Sunday, October 18, 2020

Ceramic Shield

 

Ceramic Shield on iPhone 12 Series ** (Display)
iPhone 12 mini ကစလို့ iPhone 12 Series အကုန်လုံးမှာ Ceramic Shield တွေအသုံးပြုထားမှာဖြစ်ပါတယိ။
Ceramic Shield ဆိုတာဘာလဲ??
Ceramic Shield ဆိုတာ ကြွေထည် crystal လေးတွေနဲ့ Glass တို့ကို အသုံးပြုပေးထားတဲ့ Layer တစ်ထပ်သဘောမျိုးဖြစ်ပါတယ်။သူ့ကို Ceramic Shield လို့နာမည်ပေးထားပါတယ်။
Ceramic Shield တွေကို iPhone 12 series မှာ စတင်အသုံးပြုလာတာဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်တွေကတော့ အရင်အသုံးပြုခဲ့တဲ့ iPhone မျက်နှာပြင်တွေထက် ပိုမိုမာကျောပြီး Drop Test Performance 4x ဆ ပိုမိုကောင်းမွန်ပါတယ်။ဒါကြောင့် ပြုတ်ကျရင်မကွဲပဲ အကောင်းအတိုင်းရှိနေနိုင်မယ့် Chance က 4x ဆ ပိုမြင့်လာပါတယ်။
ဒါတင်မကပဲ Apple က "တစ်ကမ္ဘာလုံးက Smart Phone Glass တွေ အားလုံးထဲမှာ အကြမ်းအခံဆုံး Glass, Ceramic Shield ပါပဲ"လို့ ကြွေးကြော်သွားပါတယ်။
ဒါကြောင့် iPhone 12 Series တွေဟာ အရင်ထွက်ခဲ့တဲ့ iPhones တွေထက် Durability ပိုင်းမှာ သိသိသာသာ တိုးတက်လာပါတယ်။
Ceramic Shield Glass ကို​တော့ front glass တစ်ခုတည်းလား back glass ကိုပါ သုံး​ပေးထားလား​တော့ မ​ပြောသွားပါဘူး။ (၂ ဖက်လုံးကိုအသုံးပြုပေးထားမယ်လို့ ထင်ပါတယ်)

iPhone 12 လဲသင့်ပြီလား?

 

iPhone 12 လဲသင့်ပြီလား?
ဒီ video မှာ အခုလက်ရှိ iPhone 11/XR/8/7.... ကိုင်နေသူတွေ ဘယ်အချက်တွေကြည့်ပြီး လဲသင့်မလဲသင့်ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။


 

" Sweet But Psycho " ( 2 )

 Apple ကပေးတဲ့ iPhone 11 to iPhone 12 ပြောင်းစေချင်တဲ့ Psycho ( 2 )

 

