Friday, October 12, 2018

Guided Access ဖြင့် Applications အသုံးပြုခြင်းကို ကန့်သတ်ခြင်း

Guided Access ကို ဘယ်နေရာမှာ အသုံးချမလဲ ? 
Setting ထဲက Accessibility ထဲမှာလည်း တွေ့တယ် ။ Control Center ထဲမှာလည်းတွေ့နေရတယ် ။ 
ဟုတ်ပါပြီ ။ 
ဘယ်နေရာမှာ ဘယ်လို Guided Access က အသုံးဝင်နေလဲ ။ 
ပြောပြမှာပေါ့ ။ 
Guided Access ကို တိုက်ရိုက်ဘာသာပြန်ရင် ယူစာတွေ အဓိပ္ပါယ်ကောက်လွဲသွားလိမ့်မယ် ။
ဒီတော့ …
Guided Access ဆိုတာ ကိုယ့်အိုင်ဖုန်း ၊ အိုင်ပတ်ကို အခြေအနေအရ အခြားတစ်စုံတစ်ယောက်အား ခဏပေးသုံးတဲ့အခါမှာ အသုံးပြုနိုင်တာတွေကို ကန့်သတ်ပေးလိုက်နိုင်တဲ့ iOS ရဲ့ ထူးခြားတဲ့ Option လေးပဲ ဖြစ်ပါတယ် ။
စိတ်ဝင်စားသွားပြီလား ? 
အောက်မှာ ဆက်ပြီး ဖတ်ကြည့်ကြတာပေါ့ ။
Guided Access ကို iOS ရဲ့ Control Center ကနေ တိုက်ရိုက်သွားနိုင်သလို ၊ 
Setting >> General >> Accessibility >> Guided Access ဆိုပြီးလည်း သွားရောက်နိုင်ပါမယ် ။


နဂိုက Off ထားတဲ့ Guided Access ကို On ပေးလိုက်ပါမယ် ။ Guided Access ကို On ပြီးသွားရင် တွေ့ရမယ့် ပုံပဲ ဖြစ်ပါတယ် ။
Passcode Settings ၊ Time Limits ၊ Accessibility Shortcut ဆိုပြီး တွေ့ရပါမယ် ။
အရင်ဆုံး Passcode Settings ထဲကို ဝင်ကြည့်ရအောင်ဗျ ။
Guided Access ကို Passcode သတ်မှတ်ပေးရမယ့် နေရာပဲ ဖြစ်ပါတယ် ။
Set Guided Access Passcode ကို နှိပ်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ Passcode ရိုက်ထည့်ပေးရပါမယ် ။ ( ၂ ) ခါရိုက်နှိပ်ပေးရပါမယ် ။ 
ဒီမှာ မပေးချင်သေးလို့ နောက်မှ Passcode ပေးလို့လည်း ရပါတယ် ။ 
Face ID ရှိတဲ့သူတွေ ၊ Fingerprint ID ရှိတဲ့သူတွေကလည်း Guided Access ကို အရေးပေါ် Off ဖို့အတွက် ဖွင့်ထားလို့ ရပါတယ် ။ ( ကျနော်ကတော့ မဖွင့်ထားပါဘူး ။ ကလိတတ်တဲ့ ကျနော့်ဘော်ဒါတွေက Face ID နဲ့ ကျနော့်မျက်နှာကို ပြပြီး Access လုပ်သွားမှာစိုးလို့ပါ ။ )


