Friday, July 8, 2022

 

iPhone ကတော့ clone ဟုတ်မဟုတ်စစ်ရတာ လွယ်ပါတယ်။ iTunes App Store က iOS apps တွေတင်တဲ့အခါ ရနိုင်မှာမဟုတ်ပါဘူး။

 

Android ကို iOS ပုံစံပြောင်းထားတာဖြစ်ပါတယ်။ မိမိတို့ဝယ် ယူမယ့်ဖုန်းရဲ့ specification ကို GSMArena (သို့မဟုတ်) Official website မှရယူကာ တိုက်ဆိုင်စစ်ဆေးကြည့်နိုင်ပါတယ်။

 

ဖုန်းရဲ့ spec တွေကို third-party app တစ်ခု ဖြစ်တဲ့ Antutu Benchmark ကို Google Play မှ download လုပ်ကာရယူပြီး စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

 

အကယ်၍ ဖုန်းရဲ့ ထုတ်လုပ်သူက အခြားနာမည်တစ်ခုကို ဖော်ပြနေတယ်ဆိုလျှင် အဲဒါဟာ clone ဆိုတာသိနိုင်မှာဖြစ်ပါတယ်။

 


နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ IMEI code ကို စစ်ဆေးတာပဲဖြစ်ပါတယ်။

 

iPhone မှာတော့ သူ့ရဲ့ Serial Number ကို Settings>General > About Phone ကနေ ရယူပြီး https://selfsolve.apple.com/agreement WarrantyDynamic.do သို့ ၀င်ကာစစ်ဆေးနိုင်ပါတယ်။

 

 

အကယ်၍ iPhone က clone ဆိုလျင်တော့ “We’re sorry,but this serial number is not valid. Please check your information and try again,” ဆိုပြီးဖော်ပြမှာဖြစ်ပါတယ်။

 

Android သုံးစွဲသူများအဖို့ IMEI code ကို handset ရဲ့နောက်ကျောဖက်မှာကပ်ထားတဲ့ sticker ကနေကြည့်နိုင် ပါတယ်။

 

မရှိဘူး ဆိုလျှင်တော့ Settings> About>Status ကနေရယူနိုင်သလို *#06# ကိုရိုက်ထည့် ကာ ဖုန်းခေါ်ပြီး IMEI code ကို ရယူနိုင်ပါ တယ်။

 

Popular News: IDM နဲ့ FDM တို့ကိုနှိုင်းယှဉ်ကြည့်သောအခါဝယ်

 

 IMEI code ကိုရရှိပါက အဆိုပါ code ကို imei.info သို့သွားပြီး box ထဲမှာရိုက်ထည့်ကာ “Check” ကိုနှိပ်ပြီး စစ်ဆေး နိုင်မှာဖြစ်ပါတယ်။

 အဲဒီအခါဖုန်းရဲ့ information တွေကိုပြသမှာဖြစ်ပြီး ကိုယ့် Handset နဲ့ အချက်အလက်တွေကွဲနေပါက clone ဆိုတာသိနိုင်မှာဖြစ်ပါတယ်။

