Sunday, July 9, 2023

Smart health and wellness

 Smart health and wellness

#HRV- heart rate variability
ဒီပို့စ်လေးအစမှာ မေးခွန်းလေး မေးပါရစေ⁉️
၁)Apple Watch လက်မှာ ပတ်သလား?
၂)တကယ်လို့ Apple Watch ကို စျေးကြီးပေးဝယ်ထားပြီး ရင် ပန်းသီးနာရီရဲ့ အဓိက ရည်မှန်းချက် က “ ကျန်းမာရေး - health and wellness” ကို အထောက်အကူပြုရေး ဆိုတာ နားလည်ပြီး အကျိုးရှိရှိအသုံးချပါသလား? အားသွင်းနေချိန်၊ ရေချိုးချိန်က လွဲရင် အချိန်အတော်များများ လက်မှာ ပတ်ထားပါသလား?
၃)တကိုယ်ရေကျန်းမာရေး overall ကို indicative နဲ့ predictive နှစ်ရပ်ပေါင်းကို ခြုံငုံမိစေတဲ့ HRV ကို trends over time နေ့စဉ် စစ်ဆေးပါသလား?
 TABLE OF CONTENTS-မာတိကာ
 HRV ဆိုတာ ဘာလဲ?
  HRV ဟာ ဘာကြောင့် အရေးပါသလဲ?
   Apple Watch နဲ့ iPhone ကို သုံးပြီး HRV ကို ဘယ်လို record လုပ်မလဲ?
 HRV ဆိုတာ ဘာလဲ?
HRV ဆိုတာ heart rate variability (နှလုံးခုန်နှုန်း ပြောင်းလဲမှု ကိန်းရှင်ပါ) ပါ။နှလုံးခုန်နှုန်း တခုနဲ့ တခု heartbeats ပြောင်းလဲမှု အချိန် အပိုင်းအခြားလေးကို တိုင်းတာပါတယ်။
HRV 67 ms ဆိုတဲ့ ပုံကို ကြည့်ပါ။ ပုံမှာ အပေါ်ကို အပ်လို ချွန်ထွက်နေတဲ့ spikes - peak points လေးတွေမြင်လိမ့်မယ်။ HRV 67 ms ဆိုတဲ့ အချိန် အပိုင်းလေးမှာတောင် > 859 ms +793 ms+ 726 ms ကိုတွေ့ပါလိမ့်မယ်။
HRV ဆိုတာ EKG chart မှာ မြင်ရတဲ့ အဲဒီ အပေါ်ကို တက်နေတဲ့ ဆူးချွန်လေးတွေ -နှလုံးခုန်နှုန်း ကြား ပြောင်းနေတဲ့ အချိန်အပိုင်းခြားလေးပါ။
ဆိုပါစို့-တကယ်လို့ မိတ်ဆွေရဲ့ နှလုံး ခုန်နှုန်းက အကြိမ် ၆၀ ခုန်ရင် (60 beats per minute) တမိနစ် အတွင်းမှာပါ။ ရေတွက်တာ တစက္ကန့် အတွင်း မဟုတ်ပါ။ ၁ မိနစ် -စက္ကန့် ၆၀ အတွင်း မှာ ဥပမာ 0.9 seconds မှာ နောက်ထပ်ရင်ခုန်သံတချက် ထပ်လာနိုင်ပါတယ်။နောက်ထပ် 1.15 seconds မှာ အရှေ့က ၂-ခုကြားမှာ ထပ်ခုန်နိုင်တယ်။ HRV ရင်ခုန်သံ စည်းချက် ပြောင်းလဲမှု ဂဏန်းက ကြီးလေလေ ခန္ဓာကိုယ်က high level မှာ ကစားဖို့ အသင့် ဖြစ်လေလေပါပဲ။
နှလုံးခုန်နှုန်း ပြောင်းလဲမှု အချိန် လေးဟာ အလွန်တိုတောင်းပေမဲ့ Apple Watch ဟာ HRV ကို တိုင်းတာနိုင်ပြီး ဒါကို milliseconds နဲ့ ပြပါတယ်။
အောက်က လေ့လာသုံးသပ်ချက်တွေအရ-👇 Apple Watch ဟာ HRV တိုင်းတာရန် စိတ်ချယုံကြည် နိုင်ပါတယ်လို့ဆိုထားပါတယ်။
  HRV ဟာ ဘာကြောင့် အရေးပါသလဲ?