အခု ဒုတိယတစ်ခုဖြစ်တဲ့ Time Limits ကို ဝင်ကြည့်ပါမယ် ။ Sound ၊ Speak ဆိုပြီး တွေ့ရပါမယ် ။ Sound ကို ဝင်ပြီး Guided Access ရဲ့ သတ်မှတ်ချိန် ပြည့်ခါနီး ( or ) ပြည့်တဲ့အခါကျရင် အချက်ပေးအသံအဖြစ် မြည်ပေးမယ့် Sound ကို စိတ်ကြိုက် ရွေးချယ်ပေးလို့ရပါမယ် ။
ဒါမှမဟုတ် စကားပြောသံနဲ့ အချက်ပေးချင်တယ် ဆိုရင်လည်း Speak ကို On ပေးလို့ရပါမယ် ။
အဲဒီတော့ Accessibility Shortcut ကို On ပေးထားမယ် ။ Off ထားလည်း ကိစ္စမရှိဘူး ။ ဒီ Option ကတော့ အသုံးပြုလည်း ရတယ် ။ မပြုလည်း ရတယ် ။ ဒါပေမယ့် စမ်းသပ်ကြည့်ချင်တဲ့သူတွေအတွက် အမြည်းသဘောမျိုးလေးတော့ ပြောပြလိုက်မယ် ။
Setting >> General >> Accessibility >> Accessibility Shortcut >> အခြားကိုယ်ထည့်ချင်တဲ့ Option Links ကို ရွေး ( Select ) လုပ်ပေးထားမယ် ဆိုရင် Side Button ( Power Button ) ကို ခပ်မြန်မြန် ( ၃ ) ချက်ဆက်တိုက်နှိပ်လိုက်ပါက ကျနော်တို့ ရွေးချယ် အသုံးပြုနိုင်တဲ့ Option Lists တွေ ကျလာမှာပဲ ဖြစ်ပါတယ် ။ အဲဒီတော့မှ Guided Access ကို သုံးမလား ? အခြား Options ကို သုံးမလား ? ကိုယ်ကြိုက်နှစ်သက်သလိုပေါ့ဗျာ ။
Guided Access ကို အသုံးချပုံ နမူနာအနေနဲ့ ကျနော်က Messages ထဲကို ဝင်ပြပါမယ် ။ Messages ထဲကို ရောက်နေပြီဖြစ်တဲ့အတွက် Side Button ( Power Button ) ကို ( ၃ ) ချက်ဆက်တိုက် နှိပ်လိုက်ပြီး Guided Access ကို ဖော်လိုက်ရမှာပဲ ဖြစ်ပါတယ် ။ ဘယ်ဖက်အောက်က Options လေးကို နှိပ်လိုက်ရပါမယ် ။
ကျနော်တို့ ကန့်သတ်ထားချင်တဲ့ Options တွေကို ရွေးချယ်ပြီး On ပေး ၊ Off ပေး လုပ်ရပါမယ် ။
  • Sleep / Wake Button ဆိုတာက Power Button ကို ပြောတာပဲ ဖြစ်ပါတယ် ။ သူ့ကို On ပေးထားရင် ငှါးရမ်းအသုံးပြုသူက Sleep / Wake Button ကို အသုံးပြုခွင့်ရရှိမှာ ဖြစ်ပါတယ် ။
  • Volume Buttons ကို On ပေးထားပါက ငှါးရမ်းအသုံးပြုသူသည် အသံအတိုးအကျယ်ကိုပါ လုပ်နိုင်မှာ ဖြစ်ပါတယ် ။
  • Motion ကို ဖွင့်ပေးထားပါက ငှါးရမ်းအသုံးပြုသူသည် အိုင်ဖုန်း ၊ အိုင်ပတ်ကို လှုပ်ရှားသယ်ဆောင်မှုပြုနိုင်မှာ ဖြစ်ပါတယ် ။
  • Keyboards ကို On ပေးထားပါက ငှါးရမ်းအသုံးပြုသူသည် Keyboard ကို သုံးနိုင်ပြီး စာရိုက်ခွင့်လည်း ရရှိမှာ ဖြစ်ပါတယ် ။
  • Touch ကို On ပေးထားပါက ဖွင့်ပေးထားတဲ့ Applications အတွင်းမှာ ငှါးရမ်းအသုံးပြုသူသည် အပေါ်အောက် ရွှေ့ခြင်း ပြုခြင်းများကို ပြုလုပ်ပေးနိုင်မှာပဲ ဖြစ်ပါတယ် ။
  • Time Limits ကို ဖွင့်ပြီး အချိန်ကန့်သတ်ချက်ကို စိတ်ကြိုက်သတ်မှတ်ပေးပြီး ငှါးရမ်းအသုံးပြုခွင့်ပေးနိုင်မှာပဲ ဖြစ်ပါတယ် ။
    Hours & Minutes ဆိုပြီး တွေ့ရမှာ ဖြစ်ပါတယ် ။ ကိုယ်သတ်မှတ်ပေးချင်တဲ့ အချိန်ကို ရွှေ့ပေးလိုက်ပါ ။ ပြီးရင်တော့ Done ပေါ့ ။

    Guided Access ရဲ့ Passcode Setting မှာ ကျနော်က Passcode မသတ်မှတ်ပေးခဲ့ပါဘူး ။ ဒါကြောင့် အခုမှ တောင်းတာပဲ ဖြစ်ပါတယ် ။ ကိုယ်နှစ်သက်ရာ Passcode ကို ရိုက်ထည့်ပေးမယ် ။ Comfirm ဖြစ်အောင်လို့ ( ၂ ) ခါ ရိုက်ထည့်ပေးရပါမယ် ။
    ပြီးသွားပြီဆိုရင် …


