Sunday, January 27, 2019

Create your own Memoji?

Create your own Memoji?
**************************
Send Memoji/ Animoji to Socials!
**********************************
iDevice users တွေသိပြီးသားလေးပါ။ အများစုကတော့ iMessage မသုံးတဲ့အတွက်အသုံးနဲကြမယ်ထင်ပါတယ်။ iOS 12 ရဲ့ Memoji feature လေးပါပဲ။
iMessage သုံးမှပို့ရတဲ့ feature ဆိုပေမယ့် memoji/ Animoji လေးကို album မှာ save ပြီးတခြား social တွေမှာ share နိုင်တယ်ဆိုတာသိပြီးသူရောမသိသေးသူတွေအတွက်ပါ။ Memoji ကမိမိမျက်နှာနဲ့ဖန်တီးမယ်
Animoji ကဖန်းတီးပြီးသား Animal/ Robot လေးတွေဖြစ်ပါတယ်။

-Create Memoji
iMessage ထဲဝင်ပြီး keyboard
အပေါ်မှာဝိုင်းထားတာလေးနှိပ်ပြီး memoji ရှိတဲ့နေရာမှာအခြား memoji တွေရွေးနိုင်သလို new memoji နှိပ်ပြီးမိမိစိတ်ကြိုက် skin, hairstyle, headshape, eyebrow စတာတွေရွေးပြီးဖန်တီးနိုင်ပါတယ်။ မိမိဖန်တီးပြီးတဲ့ memoji ကိုရွေးပြီးရင် record လေးနှိပ်ပြီး
ပို့နိုင်ပါတယ်။ iMessage to iMessage ပေါ့။
-Sent Memoji/ Animoji to other socials
မိမိက iMessage မသုံးပေမယ့် memoji က iMessage ထဲမှာသာ create လုပ်နိုင်တာမို့ iMessage ထဲဝင်ပြီး new message ထဲဝင်ပြီးပို့မရတဲ့
ဖုန်းနံပါတ်ထည့်ပြီး memoji/ Animoji ပို့ပါ။ မက်ဆေ့ပို့မရပါဘူး။
message failed မှာပို့ထားတဲ့ memoji/ Animoji ကို photo album ထဲမှာ save လုပ်ပါ။ album ထဲဝင်ပြီး memoji/ Animoji
ကိုနှိပ်ပြီးဘယ်အောက်ဒေါင့်ကမြှားအပေါ်ထောင်တာ
လေးနှိပ်ပြီး ပေါ်လာတဲ့နေရာကအခြား socials (exm: wechat) ကိုရွေးပြီးပို့ချင်တဲ့သူရွေးပြီးပို့နိုင်ပါတယ်။ အဲ့လိုပဲ Facebook ရွေးပြီးလည်းပို့စ်အနေနဲ့တင်နိုင်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ





Monday, January 21, 2019

iCloud ပေါ်မှ Photos တွေကို ပြန်ယူနည်း …

iCloud ပေါ်မှ Photos တွေကို ပြန်ယူနည်း …

iCloud ပေါ်မှာ ကိုယ့်ရဲ့ Photos တွေကို Share လုပ်ထားတာ , ဒါမှမဟုတ် Backup လုပ်ထားတာတွေကို ပြန်လည် ရယူချင်တယ် ဆိုရင်တော့ Windows တို့ , Mac တို့ပေါ်ကနေ ဒေါင်းလုတ်ဆွဲပြီး ပြန်လည် ရယူနိုင်ပါတယ် ။ 
ဒီနည်းလမ်းဟာ Setting ထဲက Photos ထဲမှာ iCloud Photo ကို On ပေးထားမိပြီး ၊ Share Albums ကိုပါ Enable လုပ်မိထား၍ ကိုယ့်ရဲ့ ပုံတွေဟာ Internet ဖွင့်ပေးမှသာ ပေါ်လာလေ့ရှိတယ်လို့ ခဏခဏ မေးမြန်းနေတဲ့ သူတွေအတွက်ပါ အသုံးဝင်ပါလိမ့်မယ် ။
ဘယ်လိုလုပ်ရမလဲဆိုတော့ …
  • iCloud.com Website ကို အသုံးပြုရပါမယ် ။
  • iCloud.com မှာ Apple ID ဖြင့် Log in ဝင်ပြီး Photos တွေကို ဒေါင်းလုတ် ပြန်ဆွဲရမှာပဲ ဖြစ်ပါတယ် ။ 

( 1 ) iCloud.com ထဲကို ရောက်ပြီဆိုလျှင် Photos App ထဲကို ဝင်ပါ ။ 
( 2 ) Library or Album ထဲက ဒေါင်းလုတ်ဆွဲမယ့် Photos တွေကို ရှာပါ ။ 
( 3 ) ဒေါင်းလုတ်ဆွဲမယ့် Photos တွေကို Select လုပ်ပါ ။ ဒီနေရာမှာ Photos တွေ အကုန်လုံးကို Select all ရွေးပေးလို့ မရပါဘူး ။ ဒါပေမယ့် Command Key ( Ctrl Key ) ကို နှိပ်ပြီး တစ်ပုံချင်းစီကို Select လုပ်ပေးနိုင်ပါတယ် ။ 
( 4 ) Photos တွေကို ရွေးပြီးပြီ ဆိုရင်တော့ ညာဖက်အပေါ်က Download ခလုတ်ကို နှိပ်ပါ ။ 

( 5 ) Safari ကို အသုံးပြုနေတာဆိုရင် ကိုယ်နှစ်သက်တဲ့ Unmodified Original or Most Compatible တို့ကိုပါ ရွေးချယ်ပေးလို့ ရပါဦးမယ် ။ 

( Firefox နဲ့ အသုံးပြုနေတာဆိုရင် Open or Save the photo ဆိုတဲ့ Prompt လေး တက်လာပါမယ် ။ Chrome မှာဆိုရင်တော့ Photos တွေကို ဒေါင်းလုတ်ဆွဲနေတာကို မြင်ရပါလိမ့်မယ် ။ ) 

