- Canada – Fido, Lucky Mobile, Rogers
- Croatia – Hrvatski Telekom
- Denmark – 3
- Estonia – Telia
- Finland – Telia
- Hong Kong – 1O1O, csl, China Mobile Hong Kong, SmarTone, 3
- Kuwait – Ooredoo
- Norway – Telenor
- Poland – Orange
- Qatar – Ooredoo, Vodafone
- Singapore – M1
- Spain – Movistar, Orange, Vodafone Spain
- Sweden – 3, Tele2
- Switzerland – Sunrise, Swisscom
- Taiwan – APT
- Thailand – AIS, dtac, True Move H
- United Arab Emirates – du, Etisalat, Virgin Mobile
- United States – Verizon, AT&T
Apple iPhone iPad ကိုင်ဆောင်သော သူငယ်ချင်း အပေါင်းအသင်းများအတွက် သိစေတတ်စေလိုသောစေတနာဖြင့် iDevice နည်းပညာများအား စုစည်းတင်ပြပါသည်....လိုအပ်ချက်နှင့် တိုက်ဆိုင်မှူရှိသူများ လွတ်လပ်စွာ ကူးယူနိုင်ပါသည်။ (မဏ္ဍိုင်-နည်းပညာစုစည်းမှူ)
Friday, December 14, 2018
iPhone XS / Max / XR များရဲ့ eSim အသုံးပြု၍ရသော နိုင်ငံများ နှင့် Operator Name များ
iPhone XS / Max / XR များရဲ့ eSim အသုံးပြု၍ရသော နိုင်ငံများ နှင့် Operator Name များ
Tuesday, December 11, 2018
iPhone X and Xs Max ဝယ်ယူထားပါက face id နဲ့ စမ်းကြည့်နိုင်တဲ့ အလန်းစား Feature များ
iPhone X ဝယ်ယူထားပါက face id နဲ့ စမ်းကြည့်နိုင်တဲ့ အလန်းစား Feature များ
အသေးစိတ်ကို ပုံတွင်ကြည့်ပါ။





iOS User များအတွက် Apple id ရဲ့ Country & Region ချိန်းနည်း
အရင်ကဆို Country & Region ချိန်းချင်ရင် $ ထည့်မှ ချိန်းလို့ရတာပါ။ ယခုတော့ $ ထည့်စရာမလိုပဲ စိတ်ကြိုက်ချိန်းနိုင်ပါပီ။
Country & Region ချိန်းရတယ့် ရည်ရွယ်ချက်က US Store မှာ မရှိတယ့် App ကို အခြား Region မှာတာ ရှိတယ့် App တွေ အသုံးပြုနိုင်ဖို့ပါ။
$ ကျန်နေတယ့် Acc တွေတော့ ချိန်း၍မရနိုင်ပါ။ $0 ဖြစ်တယ့်ထိကုန်အောင်သုံးပီးမှချိန်းနိုင်ပါမယ်။
ကဲ စလိုက်ရအောင်
Setting – iTune & App Store ထဲဝင်ပါ။
မိမိရဲ့ id ကိုတစ်ချက်နှိပ်ပါ။ View Apple id ကိုနှိပ်ပါ။
Country / Region ကိုနှိပ်ပါ။

Change Country or Region ကိုနှိပ်ပါ။
မိမိပြောင်းလိုသည့် Country ရွေးပါ။

Agree ကိုနှိပ်ပါ။ None ကိုရွေးပါ။ Billing Address မှာ မိမိရွေးထားတယ့် Country ရဲ့ Address တွေ စုံလင်စွာထည့်ပေးရပါမယ်။ ဒီ Post ရဲ့ အောက်ဘက်မှာ info အစုံထည့်ပေးထားပါတယ်။ ထည့်ပီးရင်တော့ Next ကို နှိပ်ကာ အသုံးပြုနိုင်ပါပီ။

အောက်ပါ info များကတော့ နိုင်ငံအလိုက် Address တွေပါ။
*** US Address ***
Address 1 : 200
Address 2 : Lincoln Ave
City : SALINAS
State : CA
Zip Code : 93901
Phone : (731) 856-7311
Address 1: 1748
Address 2: Eagle Ridge
City : Lake Way
Stat : FL
Zip code : 33859
Phone : (863) 679-8928
Address1 : 4401
Address2 : Harrison Boulevard
City : Ogden
State : UT
Zip code : 84403
Phone : (801) 387-2800
*** Canada Address ***
Address 1: 80 Richmond Street West
Address 2: 1401
City : Toronto
Province : ON-Ontario
Postal Code : M5H 2A4
Phone : 416-477-2503
Address 1 : 12 Floor Richmond Street
Address 2 : 111
City : Toronto
Province : ON-Ontario
Postal Code : M5B 2G4
Phone : 416-915-8200
*** Singapore Address ***
Address 1: One George Street
Address 2 : #11-01
Town : Singapore
Postal Code : 049145
Phone : 90920366
Address : Sim Ave
Address : Blk 54
Town : Singapore
Postal Code : 380052
Phone : 91426061
*** UK Address ***
Address 1 : 4
Address 2 : Cloverdale Court
Address 3 : London Road
East Grinstead
City : West Sussex
Postal Code : Rh191QB
Area Code : 012
Phone : 3456789
*** Japan Address ***
Address : The Peninsula Tokyo, 181
都道府県 ( Administrative Area) : Tokyo
郵便番号 (Postal Code) : 100-0006
市区町村 (City) : Chiyoda-ku
Area Code : 080
Phone : 55555555
*** New Zealand Address ***
Address : Hopper Street
Address : 35
Subrub : Abbey Caves
City : Whangarei
Postal Code : 0110
Area Code : 0110
Phone : 43855999
*** China Address***
Address : 8
Address : Dongzhimenwai Xiejie
District : Chaoyang District
Province : Beijing
Postal Code : 100027
Phone : 5995 2888
***Taiwan Address***
Address : 400
Address : District Section 3
City : Taichung City
Postel Code : 161
Area Code : 1
Phone : 4 2223 5596
*** Indian Address ***
Address : Kovil Theru
Address : 2
Town : Arimalam
City : Pudukkottai
Postal Code : 614628
Phone : 65296888
*** Spanish Address ***
Address : De la Fresa
Address : 2
City : Majadahonda
District : CC
Postal Code : 28222
Phone : 912752176
*** Hong Kong Address ***
Address : Castel Peak Road
Address : 398
City : Yuen long
Area Code : 852
Phone : 24797875
*** South Africa Address ***
Address : 200
Address : Tunbudi Road
City : Fakecity
Postal Code : 2010
Area Code : 2711
Phone : 5107000
*** Saudi Arabia Address ***
Address : 20
Address : Northern Ring Branch Road
City : Riyadh
Postal Code : 13312
Phone : 2754376
Country & Region ချိန်းရတယ့် ရည်ရွယ်ချက်က US Store မှာ မရှိတယ့် App ကို အခြား Region မှာတာ ရှိတယ့် App တွေ အသုံးပြုနိုင်ဖို့ပါ။
$ ကျန်နေတယ့် Acc တွေတော့ ချိန်း၍မရနိုင်ပါ။ $0 ဖြစ်တယ့်ထိကုန်အောင်သုံးပီးမှချိန်းနိုင်ပါမယ်။
ကဲ စလိုက်ရအောင်
Setting – iTune & App Store ထဲဝင်ပါ။
မိမိရဲ့ id ကိုတစ်ချက်နှိပ်ပါ။ View Apple id ကိုနှိပ်ပါ။
Country / Region ကိုနှိပ်ပါ။