    ကျနော်တို့ ကိုယ့်ရဲ့ အိုင်ဖုန်း ၊ အိုင်ပတ်ကို ငှါးရမ်းပေးလိုက်မှာ သေချာသွားပြီဆိုရင် ( Start ) ကို နှိပ်လိုက်ရပါမယ် ။ 
    ကျနော်တို့ သတ်မှတ်ပေးထားတဲ့ ကန့်သတ်ချက်အတိုင်း ငှါးရမ်းအသုံးပြုသူမှ အသုံးပြုခွင့် ရရှိမှာပဲ ဖြစ်ပါတယ် ။ သတ်မှတ်ချိန် ပြည့်ခါနီးလျှင် ကိုယ် Select လုပ်ထားတဲ့ Alert Sound သံနဲ့အတူ ကျန်ရှိတဲ့ ပေးအပ်ထားတဲ့ အချိန်ကိုပါ အိုင်ဖုန်း ၊ အိုင်ပတ်ရဲ့ စကရင်ပေါ်မှာ ဖော်ပြပေးပါလိမ့်မယ် ။ 
    အချိန်ပြည့်သွားပြီ ဆိုပါက စကရင်ပေါ်မှာ Time Expired ဆိုတဲ့ စာတန်းလေးပေါ်လာပြီး ငှါးရမ်းအသုံးပြုခွင့်လည်း ရပ်သွားမှာ ဖြစ်ပါတယ် ။ Guided Access ကို ဖော်တဲ့ Side Button ( Power Button ) ကို ( ၃ ) ချက်ဆက်တိုက် ခပ်မြန်မြန်လေး နှိပ်လိုက်မှသာ Passcode တောင်းတဲ့ Option လေး ပေါ်လာမှာပဲ ဖြစ်ပါတယ် ။ 
    အဲဒီတော့မှပဲ ထပ်မံ ငှါးရမ်းပေးချင်ပါက Resume ကို နှိပ်ပေးလိုက်ရပါမယ် ။ 
    မငှါးတော့ဘူး ဆိုပါက ဘယ်ဖက်အပေါ်က End ကို နှိပ်ပေးပြီး Guided Access အသုံးပြုမှုကို ရပ်ပေးလိုက်ရုံပါပဲ ။
    ကဲဗျ ။ 
    Guided Access ကို အသုံးပြုပြီး ကိုယ့်ရဲ့ အိုင်ဖုန်း ၊ အိုင်ပတ်ပေါ်ရှိ Applications များ အသုံးပြုခြင်းကို အချိန်အကန့်အသတ် ၊ လုပ်ဆောင်နိုင်ချက် အကန့်အသတ်များဖြင့် သူငယ်ချင်းအပေါင်းအသင်းရောင်းရင်းများကို ( မတတ်သာလို့ ငှါးခဲ့ရသည်ရှိသော် … ) စိတ်ချ လက်ချ ငှါးရမ်းပေးနိုင်ပါပြီခင်ဗျာ ။ 
    အားလုံးအဆင်ပြေကြပါစေ ။
    crd ;; ဇာနည် ( iOS Banker Myanmar )

Thursday, October 11, 2018

iphone user respect

နိုင်ငံခြား မှာ အလုပ်လုပ်နေထိုင်ပြီး iphone latest တွေ ကိုင်နိုင်တာဟာ သိပ်အထင်ကြီးစရာ တော့ မရှိပါဘူး..
နိုင်ငံခြားမှာက အလုပ်လုပ်တဲ့ သူတိုင်း ဖုန်းအမြင့်ဝယ်နိုင်ကြတယ်..
ဆရာကြတာက မြန်မာပြည်မှာ နေပြီး ios ကို စွဲမက်စွာနဲ့ iphone အမြင့်တန်းတွေ ကိုင်ကြသူတွေကိုပါ..
အဲ့တော့

ပြည်ကြီးမဏ္ဍိုင်

group ထဲက ပြည်တွင်း iphone user အစစ်တွေကို respect ပါလို့..

