Tuesday, November 6, 2018

iPhone , iPad တွေပေါ်ကနေ Group FaceTime Call ကို ဘယ်လိုခေါ်ရမလဲ ?

Apple ဟာ iOS 12.1 နဲ့အတူ Group FaceTime ဆိုတဲ့ Feature ကို မိတ်ဆက် ပေးလာခဲ့ပါတယ် ။ ဒီ Group FaceTime မှာဆိုရင် FaceTime ယူစာ ( ၃၂ ) ဦး တပြိုင်နက် Audio & Video Call ကို ခေါ်ဆို ပြောဆိုနိုင်ပါလိမ့်မယ် ။ 
Apple ဟာ Group Video Call အတွက် Interface ဒီဇိုင်းကို သေသေချာချာ လုပ်ထားပါတယ် ။ ခေါ်ဆိုတဲ့သူတွေကို Little Floating Titles လေးအဖြစ် ဖော်ပြပေးထားပါတယ် ။ အပေါ်မှာ Tiles ( ၅ ) ခု , ( ၆ ) ခု ရှိပါမယ် ။ Active ဖြစ်နေတဲ့သူနှင့် စကားပြောဆိုနေတဲ့သူတွေကို အဲဒီမှာ ဖော်ပြပေးထားမှာပါ ။ ကျန်စကားမပြောပဲ နားထောင်နေတဲ့ သူတွေကိုတော့ Line ရဲ့ အောက်နားလေးမှာ ဖော်ပြပေးထားပါလိမ့်မယ် ။ 
ဒါပေမယ့် တစ်ယောက်ယောက်က စကားစပြောလိုက်တာနဲ့ ထိုသူရဲ့ Bubble လေးက အလိုအလျှောက် အပေါ်ကို တက်သွားမှာပဲ ဖြစ်ပါတယ် ။ 
Apple ဟာ Group FaceTime Feature မှာ Animoji , Memoji နဲ့အတူ FaceTime Camera ထဲမှာပါတဲ့ Filters တွေဖြင့် ပျော်စရာအဖြစ် ဖန်တီးနိုင်ရန် စီစဉ်ထားပါသေးတယ် ။


Group FaceTime Video Call Feature ကို ဘယ် Devices တွေမှာပဲ ရမှာလဲ ? 
ပထမဆုံးအနေဖြင့် Group FaceTime Video Call ကို အသုံးပြုနိုင်ရန်အတွက် iPhone , iPad ရဲ့ iOS Version ဟာ 12.1 နဲ့အထက် ဖြစ်ရပါမယ် ။ ( အခု iOS 12.1 က Latest Update ဖြစ်ပါတယ် ) 
ဒုတိယကတော့ ဒီ Group FaceTime Video Call Feature ကို Support လုပ်တဲ့ Devices စာရင်းထဲမှာ မိမိရဲ့ Device ပါ , မပါ စစ်ကြည့်ရပါမယ် ။ Group FaceTime Video Call Feature ကို A9 Processor ကနေ အထက်ကိုပဲ Support ပါတယ် ။ ( ဒီတော့ iPhone 6S ကနေ စပြီး အထက်ကို ရပါမယ် ) 
( *** Group FaceTime Video Call Feature ကို မရတဲ့ Devices တွေကတော့ iPhone 5S , iPhone 6 , iPhone 6 Plus , iPad Air , iPad Mini 2 , iPad Mini 3 , iPad Mini 4 and 6th generation iPod Touch တို့ပဲ ဖြစ်ပါတယ် ။ *** )
Group FaceTime Video Calls ကို ဘယ်လိုခေါ်ရမလဲ ? 
Step ( 1 ) 
  • FaceTime App ထဲကို ဝင်ပါ ။ 
Step ( 2 ) 
  • ညာဖက်အပေါ်က ( + ) သင်္ကေတလေးကို နှိပ်ပါ ။

    Step ( 3 ) 
  • Next Screen ကို ရောက်တဲ့အခါ Search Bar ကို နှိပ်ပြီး ၊ ဆက်သွယ်မှု ပြုမယ့် Contacts ကို ရှာရပါမယ် ။ သူတို့ရဲ့ Number က အပြာရောင် ( Blue ) ဖြစ်နေတယ်ဆိုရင် သူတို့ FaceTime မှာ ရှိနေလို့ ဖြစ်ပါတယ် ။ အဲဒီလူကို Tap လိုက်ရပါမယ် ။ အဲဒီနောက် သူတို့နာမည်ရဲ့ နောက်က Space ကို ထပ်နှိပ်ပေးရပါမယ် ။ ဒါဆို Process ကို ထပ်လုပ်ပေးသွားပါလိမ့်မယ် ။ 
Step ( 4 ) 
  • Video or Audio Button ကို နှိပ်ပြီး မိမိခေါ်ဆိုမှု ပြုချင်တဲ့ လူတွေ အားလုံးကို ထပ်ပြီး ထည့်သွားလိုက်ရုံပါပဲ ။ ဒါဆို ခေါ်ဆိုမှု စပါပြီ ။ 
Step ( 5 ) 
  • Memoji Mask တို့ , Animoji တို့ , ဒါမှမဟုတ် Filters တွေကို ရယူဖို့အတွက်ကတော့ ဘယ်ဖက်အောက်ခြေက Effects Button လေးကို နှိပ်ပြီး သွားရပါမယ် ။ 
iMessages မှာ Group FaceTime Video Call ကို ဘယ်လို အသုံးပြုမလဲ ? 
Step ( 1 ) 
  • Messages App ထဲကို ဝင်ရပါမယ် ။ ပြီးရင် ပို့နေကြ ဖြစ်တဲ့ iMessage Thread ထဲကို သွားရပါမယ် ။ 
Step ( 2 ) 
  • အပေါ်မှာ ရှိတဲ့ Contact Bubbles လေးကို နှိပ်လိုက် ရပါမယ် ။ ပြီးအောက်ကို ဆင်းသွားပြီး FaceTime ကို နှိပ်ကာ Group Video Call ကို စခေါ်လို့ ရပါပြီ ။ Group Audio Call ကို ခေါ်ဖို့ကတော့ Audio Button ကို နှိပ်ပြီး ခေါ်ရပါမယ် ။ 
Step ( 3 ) 
  • FaceTime Group Call က ချက်ချင်း စပါတယ် ။ မိမိနဲ့အတူ ချိတ်ဆက်နေတဲ့ သူကို တန်းပြီး မြင်ရပါလိမ့်မယ် ။ 
Step ( 4 ) 
  • တစ်စုံတစ်ယောက်က ထွက်သွားတာနဲ့ တပြိုင်နက် နောက်မှ ပြန်ချိတ်နိုင်ရန်အတွက် Button လေးကို သူတို့ဖက်က မြင်တွေ့ရပါလိမ့်မယ် ။ 
ကဲ FaceTime App မှာ Activate လုပ်ပြီးတဲ့ ယူစာတွေ , iMessages မှာ Activate ဖြစ်ပြီးသား ယူစာတွေကတော့ iOS 12.1 နဲ့အတူ ပါလာတဲ့ New Feature Group FaceTime Video Call ကို ခေါ်ဆိုမှု ပြုနိုင်ကြပါပြီဗျား ။ 
Credit iPhoneHacks 
အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

No comments:

Post a Comment