health and fitness professionals တွေက HRV + VO2 max တို့ဟာ တကိုယ်ရေကျန်းမာရေး overall ကို indicative နဲ့ predictive နှစ်ရပ်ပေါင်းကို ခြုံငုံမိစေတဲ့ စနစ် အတိုင်းအတာ လို့ဆိုပါတယ်။
HRV တန်ဖိုး ကို ကြည့်ရင် ခန္ဓာကိုယ်ကို မှန်ကြည့်သလို ခန္ဓာကိုယ်က ဘယ်လောက် သပ္ပာယ ဖြစ်လဲ? မဖြစ်ဘူးလဲ ဆိုတာ သိနိုင်တယ်။
ပြီးတော့ HRV တန်ဖိုးဟာ တယောက်နဲ့ တယောက်မတူဘူး။ ပြီးတော့ အမြဲတမ်း ပြောင်းလဲနေတဲ့ ကိန်းရှင်။
HRV ဟာ နှလုံး ခုန်နှုန်းနဲ့ ဆက်စပ်ပြောကြပေမဲ့ အမှန်က အော်တို အာရုံကြောဖွဲ့စည်းမှုစနစ်(autonomic nervous system)ကနေ မြစ်ဖျားခံလာပြီးကိုယ်ရဲ့ ဇီဝကမ္မ အခက်အလက် ၂-ခု -s, parasympathetic (deactivating) and sympathetic (activating) ကို ထိန်းချုပ်ပါတယ်။
👉The parasympathetic nervous system (PSNS) က rest (အနားယူ မယ်) ၊ အစာချေမယ်)။
The PSNS က နှလုံးနဲ့ အသက်ရှူနှုန်းကို နှေးမယ်။မျက်စိသူငယ်အိမ်ကို ကျဉ်းမယ်။အစာချေတာပိုလုပ်မယ်။လိုရင်းက ခန္ဓာကိုယ်က ဦးနှောက်ကို အမိန့်ပေးစနစ် ပါ။ ငါ အပျင်းလေး ဆန့်ပြီး ကျောလေး ခင်းလိုက် ဦးမယ်။ခန္ဓာကိုယ် အင်ဂျင်ကို စက် ရပ်ထားတာ။ဒါကြောင့် “rest and digest” or “feed and breed” system လို့ခေါ်တာပါ။
👉 sympathetic nervous system (SNS) က အပေါ်နဲ့ ဆန့်ကျင်ဖက် ။ “fight or flight” (ဖိုက်မလား ? ပြေးမလား ?) response - အန္တရာယ်နဲ့ တွေ့ရင် / ရောဂါ ဖြစ်ရင်/ လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် ဦးနှောက်က စက် စ နှိုး တဲ့ အနေနဲ့ organs/ muscles/ glands တွေကို နှလုံးခုန်နှုန်း မြှင့်​တယ်။အဆုတ်ကို သွားမဲ့ bronchial tubes တွေကို ကျယ်ခိုင်းတယ်။ချွေး ထွက်စေတယ်။မျက်စိသူငယ်အိမ် ကို ကျယ်စေတယ်။
Heart rate variability(HRV)ဟာ ”PSNS” တို့ “SNS” တို့နဲ့ ဘယ်လို ဆက်စပ်သလဲဆိုတော့ 💁
ဒီဆန့်ကျင်ဘက် ၂-ခု- ”PSNS” / “SNS” ကနေ အမြဲလိုလို signals တွေ ဟာ နှလုံး heart ကို တပြိုင်တည်းအပြိုင် ပို့ပေးပါတယ်။
တကယ်လို့ အော်တို အာရုံကြောဖွဲ့စည်းမှုစနစ်(autonomic nervous system)က မျှခြေ balanced မှာ ရှိနေရင် PSNS က နှလုံး ခုန်နှုန်းကို တောက်လျောက် နှေးခိုင်းနေတယ်။
SNS ကနှလုံးကို မြန်မြန်ခုန်ခိုင်းတယ်။ဆန့်ကျင်ဘက် ၂-ဘက်က မတူညီတဲ့ signal ကြောင့် နှလုံးခုန်နှုန်း က fluctuation တွေဖြစ်ပြီး HRV ဖြစ်လာတာပဲ။
⁉️အပေါ်က ရှင်းပြထားတာ နားလည်ရင်
HRV မြင့်တာ က ကောင်းလား?
HRV နိမ့်တာ က ကောင်းလား?
👍✅HRV မြင့်ရင် ပိုကောင်းပါတယ်။ HRV မြင့်ရင် ခန္ဓာကိုယ်ဟာ ၂-ဘက်လုံးက လာတဲ့ inputs- ”PSNS” / “SNS” (parasympathetic and sympathetic) ကို ကောင်းကောင်း တုန့်ပြန်နိုင်တယ်။
