Sunday, November 11, 2018

LL/A နဲ့ ZP/A ဘယ်ဟာပိုကောင်းလဲ…?

LL/A နဲ့ ZP/A ဘယ်ဟာပိုကောင်းလဲ…? Intel/Qualcomm Modems ဘယ်ဟာပိုကောင်းလဲ /ဘယ်လိုခွဲမလဲ…?

iPhones တွေအတွက် Hardware Parts တွေကို apple က တစ်ကမ္ဘာလုံးက Distributors တွေဆီကနေ မှာယူပြီး တရုတ်နိုင်ငံက Faxconn နဲ့ Petagron စက်ရုံတွေမှာ တပ်ဆင်ပါတယ်…
တပ်ဆင်တဲ့အဆင့်ပြီးလို့ နိုင်ငံတွေကို ဖြန့်ဖြူးဖို့ ထုတ်ပိုးတဲ့အခါမှာ နိုင်ငံအလိုက် packing ပုံစံတွေ Model no.တွေ LL/A ZP/A စသည်ဖြင့် ခွဲခြားပြီး ဖြန့်ဖြူးပါတယ်…
ဘာလို့ model no. တွေခွဲရတာလဲ…?
ဂျပန်တို့ ကိုရီးယားတို့မှာ ဓာတ်ပုံခိုးရိုက်ကြတဲ့အတွက် J/A japan အလုံးတို့ KH ကိုရီးယားအလုံးတို့မှာဆိုရင် camera ရိုက်ရင် အသံပိတ်(silent/mute) လုပ်ရိုက်လို့ မရပါဘူး အသံထွက်ပါတယ်…
(third party camera apps တော်တော်များများလဲ အသံပိတ်ရိုက်လို့မရပါဘူး… jailbreak လုပ်ထားရင်တော့ အသံပိတ်လို့ရပါတယ်…)

အဲ့လိုပဲ 2pin plugs တွေပဲသုံးတဲ့ US အတွက် ထုတ်တဲ့ LL/A အလုံးတွေမှာဆို 2pin Adapter တွေဖြစ်ပြီး 3pin plugs တွေသုံးတဲ့ Singapore အလုံးတွေအတွက်ကျ 3pin Adapter တွေနဲ့လာပါတယ်…
*ဆိုလိုတာက apple က iphones အားလုံးရဲ့ Quality ကိုတော့ တစ်ကမ္ဘာလုံးအတွက် တစ်တန်းတည်း ပဲ ထုတ်လုပ်ထားတာပါ…*
Regional Codes တွေ ကွာသွားရခြင်းက နိုင်ငံအလိုက် မတူညီတဲ့ Adapters ပုံစံတွေကြောင့် Packing ထဲက Adapters တွေသာ ကွာသွားပြီး Quality ကတော့ အတူတူပါပဲ…
အဲ့လိုပဲ…ကင်မရာခိုးရိုက်ခွင့်တားမြစ်ထားတဲ့ နိုင်ငံမျိုးတွေဆို camera shutter sound ပိတ်မရတာမျိုးပဲရှိမှာပါ…Quality ကတော့ အတူတူပါပဲ…
(ဒါကြောင့်မို့ မိတ်ဆွေအလုံးက LL/A မို့ ပိုကောင်းတယ် ကျွန်တော်က ZP/A မို့ Quality ညံ့တယ်ဆိုတာမျိုးမရှိပါဘူး…iphones အားလုံး အတူတူပါပဲ…)
***Region Codes တွေကို ဓာတ်ပုံထဲမှာ ပြထားပါတယ်…***
Model No. သိဖို့အတွက် setting>general>Model ကိုသွားပါ နောက်ဆုံးက ဆုံးတဲ့ LL/A B/A စသည်ဖြင့် အဲ့ဒါ Regional Code ပါ
LL/A နဲ့ ZP/A , ZA ဘယ်ဟာဝယ်သင့်လဲဆိုတော့ Quality ကတော့ အတူတူပဲခင်ဗျ…
ဒါပေမဲ့ တစ်ခုရှိတာက မိတ်ဆွေဖုန်းတစ်စုံတစ်ရာ ချို့ယွင်းလို့ warranty နဲ့ ပြန်ပို့ရပြီဆိုရင် LL/A အလုံးတွေဟာ US ကို ပို့ရတာ ဖြစ်တဲ့အတွက် အချိန်ကြာနိုင်ပါတယ်…
ZA လို အလုံးချို့ယွင်းရင်ကျ Singapore ကိုပဲ ပို့ရမှာ ဖြစ်တဲ့အတွက် LL/A ထက်စာရင် ပိုမြန်မယ်လို့ထင်မိပါတယ်…
(ဒါပေမဲ့ ကိုယ်သဘောကျရာ သာရွေးဝယ်ကြပါ…:D)
 နောက်တစ်ချက်အနေနဲ့က iphone7/7+ ပိုင်ရှင်တွေ Intel Modem နဲ့ Qualcomm Modem ဘယ်ဟာပိုကောင်းလဲ…?
ဘယ်လိုခွဲရမလဲ…?
Qualcomm က Intel ထက် Ultra HD voice, Cellular/LTE မြန်နှူန်းတွေမှာ အနည်းငယ်သာလွန်ပါတယ်…
(ဒါမဲ့ Intel Modem ပိုင်ရှင်တွေ စိတ်မညစ်ပါနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သုံးတာ ဖြစ်တဲ့အတွက် internet speed ကတော့ အထူးပြောစရာမလိုပါဘူး…:D အရမ်းကြီး ကွာခြားသွားတာမျိုးမဟုတ်ပါဘူး…ဖုန်းပြောတဲ့ အပိုင်းနဲ့ internet speed/LTE အနည်းငယ်ပဲ ကွာတာပါ…)
Intel လား Qualcomm လားခွဲဖို့ အတွက်
Setting>general>about>Legal>Regulatory
ကိုသွားပါ
အပေါ်ဆုံးမှာရေးထားတဲ့ Model A1784/1778, A1660/1661 စသည်ဖြင့်တွေ့ပါလိမ့်မယ်
👉A1784/1778 တွေက Intel LTE Modems တွေ
ဖြစ်ပြီး
👉A1660/1661 တွေက Qualcomm
Modems တွေပါ…
 အားလုံးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ…