(5) Performance
Performance ပိုင်းဆိုတာထက် A13 Bionic Chip vs A14 Bionic Chip လို့ပဲပြောရမှာပါ။ Apple ရဲ့ A series chip တွေဟာတစ်နှစ်ထက်တစ်နှစ်ပိုပြီးကောင်း(improve)အောင်လုပ်ထားတာကတော့လူတိုင်းအသိပါ။
စာရွက်ပေါ်ကကိန်းကဏာန်းတွေအရ A14 Bionic chip ဟာသိပ်ကြောက်ဖို့ကောင်းပါတယ်။A13 chip က 7nm architecture ဖြစ်ပြီးတော့ A14 chip က 5nm architecture (world's first) အဖြစ်ပွဲထွက်လာပါတယ်။
ပြီးခဲ့တဲ့နှစ်က ကြမ်းလှပါတယ်ဆိုတဲ့ A13 Bionic Chip က 8.5 billion transistors ပါခဲ့ပြီး ဒီနှစ် A14 Bionic Chip မှာတော့ 11.8 billion transistors တောင်ပါဝင်ပါတယ်။(စကားချပ်။ ။ ဒီနေရာမှာ A14 ရဲ့ တိုးတက်မှုတွေကို
ခပ်စိပ်စိပ်လေး ရေးပေးချင်ပါတယ်၊ ဘာလို့လဲဆိုတော့ နောက် Reviews တွေအတွက်လည်းအကျူံးဝင်( အသုံးဝင် ) လို့ပါ)။5nm process technology ဟာတူညီတဲ့နေရာတခုမှာပဲ transistors တွေကိုပိုမိုများပြား
နေရာချလို့ရအောင်ပြုလုပ်ပေးနိုင်ပါတယ်။Power စားသုံးမှု(save)မှာ 30% လောက်ကိုတိုးတက်လာပါတယ်။Xr,Xs နဲ့ XsMax တို့မှာသုံးခဲ့တဲ့ A12 Bionic chip ထက် CPU မှာ 40% ပိုမြန်ပြီး
GPU performance မှာတော့ 30 % ပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။ A13 Bionic Chip နဲ့ယှဉ်ရင်တော့ CPU မှာ 16% နဲ့ GPU မှာ 8% တိုးတက်လာတယ်လို့ပြောထားပါတယ်။ အနီးဆုံး A13 Chip နဲ့ 6 Cores CPU နဲ့ 4 Cores GPU
လိုပဲ သူ့ရဲ့ CPU 6 Cores ကို (2+4) configuration နဲ့သွားထားတာပါ။ 4 High-Efficiency Cores + 2 High-Performance Cores ဆိုပြီးတော့ပါ။ ခင်ဗျားအနေနဲ့ daily usage တွေဖြစ်တဲ့ ဖုန်းပြော၊Facebook နဲ့ Youtube ကြည့်မယ်
Photo ရိုက်မယ် ကြည့်မယ် ဆိုရင် 4 high-effiency cores တွေကပဲအလုပ်လုပ်ပေးပြီး HD Game တွေဆော့မယ်၊ Photo Editing (Heavy Usage)တွေလုပ်မယ်ဆိုရင် ကျန်တဲ့ 2 high-performance cores ကလုပ်ပေးမှာပါ။
ဒါ့ကြောင့် iPhone 12 Series မှာ Battery Capacity တွေနည်းသွားပေမဲ့ Power Consumption အတွက်က A14 Chip ကြောင့် Battery Size ကိုသေးနိုင်တဲ့အပြင် ဖုန်းကို ပိုပြီးပါးအောင်(7.4 mm) လုပ်နိုင်သွားတာပါ။
GPU မှာလည်း Apple က Next-generation architecture လို့ခေါ်ပြန်ပါတယ်။ 4 Cores GPU ပါ။ A13 chip နဲ့ယှဉ်ရင် GPU frequency က Base မှာ 1.80 GHz တူပေမဲ့ Turbo မှာ2.7 GHz ကနေ 3.10 GHz ထိတိုးတက်သွားပါတယ်။
ဒါကမပြောပလောက်ပေမဲ့ သိသိသာသာ Upgrade လုပ်လိုက်တဲ့အပိုင်းကတော့ AI Performance ပါ။ အကောင်းဆုံးဖြစ်ခဲ့ဖူးတဲ့ A13 က 8-core neural engine( 6 trillion operations per second ) ထိလုပ်ဆောင်နိုင်ပြီး
A14 လည်းကျရော next-generation 16-Core Neural Engine ( up to 11 Trillions of operations per second ) ဆိုပြီး 2 ဆနီးပါကို Upgrade လုပ်ပစ်လိုက်ပါတယ်။( Next-generation ဆိုရင် ရင်နာသင့်နေပါပြီ )။
ဒါပေမဲ့ ဒီ အကျိုးကျေးဇူးကိုရဖို့အတွက်က 12 Pro နဲ့ 12 Pro Max ဆီကိုသွားရမှာပါ။ ဘာလို့လဲဆိုတော့ သူ့ Camera system မှာပါတဲ့ LiDAR Scanner နဲ့တွဲပြီး AI Performance ကို အသုံးချရမှာပါ။(iPad Pro 2020 နဲ့တူတူပါ)
မပြီးသေးဘူးဗျ။ A14 က 5nm ဖြစ်သွားတော့ Memory Channel မှာ A13 တုန်းက 1 Channel ပဲရှိတာကနေ သူက 2 Channels ဖြစ်သွားတယ်။အဲ့တော့A13 တုန်းကလို Maximum memory ကို 4GB support မဟုတ်တော့ပဲ
16 GB ထိတောင် အလုပ်လုပ်နိုင်တယ်ဗျာ။(အဲ့တော့ တွေးမိတာက 12 mini, 12 တွေမှာ memory ကို 4GB နဲ့ပဲထားခဲ့ပြီ Pro တွေမှာ (အထူသဖြင့် 12 Pro Max မှာ 6GB လောက်ထိ သွားပေးနိုင်ပါတယ် )။
တော်လောက်ပြီဗျာ။ဒါတွေကတော့ A14 Bionic Chip ရဲ့ တိုးတက်လာတဲ့အပိုင်းတွေပါ။စာရွက်ပေါ်က ကိန်းဂဏာန်းတွေအရ တိုးတက်လာတာမှန်ပေမဲ့ A13 Chip ကလည်းခေသူမဟုတ်ပါဘူးဆိုတာမှတ်ထားပေးပါ။
( Tips : Daily Usage မှာ ခင်ဗျားတို့အတွက် A14 Chip မပြောနဲ့ A13 Chip တောင်မလိုအပ်ပါဘူး။ A12 Bionic chip သမားတွေက ငြိမ့်နေတုန်းဖြစ်ပြီး A11 Bionic chip သမားတွေတောင် Smooth ဖြစ်နတုန်းပါ )
(6) Features
Features ဆိုရင်တော့ တိုးတက်လာတဲ့ အပိုင်းတွေပဲဖြစ်သွားမှာပါ။ဘာတွေတိုးတက်လာသလဲပေါ့။
(a) 5G
All line up မှာ 5G support လုပ်ပါပြီ။ 5G မှာတောင် mmWave 5G နဲ့ Sub 6 GHz (5G) ဆိုပြီး ၂ မျိုးထပ်ကွဲသွားပါတယ်။iPhone 12 က mmWave 5G ကို US Region ပြင်ပမှာ support မလုပ်ပါဘူးတဲ့။