ဒါကတော့ Firefox တို့ , Chrome တို့ပေါ်ကနေ ဒေါင်းလုတ်ဆွဲလို့ Complete ဖြစ်သွားတာပဲ ဖြစ်ပါတယ် ။ 
( 6 ) Safari ကို အသုံးပြုနေတာဆိုရင်တော့ Download ကို နှိပ်ပါ ။ 
ကဲ !! ဒါဆို iCloud ပေါ်က Photos တွေကို ဒေါင်းလုတ်ဆွဲလို့ ပြီးသွားပါပြီ ။ 
ဒီတစ်ခါတော့ အပိုဆုအနေဖြင့် Apple က ထုတ်ပေးထားတဲ့ iCloud App ကို အသုံးပြုပြီး Photos တွေကို လွယ်လွယ်ကူကူ ပြန်ယူတဲ့နည်းလေး ပြောပြပါဦးမယ် ။ 
iCloud App ကို အသုံးပြုခြင်း ( Windows ) 
Windows Computer အတွက် Apple ကနေပြီး iCloud ကို လွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် iCloud App ကို ထုတ်ပေးထားပါတယ် ။ 
( အသုံးပြုချင်တယ်ဆိုရင်တော့ Computer ကနေ  ဒီလင့်မှာ သွားပြီး ဒေါင်းပါ ။ ) 
  • iCloud App ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ပါ ။ 
  • iCloud App ထဲကို ဝင်ပြီး Apple ID ဖြင့် Log in လုပ်ပါ ။ 

( 1 ) iCloud ထဲက Photos ကို Select မလုပ်ရသေးရင် Select လုပ်ပါ ။ Options က အလိုလို ပွင့်လာပါလိမ့်မယ် ။ 

( 2 ) iCloud Photo Library ကို Select ပေးလိုက်ပါ ။ 
( 3 ) Download new photos and videos to my PC မှာ Select လုပ်ပေးပါ ။ ( Change ကို နှိပ်ပြီး Photos တွေ Save မယ့် နေရာကိုလည်း ရွေးချယ်ပေးနိုင်ပါသေးတယ် ။ ) 
( 4 ) Done ကို နှိပ်လိုက်ပါ ။ 
( ကဲ .. အခုဆို Windows Computer ရဲ့ iCloud App ထဲမှာ iCloud ပေါ်က Photos တွေ အကုန် ရောက်ရှိလို့ နေပါပြီ ။ ) 
Mac Photos App ကို အသုံးပြုခြင်း ( Mac ) 
Mac ပေါ်က Photos App ဟာ iCloud ထဲမှ ကိုယ့်ရဲ့ Photos တွေကို ဒေါင်းလုတ်ဆွဲရာမှာတော့ အရမ်းကို လွယ်ကူစေပါတယ် ။ 
Photos ကို ဖွင့်ပြီး … 
( 1 ) Library or Album ထဲက ဒေါင်းလုတ်ဆွဲမယ့် Photos တွေကို ရှာပါ ။ 
( 2 ) Command ကို နှိပ်ထားပြီး Photos အမြောက်အများကို Select လုပ်ပေးလို့ ရသလို , Command + A ကို နှိပ်ပြီးလည်း Select All ရွေးချယ်ပေးလို့လဲ ရပါမယ် ။ 

( 3 ) Menu Bar မှ File ကို နှိပ်ပြီး Export ကို ရွေးပေးလိုက်ပါ ။ 
( 4 ) Export ( ? ) Photos or Export Unmodified Original For ( ? ) Photos ဆိုတဲ့ ( ၂ ) ခုထဲက ကြိုက်နှစ်သက်ရာကို ရွေးပြီး နှိပ်လျုက်ပါ ။ 
( 5 ) ပြီးကိုယ့်ရဲ့ Photos တွေ ထားမယ့် Location ကို ရွေးချယ် ပေးလိုက်ရုံပါပဲ ။ 
( ကဲ .. Mac ပေါ်က Photos App ကို အသုံးပြုပြီး iCloud ထဲက Photos တွေကို ဒေါင်းလို့ ပြီးသွားပါပြီ ။ )

Thursday, January 17, 2019

How to restore IPSW(Firmware) on iPhone, iPad, iPod Touch?

How to restore IPSW(Firmware) on iPhone, iPad, iPod Touch?