Friday, November 9, 2018

မိမိတို့ရဲ့ iPhone & iPad များပျောက်ဆုံးခဲ့ရင် ဘာတွေလုပ်ထားသင့်လဲ

ဘယ်သူမဆို မိမိတို့ရဲ့ တန်ဖိုးကြီး iPhone ပျောက်ဆုံးသွားလျှင် ရုတ်တရက်တော့ စိတ်ဒုက္ခ အနည်းနဲ့အများဆိုသလို ဖြစ်ကြမှာပါပဲ .. ဖုန်းပိုင်ရှင်အနေဖြင့် ပျောက်ဆုံးသွားတဲ့ မိမိဖုန်းရဲ့ Battery အားကုန်သွားမှာ ၊ ဖုန်းပိတ်ထားလိုက်မှာကို ပိုမိုစိုးရိမ်စိတ် ဝင်နေကြမယ်လို့လဲ ထင်ပါတယ် .. ဒါပေမယ့် အခုတော့ ဖုန်းပိုင်ရှင်များအနေဖြင့် အသက်ဝဝရှူလို့ ရပါပြီ .. ဘာကြောင့်လဲဆိုတော့ ပျောက်ဆုံးသွားတဲ့ ဖုန်းမှာ Battery အားကုန်သွားတာပဲဖြစ်ဖြစ် ၊ ဖုန်းပိတ်ထားတာပဲဖြစ်ဖြစ် အဆိုပါအခြေအနေမျိုးမှာတောင် ပျောက်ဆုံးသွားတဲ့ ဖုန်းကို track လုပ်လို့ ရနေလို့ပဲ ဖြစ်ပါတယ် ..
အားမရှိတဲ့ဖုန်း ၊ ပိတ်ထားတဲ့ဖုန်းကို ပြန်ရှာလို့ ရတယ်ဆိုလို့ ခင်ဗျားတို့ ခေါင်းထဲ ရှုပ်ထွေးသွားပြီလား ?
အဲဒီအတွက် အဖြေက ရှိနေပြီးသားပါ ..
Battery ကုန်သွားတဲ့ဖုန်း ၊ ပိတ်ထားတဲ့ဖုန်း ဖြစ်ပါစေဦးတော့ နောက်ဆုံးပျောက်သွားခဲ့တဲ့ နေရာကို ပြန်ရှာနိုင်တဲ့အစွမ်း ကျွန်တော်တို့ iCloud ကြီးက ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ် ..
ဒါပေမယ့် တစ်ခုတော့ ရှိတယ်ဗျ ..
ခင်ဗျားတို့အနေနဲ့ iCloud ကို Sign in လုပ်ထားပြီး ၊ ” Find My iPhone ” ကို အမြဲတမ်း On ထားဖို့တော့ လိုမယ်နော် ..
How to find your iPhone …
ခင်ဗျားတို့ရဲ့ iPhone မှာ ” Find My iPhone ” ကို On ထားပြီးသားဆိုရင်တော့ အလုပ်က တစ်ဝက်ပြီးနေပြီလို့တောင် ဆိုရမှာပါပဲ .. ဖုန်းမှာ အားမရှိ ၊ ဖုန်းပိတ်ထားတယ် ဆိုရင်တောင် အောက်မှာဖော်ပြမယ့် အချက်အလက်များက ခင်ဗျားတို့အတွက် အလွန့်အလွန်ကို အထောက်အကူ ဖြစ်စေမှာပါ ..
Battery အားမရှိဘူး ဆိုရင်တောင် iPhone အနေဖြင့် နောက်ဆုံးရှိနေခဲ့တဲ့ နေရာကို send လုပ်လို့ ရနိုင်ပါတယ် .. အဲဒီအတွက် ” Send Last Location ” ကို enable လုပ်ပေးထားဖို့တော့ လိုပါမယ် ..
ကဲ .. ဘယ်လိုလုပ်ထားရမလဲဆိုတာကို ပြောပြပါမယ် ..
Setting ကို ဝင်လိုက်ပါ ..
iCloud ကို ဝင်ပါ ..
Find My iPhone ကို နှိပ်လိုက်ပါ ..
Find My iPhone ထဲကို ရောက်ပြီဆိုလျှင် ” Send Last Location ” ကို On ပေးထားရပါမယ် ..

ပျောက်ဆုံးသွားတဲ့ iPhone ကို အခြား iPhone တစ်လုံးကို အသုံးပြုပြီး ဘယ်လို ရှာမလဲ ?
ခင်ဗျားရဲ့ သူငယ်ချင်း ၊ မိတ်ဆွေ ၊ အပေါင်းအသင်းများ၏ iPhone ဒါမှမဟုတ် iPad ဖြင့် ပျောက်သွားတဲ့ iPhone ရဲ့ တည်နေရာကို ရှာလို့ရတဲ့ နည်းလမ်း ရှိပါတယ် ..
အဲဒီဖုန်း ( or ) iPad ထဲက
Find iPhone App ကို ဝင်လိုက်ပါ ..
ဒါက ခင်ဗျားရဲ့ iPhone , iPad မဟုတ်တဲ့အတွက် ညာဖက်အပေါ်နားက Sign Out ကို နှိပ်လိုက်ရပါမယ် ..
အခု ခင်ဗျားရဲ့ ID နဲ့ Sign In လုပ်ရပါမယ် ..
ID ကို Sign In လုပ်ပြီး သွားပြီဆိုတော့ အဲဒီမှာ ခင်ဗျားရဲ့ iDevice တွေ ပေါ်လာပါလိမ့်မယ် .. ပျောက်သွားတဲ့ iPhone ကို ရွေးပေးရပါမယ် .. နှိပ်ရမယ်ပေါ့ဗျာ
ပျောက်သွားတဲ့ iPhone ရဲ့ နောက်ဆုံးရှိနေခဲ့တဲ့ တည်နေရာကို မြေပုံပေါ်မှာ Big dot ( အစက်ကြီးကြီး ) တစ်ခုနဲ့ ဖော်ပြပေးပါလိမ့်မယ် ..
ခင်ဗျားရဲ့ လက်ချောင်းလေးများဖြင့် location ကို အနီးကပ် Zoom ဆွဲယူပြီး ကြည့်ရှုလိုက်ပါ ..
အခုအောက်မှာရှိတဲ့ Actions ကို နှိပ်ပြီး ခင်ဗျားဘာလုပ်ချင်လဲ လုပ်လို့ ရပါပြီ ( Play Sound , Lost Mode and Erase iPhone )
မှတ်ချက် >> ဖုန်းပိတ်နေတယ်ဆိုရင်တောင် Find My iPhone feature က ပျောက်သွားတဲ့ iPhone ရဲ့ နေရာကို ဆက်ပြီး ရှာဖွေပေးနေမှာ ဖြစ်ပါတယ် ..