5G သုံးလို့ရတဲ့ နိုင်ငံကလက်ချိုးရေလို့ရပါတယ်။5G နည်းပညာကို အမေရိက(US)၊တောင်ကိုရီးယားနဲ့တရုတ် တို့ကဦးဆောင်လျှက်ရှိပြီး (AT&T Inc., KT Corp, and China Mobile) တို့ရဲ့ ဦးဆောင်ပြိုင်ပွဲလို့တောင် ပြောလို့ရပါတယ်။
နိုင်ငံသေးတွေဖြစ်တဲ့ ဆွီဒင်၊တူရကီနဲ့ အက်စတိုးနီးယားနိုင်ငံတွေကလည်း 5Gအတွက် သိသာတိုးတက်တဲ့ အဆင့်ရောက်နေပါပြီ။ဒီမှာ(မြန်မာပြည်)ကတော့ 4G ကိုတောင်အပြည့်အဝမရသေးပါဘူး။
နောက် ၃ နှစ်ဆိုရင်တော့အဆင်ပြေနေလောက်ပြီထင်ပါတယ်။( ဒါ့ကြောင့် 5G အတွက်ဆိုရင်တော့ ပြောင်းသင့်တဲ့အချက်မဟုတ်ပါ )
(b) IP Rating
iPhone 11မှာတုန်းက IP 68 ( ၂ မီတာအနက်မှာ မိနစ် ၃၀ ) ထိရပြီး၊ iPhone 12 မှာကျတော့ IP 68 ကိုပဲ ( ၆ မီတာ အနက်မှာ မိနစ် ၃၀) လို့ဆိုပြန်ပါတယ်။ဒါကတော့ Marketing Term လို့မြင်ပါတယ်။ ရေထဲမှာ(ရေကူးကန်ထဲမှာ) ရိုက်တဲ့
Feeling ကတော့ အရမ်းလူရှိန်တာပေါ့ဗျာ။ဒါပေမဲ့ ...မိတ်ဆွေရေအဲ့ဒါကြောင့် Error ဖြစ်သွားရင် Warranty ထဲမှာ အဲ့ဒီ့အချက်ကို Cancel ပါတဲ့။ ( ဒါ့အတွက်လည်း မပြောင်းသင့်ပါ )
ကျန်တာတွေက Speaker က stereo speaker (Dolby Atmos Sound),Wi-Fi 6 နဲ့ Bluetooth 5.0 ဆိုတော့ တူတူတွေပါပဲ။
(7) Conclusion
နိဂုံးချုပ် မှာ iPhone 11 to iPhone 12 ကို Switch လုပ်ရမလားဆိုတာကို စဉ်းစားကြရအောင်ဗျာ။ Option 2 ခုနဲ့ခွဲသွားရအောင်....
Option (1)
ခင်ဗျားအနေနဲ့ Boss, Rich Kid သို့မဟုတ် Budget ကအေးဆေးသုံးနိုင်တဲ့ amount ပါဆိုရင် ရှင်းပါတယ်။ Upgrade လုပ်လိုက်ပါ။ စာအရှည်ကြီးဖတ်ရတာပဲ အဖတ်တင်သွားပါတယ်။နောက်ဆုံးပေါ်ကိုကိုင်တယ်ပေါ့ဗျာ။လူရှိန်တာပေါ့။
Option (2)
ပြီးခဲ့တဲ့လအနည်းငယ်မှဝယ်ထားပြီး အသည်းကွဲနေတယ်ဆိုရင်၊ အရင်ဆုံး ခဗျားအနေနဲ့ Xr,Xs နဲ့ XsMax ကိုင်ထားသူတွေကိုတချက်ကြည့်လိုက်ပါ။ အဲ့ Series ကိုဈေးကြီးပေးပြီးကိုင်ခဲ့ရတဲ့သူတွေက iPhone 11 Line Up လည်းထွက်လာရော
တော်တော်ခံစားလိုက်ရပါတယ်။ ဘာလို့လဲဆိုတော့ Form Factor တူပေမဲ့ Camera Design, All Camera quality, Battery life နဲ့ Totally changes back design (matte glass finish) တွေကလုံးဝကွဲပြားသွားတာပါ။
အခု iPhone 11 users တွေကအဲ့လောက်အခြေအနေ မဆိုးသေးပါဘူး။တိုးတက်မှုတွေရှိလာတယ်ဆိုပေမဲ့50-50 အခြေအနေပါ။ခဗျားအနေနဲ့ အခုတောင်မှဖုန်းကိုဘာတွေသုံးဖြစ်နေလို့လဲ။အလုပ်လုပ်ဖို့ဆိုရင်Computer ရှေ့ပဲရောက်တာများမှာပါ။
(စကားချပ်။ ခြွင်းချက်အနေနဲ့ မျက်စိအားမကောင်းတဲ့သူနဲ့ဖုန်းကိုသူများတွေထက်ထူးပြီးတနေကုန်ပွတ်နေတဲ့သူဆိုရင်တော့မပြောလိုပါ။ Display ကိုရည်ညွှန်းပါသည်။)
iPhone 13 ထွက်လာခဲ့ရင်တောင်မှ ဒီ Form Factor နဲ့ပဲလာပြီး Notch လည်းပါဖို့များနေပါသေးတယ်။Display ကို non-pro မှာ 90 Hz နဲ့ Pro models တွေမှာ 120 Hz ထည့်ပေးမယ်,
AI Technology ကိုပိုတိုးတက်အောင်လုပ်မယ်, A15 Chip ကို 5nm+ လုပ်မယ် .....အစရှိသဖြင့်တိုးတက်အောင်လုပ်ပြီး။ 2022 ထုတ်ဖုန်းတွေကျမှ Form Factor ကပြောင်းနိုင်ပါတယ်။ဒါတွေက ကျွန်တော့်အထင်နဲ့အမြင်ပါ။
2007 ထုတ်iPhone ကနေ 2013 iPhone 5s ထိ(Design,Size တွေကသိပ်အကွာကြီးမဟုတ်)ပုံစံမတိမ်းမယိမ်းလေးတွေနဲ့လာခဲ့ပြီး (7 နှစ်တောင် အချိန်ယူသွားခဲ့ပါတယ်)။
2014 iPhone 6, 6 Plus ကျတော့ Size and Signature ပြောင်းသွားပြီး 2017 ထုတ် iPhone 8, 8 Plus ထိပါပဲ။( ဒီမှာလည်း 4 နှစ်အချိန်ယူသွားပြန်ပါတယ်)။
2017 ကထွက်ခဲ့တဲ့ iPhone X (Future of the Smart Phone) ကြီးကနေစရေတွက်မယ်ဆိုရင် ပုံစံတူ 4 နှစ်ရှိပါပြီ။ အဲ့ဒီ့တော့ Switch လုပ်မယ်ဆိုရင်တောင် နောက်နှစ်ထွက်လာမဲ့ Line Up ကိုတောင်မေ့ထားသင့်ပါသေးတယ်။
2022 ကိုပဲစိတ်ကူးယဉ်တာကောင်းပါတယ် (အဲ့ဒီ့အချိန်ကျရင် 5G လည်း Ready ဖြစ်နေမလားပဲ)။
အဲ့ဒီ့တော့ အခုဖြစ်နေတာက Latest ဖြစ်နေတာကိုမှကိုင်ချင်တဲ့ Personal Feeling နဲ့ လူကြားထဲမှာ Glow ဖြစ်ချင်တဲ့စိတ်က ပိုများနေတာလို့ထင်ပါတယ်။အဲ့ဒီ့လိုမှမဟုတ်ရင် နှစ်တိုင်း September (ဒီနှစ်က October ဖြစ်သွား)ရောက်တိုင်း
အဲ့ဒီ့လိုခံစာနေရမှာပါ(Apple မှမဟုတ်ပါ အခြားနာမည်ကြီး Brand တွေလည်း ဒီအတိုင်းနှစ်စဉ်ပုံမှန်ထွက်နေကြပါ)။ ပြီးတော့ iPhone 11 ကလည်း နူထ နေတဲ့ Phone တစ်လုံးမှ မဟုတ်တာလေ။
ကဲ .....ခဗျားတို့ဆိုရင်ရော လဲကိုင်မှာလဲ လဲမကိုင်ဖူးလား???? 