iPhone ကို New (သို့) Refur စစ်နည်း


iPhone ကို New (သို့) Refur စစ်နည်း
--------------------------
သင့်ရဲ့ iPhone ဟာ New (iPhone အသစ် ) လား ၊Refurbished ( ပြင်ဆင်မွမ်းမံထားတဲ့ iPhone ) လား ၊ Replacement ( အစားထိုးလဲလှယ်ထားတဲ့ iPhone) လား ဒါမှမဟုတ်Personlaized ( ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ iPhone) လား ဆိုတာကို သိရှိနိုင်ရန်အတွက် Setting >> General >> About >> Model မှာ သွားကြည့်ရှုရပါမယ် ။
ရှေ့ဆုံးစာလုံးဖြစ်တဲ့ ( M ) နေရာက စာလုံးကို ကြည့်ပြီး New ၊ Refurbished ၊ Replacement or Personalized ဆိုတာကို ခွဲခြား သိရှိနိုင်ပါမယ် ။ ရှေဆုံးစာလုံးဟာ M နဲ့ စထားတယ်ဆိုရင် Apple Store Online or Apple Retail Store ကနေ ရောင်းချပေးခဲ့တဲ့ New ( အသစ် ) iPhone ဖြစ်ပါတယ် ။
F နဲ့ စထားမယ်ဆိုရင်တော့ Refurbished ( ပြင်ဆင်မွမ်းမံထားပြီး Apple ကနေ တရားဝင် ပြန်လည်ရောင်းချတဲ့ ) iPhone ပဲ ဖြစ်ပါတယ် ။ N နဲ့ စထားတဲ့အတွက် Replacement ( ပြဿနာတစ်စုံတစ်ခုကြောင့် Apple ဒါမှမဟုတ် Apple ရဲ့ Authorized Service Center တွေကို ပို့ပေးလိုက်တဲ့ iPhone တွေအစား ပြန်လည် လဲလှယ်ပေးတဲ့ ) iPhone ပဲ ဖြစ်ပါတယ် ။ ဒီ Replacement အလုံးတွေကလည်း Refurbished အလုံးတွေကဲ့သို့ပင် ကောင်းမွန်ခြင်း ရှိပါတယ် ။
P – P နဲ့ စထားတာဖြစ်လို့ Personalized ( ကိုယ်ပိုင်အမှတ်အသားတံဆိပ်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများနှင့် အလှဆင်ထားတဲ့ ) iPhone အမျိုးအစားပဲ ဖြစ်ပါတယ် ။ New ၊Refurbished ၊Replacement orPersonalized ဆိုတဲ့ iPhone တွေကို အပြင်ပန်းအခြေခံအချက်ကို ကြည့်ပြီး ခွဲခြားနိုင်ပြီလို့ ထင်ပါတယ် ။

iPhone အတု အစစ်ခွဲနည်း


 

apple WWDC2022 မှာ ကောက်နုတ်ချက်တချို့

 

apple WWDC2022 မှာ ကောက်နုတ်ချက်တချို့
iOS 16
iPad OS
macOS
Watch OS တွေကိုမိတ်ဆတ်ပြသခဲ့ပါတယ်
iOS 16 မှာကြိုတင်ခန့်မှန်း ခဲ့ကြတဲ့အတိုင်း iphone 7 လေးတွေ ချန်ထားခဲ့ပါတယ်
Lockscreen ကိုစိတ်ကြိုက်ပြင်သုံးနိုင်မှာ လေးတော့သဘောကြမိတယ် Messages , photos family sharing
Live Activities , Safety check , Matter , pay later ,Maps , တွေရဲ့ update တွေနဲ့ အခြားသော အသေးစိတ်
အချက်လေးတွေလဲ အများကြီး ပြောင်းလဲလာပါမယ် apple ရဲ့ M2 chip အသစ်နဲ့ Macbook pro 2022
Macbook Air 2022 M2 chip အသစ်တွေနဲ့ 35W အားသွင်းခေါင်း အသစ် USB C နှစ်ပေါက်နဲ့ တပြိုင်ထဲ နှစ်ခုအား
သွင်းနိုင်မယ့် ဟာတခုကိုလဲ မိတ်ဆတ်ပြသသွားပါတယ် Macbook အသစ်တွေ ပထမဆုံးအကြိမ်အနေနဲ့
apple က အမြန်အားသွင်းစနစ် 50% ကို မိနစ်30 နဲ့အားသွားနိုင်ဖို့ USB C 67W အားသွင်းခေါင်း ကိုလဲ
သီးသန့်ရောင်းချပေးသွားမှာပါ 😁 ဗူးထဲမထည့်လာပေးပါဘူး
iPad OS အသစ်မှာတော့ M1 Chip နဲ့ iPad Pro တွေဟာ ပိုပြီး စွမ်းဆောင်ရည် အပြည့် အသုံးချလာနိုင်မယ်
အကြမ်းဖျင်းအချက်လေးများကို သာဖော်ပြပေးလိုက်ပါတယ် အသေးစိတ်များကိုတော့အချိန်မရလို့ မရေးတော့ပါ

US မှာပါ iPhone တွေကို USB-C ပြောင်းသုံးဖို့ တွန်းအားပေးနေပြီ

 


