Thursday, January 17, 2019

Force Restart, Recovery Mode, DFU Mode တို့ရဲ့လုပ်ဆောင်ချက်များ။

Force Restart, Recovery Mode, DFU Mode တို့ရဲ့လုပ်ဆောင်ချက်များ။




iOS Users တွေအတွက်သိသင့်တဲ့ Recovery Mode, DFU Mode, Force Restart(hard restart) အကြောင်းမျှဝေပေးပါ
မယ်။ iPhone တွေထဲမှာ နောက်ထွက်တဲ့ iPhone 8, 8Plus & iPhone X စတဲ့အသစ်တွေကတော့အရင်ထွက်
ရှိထားတဲ့ iPhone တွေနဲ့ကွာခြားပါတယ်။ iPad တွေကတော့ အရင် iPhone 6, 6s  အထိလုပ်
ဆောင်ရမယ့်အချက်တွေကတူပါတယ်။ ဒါကြောင့် force restart ဆိုတာဘာလဲ, recovery ဆိုတာဘာလဲ
dfu ဆိုတာဘာလဲဆိုတာလေးတွေအောက်မှာကြည့်ကြရအောင်။

1) Force Restart or Hard Restart
************************************
Force Restart ကတော့မိမိ iDevice ကို troubleshooting procedure လုပ်တဲ့သဘောပါ။
Clearing cache or resetting အလွယ်လုပ်တဲ့သဘောလည်းဆောင်ပါတယ်။ Force restart နဲ့ hard restart ကအတူတူပါပဲ။ 

iPhone 8 နဲ့ 8 Plus အရင်ထွက်ထားတဲ့ iPhone, iPad တွေရဲ့ force restart ကတော့ကွာခြားပါတယ်။ သူတို့အတွက်ဆိုရင် home ခလုတ်နဲ့ power ခလုပ်တို့ကိုတွဲနှိပ်ထားပြီး ပန်းသီးပုံပေါ်မှခလုတ် ၂ ခုလုံးကိုလွှတ်
ပေးရမှာဖြစ်ပါတယ်။ iPhone 7 & 7 plus မှာဆိုရင် volume down နဲ့ power ခလုတ် ၂ ခုတွဲနှိပ်ပြီးပန်သီးပုံပေါ်
မှလွှတ်ပေးရမှာဖြစ်ပါတယ်။ iPhone 8, 8Plus နဲ့ iPhone X ရဲ့ Force restart မှာဆိုရင် volume up နှိပ်ပြီး
 volume down နှိပ်ပြီးမှ side button လို့ခေါ်တဲ့ sleep button ကိုဖိနှိပ်ပေးထားရမှာဖြစ်ပါတယ်။




2) Recovery Mode on iDevice
***********************************
Recovery mode ဆိုတာမိမိ iDevice ကအကြောင်းတခုခုကြောင့်ပါဝါမတတ်တော့သည်ချိန်သော်၎င်း၊ Jailbreak device တွေမှာ tweak တခုခုကြောင့်ပါဝါမတတ်တော့သည့်အချိန်သော်၎င်း၊မိမိ iDevice ကို iOS version အမြင့်မှအနိမ့်သို့ပြန်ဆင်းချင်သော်၎င်း၊ iOS version အသစ်တင်ရာမှာ OTA (Over-the-air) မရလျင်သော်၎င်း၊ restore or update ပြုလုပ်ရန် မိမိ iDevice ကို iTunes ဖြင့်ချိတ်ပြီးပြုလုပ်နိုင်ရန်လိုအပ်သောလုပ်ဆောင်ချက်တခုဖြစ်ပါတယ်။ Recobery Mode ဟာမိမိ iOS version မြင့်ရာမှနိမ့်ရာ(သို့) နိမ့်ရာမှမြင့်ရာသို့တင်ရာတွင်မိမိလက်ရှိ data များမပျက်စေပဲလုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ တခါတရံ
iOS version အသစ်ကို OTA တင်နေချိန်မှာ recovery mode ဝင်တတ်ပါတယ်၊ အြဲ့အချိန်မှာဂအောက်ပါ restore or update နည်းသုံးရပါမယ်။ ဥပမာ...ယခုအချိန်မှာ iOS version 11.2.1 ထွက်ရှိပြီး မိမိက iOS 11.2 သိုပြန်လည်ရောက်ရှိရန်အတွက် iDevice ကို iTunes ဖြင်ချတ်ပီး Recovert Mode ဝင်ပါက မိမိ computer မှ iTunes တွင် pop-up ပေါ်လာပြီးချိန် keyboard မှ shift key+ check for update နိပ်ပြီး iOS 11.2 ipsw(firmware) ကိုရွေးပေးလိုက်ခြင်းဖြင့် iDevice သည် iOS 11.2 သို့ရောက်ရှိစေမှာဖြစ်ပါတယ်။ မိမိ iDevice အတွက် Restore or Update မပြုလုပ်မီလိုအပ်တဲ့ မိမိ iDevice version IPSW ကိုမိမိ device model အလိုက်ဒေါင်းယူထားဖို့လိုအပ်ပါတယ်။ iTunes ကနေ restoreတိုက်ရိုက်လုပ်ပါက IPSW latest ကိုဒေါင်းပြီး restore မှာဖြစ်ပါတယ်။