 

Buddywatch- watch faces for iOS 14

 

Buddywatch- watch faces for iOS 14
*********************************
iDevice လည်းရှိတယ် Apple Watch လည်းရှိတယ်
iOS 14 လည်းတင်ထားရင် custom watch face တွေသူံးချင်ရင် ဒီဟာလေးနဲ့သုံး


 

*************************************
Your iOS 14 Devices!
*******************
iOS 14 တင်ပြီးကြပြီထင်ပါတယ်။ iOS 14 မှာ Shortcut app လေးသုံးပြီး မိမိ iDevice Charging သွင်းချိန်မှာ Zen Flipclock လေးထားချင်သူများအတွက်ပါ။
၁) အောက်ပါလင့်မှ shortcuts app နဲ့ ZenFlipclock app လေးဒေါင်းပါ။
shortcuts app ဒေါင်းရန်
Zen Flipclock ဒေါင်းရန်
၂) shortcuts app ထဲဝင်ပြီး Automation ကိုဝင်ပါ
၃) Create Personal Automation ကိုနှိပ်ပြီး Charger ထဲမှ Is connected ငိုရွေးပြီး Next ပါ။
၄) Add Action နှိပ်ပြီး open App လို့ရှာပြီး open app နှိပ်ပါ
၅) open app နှိပ်ပြီး Action page မှာ open ဘေးက choose နှိပ်ပြီး search မှာ ZenFlipclock ကိုရှာရွေးပြီး Next ပါ
၆) New Automation page မှာ Ask before running ကိုပိတ်ပြီး Don't Ask နှိပ်ပြီးDoneပါ
၇) မိမိ Device အား အားသွင်းကြိုးထိုးတာနဲ့ Flipclock ပေါ်နေမှာပဲဖြစ်ပါတယ်
How to put screen saver Zen Flipclock on
*************************************
Your iOS 14 Devices!
*******************
၎) Add Action နှိပ်ပြီး open App လို့ရှာပြီး open app နှိပ်ပါ