 ဒီတခါ iDevice Users တွေအတွက်အသုံးဝင်ဆုံးဖြစ်တဲ့ IPSW (Firmware) တင်နည်းလေးပဲဖြစ်ပါတယ်။
အများစုမေးမေးနေကြတဲ့မေးခွန်းလေးဆိုလည်းမမှားပါဘူး။ မိမိတို့ရဲ့ iDevice ဘယ်နည်းနဲ့မဆိုတခုခုဖြစ်
ခဲ့ပါကမိမိကဒီနည်းလေးကိုသိထားတော့ဆိုင်ကိုပြေးစရာမလိုတော့ဘူးပေါ့။ lock screen passcode တွေကို
ထည့်ထားတယ်။ မသိသူတွေကအကြိမ်များစွာ password မှားတဲ့အခါမှာမိမိ iDevice(iPhone, iPad, iPod)
ကဘယ်လိုမှဖွင့်မရတော့ဘူးလေ။ ဒီအချိန်မှာ restore ဆိုတဲ့ IPSW ခေါ်တဲ့ firmware ပြန်တင်ဖို့လိုအပ်လာ
ပါပြီ။မိမိ computer မှာ iTune တော့ရှိရပါမယ်။  ဒီတော့ဘယ်လို restore လုပ်ရမလဲဆိုတာစလိုက်ကြရအောင်။
၁) ပထမဆုံးမိမိ iDevice ရဲ့ model number ကိုသိရပါမယ်။ ဥပမာ-A1865 ဆိုတာပေါ့။ ဒီ model ကိုဘယ်
လိုကြည့်ရမလဲဆိုရင် iDevice Setting> General> About> Model ဆိုတာကိုနှိပ်ကြည့်နိုင်ပါတယ်။
ူlatest device တွေဆိုရင်ဖုန်းရဲ့နောက်ကြောဘက်မှကြည့်မရပါဘူး။ တချို့သောဖုန်းတွေမှာနောက်ကြော
ဘက်မှာကြည့်နိုင်ပါတယ်။ ဖုန်းကဖွင့်မရဘူးဆိုရင်တော့ဖုန်းရဲ့ဘူးခွံမှာပါပါတယ် IMEI ကိုရှာပြီးအောက်
ပါလင့်မှာဝင်ကြည့်ရင်ပုံပါအတိုင်းမြင်ရပြီးမိမိ Device Model ကိုမြင်ရမှာပဲဖြစ်ပါတယ်။
၂) မိမိ model သိပြီဆိုရင်တော့ IPSW ဒေါင်းရပါမယ်။ မဒေါင်းချင်ရင် IPSW CD ခွေကိုမိမိ model ပြော
ပြီးဝယ်ယူရပါမည်။ internet လွယ်သူတွေကတော့အောက်ပါလင့်မှာရှာဒေါင်းနိုင်ပါတယ်။ မိမိဖုန်းက
8 Plus ဆိုရင် iPhone ထဲက 8Plus ကိုနှိပ်ပါက model တွေ့ကိုတွေ့ပါမယ်။ မိမိ model ဘေးက download
နှိပ်ပြီးဒေါင်းယူရပါမယ်။
၃) ဒေါင်းပြီးတာပဲဖြစ်ဖြစ် CD ခွေဝယ်ပြီးတာပဲဖြစ်ဖြစ်မိမိ Device ကို Recovery mode or DFU mode
ဝင်ရပါမယ်။ မိမိဖုန်းထဲကဒေတာတွေမပျက်ချင်ရင် recovery mode ၀င်ရမှာဖြစ်ပြီး မိမိဖုန်းထဲကဒေတာ
တွေပျက်ပြီးအသစ်အတိုင်းဖြစ်ချင်ရင်တော့ DFU mode နဲ့ဝင်ရမှာပဲဖြစ်ပါတယ်။ မိမိဝင်ချင်တဲ့ mode
ကိုဘယ်လိုဝင်ရမလဲအောက်ပါလင့်မှာဖတ်နိုင်ပါတယ်။
၎) မိမိကြိုက်တဲ့ mode ၀င်ပြီးပါကအောက်ပါအတိုင်း computer iTunes တွင်မြင်ရမှာဖြစ်ပါတယ်။ ပြီးရင်
Shift key + Update  or restore ကိုနှိပ်ပေးပါကမိမိ ipsw ဖိုင်ရှိရာသို့သွားပြီး ipsw ဖိုင်ကိုေ၇ွးပေးရမှာပဲဖြစ်ပါတယ်။ update ကိုရွေးပေးတာကတော့ ios latest version ipsw ကိုရွေးခြင်းဖြစ်ပြီး restore ဆိုရင်တော့
latest version ရဲ့အရှေ့က IPSW ကိုေ၇ွးပေးနိုင်မှာဖြစ်ပါတယ်။ latest ios version ထွက်ပြီးပေမယ့် Apple
ကမပိတ်မခြင်း latest ios version အရှေ့က ios version ကို restore တင်နိုင်တာဖြစ်ပါတယ်။ ဥမမာ-
12.1.2 က latest ဆိုရင် Apple မပိတ်မခြင်း 12.1.1 ကိုတင်နိုင်မှာပဲဖြစ်ပါတယ်။ 12.1.1 ကိုပိတ်သွားရင်
ရင်တော့ 12.1.2ကိုပဲတင်ရတော့မှာဖြစ်ပါတယ်။ ဒီလိုမျိုးဆိုရင် update နဲ့ restore ဟာအတူတူပဲဖြစ်ပါ
တယ်။ ကြိုက်ရာကိုေ၇ွးနိုင်ပါတယ်။
အပေါ်ကအဆင့်တွေပြီးရင်တော့ iDevice ကို restore လုပ်တဲ့ process စတင်ပြီးနောက် ပြီးတဲ့အချိန်ထိ
စောင့်ပြီး မိမိဖုန်းပြန်ပွင့်ပြီး  set up လုပ်ပေးပြီးအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ မိမိရဲ့ Apple ID ကိုတော့
သတိထားမှတ်သားထားနိုင်ကြပါစေခင်ဗျာ။
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။

Force Restart, Recovery Mode, DFU Mode တို့ရဲ့လုပ်ဆောင်ချက်များ။

Force Restart, Recovery Mode, DFU Mode တို့ရဲ့လုပ်ဆောင်ချက်များ။




iOS Users တွေအတွက်သိသင့်တဲ့ Recovery Mode, DFU Mode, Force Restart(hard restart) အကြောင်းမျှဝေပေးပါ
မယ်။ iPhone တွေထဲမှာ နောက်ထွက်တဲ့ iPhone 8, 8Plus & iPhone X စတဲ့အသစ်တွေကတော့အရင်ထွက်
ရှိထားတဲ့ iPhone တွေနဲ့ကွာခြားပါတယ်။ iPad တွေကတော့ အရင် iPhone 6, 6s  အထိလုပ်
ဆောင်ရမယ့်အချက်တွေကတူပါတယ်။ ဒါကြောင့် force restart ဆိုတာဘာလဲ, recovery ဆိုတာဘာလဲ
dfu ဆိုတာဘာလဲဆိုတာလေးတွေအောက်မှာကြည့်ကြရအောင်။