Wednesday, October 10, 2018

Wallpaper

အဲ့ပုံစံ Wallpaper လေးထားချင်တယ်ဆိုရင်တော့ ပေးထားတဲ့လင့်ခ်ထဲကနေ Save ပါ။
iPhone X အတွက် >> https://d3nevzfk7ii3be.cloudfront.net/igi/unMtlixIpMbHXhCJ
iPhone 8 Plus အတွက် >> http://media.idownloadblog.com/…/iPhone-7-internal-wallpape…
iPhone 8 အတွက် >> https://d3nevzfk7ii3be.cloudfront.net/igi/1sFSxnvNBydJMAGD
iPhone 7 Plus အတွက် >> https://d3nevzfk7ii3be.cloudfront.net/igi/oboxQC5XMlghqA6I
iPhone 7 အတွက် >> https://d3nevzfk7ii3be.cloudfront.net/igi/5KN1yrtjFr2TV1dR
iPhone 6s Plus အတွက် >> https://d3nevzfk7ii3be.cloudfront.net/igi/LjDACIOQRfOHebVZ
iPhone 6s အတွက် >> https://d3nevzfk7ii3be.cloudfront.net/igi/AhA4SVKugVysvhGJ
iPhone 6 Plus အတွက် >> https://d3nevzfk7ii3be.cloudfront.net/igi/kgKWK1CUERyR2ESE
iPhone 6 အတွက် >> https://d3nevzfk7ii3be.cloudfront.net/igi/54RVhINUyQ6pnSMQ
iPhone 5s အတွက် >> http://d3nevzfk7ii3be.cloudfront.net/igi/FqpNEcWZj6YQWvGX
iPhone 5c အတွက် >> http://d3nevzfk7ii3be.cloudfront.net/igi/tyCsQbYTD4cXcEPO
iPhone 5 အတွက် >> http://guide-images.ifixit.net/igi/mPQmoHM6IIclyLmt

iDevice ကို IMEI သိရုံဖြင့် iCloud ရှိ / မရှိ စစ်ဆေးမယ်

မိမိတို့ရဲ့ iDevice ကို IMEI သိရုံဖြင့် iCloud ရှိ / မရှိ Sim Lock အလုံး ဟုတ် / မဟုတ် ကျမှန်ကန်စွာ စစ်ဆေးပေးမယ့် Website တစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
Setting - iCloud Acc မှာ Acc မရှိပေမယ့် Website နဲ့စစ်မှ iCloud ရှိနေတာတွေ ဖြစ်တက်ပါတယ် ဒါကBypass နည်းတွေနဲ့ iCloud မရှိအောင်လုပ်ထားတာပါ။ Server မှာတော့ Acc ရှိနေပါတယ် ဒါကြောင့် iTune ချိတ်ပီး System Update လုပ်မိရင်ပြဿနာတက်ပါလိမ့်မယ်။ယခုလိုမျိုးမဖြစ်အောင် Website နဲ့ IMEI နဲ့သေချာစစ်ဆေးပေးချင်ပါတယ်။
Website Link
http://iunlocker.net/check_imei.php

iOS 12.0.1 Update ( Release !! )

iOS 12 ရဲ့ Update အသစ်ဖြစ်တဲ့ iOS 12.0.1 ထွက်လာပါပြီဗျာ ☺️😍
iPhone , iPad တို့အတွက် iOS Update 12.0.1 ထွက်ရှိလာပါတယ် ။ Bug တွေကို Fixes လုပ်ထားပြီး အခြားသော တိုးတက်မှုတွေကိုလည်း ပြုလုပ်ပေးထားပါတယ် ။ 
  • iPhone XS တွေ အားသွင်းဖို့ Lightning Cable ဖြင့် ချိတ်လိုက်တဲ့အခါမှာ ရုတ်တရက် အားမဝင် ဖြစ်နေတာမျိုး ။ အဆိုပါ issue ကို fix လုပ်ပေးထားပါတယ် ။ 
  • iPhone XS တွေ WiFi Network အချို့နဲ့ ချိတ်ဆက်တဲ့အခါမှာ ပြန်ပြန်ပြီး Rejoin လုပ်လုပ်ပေးနေရတဲ့ issue ကိုလည်း ဖြေရှင်းပေးထားပါတယ် ။ 
  • iPad Keyboard ပေါ်မှ ( .?123 ) တွေကို Original Position ကိုပဲ ပြန်ထားပေးလိုက်ပါတယ် ။
  • အချို့သော Video Apps တွေထဲမှာ Subtitle မပေါ်လာတဲ့ issue ကိုလည်း fix လုပ်ပေးလိုက်ပါတယ် ။ 
  • Bluetooth issue ကိုလည်း fix လုပ်ပေးလာပါတယ် ။ 
Okay ? 
iOS 12.0.1 ကို မြှင့်ကျတော့မလားဗျာ ။ 
OTA ( Over The Air ) Update လုပ်နည်း ။ 
ဒါဆိုရင် ကိုယ့်ရဲ့ iPhone , iPad ကို WiFi internet နဲ့ ချိတ်ဆက်လိုက်ပါ ။ ချိတ်ဆက်ပြီးပြီဆိုရင် iPhone , iPad ရဲ့ Setting >> General >> Software Update >> ကို ဝင်ပြီး Download & install ကို နှိပ်လိုက်ပါ ။ ဒါဆို ရပါပြီ ။ 
iOS ရဲ့ Update ကို သက်ဆိုင်ရာ Software Files ( ipsw files ) တွေကို ဒေါင်းပြီးမှ Computer နဲ့ Update လုပ်မယ့်သူတွေကတော့ ဒီလင့်လေးတွေကနေ ဒေါင်းလုတ်ဆွဲပါ ။ 
iOS 12.0.1 ( iPhone ) 
Download
iOS 12.0.1 ( iPad ) 
Download
အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