Change Country or Region ကိုနှိပ်ပါ။
မိမိပြောင်းလိုသည့် Country ရွေးပါ။

Agree ကိုနှိပ်ပါ။ None ကိုရွေးပါ။ Billing Address မှာ မိမိရွေးထားတယ့် Country ရဲ့ Address တွေ စုံလင်စွာထည့်ပေးရပါမယ်။ ဒီ Post ရဲ့ အောက်ဘက်မှာ info အစုံထည့်ပေးထားပါတယ်။ ထည့်ပီးရင်တော့ Next ကို နှိပ်ကာ အသုံးပြုနိုင်ပါပီ။

အောက်ပါ info များကတော့ နိုင်ငံအလိုက် Address တွေပါ။
*** US Address ***
Address 1 : 200
Address 2 : Lincoln Ave
City : SALINAS
State : CA
Zip Code : 93901
Phone : (731) 856-7311
Address 1: 1748
Address 2: Eagle Ridge
City : Lake Way
Stat : FL
Zip code : 33859
Phone : (863) 679-8928
Address1 : 4401
Address2 : Harrison Boulevard
City : Ogden
State : UT
Zip code : 84403
Phone : (801) 387-2800
*** Canada Address ***
Address 1: 80 Richmond Street West
Address 2: 1401
City : Toronto
Province : ON-Ontario
Postal Code : M5H 2A4
Phone : 416-477-2503
Address 1 : 12 Floor Richmond Street
Address 2 : 111
City : Toronto
Province : ON-Ontario
Postal Code : M5B 2G4
Phone : 416-915-8200
*** Singapore Address ***
Address 1: One George Street
Address 2 : #11-01
Town : Singapore
Postal Code : 049145
Phone : 90920366
Address : Sim Ave
Address : Blk 54
Town : Singapore
Postal Code : 380052
Phone : 91426061
*** UK Address ***
Address 1 : 4
Address 2 : Cloverdale Court
Address 3 : London Road
East Grinstead
City : West Sussex
Postal Code : Rh191QB
Area Code : 012
Phone : 3456789
*** Japan Address ***
Address : The Peninsula Tokyo, 181
都道府県 ( Administrative Area) : Tokyo
郵便番号 (Postal Code) : 100-0006
市区町村 (City) : Chiyoda-ku
Area Code : 080
Phone : 55555555
*** New Zealand Address ***
Address : Hopper Street
Address : 35
Subrub : Abbey Caves
City : Whangarei
Postal Code : 0110
Area Code : 0110
Phone : 43855999
*** China Address***
Address : 8
Address : Dongzhimenwai Xiejie
District : Chaoyang District
Province : Beijing
Postal Code : 100027
Phone : 5995 2888
***Taiwan Address***
Address : 400
Address : District Section 3
City : Taichung City
Postel Code : 161
Area Code : 1
Phone : 4 2223 5596
*** Indian Address ***
Address : Kovil Theru
Address : 2
Town : Arimalam
City : Pudukkottai
Postal Code : 614628
Phone : 65296888
*** Spanish Address ***
Address : De la Fresa
Address : 2
City : Majadahonda
District : CC
Postal Code : 28222
Phone : 912752176
*** Hong Kong Address ***
Address : Castel Peak Road
Address : 398
City : Yuen long
Area Code : 852
Phone : 24797875
*** South Africa Address ***
Address : 200
Address : Tunbudi Road
City : Fakecity
Postal Code : 2010
Area Code : 2711
Phone : 5107000
*** Saudi Arabia Address ***
Address : 20
Address : Northern Ring Branch Road
City : Riyadh
Postal Code : 13312
Phone : 2754376
Friday, December 7, 2018
iPhone သုံးစွဲသူအများစု သတိမထားမိသော မှော်ဆန်သည့် လုပ်ဆောင်ချက်များ
(၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း
စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။
(၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း
Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။
(၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း
“Read my email” ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email များကို ဖတ်ခိုင်းလိုပါက “Read my latest email” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှုလိုပါက “Do I have email from Maung Maung?” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။
(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း
“What flights are above me?” သို့မဟုတ် “Planes overhead” ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။
(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း
Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ “That’s not how you pronounce [BLANK]” ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။
(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း
ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် “When Timer Ends” ၌ “Stop Playing” ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။
(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း
ဒီနည်းလမ်းက အလွန်ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ်သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင်သည့် နေရာကို အတိအကျ ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။
(၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း
