ကျနော်တို့ အနေဖြင့် App Store ကနေပြီး Document Scanner Applications တွေကို ဝယ်ယူ ဒေါင်းလုတ်ဆွဲစရာ မလိုပဲ Built in ပါလာတဲ့ ဒီ Note App ကို အသုံးပြုပြီး Scan ဖတ်ကာ သိမ်းဆည်း ( Save ) ထားနိုင်ပါတယ် ။
( အရေးကြီးတဲ့ Document Scan Files တွေကို ရေရှည်အတွက် သိမ်းဆည်းထားချင်တယ် ဆိုရင်တော့ Note App ထဲကို ဝင် ။ ပထမဆုံး မြင်ရတဲ့ Folder ခေါင်းစဉ်အောက်မှ ICloud ရဲ့ Notes ထဲကို ဝင်ပြီး New Note သင်္ကေတကို နှိပ်ပြီး အောက်က ပုံထဲက အဆင့်တွေအတိုင်း လုပ်ပါ ။ ဒါဆိုရင် မိမိရဲ့ အရေးကြီးတဲ့ Document Scan Files တွေကို iCloud ပေါ်မှာ သိမ်းဆည်းထားပြီး ဖြစ်ပါတယ် ။ ကျနော်တို့အနေဖြင့် အခြားသော iPhone အသစ်တစ်လုံးကို ပြောင်းလဲပြီး အသုံးပြုမယ် ဆိုရင်တောင် ကျနော်တို့ရဲ့ Apple ID ကို Sign In လုပ်လိုက်ခြင်းဖြင့် အဆိုပါ အရေးကြီးသည့် Document Scan Files များကို ပြန်လည် ရရှိနိုင်မှာ ဖြစ်ပါတယ် ။ )
New Note ထဲကို ရောက်ပြီ ဖြစ်ပါတယ် ။
ပုံထဲမှ အဝိုင်းလေးထဲက ( + ) သင်္ကေတ အိုင်ကွန်လေးကို နှိပ် ။
ပေါ်လာတဲ့အထဲက Scan Documents ကို ဆက်ပြီး နှိပ်ပါ ။
ပုံထဲမှ အဝိုင်းလေးထဲက ( + ) သင်္ကေတ အိုင်ကွန်လေးကို နှိပ် ။
ပေါ်လာတဲ့အထဲက Scan Documents ကို ဆက်ပြီး နှိပ်ပါ ။
ပုံထဲမှာ မြင်ရတဲ့အတိုင်း Scanner Camera ထဲကို ရောက်သွားပါမယ် ။
Scan ဖတ်မယ့် Documents ကို ချိန်ပေးလိုက်ပါ ။
Shutter Button လို့ ခေါ်တဲ့ ဓါတ်ပုံရိုက်တဲ့ ခလုတ်လေးကိုတောင် နှိပ်စရာ မလိုအပ်ပါဘူး ။ Documents တွေကို ချိန်လိုက်တာနဲ့ အလိုအလျောက် Scan ဖတ်ပြီး ဖြစ်သွားမှာ ဖြစ်ပါတယ် ။
Documents ကို Scan ဖတ်ပြီးတာနဲ့ ဘယ်ဖက်အပေါ်က Done ကို နှိပ်လိုက်ပါ ။Scan ဖတ်မယ့် Documents ကို ချိန်ပေးလိုက်ပါ ။
Shutter Button လို့ ခေါ်တဲ့ ဓါတ်ပုံရိုက်တဲ့ ခလုတ်လေးကိုတောင် နှိပ်စရာ မလိုအပ်ပါဘူး ။ Documents တွေကို ချိန်လိုက်တာနဲ့ အလိုအလျောက် Scan ဖတ်ပြီး ဖြစ်သွားမှာ ဖြစ်ပါတယ် ။
အကယ်၍ မိမိ Scan ဖတ်ထားတဲ့ ပုံကို စိတ်ကျေနပ်မှု မရှိပါက ညာဖက်အပေါ်က Retake ကို နှိပ်ပြီး နောက်တစ်ကြိမ် Documents တွေကို Scan ဖတ်နိုင်ပါမယ် ။
အဲဒီအောက်မှာလည်း မိမိ Scan ဖတ်ထားတဲ့ ပုံတွေကို Crop တာတို့ ၊ Colors ချိန်းပေးတာတို့ ၊ Rotate လှည့်တာတို့ ၊ ဒါမှမဟုတ် မကြိုက်လို့ Delete လုပ်တာတို့ စသည်ဖြင့်ပါ Scan Files တွေကို Edit လုပ်နိုင်ပါသေးတယ် ။
ပြီးရင် Scan ဖတ်ထားတဲ့ Documents ပုံတွေကို Photo Library ထဲကို ရောက်အောင် ပို့ပါမယ် ။
ကျနော်တို့ iPhone တွေမှာ Built in ပါလာတဲ့ Note App ဟာ ဒီလို အသုံးဝင်မှန်း အစက မသိခဲ့ဘူး မဟုတ်လားဗျ ?
ကဲ ကဲ အခုသိပြီမို့ ကျနော်ပြောတဲ့အတိုင်း ဟုတ် မဟုတ် ကိုယ်တိုင်သိရအောင်လို့ လက်တွေ့ စမ်းကြည့်လိုက်ရအောင်ဗျာ ။
အားလုံးအဆင်ပြေကြပါစေ ။
CRD;;ဇာနည် ( iOS Banker Myanmar )
No comments:
Post a Comment