iDhamma for iPhone, iPad, iPod Touch

iDhamma for iPhone, iPad, iPod Touch
***************************************
iDevice users အသစ်တွေလည်းရှိသလိုမသိသေးတဲ့ users အဟောင်းတွေလည်းရှိပါတယ်။ ကျနော်တို့တတွေဘုရားစင်အရှေ့မှာအချိန်မပေးနိုင်ကြပါဘူး။ အများစုကတော့ဘုရားရှိခိုးငါးပါးသီလခံပြီးဘုရားရှိခိုးနိုင်ကြတာပါ။ မိမိရွတ်လေ့ရှိတဲ့ပုရိတ်ကြီး ၁၁ သုတ်, ဂုဏ်တော်ကွန်ချာ၊ မေတ္တာပို့စတာတွေကိုအလွတ်ရတဲ့သူတွေကတော့အလွတ်ရွတ်နိုင်ကြပေမယ့်မရတဲ့သူတွေကြတော့လူရှေ့သူရှေ့စာအုပ်ကိုင်မရွတ်ချင်ကြပါဘူး။ ဒါကြောင့်မိမိဖုန်းထဲမှာဒီ App လေးစောင်ထားပြီးရွတ်နိုင်စေခြင်း၊ အသံထွက်မရတဲ့သူတွေအတွက်တချို့သောဂါထာတွေကိုအသံထွက်နားထောင်ပြီးဂါထာကြည့်ပြီးလိုက်ရွတ်နိုင်ခြင်းတို့ကြောင့်လွယ်ကူအဆင်ပြေစေနိုင်ပါတယ်။ မိမိ ယုံကြည်ရာသည်သာအားကိုးရာဖြစ်ပါတယ်။ အသုံးပြုလိုသူများအောက်ပါလင့်မှဝင်ယူနိုင်ကြပါတယ်ခင်ဗျာ။
ဒေါင်းယူရန်လင့်
iDhamma by PYE PHYO HAN
https://itunes.apple.com/us/app/idhamma/id420570850?mt=8

Check Your Service & Support Coverage ဆိုတာဘာလဲ?