 








" Sweet But Psycho " (1)

 

" Sweet But Psycho " (1)
Apple ကပေးတဲ့ iPhone 11 to iPhone 12 ပြောင်းစေချင်တဲ့ Psycho
အားလုံး အားလုံးမျှော်လင့်စောင့်စားနေခဲ့ကြတဲ့ iPhone 12 Series မိတ်ဆက်ပွဲ ( Online Event ) ကတော့ October 13 တုန်းက အောင်မြင်စွားပြီးဆုံးသွားခဲ့ပါပြီ။
မိတ်ဆက်သွားခဲ့တာက HomePod mini နဲ့ iPhone 12 Series ပါ။ ပွဲကပြီးသွားခဲ့ပေမဲ့ မပြီးသေးတာက iPhone Users တွေပါ။ အဲ့ဒီ့ထက်တိတိကျကျပြောရရင်
iPhone 11 ကိုကိုင်ပြီးတော့ iPhone 12 ကိုသွားရမလား..မသွားရဘူးလားဆိုပြီး Psycho ဖြစ်နေတာပါ။ အဆိုးဆုံးကတော့ ပြီးခဲ့တဲ့ ၁ လ သို့မဟုတ် ၂ လ, ၃ လဝန်းကျင်တုန်းက
iPhone 11 ဝယ်ခဲ့ပြီးတော့ အခု အသည်းကွဲနေတဲ့ Users တွေအတွက် Apple ကပေးတဲ့ " Sweet But Psycho " လို့ ဒီ Article ကိုခေါင်းစဉ်တပ်ချင်ပါတယ်။
Sweet But Psycho ဆိုလို့ TikTok က Isabella Guzman ကို ပြေးမမြင်လိုက်ပါနဲ့ဦး။ အဲဒီ့တော့ iPhone 11 နဲ့ iPhone 12 ဘာတွေကွာလဲ? ဘာတွေက မကွာဘူးလဲဆိုတာကို
နှိုင်းယှဉ်ပြီးမှ လဲသင့် မလဲသင့်ကို သုံးသပ်ကြည့်ကြရအောင်.....
( ဒီနေရာမှာ iPhone 12 နဲ့ 12 mini က Screen size နဲ့ Price ပဲကွာတာပါ အဲ့ဒါကြောင့် iPhone 12 လို့ပဲ သုံးနှုန်းသွားပါမယ်။ iPhone12 mini ဆိုတာနဲ့ Screen size 5.4" နဲ့ဈေးနည်းနည်းနဲမယ်လို့မြင်ပေးပါ )
(1) Build and Design
iPhone 11 ရော 12 ရော Screen size 6.1"ပါ။ 11 က Round Edge နဲ့လာြပီး 12 က Flat Edge နဲ့ပါ ( iPhone 4s, 5 တို့လိုမျိုးပေါ့ )။ Form Factor ကတော့ တထပ်တည်းပါပဲ။ Button place တွေကလည်းတူတူပါပဲ။
၂ ခုစလုံးကလည်း Aluminum အနားကွပ်တွေနဲ့ပါပဲ။ ဒါပေမဲ့ iPhone 12 က11% ပိုပါးမယ်၊ 15% ပိုသေးသွားမယ်၊ 16% ပိုပေါ့သွားပါမယ်။ ဘာလို့လဲဆိုတော့ အထူ 8.3mm ကနေ 7.4mm ကိုလျှော့ချထားပြီး, အလေးချိန်ကလည်း 194g
ကနေ 164g ထိကျသွားပါတယ်(Battery Size သေးသွားလို့ထင်ပါတယ်)။ ပြုတ်ကျရင်လည်း ခံနိုင်ရည်က 4 ဆ ပိုပြီးခံနိုင်ရည်ရှည်တယ်လို့ ဆိုထားပါတယ်။ သူတို့အခေါ် Ceramic Shield Glass ပါ( အကျမတော်ရင် ဘာပဲဖြစ်ဖြစ်ကွဲတယ်
ဆိုတာကို ကွဲဖူးတဲ့သူတွေအသိဆုံးပါ)။အရောင်ပိုင်းမှာတော့ iPhone 11 တုန်းက အဝါရောင်နဲ့ ခရမ်းရောင်ကိုဖြုတ်ခဲ့ပြီး အပြာရောင် အသစ်လေးတိုးလာပါတယ်။နှစ်ခုစလုံးက Wireless Charging ကို Support လုပ်ပါတယ်။
Camera Bump လည်းတူပါတယ်။ Cover တပ်ကိုင်ရင် ဘယ် Model ဆိုတာသိပ်မကွဲပြားနိုင်ပါဘူး။
( Tips : Upgrade တော့ဖြစ်တယ်၊ဒါပေမဲ့ Major Upgrade မဟုတ်ပါဘူး။ အပြာရောင် သို့မဟုတ် Cover အလွတ်ကိုင်မယ်ဆိုရင်တော့ So Cool ဆိုတဲ့ Feeling ကိုခံစားရမှာပါ )
(2) Display
Apple က iPhone 11 user တွေကိုရက်ရက်စက်စက် အသည်းခွဲလိုက်တာပါ။ 6.1" display size ချင်းအတူတူပါပဲ။ 11 မှာတုန်းက XDR LCD display ကိုသုံးထားပေးပြီး iPhone 12 မှာကျတော့ Super Retina XDR OLED
ကိုသုံးပေးလိုက်ပါတယ်။60 Hz Refresh Rate ပါပဲ။OLED Display သုံးလိုက်တော့ LCD display တုန်းကလို ဘောင်ထူထူထဲထဲကြီးတွေမဖြစ်တော့ပါဘူး။ Color တွေပိုကောင်းလာပါတယ်။အဲဒါကသိပ်ပြဿနာမရှိပါဘူး,
ပြဿနာအစစ်က iPhone 11 တုန်းက 1792×828 resolution, 326 PPI နဲ့ Maximum brightness ကို 625 nits ထိပဲထားပေးပြီး iPhone 12 ကျတော့ OLED သုံးပေးတဲ့
အပြင်ကို 2532×1170 resolution, 460 PPI( HDR display ), 2,000,000:1 Contrast Ratio, 625 nits ( typical )နဲ့HDR မှာဆိုရင် 1,200 nits ထိတောင် လုပ်ပေးလိုက်တယ်ဗျာ။Screen resolution တဆခွဲနဲ့နှစ်ဆနီးပါးလောက်ကိုမြှင့်တဲ့အပြင်
HDR support ကို 1,200 nits ထိထည့်ပေးလိုက်တာဟာ $800 နဲ့ $900 ကြားက Android Flagship killer တွေရဲ့ ဝေစုကို ယူဖို့ iPhone 11 users တွေရဲ့မျက်နှာကိုလှည့်မကြည့်တော့တာက ဆိုးလွန်းပါတယ်(ကျွန်တော့်အမြင်ပါ)။
iPhone 7 Plus နဲ့ iPhone 8 Plus Users တွေ iPhone 11 ကိုပြောင်းတာတောင် Resolution က HD ထိ ချထားပေမဲ့ နားလည်းပေးနိုင်ခဲ့ပါတယ်။အခုဟာကတော့ ရင်ထဲမှာ တဆစ်ဆစ်နဲ့ ဖြစ်ရပါတယ်။
( Tips : Massive Upgrade ပါ။ iPhone 12 ကိုပြောင်းဖို့ ရမယ် ရှာ(အကြောင်းရှာ)နေတယ်ဆိုရင် , ပြဖို့အကောင်းဆုံး တချက်ပါ )
(3) Camera
Camera ကတော့ နှစ်ခုစလုံး 12 MP Dual Camera Set up နဲ့ပါ။ Wide နဲ့ Ultra Wide တွေပါ။ Main Camera မှာ 12MP, f/1.8 26 mm ကနေ 12MP,f/1.6 26 mm တိုးတက်လာပါတယ်။ အလင်းဝင်အားပိုကောင်းလာတာပါ။Night Mode
တွေမှာပိုကောင်းတာပေါ့။Night mode,Deep Fusion ,OIS တွေလည်းတူတူပါပဲ။ ဒါပေမဲ့ iPhone 12 မှာ ဘာတွေက ပိုသာသွားလဲဆိုတော့ night mode,Deep Fusion တွေကို Ultra Wide မှာရော Front Facing Camera မှာပါရလာတာပါ။
Video ပိုင်းမှာတော့ Dolby Vision HDR video recording(up to 30fps) နဲ့ Night mode time-lapse တွေပါရသွားပါတယ်(Display ကို Upgrade လုပ်ခြင်းရဲ့အကျိုးကျေးဇူး)။
Cameraအပိုင်းမှာတော့ iPhone 11 ကိုယ်တိုင်က Camera ပိုင်းကောင်းနေတာကြောင့်သိသိသာသာကြီးပြောင်းတာမတွေ့ရပါဘူး။သိသိသာသာ တိုးတက်မှုတွေကိုရချင်ရင် 12 Pro Series ကိုသွားရမှာပါ။ Front Facing Camera မှာတော့
12MP f/2.2 ပါပဲ။ Face ID နဲ့ True Depth camera တွေက ထူးထူးခြားခြားပြောင်းသွားတာမရှိပါဘူး။
( Tips : Minor Upgrade ပါ။ အထူးသဖြင့် Software Update လို့ပြောလို့ရပါတယ်။ Ultra Wide Lens နဲ့ Front Facing Camera တွေမှာ Night Mode ရသွားတာမျိုးပေါ့ )
(4) Battery
iPhone 11 တုန်းက Li-Ion 3110 mAh ထည့်းပေးထားပါတယ်။ မဆိုးပါဘူးလို့ပြောလို့ရတဲ့ Capacity ပါ။ အခု iPhone 12 ကျတော့ Official တော့မပြောသွားသေးပါဘူး။ Capacity တော့ နည်းသွားမယ်, ဒါပေမဲ့ A14 Bionic Chip အားကိုး
နဲ့ power consumption ကိုပြန်ထိန်းသွားမယ်လို့ထင်ပါတယ်။ Battery life မှာတော့ သိပ်မကွာဘူးလို့ပဲသုံးသပ်ချင်ပါတယ်။ Fast Charging ကို နှစ်ခုစလုံးက Support လုပ်ပါတယ်။ iPhone 11 က 18W support လုပ်ပြီးတော့
iPhone 12 က 20 W support လုပ်တာပါ။ Wireless Charging မှာ လည်း iPhone 12 က MagSafe Wireless ဆိုရင် 15W support လုပ်မယ်လို့ပြောထားပါတယ်။ Qi wireless ဆိုရင်တော့ 7.5 W ပါ။
iPhone 11 ကလည်း Wireless charging support လုပ်တဲ့အပြင်MagSafe support လုပ်တဲ့ Model ထဲမှာပါပါတယ်(ဘယ်လောက် Watt support လုပ်တယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး)။iPhone 12 ဘူးထဲမှာတော့
Lightning to USB C cable ပါလာမှာပါ။ ဒါပေမဲ့...ဒါပေမဲ့ iPhone 12 ရဲ့ box ထဲမှာ Charger နဲ့ EarPods တွေ မပါလာတော့ပါဘူး။ Apple ကရောင်းပေးပါတယ်(ဟဲ..ဟဲ..ဟဲ)။ 20 W USB C Power Adapter ကို $19.9 ကျသင့်မှာဖြစ်တဲ့အပြင်
နားသောတ ဆင်ဖို့အတွက် EarPods သို့မဟုတ် AirPods ကိုလည်း သပ်သပ်ဝယ်ယူရမှာပါ။ (စကားချပ်။ ။ MagSafe ကနောက်ပိုင်းမှာ Apple ရဲ့ ecosystem of magnetic accessories ဖြစ်လာဖို့များသွားပါပြီ)
( Tips : Battery အပိုင်းမှာပြောင်းလဲမှု မရှိပါဘူး။ iPhone 12 သမားတွေအတွက် မျက်ရည် အနဲဆုံး ၂ စက်လောက်ကျသွားမယ့် အပိုင်းပါ )
စာအရမ်းရှည်သွားမှာစိုးလို့ အပိုင်း(၂) ကိုဆက်ရေးပြီး ခဏနေထပ်တင်ပေးပါမယ်ဗျ။