1) Force Restart or Hard Restart
************************************
Force Restart ကတော့မိမိ iDevice ကို troubleshooting procedure လုပ်တဲ့သဘောပါ။
Clearing cache or resetting အလွယ်လုပ်တဲ့သဘောလည်းဆောင်ပါတယ်။ Force restart နဲ့ hard restart ကအတူတူပါပဲ။ 

iPhone 8 နဲ့ 8 Plus အရင်ထွက်ထားတဲ့ iPhone, iPad တွေရဲ့ force restart ကတော့ကွာခြားပါတယ်။ သူတို့အတွက်ဆိုရင် home ခလုတ်နဲ့ power ခလုပ်တို့ကိုတွဲနှိပ်ထားပြီး ပန်းသီးပုံပေါ်မှခလုတ် ၂ ခုလုံးကိုလွှတ်
ပေးရမှာဖြစ်ပါတယ်။ iPhone 7 & 7 plus မှာဆိုရင် volume down နဲ့ power ခလုတ် ၂ ခုတွဲနှိပ်ပြီးပန်သီးပုံပေါ်
မှလွှတ်ပေးရမှာဖြစ်ပါတယ်။ iPhone 8, 8Plus နဲ့ iPhone X ရဲ့ Force restart မှာဆိုရင် volume up နှိပ်ပြီး
 volume down နှိပ်ပြီးမှ side button လို့ခေါ်တဲ့ sleep button ကိုဖိနှိပ်ပေးထားရမှာဖြစ်ပါတယ်။




2) Recovery Mode on iDevice
***********************************
Recovery mode ဆိုတာမိမိ iDevice ကအကြောင်းတခုခုကြောင့်ပါဝါမတတ်တော့သည်ချိန်သော်၎င်း၊ Jailbreak device တွေမှာ tweak တခုခုကြောင့်ပါဝါမတတ်တော့သည့်အချိန်သော်၎င်း၊မိမိ iDevice ကို iOS version အမြင့်မှအနိမ့်သို့ပြန်ဆင်းချင်သော်၎င်း၊ iOS version အသစ်တင်ရာမှာ OTA (Over-the-air) မရလျင်သော်၎င်း၊ restore or update ပြုလုပ်ရန် မိမိ iDevice ကို iTunes ဖြင့်ချိတ်ပြီးပြုလုပ်နိုင်ရန်လိုအပ်သောလုပ်ဆောင်ချက်တခုဖြစ်ပါတယ်။ Recobery Mode ဟာမိမိ iOS version မြင့်ရာမှနိမ့်ရာ(သို့) နိမ့်ရာမှမြင့်ရာသို့တင်ရာတွင်မိမိလက်ရှိ data များမပျက်စေပဲလုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ တခါတရံ
iOS version အသစ်ကို OTA တင်နေချိန်မှာ recovery mode ဝင်တတ်ပါတယ်၊ အြဲ့အချိန်မှာဂအောက်ပါ restore or update နည်းသုံးရပါမယ်။ ဥပမာ...ယခုအချိန်မှာ iOS version 11.2.1 ထွက်ရှိပြီး မိမိက iOS 11.2 သိုပြန်လည်ရောက်ရှိရန်အတွက် iDevice ကို iTunes ဖြင်ချတ်ပီး Recovert Mode ဝင်ပါက မိမိ computer မှ iTunes တွင် pop-up ပေါ်လာပြီးချိန် keyboard မှ shift key+ check for update နိပ်ပြီး iOS 11.2 ipsw(firmware) ကိုရွေးပေးလိုက်ခြင်းဖြင့် iDevice သည် iOS 11.2 သို့ရောက်ရှိစေမှာဖြစ်ပါတယ်။ မိမိ iDevice အတွက် Restore or Update မပြုလုပ်မီလိုအပ်တဲ့ မိမိ iDevice version IPSW ကိုမိမိ device model အလိုက်ဒေါင်းယူထားဖို့လိုအပ်ပါတယ်။ iTunes ကနေ restoreတိုက်ရိုက်လုပ်ပါက IPSW latest ကိုဒေါင်းပြီး restore မှာဖြစ်ပါတယ်။

6 & 6 Plus, 6S & 6S Plus Recovery Mode
 *************************************************
 -Power နဲ့ Home ခလုတ်၂ ခုကိုတွဲနှိပ်ပါ။ black screen ဖြစ်တဲ့အချိန်ထိပါ။
 -black screen မြင်ရရင်အလုတ်တွေလွှတ်ပြီး home ခလုတ်တခုကိုပဲဖိနှိပ်ထားပြီး computer မှ iTunes ဖြင့် usb ကြိုးသုံးပြီးချိတ်ပါ၊ iTunes logo နဲ့ usb ပုံပေါ်သည် အထိပါ။ iPhone 5 နဲ့ 5S လည်းအတူတူပါပဲ၊ 


7 & 7 Plus recovery mode
*************************************
-iDevice ကို computer မှ iTunes ဖွင့်ပြီးချိတ်ပါ။
-ချိတ်ပြီးနောက်ပါဝါပိတ်ပါ။
-ပါဝါခလုတ်နှင့်အသံတိုးသောခလုတ် ၂ ခုစလုံးကိုတွဲနှိပ်ထားပေးပါ၊ iTunes logo နဲ့ usb ပုံပေါ်သည်အထိပါ။

 iPhone 8 & 8 Plus & iPhone X Recovery Mode *************************************************************
 -iDevice ကို computer မှ iTunes ဖွင့်ပြီးချိတ်ပါ။ -ချိတ်ပြီးနောက်ပါဝါပိတ်ပါ။
 -volume+ တချက်နှိပ်, volume- တချက်နှိပ်ပြီးပါဝါခလုတ် ကိုဖိနှိပ်ထားပေးပါ၊ iTunes logo နဲ့ usb ပုံပေါ်သည်အထိပါ။ 