Check Your Service & Support Coverage
******************************************
ဆိုတာဘာလဲ?
*************
iDevice users တွေအတွက်အရေးကြီးတယ်လို့ဆို
နိုင်တဲ့ serial number စစ်ဆေးမှုတခုပါ။ iOS Users တိုင်းသိထားသင့်ပါတယ်။ မိမိ iPhone အသစ်တလုံးကိုဝယ်တော့မယ်ဆိုရင်မိမိဝယ်မယ့်ဖုန်းရဲ့ Serial number ကိုအရင်စစ်ဆေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Referbish လို့ခေါ်တဲ့
apple official ပြန်ပြင်တဲ့ဖုန်းတွေဖြစ်နေမှာဆိုးလို့ပါ။ မိမိ ကဝယ်ချင်တာအသစ်ပါဒါပေမယ့်မိမိကမစစ်ဆေးလိုက်တော့ဂျင်းမိသွားမှာဆိုးလို့ပါ။ အများစုသိထားတာက imei စစ်ဆေးကြတာပါ၊ အဲ့ဒီစစ်ဆေးမှုကလည်းစစ်ဆေးသင့်ပါတယ်။ ဒါပေမယ့်ပထမဆုံးအနေနဲ့ checkcoverage ကို apple official website မှာအရင်ဆုံးစစ်ဆေးသင့်ပါတယ်။ အောက်ပါပုံ ၂ ပုံကိုကြည့်ပါ။ အနီစာတန်းပေါ်နေတာလည်းဆိုင်ကအသစ်လို့ပြောလိုက်တဲ့ဖုန်းပါ။ ဒါပေမယ့်စစ်ဆေးလိုက်တော့ serial number for product that has been replaced လိုပေါ်နေပါတယ်။ ကျနော်တို့တတွေကမသေချာပေမယ့်ဒီစာတန်းမြင်လိုက်တော့စိတ်ထဲမှာသံသယတွေပေါ်ပါမယ်။ ဒုတိယပုံမှာ iPhone X ရဲ့ serial number ကိုစစ်ဆေးထားတာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် users တွေသဘောပေါက်လောက်မှာပါ။ ဆိုလိုချင်တာကမိမိဝယ်မယ့်ဖုန်းကိုအောက်ပါလင့်မှာစစ်ဆေးပေးဖို့ပါပဲ။ ဒါမှလည်း ဂျင်း ရန်မှကင်းဝေးနိုင်မှာပါ။ ရေးသားမှုမှားယွင်းမှုရှိပါကနားလည်ပေးစေလိုပါတယ်။ သူငယ်ချင်းတယောက်မေးလို့လက်တလောဖြစ်လာတာလေးချရေးမိလိုက်တာပါ။ သူငယ်ချင်းကစစ်ခိုင်းတော့စာတန်းအနီပေါ်တော့သွားလည်းခိုင်းလိုက်ပါတယ်။ နောက်ဆုံးပုံက 6plus ပါ ထပ်စစ်ဆေးလိုက်တော့ပုံအတိုင်းမြင်ရတာပါ။ Apple users တွေသတိထားစစ်ဆေးနိုင်ကြပါစေခင်ဗျာ။
စစ်ဆေးရန်လင့်
https://checkcoverage.apple.com
အားလုံးပဲအဆင်ပြေကြပါစေ။



3uTools latest version for Computer(PC)

3uTools latest version for Computer(PC)
*****************************************
iDevice users တွေသုံးနေကြဖြစ်တဲ့ 3uTools(PC tools)
lastest update မှာ iPhone XS နဲ့ XS max support အပြင် screen mirroring(3uAirPlayer)
ကိုပါထည့်သွင်းပေးထားပါတယ်။ iTunes alternative ဖြစ်တဲ့ 3uTools ကတော့သိပြီးသားဖြစ်ကြမှာပါ။ Music, video, photo သွင်းထုတ်လုပ်
နိုင်ခြင်း၊ ipsw restore လုပ်နိုင်ခြင်း၊ backup ယူနိုင်ခြင်းနဲ့အခြား features တွေစုံလင်တာ iDevice users တွေသိမြင်ပြီးဖြစ်မှာပါ။ သုံးချင်သူများအောက်ပါလင့်မှာဝင်ရောင်ယူနိုင်ပါတယ်ခင်ဗျာ။ လက်ရှိသုံးနေတဲ့ users တွေကတော့ 3uTools ထဲက check update မှာဝင်ရောက်ကြည့်ရှုပြီး update ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။
cred:3U
ဒေါင်းယူရန်လင့်
www.3u.com


Mute & Unmute shortcut for shortcut app

Mute & Unmute shortcut for shortcut app
*******************************************
iOS 12 users တွေထဲမှာ siri shortcut app သုံးတဲ့
သူတွေအတွက် mute နဲ့ unmute shortcut လေး ၂ ခုတင်ပေးလိုက်ပါတယ်။ mute နော် silent မဟုတ်ပါဘူး။ အရင်လိုပဲလင့်ကို web browser ကနေဝင်ပြီး
get shortcut လုပ်ရုံပါပဲ။ လိုချင်ရင်အောက်ပါလင့်
မှာယူနိုင်ပါတယ်။

shortcut app

Bluetooth, Mobile Data, Wifi, Respring,
***************************************
Flashlight, Airplane Mode shortcut for
***************************************
shortcut app
*************