ဒါဟာ ကိုယ်ရဲ့ nervous system(အာရုံကြောဖွဲ့စည်းမှုစနစ်) က balanced ဖြစ်နေတယ်(သမမျှခြေ ) မှာ ရှိတယ်။ခန္ဓာကိုယ်ဟာ ဘယ်ပတ်ဝန်းကျင် အနေအတား ၊ ဥပမာ ပြေးမယ်ဆိုပါစို့- တကိုယ်လုံးက ရှိသမျှ အားကို ခြေထောက်မှာ focus စုစည်းထားနိုင်တယ်။(ဆန့်ကျင်ဘက် “rest and digest” ကို ကျော်လွန်မြောက်ပြီး)။
ဆန့်ကျင်ဘက်အခြေအနေ ဖြစ်နေရင် ပြေးဖို့ ခြေထောက်က အားမရှိပဲ နေမှာပေါ့နော်။
ယေဘုယျ အသက်အရွယ်နဲ့ ရှိရမဲ့ HRV chart ကို ကြည့်ရင် လူတွေရဲ့ အသက် ကြီးလာတာနဲ့ အမျှ HRV တန်ဖိုးဟာ ရုတ်တရက် ကျသွားတယ်။
👉အသက် 20-25 year olds မှာ >>> HRV က 55-105 range မှာ ရှိပါတယ်။
👉အသက် 30 year olds မှာ>>> HRV က 45- 85 range မှာ ရှိပါတယ်။
👉အသက် 40 မှာ>>> HRV က 35-65 range မှာ ရှိပါတယ်။
👉အသက် -50 -55 မှာ>>> HRV က 30-55 range မှာ ရှိပါတယ်။
👉အသက် 60-65 year olds မှာ>>> HRV က 25-45 range မှာ ရှိပါတယ်။
HRV တန်ဖိုးဟာ တကိုယ်ရေ သီးသန့်မို့ (individualized and constantly changing metric )သူတပါးနဲ့ မနှိုင်းယှဉ်ဖို့ လိုပါတယ်။ဒါကြောင့် အချိန်နဲ့အမျှ ပြောင်းနေတဲ့ (HRV trends over time)ကို စစ်ဆေးပါ။
အောက်က အချက်တွေပေါ်မူတည်နေပါတယ်။
physical and mental health/stress,
diet,
nutrition,
alcohol use,
sleep habits,
age,
gender,
genetics,
exercise frequency/intensity, and more.
   Apple Watch နဲ့ iPhone ကို သုံးပြီး HRV ကို ဘယ်လို record လုပ်မလဲ?
အသက် ၁၈ နှစ်နဲ့ အထက် Apple Watch users တွေမှာ တိုင်းပြည် အတော်များများမှာ HRV ကို အော်တို record လုပ်တယ်။
ဒါပေမဲ့ အောက်က နည်းအတိုင်း စစ်ဆေးကြည့်ပါဦး။
* iPhone။ မှာ the Health app ကိုဖွင့်ပါ။
* အောက်ဆုံး ညာဘက်ထောင့်က Browse tab ကို နှိပ်ပါ။
* Heart > Heart Rate Variability
* အပေါ်မှာ HRV data ကို day, week, month, half-year, and year ဆိုပြီး trends ကို ကြည့်နိုင်ပါတယ်။
HRV reading ကို ပို တိတိကိကျ လိုချင်ရင်” နားနေချိန်မှာ” Apple Watch ကိုသုံးပြီးနေ့တိုင်းမှာ တိုင်းနေကျ အချိန်သတ်မှတ်ထားပြီး
✅🧘🏻‍♂️🧘🏻 Mindfulness app ကိုဖွင့်ပါ။ ပြီးရင် Breathe ကိုရွေးပါ။ သိပ်မကြာခင်မှာပဲ iPhone ရဲ့ Health app မှာ new HRV data ကို တွေ့ရလိမ့်မယ်။
Bonus အနေနဲ့ VO2 max (cardio fitness level) ကို ဘယ်လို တိုင်းသလဲကို ပုံမှာ
ကြည့်ပြီး setup လုပ်နိုင်ပါတယ်။