တစ်ခါတစ်ရံတွင် capture ခလုတ်ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုးအကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။
(၉) ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း
ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ်ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူးပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံးတည့်စေသည်။
(၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း
Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင်သည်။
(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း
အိမ်နံရံမှာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ်ဘက်ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။
(၁၂) Select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်နိုင်ခြင်း
Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားများကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ်ကို နှိပ်ပြီး select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်စေနိုင်သည်။
(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း
စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ်ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။
(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း
Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။
(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း
ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်းကို နှစ်ချက် မှိတ်တုတ်မှိတ် ပေါ်သည့်အထိ ဖိထားပြီး focus နှင့် exposure ကို lock ပြုလုပ်ထားနိုင်သည်။ Autofocus နှင့် exposure lock ဖြစ်သည့်အခါ AE/AF Lock ဆိုသည့် အဝါရောင် icon ပေါ်လာမည် ဖြစ်သည်။
(၁၆) Tap တစ်ချက်လုပ်ရုံဖြင့် web suffix များ ထည့်သွင်းခြင်း
Safari တွင် ဝက်ဘ်လိပ်စာတစ်ခု ရိုက်ထည့်သည့်အခါ keyboard အောက်ဘက်ရှိ “.” ကို ဖိထားပြီး ပေါ်လာသည့် web suffix များ (.com, .net, .edu စသည်များ) ကို ရွေးချယ်ထည့်သွင်းနိုင်သည်။
(၁၇) Email draft များကို အလျင်အမြန် အသုံးပြုခြင်း
Mail app တွင် screen ညာဘက် အောက်ထောင့်ရှိ Compose icon ကို ဖိထားပြီး အကြမ်းရေးထားသည့် email များကို အလျင်အမြန် အသုံးပြုနိုင်သည်။
(၁၈) တုန်ခါမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း
Settings > Sounds > Ringtone > Vibration > Create New Vibration လုပ်ပြီး သက်ဆိုင်ရာ contact များအတွက် vibration pattern ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ထိုသို့ vibration သတ်မှတ်ထားသည့်အခါ message သို့မဟုတ် ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည့်အခါ တုန်ခါမှုအပေါ်မူတည်ပြီး contact ကို ခွဲခြားသိရှိနိုင်သည်။
(၁၉) Keyboard shortcut များ စိတ်ကြိုက်ဖန်တီးခြင်း
Settings > General > Keyboard > Shortcuts > Add New Shortcut ကိုသွားပြီး စကားလုံး တစ်လုံး သို့မဟုတ် စကားရပ်တစ်ခု ဖန်တီးပြီး သက်ဆိုင်ရာ shortcut ကို ဖန်တီးနိုင်သည်။ ထို့နောက် shortcut ကို ရိုက်လိုက်သည့်အခါ သက်ဆိုင်ရာ စကားလုံး သို့မဟုတ် စကားရပ်တစ်ခု ပေါ်လာမည်ဖြစ်သည်။ Emoji အတွက်လည်း shortcut များ ဖန်တီးနိုင်သည်။
(၂၀) Passcode တစ်ခုကို စာလုံးများဖြင့် ဖန်တီးခြင်း
Settings > General > Passcode Lock တွင် Simple Passcode ကို OFF လုပ်ပြီးနောက် passcode ကို စာလုံးများဖြင့် ဖန်တီးနိုင်သည်။ ထို့နောက်တွင် ဖုန်းကို unlock ပြုလုပ်ရာ၌ သတ်မှတ်ထားသည့် passcode စာလုံးများ ထည့်သွင်းရန် keyboard ပေါ်လာမည် ဖြစ်သည်။
(၂၁) သတိပေးချက်များကို LED flash ဖြင့် ဖော်ပြခြင်း
ဖုန်းခေါ်ဆိုမှု သို့မဟုတ် message တစ်စောင် ဝင်ရောက်လာသည့်အခါတွင် ဖုန်းမြည်သံ သို့မဟုတ် တုန်ခါမှုစနစ်ဖြင့် မဟုတ်ဘဲ LED flash ဖြင့် ဖော်ပြနိုင်သည်။ Settings > General > Accessibility တွင် “LED Flash for Alerts” ကို ON ပြီး အသုံးပြုနိုင်သည်။
Thursday, December 6, 2018
လိပ်စာကဒ်မှ အချက်အလက်များကို Scan ဖတ်၍ Contact သို့ထည့်သွင်းခြင်း
လိပ်စာကဒ်တွေအများကြီးကို သင့်အိတ်ကဒ်ထဲထည့်ထားရတာ ရှုပ်ပွနေတတ်ပါတယ်။ ဒီတော့ လိပ်စာကဒ်ကအချက်အလက်တွေကိုလည်း သိမ်းထားချင်၊ မိမိအိတ်ထဲမှာလည်းမရှုပ်စေချင်ဘူးဆိုရင် မိမိတို့ရဲ့ဖုန်းထဲမှာ လိပ်စာကဒ်က အချက်အလက်တွေကို ထည့်သွင်းရတော့မှာပေါ့။ အဲ့လိုထည့်သွင်းတဲ့အခါ အချက်အလက်တွေအကုန်လုံးတစ်ခုခြင်းရိုက်ထည့်နေရရင် အလုပ်ရှုပ်လှပါတယ်။ မိတ်ဆွေဟာ iPhone အသုံးပြုသူတစ်ယောက်ဆိုရင်တော့ ဒီလိုအလုပ်မရှုပ်အောင် နည်းလမ်းလေးတစ်ခု ကျွန်တော်ပေးပါ့မယ်။ ဒီနည်းလမ်းလေးကတော့ လိပ်စာကဒ်ကအချက်အလက်တွေကို Scan ဖတ်ပြီး မိမိတို့ရဲ့ iPhone Contact ထဲကိုထည့်သွင်းနည်းလေးပါ။
လိပ်စာကဒ်က အချက်အလက်တွေကို Scan ဖတ်ပြီး iPhone contact ထဲထည့်သွင်းဖို့အတွက် CamCard ဆိုတဲ့ App လေးလိုပါတယ်။ ဒီနေရာကို နှိပ်ပြီးအရင်ဆုံး မိမိတို့ရဲ့ iPhone ထဲထည့်ပါ။

(1) မိမိတို့ iPhone ထဲကို CamCard App ထည့်ပြီးသွားပြီဆိုရင်တော့ သူ့ကို ဖွင့်လိုက်ပါ။