shortcut app users တွေအတွက် shortcut လေးတွေဖြစ်ပါတယ်။ siri ဖွင့်ထားမှရမယ်နော်။ wifi, bluetooth စတာတွေက CC ကနေပိတ်ရင်ယာယီပိတ်ထားပေးခြင်းသာဖြစ်ပြီး setting ထဲဝင်ပိတ်မှသာ
အပြီးပိတ်ပေးခြင်းဖြစ်ပါတယ်။ ဒီ shortcut ကတော့အပြီးပိတ်ပေးတာဖြစ်ပါတယ်။ setting ထဲဝင်ပိတ်စရာမလိုပါဘူးခင်ဗျာ။
၁) safari ကနေလင့်ကိုဝင်ပါ
၂) safari ထဲရောက်ရင် get shortcut နှိပ်ပါ
၃) shortcut app ထဲရောက်ရင် done နှိပ်ပါ။
Data on / off
https://www.icloud.com/sho…/f9e578b8bcee49a7a69332f1733e6c3a
Wifi
https://www.icloud.com/sho…/3c8b634e8e444700a80f8a966a58a4aa
Bluetooth
https://www.icloud.com/sho…/b4033aa7805842dbba552d83ae695a76
Flashlight
https://www.icloud.com/sho…/ad0b5a8f5fa8423ba8cb86ba6d3492b3
Respring
https://www.icloud.com/sho…/9a20de5272bd4b45ab8e01cdc69a0a78
Airplane mode
https://www.icloud.com/sho…/674142a87a814511bb6acaf5ffa256f0



YouTube Converter Shortcut ဆိုတာဘာလဲ

YouTube Converter Shortcut ဆိုတာဘာလဲ
******************************************
(iOS 12 users)
***************
YouTube videos တွေကို mp4 format နဲ့ camera roll ထဲဘယ်လို save မလဲ?
YouTube video တွေကို mp3 ပြောင်းပြီးဘယ်လိုဒေါင်းမလဲ?
iDevice Users တွေအတွက် iOS 12 users တွေအတွက်
အသုံးဝင်တဲ့ Siri Shortcut လေးတခုမျှဝေပေးပါ့မယ်။ Siri shortcut ဆိုသလိုပဲ Siri ဖွင့်ဖို့လိုပါလိမ့်မယ်။
အဲ့ဒီနည်းလေးကတော့ shortcut app သုံးပြီး youtube video တွေကို mp3, mp4 ဖိုင်အနေနဲ့ဘယ်လို download လုပ်မလဲဆိုတာပါ။ ဒီနည်းလေးက YouTube က videos
တွေကို mp3, mp4 format convert လုပ်ပြီး mp4 ဆိုရင်
library ထဲသို့တိုက်ရိုက် save နိုင်ပြီး၊ mp3 ဆိုရင် save file ခေါ်တဲ့ iCloud file ထဲမှာ save နိုင်တာပဲဖြစ်ပါတယ်။
ကဲစလိုက်ကြရအောင်….
၁)အောက်ပါလင့်ကို safari web ကနေဝင်ပြီး Get Shortcut လုပ်ပါ
youtube converter link
https://www.icloud.com/sho…/d2527fbf581a46129a5abb5ef447757b
၂)shortcut app ထဲရောက်ရင် done လုပ်ပေးပါ
၃)မိမိနှစ်သက်ရာ Youtube video ကိုဝင်ပြီး share နှိပ်ပြီး
ပေါ်လောသောနေရာမှ more နှိပ်ပြီး shortcut ကို on ပေးပါ
၎)ပြီးနောက် video ကို share နှိပ်ပြီးပေါ်လာသော icon လေးများမှ more ကိုနှိပ်ရင် shortcut icon လေးနှိပ်ပြီး
ပေါ်လာသော shortcut များထဲမှ Youtube converter ကိုရွေးပေးပါ
၅)Youtube converter ရွေးပေးပြီးစောင့်ပါက save ရမယ့်စာတန်းပေါ်ပါမယ်၊ mp4 ဆိုရင် save camera roll
mp3 ဆိုရင် mp3 နာမည်နှိပ်ပါက iCloud file ထဲကိုရောက်ပါမယ်၊
၆)အဆင့် (၅) ပြီးပြီဆိုရင်တော့ မိမိ save ချင်တဲ့ video ကို MP3, MP4 အနေနဲ့သိမ်းပြီးပါပြီ၊
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ၊

How to charge iPhone Faster?