ပျောက်ဆုံးသွားတဲ့ iPhone ကို ကွန်ပျူတာဖြင့် ဘယ်လိုရှာမလဲ ?
အပေါ်က နည်းလမ်းနဲ့ ရှာဖွေဖို့ အခက်အခဲ ရှိခဲ့မယ်ဆိုရင် ကွန်ပျူတာနဲ့ ရှာဖွေလို့ရတဲ့ နည်းလမ်း ရှိပါသေးတယ် ..
ကွန်ပျူတာရဲ့ Browser မှနေပြီး iCloud.com ကို သွားပါ ..
Apple ID နဲ့ Sign In ဝင်လိုက်ပါ ..
iCloud ထဲကို ရောက်ပြီဆိုရင် ” Find My iPhone ” App icon ကို နှိပ်လိုက်ပါ ..
ခင်ဗျားရဲ့ iDevice များကို တွေ့ရပြီဆိုရင် ပျောက်သွားတဲ့ iPhone ကို ရွေးပြီး နှိပ်လိုက်ပါ ..
ကဲ .. ဒါဆို ခင်ဗျားဘာတွေ ဆက်လုပ်ရမလဲဆိုတာကို သိပါပြီနော် ( မသိရင် အပေါ်ကဟာကို ပြန်ဖတ်ကြည့် )
မှတ်ချက် >> ဖုန်းပိတ်နေတယ် ဆိုရင်တောင် ပျောက်ဆုံးသွားတဲ့ဖုန်း ဘယ်နေရာမှာ ရှိနေခဲ့လဲဆိုတာကို မြေပုံပေါ်မှာ ပြပေးသွားနိုင်ပါတယ် ..
What is Lost Mode ?
” Find My iPhone ” ကို အသုံးပြုထားမယ်ဆိုလျှင် သူ့ရဲ့ အခြား option တစ်ခုဖြစ်တဲ့ ” Lost Mode ” ကိုလဲ သိထားသင့်ပါတယ် ..
Lost Mode ကို enabled လုပ်လိုက်မယ်ဆိုလျှင် ပျောက်သွားတဲ့ iPhone ကို Lock လုပ်ပေးလိုက်မည် ဖြစ်ပြီး ၊ အဆိုပါ ဖုန်းရဲ့ Display Screen ပေါ်မှာ ဖုန်းနံပါတ်တစ်ခုနဲ့ Custom message တစ်စောင် သွားပေါ်နေမှာ ဖြစ်ပါတယ် .. ခင်ဗျားကိုယ်တိုင် ဖုန်းကို ပြန်ရပြီး Lost Mode ကို disable လုပ်ပေးမှသာ ဒီစာတွေက ပျောက်သွားမှာ ဖြစ်ပါတယ် ..
တစ်ခုရှိတာက Lost Mode ဟာ iPhone ရဲ့ Battery life ပေါ်မှာပဲ အလုပ်လုပ်တာ ဖြစ်ပါတယ် .. ဘာကြောင့်လဲဆိုတော့ internet ဖြင့် သူ့ဘာသာ ချိတ်ဆက်နိုင်လို့ ဖြစ်ပါတယ် .. ခင်ဗျားရဲ့ ဖုန်းမှာ Battery အား အနည်းငယ်ရှိနေဦးမယ် ဆိုရင်တော့ အခြား options များကို အသုံးပြုတာထက် ” Lost Mode ” ကို အသုံးပြုဖို့အတွက် ကျွန်တော်တို့ အကြံပြုချင်ပါတယ် ..
Lost Mode ကို အသုံးပြုဖို့အတွက် …
Find iPhone App ကို ဝင်ပါ ..
ပျောက်ဆုံးသွားတဲ့ ဖုန်းကို နှိပ်ပါ ..
Lost Mode ကို နှိပ်ပါ ( Turn On Lost Mode ဆက်ပြီး နှိပ်ပါ )
ပျောက်သွားတဲ့ ဖုန်းရဲ့ Lock Screen မှာ ပေါ်ဖို့အတွက် ကိုယ်ကြိုက်နှစ်သက်သလို စာရိုက်ထည့်ပေးပါ ..
Done ကို နှိပ်ပါ
မှတ်ချက် >> ခင်ဗျားရဲ့ ဖုန်းကို ပြန်ပြီး ရှာတွေ့လို့ password ဖြင့် unlock ပြုလုပ်ပြီး Lost Mode ကနေ ထွက်လို့ ရပါတယ် ..
What is Play sound ?
Play sound – ဖုန်းသည် Silent or Vibrate အနေအထား ဖြစ်နေသည့်တိုင် ကျယ်လောင်ပြီး ကြားနိုင်လောက်မည့် Tone အသံ ထွက်ပေါ်လာပါလိမ့်မည် .. ဒီ option ကိုတော့ ခင်ဗျားတို့ရဲ့ အိမ်အနီးအနား ဝန်းကျင်မျိုးတွင် iPhone or iPad ပျောက်သွားခဲ့ပါက အသုံးပြုသင့်ပါတယ် ..
What is Erase ?
Erase – ခင်ဗျားအနေဖြင့် ပျောက်ဆုံးသွားတဲ့ iDevice ကို ပြန်မရနိုင်တော့ဘူး ဒါမှမဟုတ် အဲဒီအထဲမှာ ရှိနေတဲ့ Data တွေကို တစ်စုံတစ်ဦးမှ ရယူ အသုံးပြုသွားမှာ စိုးလို့ စသည်ဖြင့် အဲဒီလို အနေအထားမျိုး ဆိုရင်တော့ ခင်ဗျားရဲ့ informations များကို အကာအကွယ် ဖြစ်ရန်အတွက် ကျိန်းသေ ဒီနည်းဖြင့် Delete လုပ်ပစ် ရပါမယ် ..
Find My iPhone ကို enable မလုပ်ထားဘူးဆိုရင် ဘယ်လိုရှာရမလဲ ?
ဒီလို အခြေအနေမျိုးမှာ ဆိုရင်တောင် ခင်ဗျားအနေဖြင့် Google Maps ကို အသုံးပြုပြီး ရှာလို့ ရပါသေးတယ် .. ဒါပေမယ့် Google Maps မှာ location history ကို enable လုပ်ပေးထားဖို့တော့ လိုအပ်ပါတယ် ..
ခင်ဗျားရဲ့ ဖုန်းမှာ Google location history ကို enable လုပ်မယ်ဆိုရင် …
maps.google.com/locationhistory ကို သွားပါ ..
Account ကို ဝင်မထားရသေးဘူးဆိုရင် ခင်ဗျားရဲ့ Google account ဖြင့် Log In ဝင်လိုက်ပါ ..
ပျောက်သွားတဲ့ဖုန်းကို ပြန်ပြီး ရှာဖို့ ကြိုးစားမှု အနေဖြင့် ဖုန်းနောက်ဆုံးပေါ်ခဲ့တဲ့ နေရာကို စစ်ဆေးကြည့်ပါ ..
Battery အားကုန်တာပဲဖြစ်ဖြစ် ၊ ဖုန်းပိတ်ထားတာပဲ ဖြစ်ဖြစ် အထက်ပါ နည်းလမ်းများဟာ ပျောက်သွားတဲ့ ဖုန်းကို ရှာဖွေရာမှာတော့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ..
အားလုံးအဆင်ပြေကြပါစေ …