3) DFU Mode on iDevice
***************************
 DFU ဆိုတာကတော့ Device Firmware Update ဖြစ်ပါ တယ်။ DFU mode ကိုသုံးပြီ iOS firmware ခေါ်တဲ့ IPSW (iOS Firmware) ကိုတင်ရမှာပဲဖြစ်ပါတယ်။ DFU mode ကိုဝင်ပြီးတင်ပါကမိမိ iDevice ရှိ Data များဆုံးရှုံး မှာဖြစ်ပြီးအသစ်ကဲ့သို့ set up ပြန်လုပ်ရမှာဖြစ်ပါတယ်။ iDevice ကပါဝါမလာတော့တဲ့အချိန်မှာ recovery mode ဝင်မရတဲ့အခါမှာ DFU mode ကိုဝင်ကြည့်ရပါမယ်။ DFU mode ဝင်ရပါက iDevice ကို Restore Firmware ပြန် လည်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တချို့user တွေက iDevice ကိုအသစ်အတိုင်းပြန်လုပ်ချင်ရင် DFU mode နဲ့ firmware တင်နိုင်မှာပဲဖြစ်ပါတယ်။ DFU Mode ဝင် ပြီး မိမိ computer မှ iTunes ဖြင့်ချိတ်ပါက iTunes တွင် မိမိ iDevice ကို restore ပြုလုပ်ခိုင်းသော pop-up တွေ့ ရမှာဖြစ်ပါတယ်။ ထိုအချိန်မှာ keyboard မှ shift key+ restore ကိုနှိပ်ပြီး မိမိဒေါင်းယူထားသော IPSW (iOS Firmware) ရွေးပေးပြီးတင်ရမှာပဲဖြစ်ပါတယ်။ မတင်ခင် မိမိ iPhone model အလိုက် IPSW ကိုဒေါင်းယူထားရ မှာပဲဖြစ်ပါတယ်။ restore လုပ်ရာမှာ shift+ restore IPSW နဲ့ iTunes မှ restore လုပ်ရာမှာအနဲငယ်ကွာပါ တယ်။ DFU mode ဝင်ပြီးချိန်မှာ iTunes ကနေ restore တိုက်ရိုက်လုပ်ပါက IPSW latest ကိုဒေါင်းပြီး restore မှာဖြစ်ပါတယ်။ မိမိက shift+ IPSW နဲ့ restore ရင်တော့မိမိလိုတဲ့ iOS version ကို restore လုပ်နိုင်မှာပါ၊ ဥပမာ.. iOS 11.2.1 ထွက်လာပေမယ့် iOS 11.2 ကို Apple က terminated မလုပ်သရွေ့ iOS 11.2 ကို restore လုပ် ရမှာဖြစ်ပါတယ်။ DFU mode ဝင်ရင် iDevice မှာဘာမှ မပေါ်ပဲ blcak screen ဖြစ်နေပါမယ်။ iTunes တွင် restore လုပ်ခိုင်းသော pop-up သာပေါ်မှာဖြစ်ပါတယ်။ 

6 & 6 Plus Below DFU Mode
********************************
iDevice ကို iTunes ဖြင့်ချိတ်ပြီး power button နှင့် home button ကိုတွဲနှိပ်ပြီး ၁၀ စက္ကန့်အကြာ power button ကိုလွှတ်ပြီး home button ကိုဖိနှိပ်ထားပေးရပါ မည်။ 

 7 & 7 Plus DFU Mode 
***************************
 iDevice ကို Computer iTunes ဖြင့်ချိတ်ပြီး volume down နှင့် power button တို့ကိုတွဲနှိပ်ပြီး black screen ဖြစ်သွားပြီးနောက် power button ကိုလွှတ်ပြီး volume down button ကိုဆက်နှိပ်ထားပေးပါက iTunes တွင် restore လုပ်ရန် pop-up ပေါ်လာမှာပဲဖြစ်ပါတယ်။

 8, 8 Plus & X DFU Mode
 **************************** 
PC က iTunes ကိုဖွင့်ပြီး iDevice ကို USB ချိတ်ပါ။ volume up နှိပ်ပြီး volume down နှိပ်ပြီး side button ကို ၁၀ စက္ကန့်ကြာမျှ ဖိနှိပ်ထားပြီးနောက် screen ပိတ်သွားပြီး ၁ စက္ကန့်အကြာ side buttonနဲ့ volume down ကိုပါတွဲနှိပ် ပြီး ၅ စက္ကန့်အကြာမှာ side Button ကိုလွှတ်ပြီး volume down ကိုသာဆက်ဖိနှိပ်ထားပါကiDevice screen သည် Black ပဲဖြစ်နေပြီး DFU mode သို့ဝင်ရောက်သွားပြီးဖြစ်ပါတယ်။ 



 Exit DFU or Recovery Mode
 ********************************
DFU or Recovery Mode ကနေပြန်ထွက်ချင်ရင်တော့
iPhone 7 & 7 Plus အရင်ကထွက်ထားတဲ့ iDevice တွေကတော့ home ခလုတ်နဲ့ power ခလုတ်တွဲနှိပ်ပြီး
ပန်းသီးပုံပေါ်မှခလုတ် ၂ ခုလုံးလွှတ်ပေးပါ။ iPhone 8, 8 Plus & iPhone X ကတော့  volume up
နှိပ်ပြီး volume down ကိုနှိပ်ပြီးမှ side button ကိုဖိနှိပ်ထားပြီး
Apple logo ပေါ်ပြီးစက္ကန့်အနည်းကြာမှလွှတ်လိုက်ပါက
DFU or Recovery Mode ကနေထွက်လိုက်တာပဲဖြစ်ပါတယ်။



iOS Users များအဆင်ပြေကြပါစေ။

Tuesday, January 15, 2019

iOS ဗားရှင်း မြှင့် သင့်ပါသလား?