6 & 6 Plus, 6S & 6S Plus Recovery Mode
 *************************************************
 -Power နဲ့ Home ခလုတ်၂ ခုကိုတွဲနှိပ်ပါ။ black screen ဖြစ်တဲ့အချိန်ထိပါ။
 -black screen မြင်ရရင်အလုတ်တွေလွှတ်ပြီး home ခလုတ်တခုကိုပဲဖိနှိပ်ထားပြီး computer မှ iTunes ဖြင့် usb ကြိုးသုံးပြီးချိတ်ပါ၊ iTunes logo နဲ့ usb ပုံပေါ်သည် အထိပါ။ iPhone 5 နဲ့ 5S လည်းအတူတူပါပဲ၊ 


7 & 7 Plus recovery mode
*************************************
-iDevice ကို computer မှ iTunes ဖွင့်ပြီးချိတ်ပါ။
-ချိတ်ပြီးနောက်ပါဝါပိတ်ပါ။
-ပါဝါခလုတ်နှင့်အသံတိုးသောခလုတ် ၂ ခုစလုံးကိုတွဲနှိပ်ထားပေးပါ၊ iTunes logo နဲ့ usb ပုံပေါ်သည်အထိပါ။

 iPhone 8 & 8 Plus & iPhone X Recovery Mode *************************************************************
 -iDevice ကို computer မှ iTunes ဖွင့်ပြီးချိတ်ပါ။ -ချိတ်ပြီးနောက်ပါဝါပိတ်ပါ။
 -volume+ တချက်နှိပ်, volume- တချက်နှိပ်ပြီးပါဝါခလုတ် ကိုဖိနှိပ်ထားပေးပါ၊ iTunes logo နဲ့ usb ပုံပေါ်သည်အထိပါ။ 




