Tuesday, November 13, 2018

iOS User များအတွက် App Hide နည်းနှင့် Folder Name ဖျောက်နည်း။

အရင်ဆုံး Folder Name ဖျောက်နည်းကိုပြောပါမယ်။
အောက်က စာကြောင်းကို Copy လုပ်ပီး Note မှာ Save ထားပါ။
[⠀] – U+2800
ကွင်းထဲကနေရာလွတ်လေးကို Copy လုပ်ပါ။ Folder Name ချိန်းရန် Folder ကို ဖိထားပါ။ ကွင်းထဲက Copy ကူးလာတာကို Paste ချလိုက်ပီး ပြန်ထွက်လိုက်ပါ။ Folder Name ပျောက်သွားပါလိမ့်မယ်။

နောက်တစ်ခုက App Hide နည်းပါ။ iOS Ver အလိုက် App Hide နည်းတွေအများကြီးရှိပါတယ်။ တကယ်ပျောက်သွားတာရှိသလို မျက်စိအမြင်အရ ပျောက်သွားတာလဲရှိပါတယ်။ ကျွန်တော်ပြောပြပေးမှာက iOS 12 User တွေအတွက် မျက်စိအမြင်အရ App Hide နည်းပါ။ ယခုနည်းကို iPhone သုံးတယ့်သူတွေ အလွယ်တကူ သိနိုင်ပေမယ့် ( တချို့ကလဲ သိပါတယ် တချို့က မသိပါဘူး )
iPhone မသုံးတယ့်သူတွေဝင်ကြည့်ရင်တော့ အလွယ်တကူ မသိနိုင်ပါဘူး။ ဒီ Post ကိုဖတ်ပီးရင်တော့ သိသွားမှာပေါ့လေ ။
နည်းကတော့ App ကို Folder ထဲမှာ ဖျောက်ထားနည်းပါ။ App အနည်းငယ်ကို Folder ထဲစုပီး ဖျောက်ချင်တယ့် App ကို ဘေးဘက်ကို Push ဆွဲယုံပါပဲ။
လုပ်ပုံလုပ်နည်းကို Video တွင်ကြည့်ပါ။
 

No comments:

Post a Comment