Should You Upgrade iOS Version?
========================
iOS ဗားရှင်း မြှင့် သင့်ပါသလား?
====================
iOS Update ကို အကြမ်းအားဖြင့် (၃) မျိုးခွဲပြောကြည့်ပါမယ်။
(၁)Major
(၂)Minor
(၃) Bugs Fix...ဆိုပြီး Update ပေးပါတယ်။
၁)Major Update
===========
Major Update တွေက iOS 9 to 10၊ 10 to 11၊ 11 to 12 ကိုပေးတာမျိုးပါ။
အဲဒီလို Update ကြီးတွေဟာ iPhone အသစ်ထွက်တဲ့ အချိန် တစ်နှစ်မှာ တစ်ခါ iPhone အသစ်နဲ့တွဲထုတ်ပေးတာများပါတယ်။
-iPhone 5s မှာ Finger print,
-iPhone 6s မှာ Force 3DTouch,Live Photo,
-iPhone 7,7+ မှာ System Haptics,Dual Lens နဲ့ Portrait Mode,Water Resistance,
-iPhone 8/8+ မှာ AR/Portrait Lightning,
-iPhone X,Xs,XsMax,XR မှာ Face ID၊ Selfie Portrait Lighting,... နဲ့အတူ hardware အတွက် နောက်ထပ် လိုအပ်တဲ့ Feature တွေကို Update Version ဖြင့် အသစ်ပေးပါတယ်။
iPhone မော်ဒယ်အဟောင်းတွေအတွက်လဲ Major Update တွေက Interface အသစ် ပုံစံဒီဇိုင်းအသစ် ပိုပြီးမြင့်မားတဲ့လုံခြုံရေး တွေကိုပေးပါတယ်။
Major Update တွေဟာ iPhone အသစ်တွေကို အဓိကဦးတည်ပြီးပေးတယ်ဆိုပေမယ့် iPhone အဟောင်းတွေအတွက်လဲ... နောက်ဆုံး iOS version သုံးခွင့်ပေးပါတယ်။
ဒါဟာ...iOS အသုံးပြုသူများအတွက် စိတ်ကျေနပ်စရာ Apple ရဲ့ ဝန်ဆောင်မှုကောင်း တစ်ခုလို့ ပြောရမှာပါ။
လွန်ခဲ့တဲ့နှစ်အတော်ကြာက iPhone တွေအထိ Update တင်ခွင့်ပေးထားပါတယ်။
၂၀၁၃ ကထွက်ခဲ့တဲ့ iPhone 5S တွေတောင် နောက်ဆုံး iOS 12 တင်လို့ရပါသေးတယ်။
၂)Minor Update
============
Minor Update တွေကတော့ Major iOS Update ကနေ feature အသစ်များကို နဲနဲစီ ထပ်တိုးပေးချင်တဲ့အခါမျိုးမှာ ထုတ်ပေးတာပါ။
Major iOS Version အနောက်က ဒသမ နောက်က ဂဏန်းတွေဟာ Minor Update ပါ။ 12.(00)-xx
iOS 11.2 ကနေ (11.2).xxx က minor update ပါ။
iOS 10.0 to 10.1(i7+Portrait Mode)-10.2(TV App)-10.3(File System APFS, New iCloud Design)၊
iOS 11 to 11.1(New Emoji)- 11.2(iPhone X,8,8+ 7.5W Wireless Charge, Apple Pay Cash)၊
iOS 12.0 to 12.1 (New Flashlight & Camera Sound on Lock Screen,Xs,XsMax,XR-Beautygate,Real-Time Depth Control)
လိုမျိုး Fature တွေက Major Update အပေါ် Minor Update ဖြင့် ထပ်တိုးတွေပေါင်းပြီး ပေးပါတယ်။
၃)Bugs Fix Update
==============
Bugs Fix Update တွေကတော့ iOS Update ပေါ်မှာ ပေါ်လာတဲ့ပြဿနာတွေကိုဖြေရှင်းဖို့ထုတ်ပေးတာပါ။ iOS 12.1. မှာ 12 က Major iOS, 12.1.1 က Minor Update, .1 က Bugs Fix iOS Update ပါ။
iOS 11.2 တင်လိုက်လို့ အချို့ X,8+,8 User များ Camera Focus မရတော့တာကို 11.2.2 နဲ့ပြန်ပြင်ပေးတာမျိုး၊
CPU Security လုံခြုံရေးအားနည်းချက်(Spectre) ကို 11.2.2 နဲ့ဖြေရှင်းပေးတာမျိုး၊
Dual eSIM ကို 12.1.2 နဲ့ Bugs Fix Update နဲ့ပြန်ပြင်ပေးပါတယ်။
iOS Update ထွက်လာရင် မမြှင့် သင့်သလား?
============================
မမြှင့် သင့်ဘူးလားဆိုတော့ သာမာန် User တွေအနေနဲ့ မြှင့်ကို မြှင့်သင့်ပါတယ်။
iOS Update အများစုသည် အရင်ဟာထက်ပိုကောင်းသည်ဆိုသော်လည်း တခါတရံ Error အကြီးများပါလာတတ်၍ နောက် Update ကို Apple ကချက်ချင်းထုတ်ပေးရတာမျိုးလဲရှိခဲ့ဖူးသည်။
ဥပမာ-iOS 8.0.1 ထွက်ပြီး Touch ID မရဖြစ်သွားမျိုး၊
iOS 12.1.2 မှာ Auto Respring ကျသွားတာမျိုး၊ဖြစ်ခဲသော်လဲ ဖြစ်တတ်သည်ကိုသတိပြုရမည်။
iOS Update တင်ပြီးချင်း စက်ပူ ဘက်ထရီကုန်မြန်ခြင်း များလဲတချို့သူတွင်ကြုံရတတ်သည်။
တရက်နှစ်ရက်နဲ့ကောင်းသွားတတ်သော်လည်း..
တချို့က မစောင့်နိုင် ချက်ချင်း ပူတယ်လေးတယ် ဟန်းတယ် ဆိုသည်များလဲအတွေ့ရများသည်။
ထိုသူများအနေဖြင့် Update ထွက်လျှင် အရင်ဟာအဆင်ပြေနေလျှင် တင်ရန်မသင့်ပါ။
iOS Minor Update သည် minor feature ကိုသာပေးမည်ဖြစ်သောကြောင့် မတင်ဘဲလဲနေလို့ရပါသည်။
အခြားiOS Update ကို မလုပ်သင့်သူများ၊ ထွက်တိုင်းမလုပ်သင့်သောသူများလဲရှိပါသည်။
တကယ်တော့ iOS Version Update တွေဟာ တခုထက်တခု ပိုကောင်းလာတာပဲများပါတယ်။
တခါတရံမှာ.. တင်လိုက်ပြီးနောက်ပိုင်း iPhone ပေါ်မှာ iOS Update အတွက် နောက်ကွယ်မှာ Optimize ပြန်စီစဉ်နေလို့ တင်ပြီးပြီးချင်းတော့ ပြဿနာအနည်းငယ် (ဘက်ထရီအကုန်မြန်တာတို့ စက်ပူတာ စက်ဟန်းတာတို့) ဖြစ်တတ်ပါတယ်။ တစ်ရက်၊နှစ်ရက်ခန့် နေရင်ပြန်ကောင်းသွားတာများပါတယ်။
အကယ်၍ မကောင်းခဲ့လျှင်လဲ..
Settings > General > Reset > Reset All Settings
Reset လုပ်လိုက်တာနဲ့ ပြန်လည် အဆင်ပြေမှာပါ။
လုံးဝမတင်သင့်သော iOS Version Update ဆိုတာမျိုးမရှိပါဘူး။
မကောင်းဘူး မတင်နဲ့ လို့ပြောနေကြတာမျိုးတော့ မဖြစ်သင့်ပါ။
ပိုပြီးသေချာချင်ရင်တော့..
Major/Minor Update တွေကအဖြစ်များတဲ့ ပြဿနာကို ဖြေရှင်းပြီးထုတ်ပေးတဲ့ အထစ်အငေါ့မရှိ ပြဿနာကင်းကင်း
Bugs Fix iOS Update ကိုမှ လေ့လာစောင့်ကြည့်ပြီး တင်တာဟာ အကောင်းဆုံးပါ။
*Remark:
-လက်ရှိသုံးနေသော iOS အဆင်ပြေနေလျှင်၊
-စက်ပူ/ဘက်ထရီစားခြင်း ၁-၂ ရက်ခန့် ဖြစ်တတ်သည်ကို
သည်းမခံနိုင်လျှင်၊
-Update ခဏခဏတင်နေရသည်ကို မကြိုက်လျှင်
-Jailbreak လုပ်ချင်သူများ အတွက်တော့...
iOS Update ထွက်တိုင်းတင်ရန်မသင့်ပါ...
အားလုံးပဲ အဆင်ပြေကြပါစေ....

