သင့်ဖုန်းကို မထားသင့်တဲ့ နေရာများ
ဒီနေ့ခေတ်မှာတော့ ဖုန်းနဲ့လူဟာ ခွဲခြားမရတော့ပါဘူး။လူတိုင်းနီးပါးလောက်ကို ဖုန်းရှိနေတာဖြစ်ပါတယ်။ဒါဟာ ကောင်းကျိုးရော ဆိုးကျိုးရော ရောပြွမ်းနေတဲ့ ရလဒ်တွေရဲ့ မူလအစပါပဲ။ဒီတော့ ဖုန်းတွေကို အထားအသိုမတတ်ရင် သင့်ကျန်းမာရေးထိခိုက်တတ်ပါတယ်။ဖုန်းတွေကို ဘယ်နေရာတွေမှာ မထားသင့်ဘူးလဲဖော်ပြပေးလိုက်ပါတယ်။1.Back pocket
တချို့က ဖုန်းကို ဘောင်းဘီနောက်အိတ်ထဲ ထည့်သွားတတ်ပါတယ်။ဒီလို ကြပ်တည်းတဲ့နေရာမှာ ထားတဲ့ဖုန်းဟာ အနည်းဆုံးတော့ ခလုတ်ပွင့်တတ်ပြီး အရေးပေါ်ခေါ်ဆိုမှုတွေ အလိုအလျောက်ဖြစ်စေပါတယ်။ရဲစခန်းကို ခေါ်ဆိုမှု 30 %ဟာ အလိုအလျောက်ခေါ်ခြင်းဖြစ်ပါတယ်။
ပြီးတော့ နောက်ကျောတက်တာနဲ့ ခြေထောက်ကိုက်တာတွေ အစာအိမ်အောင့်တာတွေဟာ ဖုန်းကို နောက်အိတ်မှာ ကြာရှည်ထည့်သူတွေ ခံစားရတတ်ပါတယ်။

2.Front pocket
အမျိုးသားအများစုက ဖုန်းကို ဖုန်းအိတ်နဲ့ထည့်တာ လက်ကကိုင်တာမလုပ်ပဲ ရှေ့ဘောင်းဘီအိတ်ထဲသာ ထည့်တတ်ပါတယ်။ဒါက ဆိုးဝါးပါတယ်။ဖုန်းရဲ့ လှိုင်းတချို့ကြောင့် လိင်အင်္ဝါမသန်စွမ်းခြင်း သုတ်ရည်ခမ်းခြင်းနဲ့ မျိုးမအောင်ခြင်း ဆီးကျိတ်ဖြစ်ဖြင်းတွေ ဖြစ်တတ်ပါတယ်။

3.Bra
တချို့အမျိုးသမီးတွေဟာ ဖုန်းကို ဘရာစီယာထဲအလွယ်ထိုးထည့်တတ်ပါတယ်။ဒါဟာ မြန်မာနိုင်ငံမှာ အများဆုံးလုပ်တတ်တဲ့ အမူအကျင့်ဖြစ်ပြီး ရင်သားကင်ဆာဖြစ်ပေါ်စေနိုင်တဲ့ ကြောက်မက်ဖွယ် အမူအကျင့်ဖြစ်ပါတယ်။

4.On your hip
ဖုန်းကို အနီးအနားမှာ အမြဲထားအိပ်တတ်သူတွေရဲ့ 90%လောက်ဟာ ခါးကိုက်တတ်ပါတယ်။ခါးရိုးတွေ နာကျင်မှုဖြစ်ပြီး ဦးနှောက်ကိုပါထိုင်းမှိုင်းစေနိုင်ပါတယ်။

5.Against your skin
ဖုန်းကို အမြဲမခွာတမ်းစကားပြောတတ်သူတွေရှိပါတယ်။သူတို့ဟာ တခါပြောရင် တနာရီလောက်ကြာပါတယ်။ဒီလိုလူမျိုးတွေရဲ့ နားရွက်နဲ့ ပါးတဝိုက်ဟာ သွေးမလျှောက်တော့ပဲ သွေးကြောငယ်တွေပျက်စီးကာ အရေပြားကို ထိခိုက်တတ်ပါတယ်။

6.On the charger
ဖုန်းကို အားသွင်းရင်း မသုံးသင့်ဘူးဆိုတာ အရင်ကထက် လူတိုင်းနီးပါးသိလာကြပါတယ်။အားသွင်းနေစဉ်မှာ electromagnetic ရောင်ခြည်တွေဖြာထွက်ပြီး သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ပေါက်ကွဲရင် လက်ချောင်းတွေပါ ဆုံးရှုံးသွားနိုင်ပါတယ်။

7.Cold places
တချို့က အယူအဆမှားတခုရှိပါတယ်။ဖုန်းဘက်ထရီအရမ်းကူလွန်းရင် ရေခဲသေတ္တာထဲ ထည့်တာမျိုးလုပ်လိုက်ပါတယ်။ဒါဟာ ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်နိုင်ပါတယ်။အရမ်းအေးလွန်းတဲ့အခါ ဖုန်းကို ကိုယ်နဲ့ ဝေးဝေးမှာထားသင့်ပြီး ဘက်ထရီကိုလဲ အအေးဒဏ်ခံနိုင်အောင် ကာဗာစွပ်ထားသင့်ပါတယ်။

8.Hot places
အပူချိန်အရမ်းမြင့်လွန်းရင်လဲ လျှပ်စစ်ပစ္စည်းတွေဟာ ပျက်စီးလွယ်ပါတယ်။အရမ်းပူတဲ့ အပူချိန်မှာ ဖုန်းကို အပြင်ကို ယူဆောင်သွားခြင်း တတ်နိုင်သမှ ရှောင်ပေးရမှာဖြစ်ပါတယ်။

9.Stroller
ဖုန်းကို ကလေးတွေနဲ့ မပေးထားသင့်ပါဘူး။ကလေးတွေက ဖုန်းကိုဖွင့်ပြီး အရမ်းဆော့နေရာကနေ ဘက်ထရီပူတဲ့အချိန်မှ သူတို့ရဲ့ ပါးစပ်ထဲထည့်ပြီး စုပ်တာ ကိုက်တာလုပ်နေရင် သွားရည်တွေဝင်ပြီး ပေါက်ကွဲတတ်ပါတယ်။သင့်ရဲ့ ချစ်စဖွယ်ကလေးတွေ ဖုန်းကြောင့် အကျည်းမတန်ပါစေနဲ့။

10.Under your pillow
တချို့က ဖုန်းကို ခေါင်းအုံးအောက် ထည့်အိပ်တတ်ကြပါတယ်။ဖုန်းရဲ့ လှိုင်းဟာ ဦးနှောက်က အရည်တွေကို ခမ်းသွားစေနိုင်ပါတယ်။သွေးကြောတွေ ယောင်ယမ်းခြင်းနဲ့ ဦးနှောက်အကျိတ်မဖြစ်ခြင်း အမြှေးပါးရောင်ခြင်းတွေဖြစ်အောင် ဖုန်းရဲ့ လှိုင်းတွေက လှုံ့ဆော်ပေးမှာဖြစ်ပါတယ်။

Credit: ဘယ်က saveထားမှန်းမသိတော့ပါ
No comments:
Post a Comment