(2) အောက်ကပုံမှာပြထားတဲ့အတိုင်း Camera button လေးကိုနှိပ်ပါ။ ဒီနေရာမှာ camera အသုံးပြုခွင့်တောင်းပါလိမ့်မယ်။ OK ကိုနှိပ်လိုက်ပါ။

(3) Contact အတွင်း မိမိထည့်သွင်းလိုသော လိပ်စာကဒ်ကို ချိန်ရွယ်ကာ scan ဖတ်ပါ။

(4) သူ့အလိုလို Scan ဖတ်သွားပါလိမ့်မည်။ ပြီးရင်တော့ Save ကိုနှိပ်ပါ။

(5) အဲ့နောက် အောက်ကပုံမှာပြထားသည့်အတိုင်း ညာဘက်အပေါ်ထောင့်နားက အလျှားလိုက်အတုံးလေးသုံးတုံးကို နှိပ်ပါ။

(6) ထို့နောက် Save to Contacts ဆိုတဲ့ ခလုပ်လေးကိုနှိပ်ပါ။

(6) ထို့နောက် Save to Contacts ဆိုတဲ့ ခလုပ်လေးကိုနှိပ်ပါ။

(7) Contact App အသုံးပြုခွင့်တောင်းလာပါလိမ့်မည်။ OK ကိုနှိပ်ပြီး ခွင့်ပေးလိုက်ပါ။

(8) Save ရမည့်နေရာတစ်နေရာရာကို ရွေးပြီး Confirm ကိုနှိပ်ပါ။ ဒါဆိုရင်တော့ Contact ထဲကို Save လို့ပြီးပါပြီ။

Contact ထဲမှာ Scan ဖတ်ထည့်သွင်းလိုက်သည့် လိပ်စာဟာရှိမရှိ သွားရောက်စစ်ဆေးကြည့်လိုက်မယ်ဆိုလျှင် အောက်ပါပုံမှာပြထားသလို ရှိနေတာတွေ့ရမှာပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ
Control Center ကို စိတ်ကြိုက်ပြင်ဆင် အသုံးပြုခြင်း
Control Center ဟာ iOS user များအတွက် မိမိတို့အသုံးပြုလိုသေ function များကို မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူအသုံးပြုနိုင်တဲ့ နေရာတစ်ခုပါ။ သင့် iOS device ကို screen unlocked လုပ်စရာမလိုပဲ camera သုံးခြင်း၊ lights သုံးခြင်း အစရှိသည့် များစွာသော function များကို လွယ်ကူစွာသုံးစွဲနိုင်ပါသည်။

Control Center လွယ်ကူစွာအသုံးပြုနိုင်ဖို့အတွက်ဆိုလျှင် မိမိတို့အသုံးများသည့် function များကို Control Center တွင်ထည့်သွင်းထားဖို့လည်း လိုပါသည်။ ၎င်းကို Control Center Customize လုပ်ခြင်းလို့ခေါ်ပါသည်။
Control Center ကိုဖွင့်ခြင်း
Control Center ကို ဘယ်လိုဖွင့်ရလဲဆိုလျင်တော့ iPhone X ရှေ့က iPhone model များမှာ screen ရဲ့ အောက်ခြေမှနေ အပေါ်ကိုဆွဲတင်လိုက်ရင် control center ပေါ်လာပါမည်။ iOS 12 တင်ထားသည့် iPhone X နဲ့နောက် Model များကတော့ ညာအပေါ်ထောင့်ကနေ အောက်ကိုဆွဲချပေးရပါသည်။
Control Center ကိုပိတ်ခြင်း
Screen ရဲ့လွတ်တဲ့အပေါ်ပိုင်းကိုဖိလိုက်ရင်ဖြစ်ဖြစ်၊ home button ကိုနှိပ်လိုက်ရင်ဖြစ်ဖြစ် control center ပိတ်သွားပါမည်။ iPhone X နဲ့အထက် model များကတော့ screen ရဲ့အောက်ခြေကနေ အပေါ်ကိုပွတ်ဆွဲလိုက်ရင်လည်း control center ပိတ်သွားပါမည်။
Customize Control Center
Control center ကို customize လုပ်ထားခြင်းဖြင့် မိမိတို့အသုံးပြုလေ့ရှိသည့် function များကိုအလွယ်တကူအသုံးပြုနိုင်ပါမည်။
- Setting > Control Center သို့သွားပါ။
- Customize Control ကိုနှိပ်ပါ။