iOS ဆိုတာ ဘာလဲ? ipsw ဆိုတာ ဘာလဲ?

iOS ဆိုတာ ဘာလဲ?
ipsw ဆိုတာ ဘာလဲ?
Firmware Upgrade/Downgrade ဆိုတာ ဘာလဲ?
ဗဟုသုတ အနေနဲ့ သိချင်ရင်တော့....
What is iOS ?
==========
iOS ဆိုတာ.. ( iPhone/iPod/iPad Operating System ) ဖြစ်ပါတယ်။
အရင်ကတော့ iPhone OS လို့ ခေါ်ပြီး ခုနောက်ပိုင်းမှာတော့ iOS လို့ ပြောင်းလဲခေါ်ဆိုလာပါတယ်။
What is Downgrade / Upgrade?
=======================
What is Update OTA?
iDevice တွေကို OS upgrade ပြုလုပ်တဲ့အခါ..
Settings > General > Software Update
အဆင့်ဆင့်သွားပြီး Wi-Fi ဖြင့် Firmware Download ရယူကာ Update ပြုလုပ်ခြင်းကို Manual Upgrade လို့ခေါ်ဆိုကြပါတယ်။ OTA (On The Air)-Firmware တင်နည်းလို့ ခေါ်ဆိုသတ်မှတ်ကြပါတယ်။
What is Firmware Update with PC/Mac?
မိမိ iDevice ကို PC/Mac ကနေ iTunes ဖြင့် ချိတ်ကာ သက်ဆိုင်ရာ IPSW ကို Download ရယူကာ OS Update ဖြင့်လည်း တင်ကြပါတယ်။
What is Downgrade?
မိမိDevice မှာ Firmware တင်ထားပြီးသားကို အဆင်မပြေ၍သော်၎င်း၊မကြိုက်နှစ်သက်၍သော်၎င်း Firmware ပြန်ဆင်းတာကို ခေါ်ပါတယ်။
iOS မှာတော့ မိမိနှစ်သက်တဲ့ Firmware ကို ပြန်လည် ဆင်းခွင့် Downgrade မပြုလုပ်နိုင်ပါဘူး။
ဒါပေမယ်...Apple က ခွင့်ပြုထားတဲ့ signing version ပဲ ပြန်ဆင်းရပါတယ်။
signing ပိတ်ထားတဲ့ version ကို ပြန်ဆင်းနိုင်မှာ မဟုတ်ပါဘူး။
What is IPSW?
===========
" IPSW "ဆိုတာ..." iPhone/iPod/iPad Software "
IPSW ကတော့ ကမ္ဘာ့ ပထမဆုံး iPhone
ကိုစမိတ်ဆက်ကတည်းကအသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။
iPhone ကို iPhone 2G လို့လဲ ခေါ်ကြတယ်။တကယ်ကတော့ iPhone ပါပဲ အနောက်က မည်သည့် class မှ မပါပါဘူး ..
iPhone ကို January 09 ရက် / 2007 မှာ စတင်မိတ်ဆက်ပြသခဲ့ပြီးတော့ ... June 29 ရက် / 2007 မှာစတင်ဖြန့်ချီခဲ့ပါတယ် ။
အသုံးပြုတဲ့ iPhone OS က version 1 ဖြစ်ပါတယ် ။ အဲ့ကတည်းက ipsw ကိုစသုံးခဲ့ခြင်းဖြစ်ပါတယ် ။
IPSW file ထဲမှာဘာတွေပါဝင်သလဲဆိုတော့...
>firmware folder (၁) ခု
>BulidManifest.plist (plist = Apple Property List)
>restore.plist
>kernalcache file ၂ ခု (Document)
>dmg file ၃ ခု (dmg = Disk Image)
တို့ ပါဝင်ပါတယ် ။ ဒီ file (၅)ခုမှာ size
အများဆုံးကတော့ dmg file (၃) ခုထဲက
(၁) ခုပါ။
size 1GB or 2GB ကျော်ကျော်လောက်ရှိပါတယ် ။ ကျန်တဲ့ file (4) ခုက size သေးပါတယ် ။
> BuildManifest
*BuildManifest.plist*
BuildManifest.plist ထဲမှာကတော့ ဖိုင် (၅) ခုပါဝင်ပါတယ်
>Buildidentities
>ManifestVersion
>ProductBuildVersion
>ProductVersion
>SupportedVersionTypes
တို့ ပဲဖြစ်ပါတယ် ။ အဲ့ ဖိုင် (၅) ခုထဲက
>Buildidentities နဲ့ 
>SupportedVersionTypes
တို့ က Array အမျိုးအစားပါ ။
Array ဖြစ်တာမို့ သူ့ ထဲမှာအခန်းတွေထပ်ပြီးပါဝင်ပါသေးတယ် ။
(Programming သမားတွေနားလည်ပါလိမ့်မယ် .. Array ဟာမတူညီတဲ့ data types တွေကို အခန်းလိုက်အခန်းလိုက် သူ့ အမျိုးအစားတူတွေပဲစုပြီး စုသိမ်းပေးထားတဲ့ နေရာတစ်ခုပါ )
