Thursday, January 17, 2019

How to restore IPSW(Firmware) on iPhone, iPad, iPod Touch?

How to restore IPSW(Firmware) on iPhone, iPad, iPod Touch?


 ဒီတခါ iDevice Users တွေအတွက်အသုံးဝင်ဆုံးဖြစ်တဲ့ IPSW (Firmware) တင်နည်းလေးပဲဖြစ်ပါတယ်။
အများစုမေးမေးနေကြတဲ့မေးခွန်းလေးဆိုလည်းမမှားပါဘူး။ မိမိတို့ရဲ့ iDevice ဘယ်နည်းနဲ့မဆိုတခုခုဖြစ်
ခဲ့ပါကမိမိကဒီနည်းလေးကိုသိထားတော့ဆိုင်ကိုပြေးစရာမလိုတော့ဘူးပေါ့။ lock screen passcode တွေကို
ထည့်ထားတယ်။ မသိသူတွေကအကြိမ်များစွာ password မှားတဲ့အခါမှာမိမိ iDevice(iPhone, iPad, iPod)
ကဘယ်လိုမှဖွင့်မရတော့ဘူးလေ။ ဒီအချိန်မှာ restore ဆိုတဲ့ IPSW ခေါ်တဲ့ firmware ပြန်တင်ဖို့လိုအပ်လာ
ပါပြီ။မိမိ computer မှာ iTune တော့ရှိရပါမယ်။  ဒီတော့ဘယ်လို restore လုပ်ရမလဲဆိုတာစလိုက်ကြရအောင်။
၁) ပထမဆုံးမိမိ iDevice ရဲ့ model number ကိုသိရပါမယ်။ ဥပမာ-A1865 ဆိုတာပေါ့။ ဒီ model ကိုဘယ်
လိုကြည့်ရမလဲဆိုရင် iDevice Setting> General> About> Model ဆိုတာကိုနှိပ်ကြည့်နိုင်ပါတယ်။
ူlatest device တွေဆိုရင်ဖုန်းရဲ့နောက်ကြောဘက်မှကြည့်မရပါဘူး။ တချို့သောဖုန်းတွေမှာနောက်ကြော
ဘက်မှာကြည့်နိုင်ပါတယ်။ ဖုန်းကဖွင့်မရဘူးဆိုရင်တော့ဖုန်းရဲ့ဘူးခွံမှာပါပါတယ် IMEI ကိုရှာပြီးအောက်
ပါလင့်မှာဝင်ကြည့်ရင်ပုံပါအတိုင်းမြင်ရပြီးမိမိ Device Model ကိုမြင်ရမှာပဲဖြစ်ပါတယ်။
၂) မိမိ model သိပြီဆိုရင်တော့ IPSW ဒေါင်းရပါမယ်။ မဒေါင်းချင်ရင် IPSW CD ခွေကိုမိမိ model ပြော
ပြီးဝယ်ယူရပါမည်။ internet လွယ်သူတွေကတော့အောက်ပါလင့်မှာရှာဒေါင်းနိုင်ပါတယ်။ မိမိဖုန်းက
8 Plus ဆိုရင် iPhone ထဲက 8Plus ကိုနှိပ်ပါက model တွေ့ကိုတွေ့ပါမယ်။ မိမိ model ဘေးက download
နှိပ်ပြီးဒေါင်းယူရပါမယ်။
၃) ဒေါင်းပြီးတာပဲဖြစ်ဖြစ် CD ခွေဝယ်ပြီးတာပဲဖြစ်ဖြစ်မိမိ Device ကို Recovery mode or DFU mode
ဝင်ရပါမယ်။ မိမိဖုန်းထဲကဒေတာတွေမပျက်ချင်ရင် recovery mode ၀င်ရမှာဖြစ်ပြီး မိမိဖုန်းထဲကဒေတာ
တွေပျက်ပြီးအသစ်အတိုင်းဖြစ်ချင်ရင်တော့ DFU mode နဲ့ဝင်ရမှာပဲဖြစ်ပါတယ်။ မိမိဝင်ချင်တဲ့ mode
ကိုဘယ်လိုဝင်ရမလဲအောက်ပါလင့်မှာဖတ်နိုင်ပါတယ်။
၎) မိမိကြိုက်တဲ့ mode ၀င်ပြီးပါကအောက်ပါအတိုင်း computer iTunes တွင်မြင်ရမှာဖြစ်ပါတယ်။ ပြီးရင်
Shift key + Update  or restore ကိုနှိပ်ပေးပါကမိမိ ipsw ဖိုင်ရှိရာသို့သွားပြီး ipsw ဖိုင်ကိုေ၇ွးပေးရမှာပဲဖြစ်ပါတယ်။ update ကိုရွေးပေးတာကတော့ ios latest version ipsw ကိုရွေးခြင်းဖြစ်ပြီး restore ဆိုရင်တော့
latest version ရဲ့အရှေ့က IPSW ကိုေ၇ွးပေးနိုင်မှာဖြစ်ပါတယ်။ latest ios version ထွက်ပြီးပေမယ့် Apple
ကမပိတ်မခြင်း latest ios version အရှေ့က ios version ကို restore တင်နိုင်တာဖြစ်ပါတယ်။ ဥမမာ-
12.1.2 က latest ဆိုရင် Apple မပိတ်မခြင်း 12.1.1 ကိုတင်နိုင်မှာပဲဖြစ်ပါတယ်။ 12.1.1 ကိုပိတ်သွားရင်
ရင်တော့ 12.1.2ကိုပဲတင်ရတော့မှာဖြစ်ပါတယ်။ ဒီလိုမျိုးဆိုရင် update နဲ့ restore ဟာအတူတူပဲဖြစ်ပါ
တယ်။ ကြိုက်ရာကိုေ၇ွးနိုင်ပါတယ်။
အပေါ်ကအဆင့်တွေပြီးရင်တော့ iDevice ကို restore လုပ်တဲ့ process စတင်ပြီးနောက် ပြီးတဲ့အချိန်ထိ
စောင့်ပြီး မိမိဖုန်းပြန်ပွင့်ပြီး  set up လုပ်ပေးပြီးအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ မိမိရဲ့ Apple ID ကိုတော့
သတိထားမှတ်သားထားနိုင်ကြပါစေခင်ဗျာ။
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။

No comments:

Post a Comment