 

Saturday, October 17, 2020

iPhone တွေအတွက် အရေးပါအသုံးဝင်တဲ့ Feature လေးတစ်ခုအကြောင်းပြောပြပေးချင်ပါတယ်

 iPhone တွေအတွက် အရေးပါအသုံးဝင်တဲ့ Feature လေးတစ်ခုအကြောင်းပြောပြပေးချင်ပါတယ်


 

iPhone 12 ဘူးခွံ လက်နှစ်လုံးပဲရှိမယ်ပြောတုန်းက မယုံကြဘူး..... ဒီမှာကြည့်

 

iPhone 12 ဘူးခွံ လက်နှစ်လုံးပဲရှိမယ်ပြောတုန်းက မယုံကြဘူး.....
ဒီမှာကြည့်

 

Apple ProRAW ဆိုတာ ?


 

Apple Event မှာ iPhone 12 တွေမှာ ရရှိလာမယ့် Photo Format အသစ်ဖြစ်တဲ့ Apple ProRAW ဆိုတာကို မိတ်ဆက်သွားပါတယ်
Apple ProRAW ဆိုတာဘာလဲ ProRAW ကြောင့် iPhone Photography မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်လဲ ကျွန်တော့်အမြင်လေးပြောပြချင်ပါတယ်
Apple ProRAW အကြောင်းမပြောခင် RAW ဆိုတာဘာလဲအရင်ရှင်းပြပါမယ် RAW photo ဆိုတာ ကင်မရာရဲ့ Sensor ကနေ ထွက်လာတဲ့ ပုံကို ဘာ Processing မှမလုပ်ပဲ အရှိအတိုင်းထုတ်ပေးတဲ့ RAW data တွေအများကြီးပါဝင်တဲ့ ပုံကြမ်းတစ်ပုံဆိုပါတော့ RAW photo တစ်ပုံဟာ ပုံအနေအထားပေါ်လိုက်ပြီး 20MB ကနေ 40MB+ အထိ File Size ရှိနိုင်တယ် နောက်တစ်ဖက်မှာက ကျွန်တော်တို့တွေအသိများကြတဲ့ JPEG ရှိမယ် TIFF ရှိမယ် Apple ကဆို HEIC ဆိုတဲ့ Format ရှိမယ် ဒီ Format တွေက စောနက ပြောတဲ့ RAW ပုံကို Chipset ကနေ Process လုပ်ပြီး Compress လုပ်ပေးလိုက်တဲ့ ပုံချောတွေပေါ့ ဒီတော့ ပုံတွေက လှမယ် အရောင်တွေစိုမယ် Noise နည်းမယ် Exposure မှန်မယ်ပေါ့ဗျာ
RAW photo တွေဟာ Chip က Process မလုပ်ထားပေးတဲ့အတွက် ကောင်းလေ့မရှိဘူး ပြောချင်တာက ကြည့်ပျော်ရှုပျော်မဖြစ်ဘူး အရောင်တွေစိုမနေဘူး ဒါပေမယ့် အဲ့ RAW ပုံကို edit လုပ်မယ်ဆိုရင်တော့ RAW data တွေအများကြီးပါတာဖြစ်တဲ့အတွက် ရှယ်ပြင်လို့ရတယ် ကိုယ်လိုသလို စိတ်ကြိုက်ပြင်လို့ရတယ် Hollywood ရုပ်ရှင်တွေထဲက Color မျိုးဖြစ်တဲ့ထိ ပြင်လို့ရတယ် တခြား JPEG, HEIC, TIFF တွေက RAW လို စိတ်ကြိုက်ပြင်လို့မရဘူး အပြင်ကြမ်းသွားရင် ပုံကို Damage ဖြစ်သွားစေတယ် ပုံပျက်သွားမယ်ပေါ့ဗျာ
လာပါပြီ Apple ရဲ့ ProRAW ... Apple ProRAW ဆိုတာ A14 Chipset ကနေ Process လုပ်ပေးလိုက်တဲ့ RAW ဓာတ်ပုံပါ ...?????...ရှုပ်သွားလားမသိ .. Chip က ဘာ process မှမလုပ်ပဲ အရှိအတိုင်း ထုတ်ပေးတဲ့ ပုံက RAW ဆိုပြီး အခုက Process လုပ်ထားတဲ့ RAW ဆိုတော့ ... အမှန်က ဒီလိုပါ..... RAW ဓာတ်ပုံပဲ ဒါပေမယ့် A14 နဲ့ Process လုပ်ပေးထားတဲ့အတွက် တခြားကင်မရာနဲ့ရိုက်တဲ့ RAW ပုံတွေလို မဟုတ်ဘူး လှနေမယ် အရောင်တွေကောင်းနေမယ် Exposure မှန်မယ် Noise နည်းမယ် ရိုက်ပြီးတာနဲ့ Social Media ပေါ်တန်းတင်လို့ရမယ့် အရောင်အဆင်းရှိမယ် သို့သော် RAW data တွေလဲ အပြည့်ပါဝင်တဲ့ RAW format ဖြစ်တဲ့အတွက်နောက်ပိုင်း ပြန် edit ချင်လဲ ရှယ် edit လို့ရမယ် Best of both worlds ပေါ့ဗျာ
ဒါ့အပြင် ဒီ ProRAW format ကို Apple က 3rd Party App တွေအထိပါ API တွေထုတ်ပေးမယ်ဆိုတော့ Snapchat တို့ Instagram တို့ Enlight, Afterlight, B612, etc အစရှိတဲ့ App တွေက အရင်တုန်းက Compressed လုပ်ထားတဲ့ JPEG အပေါ် HEIC တွေအပေါ်မှာ Filter အုပ်ရတဲ့ အနေအထားကနေ နောက်ပိုင်းမှာ RAW data အပြည့်နဲ့ ProRAW ပုံတွေ​ကိုသာ Filter လုပ်ရရင် အများကြီး Deep ဖြစ်တဲ့ Effect တွေ ပိုပြီး မိုက်တဲ့ အရောင်တွေနဲ့ Next Level တစ်ခုဆီ ရောက်သွားနိုင်မလားလို့တော့ ကျွန်တော်အနေနဲ့ တွေးကြည့်နေမိပါတယ်

iPhone 11 Vs iPhone 12

 