ထိုနေရာတွင် INCLUDE နဲ့ MORE CONTROLS ဆိုပြီး အပိုင်းနှစ်ပိုင်းရှိပါတယ်။ INCLUDE အပိုင်းကတော့ Control Center ထဲမှာ လက်ရှိရှိနေတဲ့အရာများဖြစ်ပြီး MORE INCLUDE ကတော့ မိမိတို့သုံးလိုသည့်များကို မိမိတို့ဘာသာ ထည့်သွင်းပေးရမယ့် အရာများဖြစ်ပါသည်။
သက်ဆိုင်ရာ function များရဲ့ ညာဘက်ဘေးနားက အစိမ်းရောင်ခလုပ်လေးကိုနှိပ်လိုက်ရင်တော့ control center ထဲကိုရောက်သွားပါမယ်။ control center ထဲကနေ ပြန်ဖြုတ်ချင်ရင်တော့ အနီရောင်ခလုပ်လေးကို နှိပ်လိုက်ရပါမည်။
Control center ထဲမှာရောက်သွားတဲ့ သက်ဆိုင်ရာ function များကို ကိုယ်စားပြုသည့် icon လေးတွေကိုလည်း အပေါ်အောက်ရွှေ့နိုင်ပါသည်။ မည်သို့ရွှေ့ရမည်လည်းဆိုလျှင် ညာဘက်ဘေးမှ မျဉ်းကြောင်းသုံးကြောင်းပုံလေးကို ဖိနှိပ်၍ အပေါ်အောက် မိမိလိုရာကို ပွတ်ဆွဲပြီးနေရာချပေးခြင်းဖြင့် နေရာရွှေ့နိုင်ပါသည်။
Customize Control ကိုမဝင်မှီ Setting > Control Center အောက်က Access Within Apps ဆိုတဲ့ function လေးရှိပါသည်။ ထို function ကတော့ Application တစ်ခုခုကို အသုံးပြုနေစဉ်မှာ Control Center ကိုအသုံးပြုခြင်း အသုံးမပြုခြင်းကို ON/OFF လုပ်ထားနိုင်ပါသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ
Tuesday, December 4, 2018
iOS User တွေ သိပ်မသိကြတဲ့ HandOff ဆိုတဲ့ Function
iOS ရဲ့ Setting >> General ထဲက Handoff ဟာ iOS နဲ့ Mac OS တွေကို တစ်ခုထက်မက သုံးစွဲနေသူတွေအတွက် အလုပ်လုပ်ဖို့ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ Function တစ်ခုဖြစ်ပါတယ်။
(၁) သုံးမယ့် Device တွေအားလုံးက တူညီတဲ့ Apple ID နဲ့ Cloud မှာဝင်ထားဖို့လိုပါမယ်
(၂) Device အားလုံးမှာ Handoff, Bluetooth, Wifi တွေကို On ထားဖို့လိုပါတယ်
(၃) Bluetooth, Wifi Range ထဲမှာ Nearby Device တွေအဖြစ် ရှိနေရပါမယ်
မခက်ဘူး အဲဒါတွေဖွင့်လိုက်ရင် သုံးပေရော့ပဲ။ ဒါဆို စသုံးလို့ရပါပြီ။ ကျွန်တော် Video Tutorial လေးနဲ့ပါပြပေးထားပါတယ်။ iPad mini3 နဲ့ iPhone 7+ နှစ်ခုကို စမ်းပြထားပါတယ်။ (Macbook မဝယ်နိုင်လို့ပါ။ လက်ဆောင်ပေးရင်စိတ်မဆိုးဘူး)
Pages App ကို iPad မှာဝင်ထားပြီး အလုပ်လုပ်နေပါတယ်။ ပြီးတာနဲ့ iPhone ရဲ့ Multitask view ထဲကိုဝင်လိုက်ရင် အောက်ထဲမှာ iPad မှာအလုပ်လုပ်နေတဲ့ Pages App ကိုဖော်ပြနေမှာဖြစ်ပါတယ် ဒါကြောင့် iPad မှာလုပ်လက်စ တန်းလန်းကို iPhone မှာလည်း ဆက်လုပ်နိုင်ပါပြီ
ဒီဘက်က ဝင်ထားတဲ့ Contact App ကို ဟိုဘက်ကနေ Access လုပ်လို့ရပါတယ်။ ဖုန်းထဲမှာ ရှိနေတဲ့ လူတစ်ယောက်ရဲ့ Message ကိုဖွင့်ထားရင်း iPad ကနေသူ့ဆီကို စာပို့လို့ရနိုင်ပါတယ်။
ဒီဘက်က Copy ကူးလိုက်တဲ့ ပုံတွေ စာသားတွေကိုတောင် ဟိုဘက်မှာ Paste လုပ်လို့ရတယ်ဗျာ။ အဲလောက်ထိ ကိုအသုံးဝင်ပါတယ်။
ကျွန်တော့် Wifi Version iPad မှာ SIM Card မပါပါဘူး ပါလည်း ဖုန်းခေါ်လို့မရပါဘူး။ ဒါပေမယ့် Handoff ရှိနေပါပြီ။ ရဲရဲသာခေါ်လိုက်ပါ။ iPhone ကိုဝင်လာတဲ့ ဖုန်းအဝင်ကိုလည်း iPad ကနေတစ်ဆင့် လက်ခံဖြေကြားလို့ရပါတယ်။
ဒီစနစ်တွေက တကယ်အသုံးဝင်သလားလို့မေးရင် အသုံးဝင်ပါတယ်။ ကျွန်တော်တို့ Apple User တွေဟာ အခြား OS တွေလို Data အကူးအပြောင်းကအစ လက်ပေါက်ကပ်တတ်ပါတယ်။ အခုတော့ ဒီဘက်က Copy ကူး ဟိုဘက်မှာ Paste လုပ်နိုင်တဲ့အထိ Device တွေကို ပေါင်းကူးလုပ်သုံးနိုင်တဲ့ Handoff ဟာ အခြား OS တွေနဲ့ယှဉ်ရင် သာမာန်ထက်ပိုထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တာတော့ ငြင်းလို့မရပါဘူး။ AirDrop တို့ Handoff တို့ဟာ Apple Product တွေကို Set လိုက်သုံးချင်လာအောင် သာသာထိုးထိုးဆွဲဆောင်ထားတဲ့ လုပ်ဆောင်ချက်အလန်းစားတွေ ဆိုလည်း မမှားပါဘူးဗျာ
ကဲဗျာ ပြောနေတာကြာပါတယ်။ ဒီလောက်ဆို Handoff ဆိုတာဘာလည်း သိလောက်ပါပြီ။ ပိုပြီး လက်တွေ့ကျအောင် ကျွန်တော်စမ်းပြထားတဲ့ Video လေးအတိုင်း စမ်းကြည့်ကြရအောင်လား။
Credit - Tech Paradise
Monday, December 3, 2018
စတိဂျော့ဗ်စ် ရဲ့ နည်းလမ်း ၃ခု
စိတ်တွေရှုပ်လို့
ဘာလုပ်ရမှန်းမသိဖြစ်နေလား
iPhone တို့ရဲ့ ဖခင်ကြီး စတိဂျော့ဗ်စ်ကတော့
ဒီနည်းလမ်း ၃ခုကို သုံးပါတယ်တဲ့
ကြည့်ကြည့်လိုက်ဦးနော်..
Saturday, December 1, 2018
PC မလိုတဲ့ Ringtones ထည့်နည်း
PC မလိုတဲ့ Ringtones ထည့်နည်း
GarageBand by Apple
https://itunes.apple.com/us/app/garageband/id408709785?mt=8
သိပ်ပြီးလည်း ကွာမှာ မဟုတ်တဲ့အတွက် Garageband ( Version 2.3.3 ) နဲ့ပဲ Ringtones တွေကို ဖြတ်တဲ့နည်း ၊ ကွန်ပျူတာ မလိုပဲ Ringtones ထည့်တဲ့နည်း ၊ ထည့်ထားတဲ့ Ringtones တွေကို Delete ပြန်လုပ်နည်းတို့ကို ပြောပြပေးသွားပါမယ် ။
PC မလိုပဲ Ringtones တွေ ထည့်တဲ့နည်းကို ကျနော်တစ်ယောက်ထဲ တင်ပေးတာတောင် ( ၄ , ၅ ) ခါ မကတော့ပါဘူး ။ Group ထဲမှာလည်း စေတနာရှင် ပညာရှင်အချို့ရဲ့ ဗွီဒီယိုဖိုင်နဲ့သော်လည်းကောင်း ၊ ပုံတွေ စာတွေနဲ့သော်လည်းကောင်း တင်ပေး ရှယ်ယာလာပေးနေကြတာတွေကို မကြာခဏ တွေ့နေ မြင်နေရပါတယ် ။
- သို့ပေမယ့်လည်း မကြာခဏဆိုသလိုပင် Garageband နဲ့ Ringtones ဘယ်လိုလုပ်ရမလဲ ?
- Garageband နဲ့ ထည့်ထားတဲ့ Ringtones တွေကို ဘယ်လို Delete လုပ်ရမလဲ ?
( အရင် Garageband Versions အဟောင်းနဲ့ တင်ပေးထားတဲ့ Post ကိုလည်း တစ်နေရာထဲကနေ လွယ်ကူစွာ ဖတ်ရှုလေ့လာနိုင်စေရန်အတွက် Links လေး ထည့်ပေးလိုက်ပါတယ် ။
သေချာဖတ်ရှုကြည့်ကြစေချင်ပါတယ် ။
https://www.facebook.com/1292870577393028/posts/1819622378051176/ )









