Saturday, July 18, 2015

သွေးစွန်းခဲ့ရသော Find My iPhone

Apple iPhone မှာ အလွန်ကောင်းမွန်ပြီး အရေးပါလှတဲ့ "Find My iPhone" ဟာ မိမိရဲ့ဖုန်း ပျောက်သွားတဲ့အခါ (သို့မဟုတ်) အခိုးခံလိုက်ရတဲ့ အခါမှာ ဖုန်းရဲ့ တည်နေရာကို ခြေရာခံပေးနိုင်လို့ ပြန်လည် ရရှိခဲ့တဲ့ အဖြစ်တွေရှိခဲ့ပါတယ်...။

ဒါပေမယ့် အခုတစ်ခါမှာတော့ "Find My iPhone" ရဲ့ တည်နေရာနောက်ကို လိုက်ရင်း ၁၈နှစ်အရွယ် လူငယ်လေး တစ်ယောက် အသတ်ခံခဲ့ရပါပြီ...



ကနေဒါနိုင်ငံ ဘရမ်တွန်(Brampton) မြို့က ၁၈ နှစ်အရွယ် Jeremy Cook ဟာ သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ iPhone ရဲ့ တည်နေရာကို "Find My iPhone" က ပေးပို့ချက်အရ လိုက်သွားခဲ့ရာမှာ သေနတ်သမား သုံးဦးနဲ့ ရင်ဆိုင်တွေ့ခဲ့ပြီး သေနတ်ဒဏ်ရာများနဲ့ London မြို့ Highbury Avenue နားမှာ သေဆုံးခဲ့ရပါတယ်။

Jeremy Cook ဟာ သူ့ကို တိုက်ခိုက်ခဲ့သူများနဲ့ မည်သို့မျှ အဆက်စပ် မရှိခဲ့ဘူးပါသလို သူ့ရဲ့ iPhone အခိုးခံရတာလား တက္ကစီပေါ်မှာ ကျကျန်နေခဲ့တာလား ဆိုတာကိုတောင်မှ သတိမထားမိခဲ့ပါဘူး။
ကံဆိုးလှစွာနဲ့ "Find My iPhone" က ပြတဲ့ တည်နေရာကို လိုက်ခဲ့ရင်း ယခုလို အဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရပါတယ်။

သေနတ်သမားတွေ ပစ်ထားခဲတဲ့ Mazda Sedan ကားဟာ ခြံစည်းရိုးနှင့် ဖုန်းတိုင်များကို တိုက်လျှက်သား၊ အဲဒီ အနီးပါတ်ဝန်းမှာ တွေ့ရှိခဲ့ပြီး Cook ရဲ့ ဖုန်းကိုလည်း ပြန်ရခဲ့ပါတယ်။
အနီးပါတ်ဝန်းကျင်မှာ ရှိတဲ့ ကင်မရာများနဲ့ Cook ရဲ့ ဖုန်းကိုလည်း Recovery စစ်ဆေးပြီးနာက်မှာ သေနတ်သမားဟာ လူမည်းတွေဖြစ်ပြီး အသက် ၁၈-၂၁ ကြား ဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။


ယခုအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့လည်လောက်က ဖြစ်ပျက်ခဲ့ပြီး သေနတ်သမားများကိုတော့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။
အခုလို ပြဿနာကြောင့် "Find My iPhone" သုံးစွဲသူတွေ ကြားမှာ ဖုန်းပျောက်သွားတဲ့အခါ ဘေးအန္တရာယ်ကင်းစွာနဲ့ လုပ်ဆောင်ရမယ့် အချက်တွေကို ဆွေးနွေးရှာဖွေနေဆဲ ဖြစ်ပါတယ်...။

အားလုံးပဲ သတိပြုနိုင်ကြပါစေ... 
                                      မဏ္ဍိုင်-နည်းပညာ



No comments:

Post a Comment