Visual Lookup



 ပန်းသီးဟာ ဓါတ်ပုံတစ်ပုံမှာ ပါဝင်တဲ့ Item တွေကို ခွဲခြားစိတ်ဖြာပြီး လုံလောက်တဲ့ သတင်းအချက်အလက် information နဲ့ သက်ဆိုင်တဲ့ ရှင်းပြချက်လေးတွေကို အထူးအလေးထား တိုးချဲ့ဆောင်ရွက်လာခဲ့ပါတယ်၊ ပန်းသီးဖီလင်များ သိကြတဲ့ Photos App မှာပါတဲ့ Visual Lookup ဆိုတဲ့ လုပ်ဆောင်ချက်လေးပါဘဲ၊ ဓါတ်ပုံထဲ တိရစ္ဆာန်လေးပါတယ်ဆို အမျိုးအမည် ဘာအမျိုးအစား၊ သစ်ပင်ဆို ဘာအပင် ဘယ်လိုခေါ်၊ အထင်ကရ လမ်းအဆောက်အဦဆို ဘယ်နိုင်ငံမှာတည်ရှိ၊ ဘာကြောင့် ကျော်ကြားသလဲ အသေးစိတ် စသဖြင့် ရှင်းလင်းချက် ဝေဝေဆာဆာနဲ့ပေါ့၊ လာမဲ့ iOS 17 မှာဆို ပိုမိုအဆင့်မြင့်တင်ထားပြီး ဓါတ်ပုံတပုံထဲမှာ အစားအသောက်များကိုလည်း ခွဲခြားစိတ်ဖြာပြီး သူ့ရဲ့ Recipes အလားတူများကိုလည်း ဖေါ်ထုတ်ပေးပါဦးမယ်၊ အင်း သွားရေကျစရာများပါဘဲ၊ ဒါတင်လားဆိုတော့ ဟုတ်သေးဘူးဗျ၊ Developer တွေ Beta ဗားရှင်းစမ်းရင်းနဲ့ အင်္ကျီအဝတ်အစားမှာပါတဲ့ အဝတ်လျှော်လမ်းညွှန် သင်္ကေတများ Laundry Symbols ကိုလည်း အသေးစိတ် ဖော်ထုတ်ပေးနိုင်ပါသတဲ့။ အင်း iOS 17 တင်ပြီးရင် လမ်းဘေးလမ်းညွှန်ဆောင်ပုဒ်တွေရိုက်ပြီး စမ်းကြည့်ရမယ်။