Garageband ဖြင့် Ringtones ဖြတ်နည်း ၊ ထည့်နည်းကတော့ ပြီးသွားပါပြီ ။
ဒီတစ်ခါတော့ Garageband နဲ့ ထည့်ထားတဲ့ Ringtones တွေကို Delete လုပ်တဲ့နည်းကို ဆက်ပြီး ပြောပြပါမယ် ။



ကဲ ! Garageband နဲ့ Ringtones တွေကို Delete လုပ်နည်းလည်း ပြီးပါပြီ ။
အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။
CRD;;ဇာနည် ( iOS Banker Myanmar )
မိမိ iDevice ကို PC & Laptop ဖြင့် ချိတ်ဆက်သည့်အခါ ပေါ်လာသည့် “Trust & Don’t Trust ” Function အကြောင်း
မိမိ iDevice ကို PC & Laptop ဖြင့် ချိတ်ဆက်သည့်အခါ ပေါ်လာသည့် “Trust & Don’t Trust ” Function အကြောင်း
သင့်အနေနဲ့ အခြား မိမိတကယ်ယုံကြည်စိတ်ချရတဲ့ ကွန်ပျူတာ သို့မဟုတ် Mac Book မဟုတ်ပဲနဲ့ ” Turst This Computer” ဆိုတဲ့ Pop Up တက်လာတဲ့အခါ အလွယ်တကူ Trust ဆိုသည့် Button ကို မနှိပ်လိုက်ပါနဲ့ ။ ၄င်း Button ကိုနှိပ်လိုက်ပါက မိမိ Device အတွင်းမှာရှိတဲ့ Data တွေကို ကွန်ပျူတာပိုင်ရှင်မှ စိတ်ကြိုက်ပြုလုပ်နိုင်အောင် အလွယ်တကူ ခွင့်ပြုလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ မိမိ တကယ်စိတ်ချရမဲ့ ကွန်ပျူတာ သို့မဟုတ် Mac Book ဖြစ်မှသာ Trust ဆိုတဲ့ Button ကိုနှိပ်ပါ။ ဘာကြောင့်လဲဆိုရင် iDevice တွေရဲ့ USB ကြိုးက ဘက်ထရီ အားသွင်းခြင်း ၊ Data ကူးယူခြင်းစသည့် Function နှစ်မျိုးအတွက် အသုံးပြုနိုင်အောင်ဖန်တီးထားခြင်းကြောင့်ဖြစ်ပါတယ်။ Apple ဟာ ဒီ Function ကို iOS 7 မှစပြီး ထည့်ထားခဲ့တာဖြစ်ပါတယ်။
အကယ်၍ သင်ဟာ “Trust This Computer ” ဆိုတဲ့ Pop Up အတွက် ” Trust ” သို့မဟုတ် ” Don’t Trust” ဆိုသည့် ဆုံးဖြတ်ချက်တစ်ခုကို ဆုံးဖြတ်ခဲ့ပြီးမှ စိတ်ပြောင်းကာ ပြန်လည် ပြင်ဆင်ချင်ရင် မှားသွားပြီဆိုပြီး စိုးရိမ်ကောင်း စိုးရိမ်ပါလိမ့်မယ်။ ဒီအတွက်ကြောင့် ဘာမှမစိုးရိမ်ပါနဲ့။ သင့် Device ရဲ့ USB Plug ကို ပြန်ဖြုတ်ပြီး ပြန်တပ်လိုက်ရင် “Trust This Computer ” ဆိုတဲ့ Pop Up ကို ပြန်မြင်တွေ့နိုင်ပါတယ်။
ဒါမှမဟုတ် သင့်ရဲ့ i Device အတွင်းရှိ “Trust ” အဖြစ် လက်ခံထားတဲ့ Computer List တွေအကုန်လုံးကို ဖျက်ပြစ်ချင်တယ်ဆိုရင်တော့ iOS 12 ကို နမူယူပြီး ဖော်ပြပေးပါ့မယ်။
နည်းလမ်းကတော့ Setting >>> General >> Reset အတွင်းမှာရှိတဲ့ ” Reset Network Settings ” ဆိုသည့် Tab ကိုနှိပ်ကာ မိမိ ယုံကြည်သည်ဆိုကာ လက်ခံထားသည့် Computer List အကုန်လုံးကို ဖျက်နိုင်ပါတယ်။

