Tuesday, November 6, 2018

iOS 8.0 ကနေ လက်ရှိ iOS 12.1 အထိ အသုံးပြုနိုင်တဲ့ မြန်မာဖောင့်အလှတွေကို သွင်းကြမယ်

ကိုယ့်ရဲ့ iPhone , iPad တွေ အပေါ်မှာ ထည့်ထားတဲ့ Font ဒီဇိုင်းတွေက အသုံးကြာလာလို့ ရိုးပြီး အီနေကြပြီလား ။ 
ဒါမှမဟုတ် iOS Versions တစ်ခါ မြှင့်တိုင်း မလုပ်တတ် မကိုင်တတ်တာကြောင့် ကိုယ့်ရဲ့ Devices မှာ မြန်မာစာတွေ မမှန်တာ ၊ ဖတ်လို့ မရအောင် ထပ်နေတာမျိုး ဖြစ်နေ ကြုံတွေ့နေရပြီလား ။ 
ဟုတ်ပြီလေ … 
အခု ဒီပို့စ်လေးကို ဖတ်ကြည့်ပြီးရင်တော့ ရိုးနေကြတဲ့ သူတွေလည်း ပြန်ပြီး လန်းလာမယ် ၊ အဲ …
မြန်မာစာ ဟိုနေရာ မမှန် ဒီနေရာ အဆင်မပြေ ဖြစ်နေကြတဲ့သူတွေလည်း အကုန်လုံး အစစ အရာရာ အဆင်ပြေသွားလိမ့်မယ်ဗျာ ။ 
အခု ကျနော်ပြောမယ့် အကြောင်းလေးတွေကိုတော့ အစအဆုံး သေသေချာချာလေး ဖတ်ကြည့်ပြီး တဆင့်ချင်း လုပ်သွားဖို့တော့ လိုတာပေါ့နော့ ။ 
ဒီစာလုံး ဒီ ဒီဇိုင်းတွေပဲ မြင်နေရလို့ ရိုးတဲ့သူ ၊ ဟိုနေရာ ဒီနေရာမှာ မြန်မာစာ မမှန်လို့ စိတ်ညစ်နေရတဲ့ သူများခင်ဗျား ။ 
ပထမဆုံး – iPhone , iPad တွေရဲ့ Setting ကို သွားရပါမယ် ။ 
ဒုတိယ – General ထဲက Profile ထဲကို ဝင်လိုက်ရပါမယ် ။ 
တတိယ – အဲဒီထဲမှာ ရှိနေတဲ့ Zawgyi Profiles တွေကို တွေ့ရပါလိမ့်မယ် ။ တစ်ခုချင်းစီထဲကို ဝင်ပြီး အောက်က Remove Profile လေးကို နှိပ်ပေးလိုက်ကြပါဗျ ။ အရင်က ရှိပြီးသား ထည့်ပြီးသား ဇော်ဂျီတွေကို Remove လုပ်ပြီးပြီ ဆိုရင်တော့ … 
စတုတ္ထ – MyFont App ထဲကို ဝင်ရပါမယ် ။ ( MyFont App ကို Updated တော့ လုပ်ထားပါဗျ ။ ဒါမှ Features အသစ် အသစ်တွေကို ပိုင်ဆိုင်နိုင်မှာ 🥰 ) 
ပဉ္စမ – MyFont ထဲမှာ Essentials ရယ် , Collection ရယ်ဆိုပြီး ရှိပါတယ် ။ Collection ထဲကို ဝင်လိုက်ရပါမယ် ။ ( အခုမှ ဝင်ဖူးတဲ့ ယူစာအသစ်ဆိုရင်တော့ Fb Acc နဲ့ ချိတ်ဆက်ပေးရပါမယ် ။ ချိတ်လိုက်ပါ ။ New Feature Fonts လေးတွေက သင့်ကို ကြိုလင့်နေပါပြီ 😍 ) 
MyFont App ကို Update လုပ်ရန် 👉👉👉
ဆဌမ – ခဏစောင့်ပေးလိုက်ရင် ဇော်ဂျီဖောင့်အလှ စတိုင်မျိုးစုံနဲ့အတူ ယူနီကုတ်ဖောင့်မျိုးစုံတွေကိုပါ မြင်တွေ့ရပါလိမ့်မယ် ။ ( မပေါ်လာရင် အပေါ် ဘယ်ဖက်က MyFont ကို နှိပ်ပြီး ပြန်ထွက် ၊ ပြီး Collection ထဲကို ပြန်ဝင် ။ အောက်ကို ဆွဲချပြီး Refresh လုပ်ပေး ။ ဒါဆို ဖောင့်အလှ စတိုင်မျိုးစုံကို သင်မြင်တွေ့ ရပါပြီခင်ဗျား 😘 ) 
သတ္တမ – ကဲ ! သင်ကြိုက်နှစ်သက်ရာ ဖောင့်အလှစတိုင် တစ်ခုကို ရွေးချယ်ပြီးရင် ညာဖက်အပေါ်က Install ခလုတ်လေးကို နှိပ်လိုက် ရပါမယ် ။ ပြီး ပေါ်လာတဲ့ Popup လေးထဲက Allow ကို ဆက်နှိပ်ပေး ။ Install ပေါ်လာရင် ထပ်နှိပ် ။ ပြီး Done ကို နှိပ်လိုက်ရင်တော့ သင်နှစ်သက်တဲ့ ဖောင့်အလှတစ်ခုကို Install လုပ်လို့ ပြီးသွားပြီပဲ ဖြစ်ပါတယ် ။ 
အဌမ – သင်နှစ်သက်တဲ့ ဖောင့်အလှစတိုင်ကို Install လုပ်ပြီးသွားတာ မှန်ပေမယ့် All Finish ပြီးသွားသေးတာတော့ မဟုတ်ပါဘူး ။ အခုအချိန်မှာ သင့်အနေဖြင့် Noti တွေမှာသော်၎င်း ၊ အခြားသော နေရာတွေမှာလည်း မြန်မာစာ မမှန်သေးတဲ့ Errors အချို့ ကြုံတွေ့ရနိုင်ပါသေးတယ် ။ ဒါမှမဟုတ် အခု Install လုပ်လိုက်တဲ့ ဖောင့်အလှစတိုင်မျိုး မရသေးတာလည်း ဖြစ်တတ်ပါတယ် ။ ( အချို့လည်း တစ်ခါထဲနဲ့ အဆင်ပြေတတ်ပါတယ် ။ ) 
ဒါကြောင့် သင့်ရဲ့ iPhone , iPad တို့ကို Restart လုပ်ပေးဖို့ လိုအပ်ပါတယ် ။ ( Restart လုပ်နည်းလေးကို ပုံနဲ့ ပြသပေးထားပါတယ် ။ အဲဒီအတိုင်း လုပ်လိုက်ပါဗျ ။ )


နဝမ – ကဲ ဦးဦးတို့ , ဒေါ်ဒေါ်တို့ , ကိုကိုတို့ , မမတို့ , ညီညီတို့ , ညီမလေးတို့ခင်ဗျား …. 
အခုဆိုရင် မိမိတို့ နှစ်သက်ရာ ဖောင့်အလှ စတိုင်လေးတွေနဲ့ အားရပါးရ လန်းနိုင်ကြပါပြီခင်ဗျား 🥰😍😘
Credit မူရင်း Fonts အလှ Creators များကို အထူး အထူး ကျေးဇူးတင်ရှိပါတယ်ဗျား 
အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

No comments:

Post a Comment