Application တစ်ထဲခုထဲနဲ့ Social Media App အစုံသုံးနိုင်မည့် App

ကျွန်တော်တို့ အရင် မိတ်ဆက်ပေးဖူးတယ့် Friendly App ထက်ကို ယခု App က Social Media တွေ တော်တော်စုံလင်လှပါတယ်။

Siri က သင့်ကို ဘာတွေကူညီပေးနိုင်မလဲ

Siri ဟာ Apple ရဲ့ Virtual Smart Assistant ဖြစ်ပါတယ်။ ဒါကို လူအများစုသိကြမှာပါ။ အရင် iOS Version တွေတုန်းက Siri နဲ့ အဆင်ပြေပြေဖုန်းခေါ်လို့ရပေမဲ့ နောက်ပိုင်းမှာ ဘာ Shortcut မှမသုံးဘဲ ဖုန်းခေါ်တာတွေလုပ်လို့မရတော့ပါဘူး။
ဒါကြောင့် စာဖတ်သူအနေနဲ့ Siri ကိုအသုံးပြုခြင်း နည်းကောင်းနည်းလာပါလိမ့်မယ်။ ဒါပေမဲ့ Siri ဟာ ဖုန်းခေါ်တာ မက်ဆေ့ခ်ျပို့တာတို့ထက် ပိုစွမ်းဆောင်နိုင်တယ်ဆိုတာ သတိရပါ။ အခုကျွန်တော်ဖော်ပြပေးမှာတွေကတော့ ကျွန်တော်တို့နိုင်ငံမှာ တော်ရုံတန်ရုံ သုံးလို့ရမယ့် လူသိပ်မသိတဲ့ Siri Command တွေဖြစ်ပါတယ်။ ကိုယ်တိုင် စမ်းကြည့်ကြည့်ပေါ့။
Movie Trailer တွေပြခိုင်းမယ်။
Siri ဟာ ထွက်ရှိပြီးသား သို့မဟုတ် ထွက်ရှိတော့မယ့် ရုပ်ရှင်တွေရဲ့ Trailer ကို ပြနိုင်စွမ်းရှိပါတယ်။ ဒါကို လုပ်ဆောင်ဖို့ Siri ကို “Show me the trailer of [MOVIE_NAME]” ဆိုပြီး ကိုယ်ကြည့်လိုတဲ့ ရုပ်ရှင်နာမည်ကို ပြောလိုက်ပါ။ (မြန်မာကားတွေတော့ မရဘူးနော်) ဒါ့အပြင် ဒါရိုက်တာက ဘယ်သူဆိုတာ သိချင်ရင် “Who is the director of [MOVIE_NAME]?” ဆိုပြီးမေးလို့ရပါတယ်။
Rotten Tomatoes ရဲ့ ရုပ်ရှင် Rating ကိုကြည့်မယ်။
Rotten Tomatoes ဆိုတာ IMDB လိုပဲရုပ်ရှင်တွေကို Review လုပ်ပြီး Rating ပေးတဲ့ နာမည်ကြီး ဝဘ်ဆိုက်တစ်ခုပါ။ ဒီ Rating ကို Siri နဲ့ စစ်ခိုင်းဖို့ဆိုရင် “Is [MOVIE_NAME] worth watching?” ဆိုပြီး ကိုယ်စစ်ချင်တဲ့ ရုပ်ရှင် Rating ကိုစစ်လို့ရပါတယ်။
Photo တွေရှာမယ်
ဒီ command ဟာ ကိုယ်ပြောလိုက်တဲ့ အရာရဲ့ ပုံတွေကို မြန်မြန်နဲ့ လွယ်လွယ်ကူကူရှာပေးမယ့် command ပါ။ ကိုယ်ပြောလိုက်တဲ့ keyword အပေါ်မူတည်ပြီး ဖုန်းတဲ့မှာရှိရင်လည်း ဖုန်းထဲကပုံတွေကို ဖော်ပြပေးပါတယ်။ ဖုန်းထဲမှာ မရှိရင် bing ကနေရှာပြီး တန်းပြပေးပါတယ်။ command ကတော့ “Show me the picture of [KEYWORD]” ဆိုပြီး ကိုယ်ရှာချင်တဲ့ ပုံရှာပါ။ နေရာတွေအလိုက်လည်း ရှာလို့ရပါတယ်။ ဒါဆို “Show me the picture I took in [LOCATION]” ဆိုပြီးတော့ပေါ့။
အားကစား သတင်းအကြောင်းမေးမယ်
ဒါဟာ အားကစားလိုက်စားသူတွေအတွက် ဒီ command လေးက အဆင်ပြေစေမှာပါ။ Premier League, Champions League တွေရဲ့ score တွေကို စစ်နိုင်တဲ့အပြင် တခြား နာမည်ကြီး အားကစားပွဲတွေရဲ့ score တွေကိုလည်း ကြည့်နိုင်ပါတယ်။ “What are the scores from [SPORT_EVENT]?” ဆိုပြီး ကိုယ်သိချင်တဲ့ အားကစားပွဲရဲ့ ရလဒ်တွေကို စစ်ပါ။ “Did [SPORT_TEAM] win the last team?” ဆိုပြီးတော့လဲ ကိုယ် သိချင်တဲ့အသင်း နိုင်မနိုင်ကို စစ်ကြည့်နိုင်ပါတယ်။ နောက်ပွဲက ဘယ်အချိန်လဲဆိုတာသိချင်ရင် “When is the next [SPORT_EVENT] match?” ဆိုပြီးမေးလို့ရပါတယ်။
Weather အကြောင်းမေးမယ်
ဒီ command ဟာ ရာသီဥတု အပြောင်းအလဲများတဲ့ ရန်ကုန်လိုမြို့တွေမှာ အသုံးဝင်မှာပါ။ “How is the weather today?” ဆိုပြီးမေးလိုက်တာနဲ့ တစ်နေ့တာ ခန့်မှန်းချက်တွေကို ပြောပြမှာဖြစ်ပြီး နာရီအလိုက် ခန့်မှန်းချက်တွေကို ဖော်ပြမှာပါ။ ဒါအပြင် ဒီနေ့အပြင်ထွက်ရင် ထီးလိုလားမလိုလားဆိုတာကိုလည်း “Do I need an umbrella?” ဆိုပြီးမေးလို့ရပါတယ်။ ဒါ့အပြင် နောက် ၁၀ရက် အတွင်းရဲ့ ရာသီဥတုခန့်မှန်းချက်ကို “How is the weather for [DAY]?” ဆိုပြီးမေးလို့ရပါတယ်။
ဘယ်အချိန်နေထွက် မှာလဲ။ ဘယ်အချိန်နေဝင်မှာလဲ။