iDevice users တွေသိပြီးသူရောမသိသေးသူရောအတွက်ပါ။ အခုဆို iOS 12 တွေသုံးနေကြပြီး charge လုပ်ရင်နှေးတာပဲဆိုတာဖြစ်ကြတယ်ထင်ပါ့၊ ဒါကြောင့်
charge မြန်မြန်သွင်းနိုင်မယ့်နည်းလမ်းလေးတွေကို
မျှဝေပေးပါ့မယ်။ မည်သည့် iOS version မဆိုစမ်းနိုင်ကြပါတယ်။
၁) မိမိအားသွင်းမည့်ဖုန်းကိုအပူချိန်များတဲ့နေရာမှာမထားပဲအပူချိန်သင့်တင့်တဲ့နေရာမှာထားပြီး charge လုပ်ပါ။
၂) setting ထဲက airplane mode ဖွင့်ပြီး charge ပြုလုပ်နိုင်ခြင်း၊
၃) Low Power mode ဖွင့်ပြီး charge လုပ်နိုင်ခြင်း
၎) iPad charger သုံးပြီး charge လုပ်နိုင်ခြင်း
၅) iDevice ကိုပါဝါပိတ်ပြီး charge လုပ်နိုင်ခြင်း
(idevice ကို charging လုပ်ပြီးပါဝါပိတ်ထားနိုင်ပါတယ်)
အထက်ပါအချက်တွေက iDevice အားသွင်းတဲ့နေရာ
မှာမြန်မြန် charge လုပ်ပေးမယ့် အချက်လေးတွေပဲဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ၊

Sunday, October 7, 2018

iMessage

Q: iMessage ဆိုသည်မှာ အဘယ်နည်း။
A: iMessage ဆိုတာ Apple ရဲ့ Built-in ပါဝင်တဲ့
Messaging service တစ်ခုဖြစ်ပြီး Message App
ကို အသုံးပြုကာ Apple iOS Devices များ၊ OS X
Mac များ၊ Watch OS များကို
Data(Cellular+Wifi)အသုံးပြု၍UnlimitedMessage
ပို့နိုင်တဲ့ Service တစ်ခုပဲ ဖြစ်ပါတယ်...
Apple က October 12, 2011 မှာ စတင်
ထုတ်ပေးခဲ့ကာယနေ့တိုင်ထိအသုံးပြုနေဆဲဖြစ်ပါတယ်

Q: iMessage အားမည်သို့စတင်
အသုံးပြုရမည်နည်း။
A: Phone setting ထဲတွင်ရှိသော
Message ထဲသို့ ဝင်ပြီး
iMessage ကို On ပါ။
Send & Receive ထဲမှာ
Apple ID ထည့်ပေးပါက..
မိမိ သုံးပြုသော Apple ID mail
(သို့) ဖုန်းနံပါတ်က တခြား iMessage အသုံးပြုသူထံ
တွင်ပေါ်ပါလိမ့်မည်။
ဖုန်းနံပါတ် ထည့်ပြီး active ပြုလုပ်လဲ ရပါတယ်..
ဖုန်းနံပါတ် (သို့ ) Apple ID address မိမိနှစ်သက်ရာ..
ကို ထည့်သွင်းကာ...တစ်ခုကို အမှန်ခြစ်ထား၍ စတင်
အသုံးပြုနိုင်ပါတယ်...
Q: iMessage နဲ့ Message မည်သို့ကွာခြားသနည်း?
A: iMessage ကိုအသုံးပြုပြီး Text, Picture,
Camera Effects,Full-screen Animations,
Videos,Animoji, Memoji,Voice Memo,Location,
Contacts နဲ့အခြားသော အရာများကို
အလွယ်တကူပို့နိုင်သည့်အပြင်..
Face Time သုံးပြီး Video Callဖြင့်
ChatGroupMessage...
လည်း သုံးလို့ရပါတယ်...
Q: iMessage သုံးရင် မည်သို့ ပေးဆောင်ရပါ
သနည်း?
A: iMessage ဟာ Data(Cellular+Wifi) ပေါ်မူတည်ကာ
ပို့ဆောင်တာဖြစ်တဲ့အတွက်ကြောင့် အခကြေးငွေ
ထပ်မံပေး ဆောင်စရာမလိုပဲ Cellular ဖြင့်
အသုံးပြုပါက..
Cellular Data ဖြင့်သာ Data ဖြတ်နေမှာပဲ
ဖြစ်ပါတယ်...

အကျဉ်းချုပ်ပြောရရင်တော့....iMessage ဟာ အင်မတန်မှ အဆင်ပြေပြီး အသုံးပြုရအလွန်ကောင်းတဲ့ Messaging Service တစ်ခုပဲဖြစ်လို့ iOS,OS X နဲ့ Watch OS အသုံးပြုသူကြား အလွန်ပင် ရေပန်းစားလျက်ရှိနေပါတယ်...