ACTION Mode Video

 ACTION Mode Video

===============
ခေတ်ကြီးကိုက TikTok နဲ့ Reels ခေတ် ဖြစ်နေသလို ဘယ်နေရာရောက်ရောက် လှုပ်ရှားသက်ဝင်တဲ့ ဗွီရိုက်ချက်လေးတွေ မလုပ်လိုက်ရရင်ကိုဘဲ စားမဝင် အိပ်မပျော်နိုင်၊ ရုပ်ငြိမ်တွေတော့ ထားပါတော့၊ တချို့ရိုက်ချက်တွေ လှုပ်ရှားသက်ဝင် ပြေးလွား ပျော်မြူးတဲ့ အက်ရှင်ဆန်ဆန်တွေဆို ကင်မရာမင်းကလည်း လက်ငြိမ်ငြိမ်နဲ့ ရိုက်ချက်တွေပြုနိုင်မှ ကြည့်ရသူ ကျေနပ်စေရတယ်၊ ရှေ့က သရုပ်ဆောင်ဘယ်လောက်ကောင်းကောင်း ရိုက်ချက်တွေ တုန်ခါနေရင် ဖီးလ်ငုတ်ရဘီပေါ့၊ TikTok, Reels မှာ Like နည်းရင်လည်း မျက်နှာငယ်ရသကိုး။
ဟုတ် အဲအခက်အခဲကို ပန်းသီးဟာ iOS 16 မှာ ဖြေရှင်းခဲ့ပါတယ်၊ Action Mode ဆိုတဲ့ လုပ်ဆောင်ချက်လေးကို မိတ်ဆက်ခဲ့ပါတယ်၊ ကင်မရာလှုပ်ခါနေသော်လည်း ရိုက်ချက် ဗွီဒီယိုအက်ရှင်တွေက တည်ငြိမ် သိမ်မွေ့နေပါလိမ့်မယ်၊ သို့သော် အချိန်နဲ့တပြေးညီ Image Processing ကို အကြီးအကျယ် ဖန်တီးမှုပြုရသလို ကင်မရာမှာ Censoring ကလည်း မြင့်ဘို့လိုအပ်ပါတယ် လောလောဆယ် အိုင်ဖုန်း ၁၄ ဖုန်းများသာ (14, 14Plus, 14Pro, 14Pro Max) Hardware ထောက်ပို့နိုင်တဲ့အတွက် Action Mode ဟာ အိုင်ဖုန်း ၁၄ နဲ့ သူ့နောက်ပိုင်း မော်ဒယ်များသာ ရရှိနိုင်ပါ့မယ်၊ ကိုယ်ကိုယ်တိုင် ပြေးလွားပြီး ရိုက်ကူးရမယ်ဆို အရမ်းအသုံးဝင်လှပြီး ဗွီဒီယို အရည်အသွေးကလည်း အလွန်တရာကောင်းမွန်လှတဲ့ အတွက် အိုင်ဖုန်း ၁၄ ပိုင်ရှင်များဆို သုံးကြည့်ဘို့ အကြံပြုချင်ပါတယ်။
Action Mode ကို အသုံးပြုရတာလည်း အလွန်လွယ်ကူပါတယ်၊ ကင်မရာ App ကိုဖွင့်ပြီး ဗွီဒီယိုကို ပြောင်းလိုက်ပါ၊ နောက် ဖုန်းရဲ့ အပေါ်ညာဘက်ရှိ ပုံစာမှာပြထားတဲ့ Action Button လေးကို ဖိနှိပ်ပြီး On လိုက်ပါ၊ ဟုတ် Shutter button ကို နှိပ်ပြီး ရိုက်ချက်ပြင်းပြင်းတွေကို ဖန်တီးလို့ ရပါဘီ၊ ကြည်လင်ပြတ်သားပြီး သက်ညိမ်တဲ့ ပုံရိပ်တွေရဘို့ Processing လုပ်တဲ့အခါ ပုံရိပ်ရဲ့ အလင်းအားကောင်းမှုကလည်း အထူးလိုအပ်လှပါတယ်၊ အဲလိုအခါမျိုးဝယ် ကင်မရာက More Light required လို့ ပြောတတ်ပါတယ် ဟုတ် လုံလောက်တဲ့အလင်းရောင် ရတဲ့နေရာ ဝန်းကျင်တခုကို ရှာဘို့ အကြံပြုချင်ပါတယ်၊ အို မရဘူး ဒီနေရာ ဒီအခင်းအကျင်းကိုဘဲ ကြိုက်လှပါတယ် ဆိုရင်လည်း အလင်းရောင်နည်းနည်းမှာ Action Mode အလုပ် လုပ်တဲ့ နည်းလည်း ရှိပါတယ်၊ Settings > Camera > Record Video အောက်မှာ Action Mode Lower Light ကို Turn ON ပြီး စိတ်ကြိုက် အက်ရှင်ဗွီဒီယိုများ ဖန်းတီးနိုင်ပါဘီ၊ Action Mode မှာဆိုရင် HD (1080p) သို့မဟုတ် 2.8K Resolution အရည်အသွေး ဗွီဒီယိုကို 60fps နဲ့ ရိုက်ကူးလို့ရနိုင်ပါကြောင်း၊ ကဲ အိုင်ဖုန်း ၁၄ ပိုင်ရှင် ပန်းသီးဖီလင်များ ခုဘဲ စသုံးကြည့်လိုက်ပါနော်။ သုံးဘူးသူများလည်း comment မှာ အတွေ့အကြုံလေးလည်း မျှပေးခဲ့ပါဦး၊ ကျေးဇူးပါ။