Siri ကို နေထွက်ချိန် နေဝင်ချိန် ကို အနီးစပ်ဆုံး အဖြေရအောင် မေးလို့ရပါတယ်။ “When is sunset/sunrise today?” လို့မေးလိုက်ပါ။
Event တွေကြည့်ခိုင်းမယ်။
ကိုယ်ပြောလိုက်တဲ့နေ့တစ်နေ့ ဒါမှမဟုတ် ကိုယ့် contact ထဲက လူတစ်ယောက်ယောက်ရဲ့မွေးနေ့ ဒါမှမဟုတ် event တစ်ခုကို ရောက်ဖို့လိုသေးတဲ့ နေ့ကို ဒီcommand နဲ့ ရေတွက်ခိုင်းလို့ရပါတယ်။ နာရီလည်း တွက်ခိုင်းလို့ရပါတယ်။ “How many days/hours until [DATE/TIME]?” ဆိုပြီးမေးလို့ရပါတယ်။ တစ်ယောက်ယောက်ရဲ့ မွေးနေ့ကို ရောက်ဖို့ ဘယ်နှရက်ကျန်သေးကြောင်းမေးချင်တယ်ဆိုရင် contact ထဲမှာတော့ birthdate ထည့်ထားဖို့လိုပါတယ်။ Event အတွက်လည်း Calendar မှာ အရင်မှတ်ထားဖို့ လိုပါတယ်။ ဒါ့အပြင် ကိုယ်ပြောလိုက်တဲ့ ရက်တစ်ရက်ရက်ကနေ ဒီနေ့ထိ ဘယ်နှရက် ဘယ်နှနာရီရှိပြီဆိုတာသိချင်ရင်တော့ “How many days/hours from [DATE/TIME]?” ဆိုပြီး မေးလို့ရပါတယ်။
အဲ့နေ့က ဘာနေ့ကျလဲ။
ကျွန်တော်တို့ တော်တော်များများ ကြုံဖူးမှာပါ။ တစ်ယောက်ယောက်က ရက်တစ်ရက် ပြောလိုက်ရင် အဲ့နေက ဘာနေ့ကျလဲဆိုပြီး Calendar ကိုတကူးတက ကြည့်ရတာမျိုးပေါ့။ ဒါမျိုးလောက်ကတော့ Siri ကို မေးလို့ရပါတယ်။ “What day is [DATE]?” ဆိုပြီး မေးရုံပါပဲ။
ကိုယ်လုပ်ရမယ့်အလုပ်တွေကို သတိပေးခိုင်းမယ်။
Siri ကို ကိုယ်လုပ်ရမယ့် ကိစ္စတွေကို ကူမှတ်ခိုင်းလို့ရပါတယ်။ “Remind me to [TASK] at [DATE/TIME]” ဆိုပြီး ကိုယ်မှတ်ထားစေချင်တဲ့ အလုပ်နဲ့ အချိန်ကို မှတ်ထားခိုင်းလို့ရပါတယ်။ အဲ့အချိန် ရောက်ရင် Reminder ကသတိပေးပါလိမ့်မယ်။
Timer ပေးမယ်။Alarm ပေးမယ်။
ဒါကတော့ ရိုးရှင်းပါတယ်။ အချိန်နောက်ပြန်ရေစေချင်တယ်ဆိုရင်တော့ “Set timer to [DURATION]” ဆိုပြီးကိုယ်ပေးချင်တဲ့ ကြာချိန်ကိုပြောပေးရုံပါပဲ။ Alarm ပေးချင်ရင်တော့ “Set an alarm for [TIME]” ဆိုပြီး ပြောရုံပါပဲ။
Dictionary ကြည့်ခြင်း။
Apple မှာ built-in dictionary ရှိတာကြောင့် Siri ဟာ dictionary ကြည့်ပေးနိုင်စွမ်းရှိပါတယ်။ “Define [WORD].” ဒါမှမဟုတ် “What is the meaning of [WORD]?” ဆိုပြီး ကိုယ်သိချင်တဲ့ စာလုံးရဲ့ အဓိပ္ဗာယ်ကို ရှာခိုင်းလို့ရပါတယ်။ (Eng to Eng သာ)
ခုဖွင့်ထားတဲ့ သီချင်းကဘာတုံး။
ကိုယ်က သီချင်းကို ကြားပြီး နာမည် မသိဘူးဖြစ်နိုင်ပေမဲ့ Siri ကတော့ တော်တော်များများကို သိပါတယ်။ “What song is this?” လို့မေးလိုက်ရင် Siri ကအလိုလို သီချင်းကို နားထောင်ပြီး နာမည်ကို ပြောပြမှာပါ။ Eng သီချင်းများနှင့်သာ စမ်းကြည့်ဖူးပါတယ်။ (ကိုယ်ရှာနေတဲ့ သီချင်းက Apple Online Music Library ထဲရှိရင်တော့ တွေ့မှာပါ။)
Siri ကို အမျိုးတွေမှတ်ခိုင်းမယ်။
ဒါကတော့ ကိုယ့် Contact ထဲမှာ ရှိတဲ့ လူတစ်ယောက်ယောက်က ကိုယ်နဲ့ ဘယ်လိုတော်စပ်တယ်ဆိုတာကို မြန်မြန်လွယ်လွယ် မှတ်ခိုင်းမယ့် Command ပါ။ “[NAME] is my [RELATIONSHIP]” ဆိုပြီး မှတ်လို့ရပါတယ်။ ဥပမာ “Hla Htay is my uncle.” ဆိုပြီးပေါ့။ Contact Name က English လိုဖြစ်နေဖို့လိုပါတယ်။ Myanglish တွေဆို ဖြည်းဖြည်းပီပီ ပြောပေးပါ Siri က နားလည်နိုင်ပါတယ်။
ဘဝကို အဓိပွာယ်ဖွင့်မယ်။
“What is the meaning of life?” ဆိုပြီးမေးကြည့်ပါ တစ်ခါတလေ Siri က လေးလေးနက်နက်ပြောပြပါလိမ့်မယ်။
Siri ကို လျှာခလုတ်တိုက်တဲ့ စာကြောင်းတွေ ရွတ်ခိုင်းမယ်။
တကယ်တော့ Tongue Twister ကို ပြောတာပါ။ “Tell me a tongue twister.” ဆိုပြီး သူပြောသလို လိုက်ပြောကြည့်ပါ။ ပြီးရင် သူငယ်ချင်းကို စိန်ခေါ်ပါ။ ပျော်ရတာပေါ့။
ပို့စ် ရှည်သွားပြီဗျာ… အရင်ဆုံး ဒီ Command လေးတွေ ပျင်းနေရင် စမ်းကြည့်ပေါ့ဗျာ။ စိတ်ဝင်စားစရာလည်းကောင်းတယ်။ အသုံးလည်းဝင်တယ်။ Eng လိုလေ့ကျင့်ရာတောင် ရောက်သေးတယ်။ တစ်ချက်ခုတ် သုံးလေးချက်လောက် ပြတ်ပေါ့ဗျာ။