3) DFU Mode on iDevice
***************************
 DFU ဆိုတာကတော့ Device Firmware Update ဖြစ်ပါ တယ်။ DFU mode ကိုသုံးပြီ iOS firmware ခေါ်တဲ့ IPSW (iOS Firmware) ကိုတင်ရမှာပဲဖြစ်ပါတယ်။ DFU mode ကိုဝင်ပြီးတင်ပါကမိမိ iDevice ရှိ Data များဆုံးရှုံး မှာဖြစ်ပြီးအသစ်ကဲ့သို့ set up ပြန်လုပ်ရမှာဖြစ်ပါတယ်။ iDevice ကပါဝါမလာတော့တဲ့အချိန်မှာ recovery mode ဝင်မရတဲ့အခါမှာ DFU mode ကိုဝင်ကြည့်ရပါမယ်။ DFU mode ဝင်ရပါက iDevice ကို Restore Firmware ပြန် လည်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တချို့user တွေက iDevice ကိုအသစ်အတိုင်းပြန်လုပ်ချင်ရင် DFU mode နဲ့ firmware တင်နိုင်မှာပဲဖြစ်ပါတယ်။ DFU Mode ဝင် ပြီး မိမိ computer မှ iTunes ဖြင့်ချိတ်ပါက iTunes တွင် မိမိ iDevice ကို restore ပြုလုပ်ခိုင်းသော pop-up တွေ့ ရမှာဖြစ်ပါတယ်။ ထိုအချိန်မှာ keyboard မှ shift key+ restore ကိုနှိပ်ပြီး မိမိဒေါင်းယူထားသော IPSW (iOS Firmware) ရွေးပေးပြီးတင်ရမှာပဲဖြစ်ပါတယ်။ မတင်ခင် မိမိ iPhone model အလိုက် IPSW ကိုဒေါင်းယူထားရ မှာပဲဖြစ်ပါတယ်။ restore လုပ်ရာမှာ shift+ restore IPSW နဲ့ iTunes မှ restore လုပ်ရာမှာအနဲငယ်ကွာပါ တယ်။ DFU mode ဝင်ပြီးချိန်မှာ iTunes ကနေ restore တိုက်ရိုက်လုပ်ပါက IPSW latest ကိုဒေါင်းပြီး restore မှာဖြစ်ပါတယ်။ မိမိက shift+ IPSW နဲ့ restore ရင်တော့မိမိလိုတဲ့ iOS version ကို restore လုပ်နိုင်မှာပါ၊ ဥပမာ.. iOS 11.2.1 ထွက်လာပေမယ့် iOS 11.2 ကို Apple က terminated မလုပ်သရွေ့ iOS 11.2 ကို restore လုပ် ရမှာဖြစ်ပါတယ်။ DFU mode ဝင်ရင် iDevice မှာဘာမှ မပေါ်ပဲ blcak screen ဖြစ်နေပါမယ်။ iTunes တွင် restore လုပ်ခိုင်းသော pop-up သာပေါ်မှာဖြစ်ပါတယ်။ 

6 & 6 Plus Below DFU Mode
********************************
iDevice ကို iTunes ဖြင့်ချိတ်ပြီး power button နှင့် home button ကိုတွဲနှိပ်ပြီး ၁၀ စက္ကန့်အကြာ power button ကိုလွှတ်ပြီး home button ကိုဖိနှိပ်ထားပေးရပါ မည်။ 

 7 & 7 Plus DFU Mode 
***************************
 iDevice ကို Computer iTunes ဖြင့်ချိတ်ပြီး volume down နှင့် power button တို့ကိုတွဲနှိပ်ပြီး black screen ဖြစ်သွားပြီးနောက် power button ကိုလွှတ်ပြီး volume down button ကိုဆက်နှိပ်ထားပေးပါက iTunes တွင် restore လုပ်ရန် pop-up ပေါ်လာမှာပဲဖြစ်ပါတယ်။

 8, 8 Plus & X DFU Mode
 **************************** 
PC က iTunes ကိုဖွင့်ပြီး iDevice ကို USB ချိတ်ပါ။ volume up နှိပ်ပြီး volume down နှိပ်ပြီး side button ကို ၁၀ စက္ကန့်ကြာမျှ ဖိနှိပ်ထားပြီးနောက် screen ပိတ်သွားပြီး ၁ စက္ကန့်အကြာ side buttonနဲ့ volume down ကိုပါတွဲနှိပ် ပြီး ၅ စက္ကန့်အကြာမှာ side Button ကိုလွှတ်ပြီး volume down ကိုသာဆက်ဖိနှိပ်ထားပါကiDevice screen သည် Black ပဲဖြစ်နေပြီး DFU mode သို့ဝင်ရောက်သွားပြီးဖြစ်ပါတယ်။ 



 Exit DFU or Recovery Mode
 ********************************
DFU or Recovery Mode ကနေပြန်ထွက်ချင်ရင်တော့
iPhone 7 & 7 Plus အရင်ကထွက်ထားတဲ့ iDevice တွေကတော့ home ခလုတ်နဲ့ power ခလုတ်တွဲနှိပ်ပြီး
ပန်းသီးပုံပေါ်မှခလုတ် ၂ ခုလုံးလွှတ်ပေးပါ။ iPhone 8, 8 Plus & iPhone X ကတော့  volume up
နှိပ်ပြီး volume down ကိုနှိပ်ပြီးမှ side button ကိုဖိနှိပ်ထားပြီး
Apple logo ပေါ်ပြီးစက္ကန့်အနည်းကြာမှလွှတ်လိုက်ပါက
DFU or Recovery Mode ကနေထွက်လိုက်တာပဲဖြစ်ပါတယ်။



iOS Users များအဆင်ပြေကြပါစေ။

No comments:

Post a Comment