Adaptive Audio

 Adaptive Audio

==============
iOS17 နဲ့ အတူပါဝင်လာမဲ့ ထူးခြားကောင်းမွန်တဲ့ လုပ်ဆောင်ချက်လေးတစ်ခုပါဘဲ၊ အိုင်အိုအက်စ် ထွက်လာတဲ့အခါမှာ AirPods Pro2 တစ်ခုတည်းသာ အသုံးပြု၍ ရရှိပါ့မယ်၊ သူ့ရဲ့ ထူးကဲတဲ့ လုပ်ဆောင်ချက်လေးကတော့ noise-cancellation နဲ့ transparency mode နှစ်ခုကြား အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး အလိုအလျောက် အသံကို ထိန်ညှိပေးပါ့မယ်၊
အလုပ်လုပ်မဲ့ အင်္ဂါရပ်(၃)ခုကတော့
- Adaptive Noise Control: ဝန်းကျင်အနီး ဆူညံမှုပေါ်မူတည်ပြီး အလိုအလျောက် ထိန်းညှိပေးပါ့မယ်
- Personalise Volume: ဝန်းကျင်နဲ့ လိုက်လျောညီစွာ အသံအတိုးအကျယ်ကို ထိန်းညှိပေးပါ့မယ်၊
- Conversation Awareness:မိမိကို တဦးတယောက်မှ လာ၍စကားပြောလျှင်လည်းကောင်း မိမိက စ၍ စကားပြောလျှင်လည်းကောင်း Transparency Mode ကို အလိုအလျောက် ပြောင်းပေးပြီး သီချင်းတခုခုဖွင့်ထားရင်လည်း အသံကိုလျှော့ပေးပါမယ်၊
မိမိအိုင်ဖုန်းမှာ iOS17 တင်ပြီး AirPods Pro2 နားဝယ်တပ်ဆင်ပြီးလျှင် အိုင်ဖုန်းရဲ့ Home မျက်နှာပြင် အပေါ်ညာထောင့်မှ အောက်ကို ဆွဲချပြီး Control Center ကို သွားပေးပါ၊ နောက် Noise Control Button မှ Adaptive ကို ရွေးလိုက်လျှင်ဘဲ Adaptive Audio စတင်လုပ်ဆောင်ပါဘီ၊ ပုံစာ (၂)
မိမိအိုင်ဖုန်းမှလည်း Setting ကိုသွားပြီး မိမိရဲ့ AirPods Pro2 ကို ရွေးချယ်ပြီး Adaptive ကို On လို့ရသလို AirPods ကို ဖိနှိပ်ခြင်း Setting ကိုလည်း စိတ်ကြိုက် Noise Control အဖြစ် ထားလို့လည်း ရပါသေးတယ်၊ ပုံစာ (၃)
ကိုယ်မှာ AirPods Pro1 ဘဲရှိပြီး ဒီ Function ကို မစမ်းရ၍ ဝမ်းနည်းမိသော်လည်း ကိုယ့်ထက်ဆိုးတဲ့ AirPods Max ကြီးလည်း မရဘူးဆိုတော့ ဖြေသာပါတယ် ကိုပန်းသီးရယ်






