြစ်ပြီဆို Done မယ်။

 Widget page မှာလည်း လွယ်လွယ်ကူကူ ကြည့်လို့ရပါတယ်နော်။