နောက်တစ်နည်းကတော့ Setting >>> General >> Reset အတွင်းမှာရှိတဲ့ “Reset Location & Privacy,” ဆိုသည့် Tab ကိုနှိပ်ကာ မိမိ ယုံကြည်သည်ဆိုကာ လက်ခံထားသည့် Computer List အကုန်လုံးကို ဖျက်နိုင်ပါသေးတယ်။

ဒါကြောင့် Apple အသုံးပြုကြတဲ့ မိတ်ဆွေတို့အနေနဲ့ မိမိရဲ့ iDevice များကို အခြားကွန်ပျူတာ များမှာ USB နှင့် ချိတ်ဆက်သည့်အခါ မိမိ Device အတွင်းရှိ Data တွေလုံခြုံရေးကို ကာကွယ်နိုင်ဖို့အတွက် Apple မှ ဖန်တီးပေးသော လုံခြုံရေး Service တစ်ခုဖြစ်ပါတယ်။ iDevice အသုံးပြုသူများအနေနဲ့ မိမိတကယ် ယုံကြည်စိတ်ချရမဲ့ ကွန်ပျူတာမှသာ ” Trust ” Button ကို နှိပ်ကာ မိမိ Device အတွင်းရှိ Data လုံခြုံရေးကို ခွင့်ပြုသင့်ပါတယ်။ ။
iPhone battery ကိုတစ်ညလုံး အားသွင်ထားခြင်းဟာ တကယ်ပဲ Battery သေစေနိုင်သလား??
iPhone battery ကိုတစ်ညလုံး အားသွင်ထားခြင်းဟာ တကယ်ပဲ Battery သေစေနိုင်သလား??
No,iPhone battery ကို တစ်ညလုံးအားသွင်းထားခြင်းဟာ iPhone battery ကိုထိခိုက်မှုမရှိနိုင်ပါ
Battery University တွေရဲ့ ထုတ်ပြန်ကြေညာချက် လေ့လာစမ်းစစ်ချက်တွေအရ According to theoretically – Yes ဟုတ်ပါတယ် သီအိုရီအရတော့ အားပြည့်နေရဲ့သားနဲ့ သားနဲ့ဆက်သွင်းခြင်း battery ကိုထိခိုက်စေနိုင်ပါတယ် သို့သော် why why ဒီမှာ battery ကိုမထိခိုက်စေဖူးလို့ပြောရတာလဲ
Because !!ဘာကြောင့်လဲဆိုတော့ Smartphones တွေဖြစ်နေလို့ပါပဲ သင် Smart ရဲ့အဓိပ္ပာယ်ကိုသေချာသိနိုင်ရဲ့လား!! Smartphones လို့ခေါနိုင်တယ့် Phones တွေ ကိုယ်ပိုင်သိပ် Smart ကျလို့ပါပဲ ကဲ Battery လုပ်ဆောင်ချက်တွေကိုကြည့်ရရင် သင့် iPhone ကိုတစ်ညလုံး အားသွင်းထားမယ် ၁၀၀% ပြည့်သွားပြီဆိုတာနဲ့ What’s next?? ဘာဆက်ဖြစ်မလဲ Current စီးဆင်းမှုကို အလိုလျောက် ဖြတ်တောက်ပေးစေပါလိမ့်မယ် ဒါကြောင့် battery ကိုတစ်ညလုံး အားသွင်းထားခြင်းဟာ ထိခိုက်မှု ရှိနိုင်ပါတယ် သို့သော် နည်းလွန်းလှတာကြောင့် လျစ်လျူရှုထားနိုင်ပါတယ်။
ဘယ်လို အကြောင်းအရာတွေ ကြောင့် Battery ထိခိုက်စေနိုင်တာလဲ??
သေချာတာပေါ့ Main Point ကတော့ Charge Cycles Limit ပါပဲ များသောအားဖြင့် iPhone တွေဟာ Charge Cycles 500 ပါဝင်လေ့ရှိပါတယ် 500 ပြည့်သွားရင်တော့ battery လဲလှယ်ပေးဖို့ အကြုံပြုပါတယ် အိုးမဟုတ်သေးဖူး လဲကိုလဲရမယ်။