KBZ Mobile Banking ဖြင့် iTune Gift Card များဝယ်ယူနိုင်ပီ

အရင်နေ့က KBZ Mobile Banking App ကို Update ပေးလိုက်ပါတယ်။ ယခု Update မှာ Gift Card များ ဝယ်ယူနိုင်မယ့် Function ကို ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် iOS User များ အဆင်ပြေ လွယ်ကူစွာ ဝယ်ယူနိုင်ပါလိမ့်မယ်။
iTune Gift Card အပြင် Steam / Google Gift Card / Easy Point / Viber Payment တွေလဲပါဝင်ပါတယ် ဈေးလဲ သက်သာပါတယ်။
KBZ Mobile Banking Download Link

Scanner ကဲ့သို့ အသုံးပြုနိုင်သော Note

ဒါကတော့ Note App ကို အသုံးပြုပြီး Documents တွေကို Scan ဖတ်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် ။
ကျနော်တို့ အနေဖြင့် App Store ကနေပြီး Document Scanner Applications တွေကို ဝယ်ယူ ဒေါင်းလုတ်ဆွဲစရာ မလိုပဲ Built in ပါလာတဲ့ ဒီ Note App ကို အသုံးပြုပြီး Scan ဖတ်ကာ သိမ်းဆည်း ( Save ) ထားနိုင်ပါတယ် ။
( အရေးကြီးတဲ့ Document Scan Files တွေကို ရေရှည်အတွက် သိမ်းဆည်းထားချင်တယ် ဆိုရင်တော့ Note App ထဲကို ဝင် ။ ပထမဆုံး မြင်ရတဲ့ Folder ခေါင်းစဉ်အောက်မှ ICloud ရဲ့ Notes ထဲကို ဝင်ပြီး New Note သင်္ကေတကို နှိပ်ပြီး အောက်က ပုံထဲက အဆင့်တွေအတိုင်း လုပ်ပါ ။ ဒါဆိုရင် မိမိရဲ့ အရေးကြီးတဲ့ Document Scan Files တွေကို iCloud ပေါ်မှာ သိမ်းဆည်းထားပြီး ဖြစ်ပါတယ် ။ ကျနော်တို့အနေဖြင့် အခြားသော iPhone အသစ်တစ်လုံးကို ပြောင်းလဲပြီး အသုံးပြုမယ် ဆိုရင်တောင် ကျနော်တို့ရဲ့ Apple ID ကို Sign In လုပ်လိုက်ခြင်းဖြင့် အဆိုပါ အရေးကြီးသည့် Document Scan Files များကို ပြန်လည် ရရှိနိုင်မှာ ဖြစ်ပါတယ် ။ )
New Note ထဲကို ရောက်ပြီ ဖြစ်ပါတယ် ။
ပုံထဲမှ အဝိုင်းလေးထဲက ( + ) သင်္ကေတ အိုင်ကွန်လေးကို နှိပ် ။
ပေါ်လာတဲ့အထဲက Scan Documents ကို ဆက်ပြီး နှိပ်ပါ ။
ပုံထဲမှာ မြင်ရတဲ့အတိုင်း Scanner Camera ထဲကို ရောက်သွားပါမယ် ။
Scan ဖတ်မယ့် Documents ကို ချိန်ပေးလိုက်ပါ ။
Shutter Button လို့ ခေါ်တဲ့ ဓါတ်ပုံရိုက်တဲ့ ခလုတ်လေးကိုတောင် နှိပ်စရာ မလိုအပ်ပါဘူး ။ Documents တွေကို ချိန်လိုက်တာနဲ့ အလိုအလျောက် Scan ဖတ်ပြီး ဖြစ်သွားမှာ ဖြစ်ပါတယ် ။
Documents ကို Scan ဖတ်ပြီးတာနဲ့ ဘယ်ဖက်အပေါ်က Done ကို နှိပ်လိုက်ပါ ။
အကယ်၍ မိမိ Scan ဖတ်ထားတဲ့ ပုံကို စိတ်ကျေနပ်မှု မရှိပါက ညာဖက်အပေါ်က Retake ကို နှိပ်ပြီး နောက်တစ်ကြိမ် Documents တွေကို Scan ဖတ်နိုင်ပါမယ် ။
အဲဒီအောက်မှာလည်း မိမိ Scan ဖတ်ထားတဲ့ ပုံတွေကို Crop တာတို့ ၊ Colors ချိန်းပေးတာတို့ ၊ Rotate လှည့်တာတို့ ၊ ဒါမှမဟုတ် မကြိုက်လို့ Delete လုပ်တာတို့ စသည်ဖြင့်ပါ Scan Files တွေကို Edit လုပ်နိုင်ပါသေးတယ် ။
ပြီးရင် Scan ဖတ်ထားတဲ့ Documents ပုံတွေကို Photo Library ထဲကို ရောက်အောင် ပို့ပါမယ် ။

