iPhone X သမားတွေ Unlock လုပ်တဲ့အခါမှာ တစ်ခါတရံကျရင် Face ID က fail ဖြစ်ပြီး Lock မပွင့်တာကို ကြုံဖူးကြမယ် ထင်ပါတယ် ။
ဒီ Retry Face ID ကြောင့် ဖုန်းကို အောက်ကို အနည်းငယ် နိမ့်ထားတာပဲဖြစ်ဖြစ် ၊ အပေါ်ကို အတော် မြင့်နေတာပဲဖြစ်ဖြစ် Sleep ဖြစ်နေတဲ့ iPhone X ကို ကောက်ကိုင်လိုက်တာနဲ့ Face ID Sensor တွေက တန်းပြီး အလုပ်လုပ်မှာ ဖြစ်လို့ပါပဲ ။
သိပ်ကို ရိုးရှင်းပြီး မြန်ဆန်စွာ Unlock လုပ်သွားတာကို မျက်ဝါးထင်ထင် မြင်တွေ့ရပါလိမ့်မယ် ။
ဒီ Gesture အတွက် မည်သည့် Setting ချိန်ညှိမှုမှ လုပ်စရာ မလိုအပ်ပါဘူး ။ ဘာလို့လဲဆိုတော့ ဒီ Retry Face ID Gesture ဟာ iOS 12 ရဲ့ Built-in iOS Gesture ဖြစ်နေလို့ပါပဲ ။
( အခြားသော iPhone Series များအတွက်လည်း Performance & Stability တွေမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာအောင်လို့ လုပ်ပေးထားပါတယ် ။ iOS 11 မှာတုန်းက လူအများ ပြောစရာ ဖြစ်ခဲ့တာတွေကို Apple အနေနဲ့ iOS 12 မှာတော့ ပြုပြင်မှုများစွာဖြင့် အကောင်းမွန်ဆုံးဖြစ်အောင်လို့ လုပ်ပေးထားပါတယ် ။ )
အားလုံးအဆင်ပြေချမ်းမြေ့ကြပါစေ ။
No comments:
Post a Comment