ဒါဆိုရင် Charge Cycles ဆိုတာဘာလဲ??
Charge Cycles ဆိုတာ ဖော်ညွှန်းပါတယ် အများအားဖြင့် ခံယူထားကြတာကတော့ ၀ ကနေ ၁၀၀% တစ်ကြိမ်သွင်းလိုက်ခြင်းဟာ Charge Cycles တစ်ကြိမ်ပြီးမြောက်စေမယ်လို့ တွက်နိုင်ပါတယ် ဒါဆိုရင် Theory ဘက်ကိုသွားလိုက်ရအောင် သူက ၀ ကနေ ၁၀၀% သွင်းရင် တစ်ခုလုံးပြီးမြောက်တယ်လို့ မှတ်နိုင်တယ်ဆိုရင် ၉၀ ကနေ ၁၀၀% ထိသွင်းရင်ရော ဘာဆက်ဖြစ်မလဲ? သေချာတာပေါ့ မျှတွက်လိုက်မယ်ဆိုရက် Charge Cycle ရဲ့ ၁၀ ပုံတစ်ပုံပြီးမြောက်တာပေါ့ ၈၀ ကနေ ၁၀၀% ဆိုရင် ၁၀ ပုံ ၂ပုံပေါ့ Battery University တွေရဲ့ အဆိုပြုချက်တွေအရ ၅၀ ကနေ ၈၀% ထိကြိမ်ဖန်များစွာ အားသွင်းပဲခြင်းဟာ ဓာတုဗေဒနိယာမအရ Battery ထိခိုက်စေမှု လျော့နည်းစေတယ် လို့ဆိုတယ် တစ်ဖက်လမ်းက ကြည့်ရင်လည်း ဆိုထားတာက battery စည်းမျဉ်းတွေအားလူံးကို လိုက်နာမယ်ဆိုရင်တောင် ဘယ် battery မှ ၃နှစ်အပြင် ပိုမခံနိုင်ဖူးလို့ ဆိုထားကြပြန်ပါတယ် ဘာလို့လဲဆိုရင် Liquid Battery တွေမို့ပါ
အချုပ်အားဖြင့်ဆိုရရင်
၅၀ ကန ၈၀% ထိအားသွင်းခြင်းဟာ Charge Cycle ရဲ့ ၁၀ ပုံ ၃ ပုံကို ထခိုက်စေမှုထိမရှိဖူးလို့ မှတ်ယူနိုင်ပြီး အတတ်နိုင်ဆုံး battery ကို ၂၀% အောက် အကျမခံပါနဲ့ Power Bank ဆောင်ထားပါ Power bank တွေမကောငါးဖူးလို့ သတ်မှတ်ထားတယ်ဆိုရင်တောင် battery ကိုတော့ အသေမခံပါနဲ့ ဘာလို့လဲ ဘာလို့ Power bank တွေကိုမကောင်းဖူးလို့ ခံယူကြတာလဲ? မကောင်းတာကတော့ အရည်အသွေးညံ့ဖျင်းပြီး brand မရှိတယ့် Power bank တွေကို မသုံးဆွဲပါနဲ့ Power ဆိုတာ ဘယ်ကနေပဲလာလာ ရေအားလျှပ်စစ်က လာလာ လေအားလျှပ်စစ်ကလာလာ လမ်းမီးတိုင်ကလာလာ Power bank ကလာလာ Power က Power ပါပဲ ဆိုရင်းက ဘယ် Source ကလာပါစေ Power ကတော့ ပြောင်းလဲမှာမဟုတ်ပါဖူး ဒါကြောင် Power bank ကောင်းကောင်း တစ်လုံးဆောင်ထားသင့်ပါတယ်။
Ampere ဟာပြသနာဖြစ်လေမလား??According to Theoretically – Yes
Ampere များခြင်းဟာ Battery ပူလာစေပါတယ် Battery ပူခြင်းဟာ Battery life span ကိုတိုစေပါတယ် 2.1A တွေဟာ Tablets & Pads တွေအတွက် Design ဆွဲထားတယ့်သူတွေပါ ဒါပေမယ့် သင့် Phone ရဲ့ Charger IC ဟာ 5V 1A ဆိုရင် Max Ampere limit ဟာ 1 ပဲဖြစ်မှာပါ 5V 4A adapter နဲ့သွင်းသွင်း 1A ထက်ပိုဝင်သွားမှာမဟုတ်ပါဖူး ထို့အပြင် 1A ဟာ Mini Limit လည်းဖြစ်ပါသေးတယ် Mini limit 1A & Max Limit 2.1A ဆိုရင် Quick Charge IC ပေါ့ ပြောရရင် ကြိုက်တယ့် Ampere နဲ့သွင်းပါ Brand ကောင်းတာရွေးချယ်ပါ 1A ဖြစ်သော်ငြား brand မကောင်းလို့ အပူတတ်ရင် battery ထိမှာပါပဲ နောက်ပြီး Smartphones အတော်များရဲ့ Charger IC တွေဟာ 1A mini limit နဲ့ max limit 1.5A တွေများပါတယ်။
ကဲဒါဆိုရင် Battery နဲ့ပါတ်သတ်သမျှ Pro ကျကျသိမြင်နိုင်လိမ့်ပြီလို့ ယူံကြည်ရင်း အဆုံးသတ်လိုက်ပါတယ်။
iOS User တွေသိပ်မသိတယ့် Calculator App ရဲ့ လျှို့ဝှက်ချက် ( ၂ ) ခု
iOS User တွေသိပ်မသိတယ့် Calculator App ရဲ့ လျှို့ဝှက်ချက် ( ၂ ) ခု
iOS User တွေအနေနဲ့ Calculator App ကို အလျင်းသင့်သလို
အရေးပေါ်သုံးနေကြပေမယ့် အချို့ iOS User တွေကတော့ ဒီ
လျှို့ဝှက်ချက် နှစ်ခုကို မသိကြပါဘူး။

Screen Rotate ကို ပိတ်ပီး Display ကိုစောင်းလိုက်ပါက အခြားအသုံးဝင် တွက်နည်းတစ်ခုပေါ်လာပါလိမ့်မယ်။

ဒါကတော့ ပိုနေတယ့် ဂဏန်းတစ်ခုကို ဘယ်/ညာ ပွတ်ဆွဲပီး ဖျက်လို့ရပါတယ်။ နောက်တစ်ခုက ရလာတယ့် အဖြေကို ဖိထားကာ Copy / Paste လုပ်လို့ရပါတေးတယ်။

Screen Rotate ကို ပိတ်ပီး Display ကိုစောင်းလိုက်ပါက အခြားအသုံးဝင် တွက်နည်းတစ်ခုပေါ်လာပါလိမ့်မယ်။

ဒါကတော့ ပိုနေတယ့် ဂဏန်းတစ်ခုကို ဘယ်/ညာ ပွတ်ဆွဲပီး ဖျက်လို့ရပါတယ်။ နောက်တစ်ခုက ရလာတယ့် အဖြေကို ဖိထားကာ Copy / Paste လုပ်လို့ရပါတေးတယ်။
iOS User တွေ သတိမထားမိတယ့် Battery အားခံစွာအသုံးပြုနိုင်အောင် ပြုလုပ်နည်းများ
Settings > Wi-Fi > Off.
(၂) Bluetooth အမြဲမဖွင့်ထားပါနဲ့
Settings > Bluetooth > Off.
(၃) Location ကိုပိတ်ထားပါ။
Settings > Privacy > Location Services > Off.
(၄) Internet 4G/LTE မသုံးပါနဲ့
Settings > General > Cellular > Enable LTE > Off.
(၅) Silent လုပ်ထားတယ့်အချိန် Vibrate မဖြစ်အောင်ပိတ်ထားပါ။
Settings > Sounds > Vibrate on Ring & Silent > Off.
(၆) Auto Brightness ပိတ်ထားပါ။
setting->General->Accessibility->Display Accommodations->Off auto-brightness option.
(၇) Battery 50% လောက်ရောက်တယ့်အခါ Low Power Mode ဖွင့်သုံးပါ။
Setting – Battery – Low Power Mode On
Subscribe to:
Posts (Atom)








