တိချစ်သူများအတွက် iOS17
====================
တိချစ်သူ ပန်းသီးဖီလင်များ အကြိုက်တွေ့ နှစ်ခြိုက်မဲ့ Feature လေးတစ်ခု iOS17 မှာ ပါဝင်လာပါတယ်၊ မိမိရဲ့ အိမ်မွေးတိရစ္ဆာန်များကို Photo App က အမှားအယွင်းမရှိ မှတ်မိနိုင်တဲ့ Pet Recognition ပါဘဲ၊ တိချစ်သူများဟာ တိလေးတွေကို သားသမီးအရင်းပမာ သံယောဇဥ်အပြည့်နဲ့ စောက်ရှောက်ထားကြသလို နေ့စဥ်ဓူဝ လှုပ်ရှားနေထိုင်ပုံတွေကိုလည်း အမှတ်တရ ဓါတ်ပုံရိုက် သိမ်းထားကြပါတယ်၊ ဟော ပြန်ကြည့်ချင်ဘီဆို အယ်လ်ဖန်တစ်ခုလုံး မွေးနှောက်ရဘီပေါ့၊ ကိုယ့်ဘာသာ Album တည်ဆောက်ပြီး manual ထည့်သိမ်းရအောင်ကလည်း နေ့စဥ်အလုပ်ပို လုပ်နေရ၊ အဲအခက်အခဲကို ပန်းသီး iOS17 မှာ ကူညီဖြေရှင်းပေးထားပါတယ်။
ဓါတ်ပုံ တစ်ပုံ နှစ်ပုံလောက် တွေ့ရင်တော့ Function က အလုပ် မလုပ်သေးဘူးဗျ၊ တော်တော်များများ တူတာတွေ Detect လုပ်မိဘီဆို ဆိုင်ရာဓါတ်ပုံအောက်မှာ ဒီ ခွေးလေးက ဘယ်သူလဲ ဒီကြောင်လေးက ဘယ်သူလဲ လို့ အမေးရှိလာတဲ့အခါ တိလေးတွေရဲ့ အမည်နာမကို ပေါင်းထည့်လို့ရပါဘီ၊ သူနဲ့ သက်ဆိုင်တဲ့ အခြားပုံတွေကို ပြပြီး သေချာအောင် Confirm လုပ်ခိုင်းပါ့မယ်၊ အဲလိုလုပ်ပြီးတာနဲ့ Photo Library အောက်က People & Pets မှာ တိလေးတွေရဲ့ နာမည်နဲ့တကွ ဆိုင်ရာ ဓါတ်ပုံများ တစုတစည်းတည်း တွေ့ရပါ့မယ်၊ အသစ်ထပ်ရိုက်တဲ့ပုံတွေဆို ဟဲ့ ဒါက မိဖြူ အို ဒါကညိုလုံး ဆိုသကဲ့သို့ တိလေးတွေရဲ့ နာမည်အောက် ဆိုင်ရာ album မှာ အလိုအလျောက် သိမ်းပေး စုစည်းပေးထားပါ့မယ်၊ ဒါတွင်မကပါဘူးတဲ့ တိလေးတွေနဲ့ ဆိုင်ရာ သီးသန့်အမှတ်တရ Memories များကိုလည်း ဆိုင်ရင် ဆိုင်သလို ဖော်ထုပ်ပြသပေးပါဦးမယ်တဲ့။
Pet Recognition ဟာ အလုပ် လုပ်ရာမှာ အလွန်တိကျတယ်လို့ ဆိုပါတယ်၊ အရောင်တူတာတောင် ဘယ်သူဘယ်ဝါဆိုတာ အမှားအယွင်းမရှိ ခွဲခြားနိုင်ပါတယ်၊ အလွန် အသုံးဝင်လှတဲ့အတွက် တိချစ်သူများအတွက် အထူး ဝမ်းသာစရာပါဘဲ။
No comments:
Post a Comment