အိုင်ဖုန်း၁၄ ရဲ့ ဂြိုလ်တုဆက်သွယ်ရေး

 အိုင်ဖုန်း၁၄ ရဲ့ ဂြိုလ်တုဆက်သွယ်ရေး

=========================
အမေရိကန်မှ အမျိုးသမီး (Juana Reyes) ဟာ လော့အိန်ဂျယ်ရှိ Angelos National Forest အတွင်း တောင်တက်ပြုလုပ်နေစဥ် မတော်တဆပြိုလဲပြီး ခြေထောက်ကျိုးကာ ခရီးမဆက်နိုင်ဖြစ်နေပါတယ်၊ ဝေးလှံခေါင်ပါး တောတောင်အရပ်ဖြစ်သည့်အားလျှော်စွာ Cellular Coverage မရှိသည့်အတွက် 911 ကို အကူအညီတောင်းလို့မရနဲ့ အတိဒုက္ခရောက်စရာပါ၊ သို့သော် ကံကောင်းချင်တော့ ထိုအမျိုးသမီးဟာ အိုင်ဖုန်း ၁၄ ပိုင်ရှင်ဖြစ်သည့်အားလျော်စွာ အိုင်ဖုန် ၁၄ ရဲ့ နည်းပညာအသစ်ဖြစ်တဲ့ ဂြိုလ်တုဆက်သွယ်ရေး (Emergency SOS via Satellite) ကို အသုံးပြုပြီး ကယ်ဆယ်ရေးဌာနကို အလျင်အမြန် အဆက်အသွယ်ပြုနိုင်ခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့များ ဟယ်လီကော်ပ်တာနဲ့ အချိန်မှီ လာရောက် ကယ်ထုတ်သွားနိုင်ခဲ့ပါတယ်။
ကျေးဇူးကြီးပါပေ့ ဆရာပန်းသီးရယ် ...


အိုင်ဖုန်းဘက်ထရီကို ဘယ်အခြေအနေဆို လဲသင့်ပါသလဲ?

 

အိုင်ဖုန်းဘက်ထရီကို ဘယ်အခြေအနေဆို လဲသင့်ပါသလဲ?
- Settings > Battery > Battery Health & Charging ကို သွားပြီး Maximum Capacity ကို စစ်ကြည့်ပါ၊ အကယ်၍ ၈၀% အောက် ကျနေဘီဆို လဲသင့်ပါဘီ၊
- Battery Status အနေနဲ့ အိုင်ဖုန်းက “Battery being degraded” သတိပေးစာတွေ့ရင် အမြန်လဲသင့်ပါဘီ၊
- ဘက်ထရီ အားသွင်းနေတဲ့ Sign ပြပြီး ဘက်ထရီအား လုံးဝ မဝင်တော့ဘူးဆိုရင် လဲသင့်ပါဘီ၊

Saturday, April 1, 2023

Voice Isolation

 

IOS User တွေ ဖုန်းပြောတဲ့အခါ တစ်ဖက်လူက ကိုယ့်အသံကိုယ်ဘဲ ကြည်ကြည်လင်လင် ကြားရပြီး အနောက်က Background Noise တွေ မကြားစေချင်ရင်

Voice Isolation ကို ဖွင့်ပြီးပြောဖို့လိုပါမယ်။

iOS 16.4 မှာ အသစ်ပါလာတဲ့ Voice Isolation က ဖုန်းပြောတဲ့အခါ တကယ့်ကို noise cancellation လုပ်ပေးထားတော့ သီချင်းအကျယ်ကြီးဖွင့်တာတို့၊ night out သွားလို့ Club ထဲရောက်နေတောင် တစ်ဖက်လူက တော်ရုံသိမှာမဟုတ်ပါဘူး။

အဲတော့ ကိုယ်က club ရောက်နေလည်း အိမ်ကဖုန်းဆက်ရငါ ဘယ်မှ မရောက်သလို ဟန်ဆောင်နေလို့ရပါတယ်

ဒီ feature က iOS 16.4 မှာဘဲရမှာပါ။ FaceTime မှာက အစတည်းက ရတယ်ဆိုပေမယိ့ အခုမှ Cellular Call တွေမှာရတာဖြစ်ပါတယ်။

ဒီ feature ကို ON ချင်ရင်တော့ ဖုန်းပြောတဲ့အခါ Control Center ကို ဆွဲခြပြီး Mic Mode>> Voice Isolation ကိုရွေးလိုက်ပါ။

တစ်ခါရွေးပြီးရင် နောက်တစ်ခါထပ်လုပ်စရာမလိုတော့ပါဘူး။