iPhone 12 ဝယ်ရမလား iPhone 11 ပဲဝယ်ရမလား🤔
စဉ်းစားရခက်နေတယ်ဆိုရင်တော့.......
အောက်ကစာလေး‌ကိုပြီးအောင်ဖတ်ကြည့်လိုက်နော်.👇🏻
အခုအချိန်မှာ iPhone 12 ကလဲ Pre-order တင်လို့
ရပါပြီ..တစ်ဘက်မှာလဲ Apple ကနေ iPhone 11 ကို
ဈေးလျော့ပေးလိုက်ပါတယ်... ဒီလို‌ဆိုတော့ iPhone 12 ကိုဝယ်မယ့်သူလဲရှိသလို iPhone 11 ကိုဝယ်မယ့်သူလဲ ရှိပါတယ်... ဒါပေမဲ့ ကြားထဲကလူတွေကတော့ 11 ပဲပြေးဝယ်ရမလို 12 ပဲဝယ်ရမလိုနဲ့ ဒွိဟ များနေကြပါတယ်...
Apple က ဒီနှစ်မှာ iPhone 12 ကို တော်တော်များများ upgrade လုပ်ပေးထားတာကိုတွေ့ရပါတယ်.....
-Design
Design ပိုင်းမှာတော့ ပြောင်းလဲမှုရှိပါတယ်....
iPhone 11 ရဲ့ Body က Round Edge Designနဲ့လာပြီး iPhone 12 ရဲ့ Body က Flat Edge Design နဲ့ပါ ( iPhone 5, 5s တို့လို Design မျိုးပေါ့)
ဘေးဘောင်တွေကတော့ Aluminum Frame တွေနဲ့
ဖန်တီးပေးထားပါတယ်......
ဒါပေမဲ့ iPhone 12 က 11% ပိုပါးပြီး 15% ပိုသေးသွားမယ်၊ 16% လဲ ပိုပေါ့သွားပါမယ်။ iPhone 11 က 8.3mm ထူပြီးတော့ iPhone 12 က 7.4mm အထူသာရှိပါတယ်.. အလေးချိန်ကလည်း 194g ကနေ 164g ထိ
သိသိသာသာလျော့ကျလာပါတယ်...
အခု iPhone 12မှာဆိုရင် Ceramic Shield Glass ဖြင့်အရှေ့အနောက်ကို ဖုံးအုပ်ထားပြီးတော့ အရင် iPhone 11 ထက် ပြုတ်ကျတဲ့ဒဏ်ကို ခံနိုင်ရည် 4 ဆ
ပိုပြီးမြင့်မားလာပါတယ်..
Camera Layout Design လဲအတူတူပါပဲ။
- Display
Display ကတော့လုံးဝကို ပြောင်းလဲပြီး iPhone 12 Display က iPhone 11 Display ထက်အများကြီးတိုးတက်ပြောင်းလဲလာပါပြီ..
6.1" Display Size ချင်းအတူတူ Apple က iPhone 11 မှာတုန်းက Liquid Retina XDR LCD display
ကိုသုံးထားပေးပြီး iPhone 12 မှာကျတော့
Super Retina XDR OLED ကိုသုံးပေးထားပါတယ်..
Resolution ပိုင်းမှာလဲအများကြီးပို‌ကြမ်းသွားပါပြီ....
Contrast ပိုင်းမှာလဲ iPhone 12 က iPhone 11 ထက်အများကြီးပိုကောင်းလာပါတယ်..
✓Display Resolution...
iPhone 11 - 1792×828 resolution, 326 PPI
iPhone 12 - 2532×1170 resolution, 460 PPI
✓Contrast Ratio (typical)
iPhone 12 - 2,000,000:1
iPhone 11 - 1400:1
Ture Tone Display ရတာချင်းကတော့အတူတူပါပဲ..
ပြီးတော့ iPhone 11 မှာ မရနိုင်တဲ့ HDR Brightness ကို iPhone 12 မှာ 1200 nits အထိရလာပါတယ်။ (တော်တော်ကြမ်းပါတယ်)....
-Camera
iPhone 11 နဲ့ iPhone 12 က Camera ပိုင်းမှာ
မကွာသလိုလိုနဲ့ကွာပါတယ်..
Camera ကတော့ နှစ်ခုစလုံး 12 MP Dual Camera Set up နဲ့လာပါတယ်.. Wide နဲ့ Ultra Wide Cameras တွေပဲဖြစ်ပါတယ်... iPhone 11 ရဲ့ Main Camera မှာ 12MP, f/1.8 26 mm ဖြစ်ပြီးတော့ iPhone 12 မှာတော့ 12MP,f/1.6 26 mm ထိတိုးတက်လာပါတယ်။
Front Facing Camera မှာတော့ 12MP f/2.2 ပါပဲ။
Night Mode ပိုင်းမှာတော့ iPhone 12 က
ပိုကောင်းမှာပါ.... ပိုကောင်းလာတာနဲ့အတူ iPhone 12 မှာက Night Mode နဲ့ Deep Fusion ကို Camera Lens အားလုံးမှာရလာပါပြီ... Front Facing Camera မှာပါရရှိလာပါပြီ.... iPhone 11 မှာတော့ Wide Camera တစ်လုံးမှာပဲ Night mode ရတာပါ..
Optical Zoom out/up မှာပြောင်းလဲမှုမရှိပါဘူး...
Face ID နဲ့ True Depth camera ကတော့အတူတူပါပဲ..
Optical Image Stabilization ကလဲတူတူပါပဲ....
iPhone 12 ရဲ့ Video Quality ပိုင်းမှာတော့
Dolby Vision HDR video recording(up to 30fps) နဲ့ Night mode time-lapse တွေပါရသွားပါတယ်..
-SoC
SoC အပိုင်းမှာတော့ Apple ကသူတို့ရဲ့ Latest iPhone တွေမှာ Latest SoC တွေပဲထည့်ပေးနေတာကို အားလုံးလဲသိရှိပြီးသားဖြစ်မှာပါ...
ယခင် iPhone 11 တုန်းက
A13 Bionic Chip (7nm) Processer ကိုသုံးထားပြီးယခု iPhone 12 မှာတော့.....
A14 Bionic Chip (World First 5nm) Processer ကို
အသုံးပြုပေးထားပါတယ်...
A14 Bionic Chip ဟာဆိုရင်ကမ္ဘာ့အမြန်ဆုံး SoC ဆိုတာဘယ်သူ့မှငြင်းလို့မရပါဘူး..... တခြား Smartphone တွေထက် CPU 50%, GPU 50% နဲ့ Neural Engine 80% ပိုမြန်ပါတယ်.... Machine learning ပိုင်းမှာလဲ 70% တိုးတက်လာပါတယ်....
A14 Bionic Chip & Display နဲ့တင် iPhone 12 ကိုရွေးချယ်သင့်နေပါပြီ..
-Battery
Battery ပိုင်းမှာတော့ ကိန်းဂဏန်းအရကြည့်ရင်
iPhone 11 ရဲ့ Battery Capacity ကပိုများပါတယ်...
iPhone 11 မှာ Li-Ion 3110 mAh ထည့်ပေးထားပြီး
အခု iPhone 12 မှာတော့ 2,775mAh ပဲထည့်ပေးထားပါတယ်.... Battery Capacity နည်းလို့
စိတ်ပူနေပြီလား မပူပါနဲ့ (5nm) A14 Bionic Chip က ကယ်တင်ပေးပါလိမ့်မယ်.... 5nm ဖြစ်တာကြောင့် Power Consumption ပိုင်း ကိုသက်သာစေပါတယ်...
Battery Life ကတော့ အတူတူလောက်ပါပဲ..
Fast Charging အပိုင်းမှာတော့ အတူတူပါပဲ...
ဖုန်းနှစ်ခုစလုံးကကို 20W ထိ Support လုပ်ပါတယ်။ Wireless Charging မှာ‌ iPhone 12 က တစ်ဆင့်မြင့်သွားတယ်လို့ဆိုရမှာပါ.... MagSafe Wireless Charging ကို 15W support ထိ လုပ်မယ်လို့ပြောထားပါတယ်.... Qi wireless ဆိုရင်တော့ 7.5 W ပါ။
-Water & Dust resistant
iPhone 11 - IP67
iPhone 12 - IP68 (12 ကပိုသာပါတယ်)
Storage Options တွေအနေကလဲ အတူတူပါပဲ...
64GB, 128GB, 256GB
-Color
iPhone 11 - Purple, Yellow, Green, Black, White, (Product)red ဆိုပြီး အရောင် (၆) မျိုးရှိပါတယ်..
iPhone 12 - Blue, Green, (Product)red, Black ဆိုပြီး အရောင် (၅) မျိုးရှိပါတယ်...
-Price
iPhone 11 - $599
iPhone 12 - $799
iPhone 12 ရဲ့ box ထဲမှာ Charger နဲ့ EarPods တွေကို Apple အနေနဲ့ထည့်ပေးခြင်းမရှိတော့ပါဘူး.. iPhone 12 ရဲ့ Box ထဲမှာ ဖုန်း, Lighting Connector နဲ့ User Guide တို့သာပါဝင်တော့မှာဖြစ်ပြီး Box Size ကလဲ
အရင်ကထက် အများကြီးပို‌ပါးသွားမှာဖြစ်ပါတယ်....
iPhone 12 ကိုဝယ်ချင်တယ်ဆိုရင်တော့ 20W Adapter ကို $19.00 နဲ့ သက်သက်ဝယ်ယူရမှာဖြစ်ပါတယ်.....
Admin က iPhone 12 ကို Recommend ပေးပါတယ်..