ကျနော်တို့ iPhone တွေမှာ Built in ပါလာတဲ့ Note App ဟာ ဒီလို အသုံးဝင်မှန်း အစက မသိခဲ့ဘူး မဟုတ်လားဗျ ?
ကဲ ကဲ အခုသိပြီမို့ ကျနော်ပြောတဲ့အတိုင်း ဟုတ် မဟုတ် ကိုယ်တိုင်သိရအောင်လို့ လက်တွေ့ စမ်းကြည့်လိုက်ရအောင်ဗျာ ။
အားလုံးအဆင်ပြေကြပါစေ ။
CRD;;ဇာနည် ( iOS Banker Myanmar )



iPhone နှင့် iPad တွေမှာ ဘက်ထရီချွေတာ သုံးစွဲနိုင်စေသည့် အချက်များ..


📲iPhone နှင့် iPad တွေမှာ ဘက်ထရီချွေတာ သုံးစွဲနိုင်စေသည့် အချက်များ....
1-Turn on Low Power Mode
========================
Settings > Battery > Low Power Mode ကို ဖွင့်ပါ။
2-Turn on Auto-Brightness
=======================
Settings > General > Accessibility Display Accommodations > Auto-Brightness > ကို ဖွင့်ပါ။
3-Turn Off True Tone
==================
Settings > Display & Brightness > True Tone ကို ပိတ်ပါ။
4-Don’t bother closing apps
=========================
မိမိ အသုံးပြုခဲ့ပြီးသော App များက Background မှာ ရှိနေပါတယ်။
Home Buttom ကို နှစ်ချက် နှိပ်လိုက်ပါက App Switcher ပေါ်လာပါလိမ့်မည်။
(***iPhone X swip up)
မိမိ အသုံးပြုထားသော backgroud Apps များကို မပိတ်ပါနဲ့...
5-Prevent Background App Refresh
================================
Settings > General > Background App Refresh > မှာ off ပါ။
6-Don't Automatically Update Apps
================================
Settings > iTunes & App Store > Updates ကို ပိတ်ပါ။
7-Stop Motion & Animations
=========================
Settings > General > Accessibility > Reduce Motion ကို On ပါ။
8-Turn Off Other Location Settings
==============================
Settings > Privacy > Location Services > System Services >
Location-Based iAds,Popular Near Me, and Setting Time Zone တို့ကို ပိတ်ပါ။
(မိမိ မလိုအပ်သော အချို့ App များရဲ့ Location ကို Never လုပ်ထားပါ။)
9-Turn off Equalizer
==================
Settings > Music > EQ > မှာ off ပါ။
10-Keep Wi-Fi Off
================
Settings > Wi-Fi ကို ပိတ်ပါ။
(Cellular Data ဖြင့် အသုံးပြုလျှင်)
11-Make Sure Personal Hotspot Is Off
=================================
Settings > Personal Hotspot ကို ပိတ်ပါ။
12-Turn Bluetooth Off
===================
Settings > Bluetooth ကို ပိတ်ပါ။
13-Turn off Cellular Data unnecessary Apps
========================================
Settings > Cellular/Mobile Data > မှာ မိမိအသုံးပြုမလိုသော Apps များကို ပိတ်ပါ။
14-Turn off 4G/LTE
================
Settings > Cellular > Cellular Data Options > Voice & Data > မှာ 3G ကို ရွေးပါ။
15-Don't Take App Suggestions & Remove Widgets
============================================
မလိုအပ်သော Widgets များကို Remove လုပ်ပါ။
Widgets Page(Homescreen First Page to swip left) > Edit > (ဥပမာ-Siri App Suggestions ) ကို Remove လုပ်ပါ။
16-Turn Off Fitness Tracking
=========================
Settings > Privacy > Motion & Fitness > Fitness Tracking ကို ပိတ်ပါ။
17-Don't Send Diagnostic Data to Apple or Developers
===============================================
Settings > Privacy > Analytics >
1-Share iPhone & Watch Analytics,
2-Share With App Developers,
3-Share iCloud Analytics,
4-Improve Activity,
5-Improve Wheelchair Mode တို့ကို ပိတ်ပါ။
18-Turn Off Limit Ad Tracking
==========================
Settings > Privacy > Advertising > Limit Ad Tracking ကို ပိတ်ပါ။
19-Disable Cellular Calls Through Other Devices
===========================================
Settings > Phone > Calls on Other Devices > Allow Calls on Other Devices > မှာ ပိတ် ပါ။
20-Turn Data Push Off Email
=========================
Settings > Accounts & Passwords > Fetch New Data > Push ကို ပိတ်ပါ။
21-Turn off iCloud Backup & Disable Unneed Apps
============================================
Settings > Accounts & Passwords > iCloud >
1-iCloud Backup
2-မိမိအသုံးမပြုလိုသော Apps များ ကို ပိတ်ပါ။
22-Don't Automatically Upload Photos to iCloud
==========================================
Settings > Photos > Upload to My Photo Stream ကို ပိတ်ပါ။
23-Kill “Hey Siri and Suggestion Search Apps”
=======================================
Settings > Siri & Search >
1-Listen for "Hey Siri"နှင့်
2-မိမိ မလိုအပ်သော Apps > Search & Siri Suggestions ကို ပိတ်ပါ။
24-Disable Live Photo & Dynamic Backgrounds
=========================================
Settings > Wallpaper > Choose မှာ Live Photo & Dynamic ကို မရွေးပါနဲ့...
Stills or Photos ကိုသာ ရွေးပြီး မိမိနှစ်သက်သော သာမန်ပုံကို သာ Wallpaper ထားပါ။
25-Auto-Lock Sooner
===================
Settings > Display & Brightness > Auto-Lock > 30 Seconds,1 /2/3/4/5 Minutes တခုခု ကို ရွေးပါ။
26-Turn off Raise to Wake
=======================
Settings > Display & Brightnes > Raise to Wake ကို ပိတ်ပါ။
27-Disabled Unneeded Vibration
=============================
Settings > General > Accessibility > Vibration ကို ပိတ်ပါ။
28-Kill Push notifications from apps
================================
Settings > Notifications > (မလိုအပ်သော) Apps > Allow Notifications ကို ပိတ်ပါ။
29-Turn AirDrop Off Unless You're Using It
=====================================
Settings > General > AirDrop မှာ Receiving Off ပါ။
(Control Center မှ AirDrop ကို Receiving Off ပါ။)
30-Find the Battery Killers
========================
Settings > Battery > Battery Usage တွင် တွင် မိမိအသုံးပြုခဲ့သော ဘက်ထရီကို ပြန် စိစစ်သုံးသပ်ပါ။
31-Check battery health and disable performance
==========================================
Settings -> Battery -> Battery Health > Maximum Capability > မှာ 80% အောက် ကျနေပြီဆိုရင်တော့ Battery လဲသုံး တိုက်တွန်းပါရစေ....

