Saturday, July 18, 2015

iPad ကနေ ဖုန်းခေါ်ကြမယ်

iPad ကနေ ဖုန်းခေါ်လို့ မရဘူးလားလို့ တစ်မေးထဲ မေးနေကြသူတွေ အတွက် အခုဆိုရင် iPad ကနေ နိုင်ငံတစ်ကာကို 3G, 4G, WiFi connection များ အသုံးပြုပြီး တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်မည့် Application တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်..

"RingCredible" လို့ အမည်ပေးထားတဲ့ iPad Free Application က iPad မှနေ၍ နိုင်ငံတစ်ကာရှိ မိုဘိုင်းလ်ဖုန်း၊ ကြိုးဖုန်းတို့ကို ဖုန်းခေါ်ဆိုနိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။

iOS 6.0 နှင့်အထက် iPad များမှာ သွင်းယူ အသုံးပြုနိုင်ပြီး..
ပထမဦးစွာ Application ကို Download/Install လုပ်ပြီးနောက် မိမိအသုံးပြုနေတဲ့ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာတို့နှင့် SingUp လုပ်ရမှာဖြစ်ပါတယ်။ Verification code ကို မိမိပေးထားတဲ့ ဖုန်းနံပါတ်ကို ပြန်လည် ပေးပို့လာပါလိမ့်မယ်။ မြန်မာနိုင်ငံမှ ဖုန်းနံပါတ်များနှင့်လည်း ပြုလုပ်နိုင်ပါတယ်။


SingUp ပြုလုပ်ပြီးနောက် နမူနာသုံးစွဲခွင့် ၁ မိနစ် ခွင့်ပြုထားပြီး ပိုမို သုံးစွဲလိုပါက Balance ဝယ်ယူ ဖြည့်တင်းရမှာဖြစ်ပါတယ်။


စင်ကာပူကနေ မြန်မာနိုင်ငံဖုန်းကို ခေါ်ဆိုမှုအတွက် တစ်မိနစ်ကို SG$0.40 မှာဖြစ်ပြီး ခေါ်ဆိုတဲ့ မိနစ်စုစုပေါင်းအပေါ်မှာ connection ချိပ်ဆက်ခ $0.07 ထပ်ပေါင်းမှာ ဖြစ်ပါတယ်။ (ဥပမာ ၁၀ မိနစ်ခေါ်ဆိုခအတွက် SG$4.07 ပါ။) မိမိရဲ့ call plan ထဲက နုတ်ယူသွားမှာ မဟုတ်ပါဘူး..။


မိမိအတွက် အသုံးတည့်မည် ဆိုပါက AppStore မှနေ၍ Free Download Install လုပ်နိုင်ပါပြီ..

>> Download RingCredible (App Store)

No comments:

Post a Comment