US မှာပါ iPhone တွေကို USB-C ပြောင်းသုံးဖို့ တွန်းအားပေးနေပြီ
==================
ပြီးခဲ့တဲ့ရက်သတ္တပါတ်တွေတုန်းက EU (European Union) ဟာ လာမယ့် ၂၀၂၄ ခုနှစ်ကနေ စတင်ပြီး Apple iPhone တွေမှာ USB-C ကိုပဲ အသုံးပြုသွားဖို့ တရားဝင်အတည်ပြုလိုက်ပြီးဖြစ်ပါတယ်။ ဒါကြောင့် Apple အနေနဲ့ အနည်းဆုံး EU Region တွေမှာ ရောင်းချသွားမယ့် iPhone တွေမှာ Lightning Connector အစား USB-C ကို ပြောင်းလဲအသုံးပြုရဖို့ သေချာသလောက်ဖြစ်နေပါပြီ။
အခုလည်း US အစိုးရကနေ Apple ကို USB-C ကို ပြောင်းလဲဖို့ကို စတင်ပြီး တွန်းအားပေးသွားဖွယ်ရှိနေပါတယ်။
ဘာကြောင့်လဲဆိုရင် US အစိုးရ စီးပွားရေးဝန်ကြီးဌာနရဲ့ အတွင်းရေးမှူးအဖြစ်တာဝန်ယူထားတဲ့ Gina Raimondo ဆီကို Senator (လွှတ်တော်အမတ်) တွေဖြစ်တဲ့ Ed Markey ၊ Elizabeth Warren နဲ့ Bernie Sanders တို့ကပူးပေါင်းပြီး US နိုင်ငံအတွင်းက စမတ်ဖုန်းတွေကို USB-C ကိုပဲ Standard တစ်ခုတည်းအနေနဲ့ အသုံးပြုဖို့ကို စာတင်ပြီး တောင်းဆိုလိုက်တာကြောင့်ဖြစ်ပါတယ်။ အခုလိုမျိုး တောင်းဆိုမှုက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို ကာကွယ်ဖို့နဲ့ E-Waste တွေကို လျော့နည်းစေဖို့ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် US အစိုးရအနေနဲ့ အခုလိုမျိုး iPhone တွေမှာ USB-C ကို ပြောင်းလဲဖို့တကယ်ဆုံးဖြတ်မလားဆိုတာကိုတော့ အတိအကျမသိရသေးပေမယ့် အခုပုံစံအရဆိုရင်တော့ လာမယ့်နှစ်အနည်းငယ်အတွင်း ပြောင်းလဲသွားဖွယ်ရှိနေပါပြီ
#ဖြစ်သင့်တာက ကြာနေပီ ရလာပါစေမျှော်လင့်ရတာပဲ

Thursday, July 7, 2022

IExplorer 4.3.1 Full

 

(iPhone, iPad, iPod တွေထဲကနေ Data တွေ၊ Apps တွေ အပါအဝင် အချက်အလက်အားလုံးနီးပါးကို Backup လုပ်ခြင်း Restore ပြန်လုပ်ခြင်းကို လွယ်ကူစွာ ဆောင်ရွက်ပေးနိုင်တဲ့ iExplorer ဖြစ်ပါတယ်.. Music, Video, Photo စတဲ့ Media Data တွေ၊ Message, Contact, Call History, Voicemail, Note, e-Books စတဲ့ User Data တွေ၊ Application တွေနဲ့ Application ရဲ့ Data တွေကိုပါ Backup & Restore လုပ်ပေးနိုင်ပါတယ်..ဒါ့အပြင် Disk ကိုပါ Mount လုပ်ပေးနိုင်မှာလည်းဖြစ်ပါတယ်..  ၁၉.၈.၂၀၁၉ ရက်နေ့က နောက်ဆုံးထွက်ထားတဲ့ iExplorer 4.3.1 Full Version လေးရထားလို့ ပြန်လည်မျှဝေလိုက်ပါတယ်... Full Version လုပ်နည်းကတော့
ပထမဆုံး Setup နဲ့ Install လုပ်ပါ.. ( Internet ချိတ်ထားရပါမယ်.). ပြီးလို့ iExplorer Run လာရင် ပိတ်ပစ်ပါ.. Crack ထဲက ဖိုင်လေးကို ဖြည်ချပြီး Copy ကူးပါ..
ဒီ Software ကို Crack လုပ်ရတာ နည်းနည်းတော့ ရှုပ်တယ်ဗျ.. သူက ပုံမှန်အတိုင်း Program File အောက်မှာ Install လုပ်တာမဟုတ်ဘူး.. User App Data အောက်မှာ Install လုပ်တာ.. အောက်မှာ Video ဖိုင်လေးကိုသာကြည့်လုပ်ကြပါတော့ဗျနှော...)




Download iExplorer 4.3.1 Full.rar: 9.75 MB