iDevice ကို Downgrade / Upgrade လုပ်တဲ့ အခါမှာ Buildidentities ထဲ က Array အခန်းတွေ
ထဲကမှကိုယ့် device နဲ့ ကိုက်ညီတဲ့ Device Class / Board ID ကိုရှာပါတယ်
Array အခန်းပေါင်း (၈) ခန်းပါပါတယ် အဲ့(၈) ခန်းထဲကမှ ကိုယ့် Device နဲ့ ကိုက်ညီတဲ့ အခန်းတိုင်းကို တိုက်စစ်မှာဖြစ်ပါတယ်
ပြီးမှ Apple က TSS (Tatsu Signing Server)ကို ကိုယ့် Device အတွက် တင်မယ့် firmware ဟာ compatible ဖြစ်မဖြစ် shshblobs file နဲ့ စစ်ပါတယ် .. (၂) ခုက ကိုက်ညီမှရှိမှသာ device ကို firmware downgrade / upgrade လုပ်နိုင်တာဖြစ်ပါတယ်။
shsh blobs နဲ့ ပတ်သတ်ပြီး အသေးစိတ်သိချင်ရင်တော့..
What is shsh blobs ?
shsh blobs ဆိုတာ iOS software upgrade / downgrade လုပ်တဲ့အခါမှာ အသုံးပြုပါတယ်။
Apple က iOS software Upgrade ပြုလုပ်တဲ့အခါမှာ Tatsu Signing Server (TSS) ကနေ စစ်ပေးပါတယ်။
ဖုန်းထဲက hardware အစိတ်အပိုင်းလေးတစ်ခုရှိပါတယ်။
အဲ့ဒါကို apple ဆီ request ပို့ လိုက်ပါတယ်..( restore / update လုပ်နေတုန်း internet လိုတာဒါကြောင့်ပါ )
အဲ့လို request ပို့ လိုက်တဲ့အခါ Apple က Verify လုပ်ပါတယ်။
ပြည့်စုံပြီဆိုမှ Upgrade / Downgrade လုပ်လို့ရတာပါ ။
shsh blobs မှာ အစိတ်အပိုင်း (၃) ခုရှိပါတယ်။
Apple ရဲ့Tatsu Signing Server (TSS) ကနေအဓိက စစ်တဲ့ (၃) ခုပါ..
1-ဖုန်းမော်ဒယ်
2-လက်ရှိတင်ထားတဲ့ firmware version
3-ဖုန်းရဲ့ ECID (Exclusive Chip Identification)
ECID ဆိုတဲ့ ကီးကုတ်လေးတွေ က ဖုန်းတလုံးအတွက် တခုပဲရှိပါတယ်။
တသက်လုံးမပြောင်းလဲတဲ့ကုတ်လေးတွေပါ။
ဖုန်းအမျိုးအစားကွာရင် ECID လေးတွေလဲကွာသွားပါတယ် ..
ဒါကြောင့် iPh 6 သမားရဲ့ blobs ကို iPh 7 မှာ သုံးယူလို့ မရတာပါ ..
Why save shsh blobs ?
ဘာလို့  shsh blobs ကို save ရမှာလဲ ?
Apple က signing ပိတ်ထားတဲ့ version ကို ပြန်ဆင်းနိုင်ဖို့ ပါ။
ဥပမာ... လက်ရှိ 11.1.2 ပဲထားပါတော့
11.3.1 ကို jailbreakလုပ်ထားတယ်။ Apple ကလဲ signing ပေးထားသေးတယ်...
11.3.1 shsh ကိုတော့ save ထားလိုက်မယ်...
နောက် ၂ ပတ်လောက်ကြာရင်.. 11.3.1 ကို Apple က တင်ခွင့်ပိတ်လိုက်မယ်။
မည်သူမှတင်မရတော့ဘူး ..
ဒါပေမယ့် ..signing ဖြစ်နေတဲ့ အချိန်တုန်းက blobs ကို save ထားတဲ့အတွက် iOS 12 ပေးထားပေမယ့် 11.3.1 ကို Firmware တင်လို့သွားပါတယ်..
Apple က signing ပေးတဲ့ အချိန်တုန်းက blobs ကို save မထားရင်တော့ Downgrade ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်..Downgrade ပြုလုပ်ချင်သူများက shsh blobs နဲ့ Firmware ကို save ထားခြင်း ဖြစ်ပါတယ်။
Future Restore လို့ ခေါ်ကြပါတယ်။
----------------------------------------------------------------------------------------------
မိမိ iDevice ကို မည်သည့် iOS version တင်နိုင်သည်/ဆင်းခွင့်ရသည် ကို အောက်ပါလင့်ကနေ မိမိမော်ဒယ်အမျိုးစားလိုက် Firmwaer Sign in/Unsinged ဖြစ်သည်ကို လေ့လာ ကြည့်ရှုပြီး Download ကူးယူနိုင်ပါတယ်။
>>>>>>>
https://ipsw.me/