iPhone 12/12mini--12pro/12pro max

 









iPhone 12/12mini
- A14 Bionic chipset with 5G
- 5.4-inch and 6.1-inch sizes
- 12MP dual cameras
- IP68
- Magsafe support
-5 new colors
-Flat aluminum design
-Super Retina XDR OLED (460ppi)
-“Ceramic shield” tough glass
-A14 Bionic (5nm)
-Updated Dual 12MP cameras
-MagSafe
iPhone 12 Pro/Pro Max
-6.1” or 6.7” Super Retina XDR display
-Triple Camera (Ultra Wide, Wide, Telephoto)
-LiDAR Scanner
-10‑bit HDR Video
-Ceramic Shield Glass
-A14 Bionic
-5G cellular
-MagSafe
-IP68
Preorder 16 Oct/6 Nov
Release 23 Oct/13 Nov
ဒီနစ် ထူးခြားချက်ကတော့ 12 pro နဲ 12pro max မှ ကင်မရာ sensor ကွာသွားမှာပါ

HomePod mini

 HomePod mini





HomePod mini အကြောင်း
Apple ဟာ မူလ HomePod ရဲ့ Compact version လို့ပြောလို့ရတဲ့ $99 တန် HomePod mini သစ်ကို မိတ်ဆက် လိုက်ပါတယ်
HomePod mini ဟာ အရင် HomePod လိုပဲ အကွက်အပျောက် အပြင် design နဲ့ ဖြစ်ပြီး အနက်ရောင် နဲ့ အဖြူရောင်နှစ်မျိုးရရှိနိုင်မှာပါ။
အပေါ်ဖက်မှာ တော့ Siri logo ပြဖို့နဲ့ Volume Controls အတွက် display ငယ်တစ်ခုပါဝင်ပါတယ်။
မူလ HomePod နဲ့ မတူတာကတော့ HomePod mini ဟာ HomePod ထက်တိုပြီးတော့ လုံးဝန်းတဲ့ ပုံရှိပါတယ်။
HomePod mini မှာ အဓိက Driver တစ်ခု , passive radiators နှစ်ခု နဲ့ အောက်ဖက်မှာ တော့ "acustic waveguide" ပါဝင်ပါတယ်။
HomePod mini မှာ Apple S5 Chip ကို အသုံးပြုပေးထားပါတယ် ၊ Apple ရဲ့ အဆိုအရ 1 second အတွင်းမှာ အကြိမ်ရေ 180 တွက်ချက်ပြီး သီးချင်းကို ချိန်ညှိ ပေးနိုင်းပါတယ်။
အခန်းတစ်ခုထဲ မှာ ရှိနေ ချိန်မှာ ဒီ mini speaker ဟာ ရှာဖွေ ချိတ်ဆက်ပြီး သီချင်းကို နားဆင်လို့ရမှာပဲ ဖြစ်ပါတယ်။
Apple ဟာ လမဲ့နှစ်အတွင်းမှာ Third-Party music services တွေဖြစ်တဲ့ Pandora, Amazon Music နဲ့ iHeartRadio တို့လို services တွေကို support ပေးသွားမယ်လို့ ကတိပေးသွားပါသေးတယ်။
Apple ဟာ " Intercom" လို့ခေါ်တဲ့ Feature တစ်ခုကိုလဲ ပြသခဲ့ပါတယ် ၊ဒီ feature ဟာ အိမ်အတွင်း မတူညီတဲ့ အခန်းတွေက HomePod အချင်းချင် ချိတ်ဆက်နိုင်ပါတယ်။ပြီးတော့ Intercom message တွေဟာ ချိတိဆက်ထားတဲ့ iPhones, iPads နဲ့ Apple Watches တွေမှာ ပေါ်ပါတယ်။
အရင် HomePod ကို $349 နဲ့ 2018 မှာ မိတ်ဆက် ခဲ့ပေမဲ့ Apple music နဲ့ပဲ အလုပ်လုပ် တာကြောင့် သူ့ထက်ဈေးနဲတဲ့ Amazon Echo နဲ့ Google Home တို့နဲ့ ယှဉ်ရင် ဈေးကွက် ဝေစု နဲခဲ့ရပါတယ်၊ ဒါကို HomePod mini နဲ့ Apple က ပြန်ဖြေရှင်တဲ့သဘောပါ။
HomePod ဟာ speaker တစ်ခုတည်းအတွက်မဟုတ်ပါဘူး Apple Homekit devices တွေရဲ့ အချက်အချာ အဖြစ်သုံးနိုင်ပါတယ် ဥပမာ အိမ်မှာမရှိချိန် မှာ မီးနဲ့ တံခါတွေကို အဖွင့်အပိတ် လုပ်တာတို့ လုပ်ဆောင်နိုင်ပါတယ်။
HomePod mini ဟာ $99 ကျသင့်မှာဖြစ်ပြီး
November 6 ရက်နေ့မှာ Preorder လက်ခံကာ
November 16 မှာတော့ စတင်ပို့ဆောင်မှာပါ

Friday, October 16, 2020

iOS 14 မှာ Date & Time နှင့် Numbers တွေကို မြန်မာစာ မြန်မာအက္ခရာဂဏန်းတွေအဖြစ် ပြောင်းနည်း

 


ပုံထဲကလို Date & Time ရယ်၊ Numbers တွေရယ်ကို မြန်မာစာ မြန်မာအက္ခရာဂဏန်းတွေအဖြစ် ပြောင်းလဲလိုပါက Settings ထဲက Language & Region ကို ဝင်ပြီး လုပ်ပေးရပါမယ်။