Thursday, November 8, 2018

Contact Lists ထဲမှာ Custom Labels ထည့်ကြမယ် ...

Contact Lists ထဲမှာ Custom Labels ထည့်ကြမယ် ...
လက်ရှိမြန်မာနိုင်ငံမှာ MPT , Telenor , Ooredoo & MECTel ဆိုပြီး SIM Cards တွေကို အသုံးပြုလျှက် ရှိနေကြပါတယ် .. အချို့လည်း ကြိုးဖုန်းကို အသုံးပြုလျှက် ရှိနေပါသေးတယ် .. အခုဆိုရင် ဘယ် SIM Cards ကို ဝယ်ဝယ် တစ်ထောင့်ငါးရာနဲ့ အလွယ်တကူ ဝယ်ယူ ရရှိနိုင်နေပြီ ဖြစ်ပါတယ် .. ဒါကြောင့်လည်း လူတစ်ယောက်စီမှာ အနည်းဆုံး SIM Cards နှစ်ခု ( သို့မဟုတ် ) သုံးခုတော့ ကိုင်ဆောင်လျှက် အသုံးပြုနေကြပြီ ဖြစ်ပါတယ် .. ဒီအခါမှာ မိမိတို့ရဲ့ Contacts ထဲကို အဆိုပါ ဖုန်းနံပါတ်များ ထည့်သွင်း သိမ်းဆည်းကြပါတယ် .. အဆိုပါ Contact Lists ထဲမှ သူများ ခေါ်ဆိုကြတဲ့အခါမှာတော့ မည်သည့်နံပါတ် ၊ မည်သည့် Operator SIM Cards များဖြင့် ခေါ်ဆိုမှုပြုတယ်ဆိုတာကို ရုတ်တရက်အားဖြင့် မသိရှိနိုင်ပါဘူး .. ဘာလို့လဲဆိုတော့ Incoming Call Screen မှာ Contact Names ပဲ ပေါ်နေလို့ ဖြစ်ပါတယ် ..
ဒီ Posts မှာတော့ Incoming Call မှာ Contact Names အပြင် မည်သည့် Operator SIM Cards ဖြင့် ခေါ်ဆိုနေသလဲ ( သို့မဟုတ် ) မည်သည့်နံပါတ်ဖြင့် ခေါ်ဆိုနေသလဲ ဆိုတာကို ကြိုတင်သတ်မှတ်ပေးထားနိုင်တဲ့ Custom Labels ပြုလုပ်ပုံ နည်းလမ်းလေး ဖြစ်ပါတယ် ..
( မသိသေးသူများကို ရည်ရွယ်ပါတယ် )
လုပ်ရမှာကလည်း လွယ်ကူပါတယ် ..
ကဲ .. လုပ်ကြည့်ကြမလားဗျာ



Wednesday, November 7, 2018

Phone ထဲမှာ နေတဲ့ Siri မ လေးကို Setup လုပ်နည်း

Phone ထဲမှာ နေတဲ့ Siri မ လေးကို Setup လုပ်နည်း။ Siri ကအရမ်းလိမ်မာ ပြီးသဘောလဲ ကောင်း၏။ ကားမောင်း တဲ့အခါ သူရှိတော့ အန္ဒာရယ်ကင်း၏။

Tuesday, November 6, 2018

iPhone , iPad တွေပေါ်ကနေ Group FaceTime Call ကို ဘယ်လိုခေါ်ရမလဲ ?

Apple ဟာ iOS 12.1 နဲ့အတူ Group FaceTime ဆိုတဲ့ Feature ကို မိတ်ဆက် ပေးလာခဲ့ပါတယ် ။ ဒီ Group FaceTime မှာဆိုရင် FaceTime ယူစာ ( ၃၂ ) ဦး တပြိုင်နက် Audio & Video Call ကို ခေါ်ဆို ပြောဆိုနိုင်ပါလိမ့်မယ် ။ 
Apple ဟာ Group Video Call အတွက် Interface ဒီဇိုင်းကို သေသေချာချာ လုပ်ထားပါတယ် ။ ခေါ်ဆိုတဲ့သူတွေကို Little Floating Titles လေးအဖြစ် ဖော်ပြပေးထားပါတယ် ။ အပေါ်မှာ Tiles ( ၅ ) ခု , ( ၆ ) ခု ရှိပါမယ် ။ Active ဖြစ်နေတဲ့သူနှင့် စကားပြောဆိုနေတဲ့သူတွေကို အဲဒီမှာ ဖော်ပြပေးထားမှာပါ ။ ကျန်စကားမပြောပဲ နားထောင်နေတဲ့ သူတွေကိုတော့ Line ရဲ့ အောက်နားလေးမှာ ဖော်ပြပေးထားပါလိမ့်မယ် ။ 
ဒါပေမယ့် တစ်ယောက်ယောက်က စကားစပြောလိုက်တာနဲ့ ထိုသူရဲ့ Bubble လေးက အလိုအလျှောက် အပေါ်ကို တက်သွားမှာပဲ ဖြစ်ပါတယ် ။ 
Apple ဟာ Group FaceTime Feature မှာ Animoji , Memoji နဲ့အတူ FaceTime Camera ထဲမှာပါတဲ့ Filters တွေဖြင့် ပျော်စရာအဖြစ် ဖန်တီးနိုင်ရန် စီစဉ်ထားပါသေးတယ် ။


Group FaceTime Video Call Feature ကို ဘယ် Devices တွေမှာပဲ ရမှာလဲ ? 
ပထမဆုံးအနေဖြင့် Group FaceTime Video Call ကို အသုံးပြုနိုင်ရန်အတွက် iPhone , iPad ရဲ့ iOS Version ဟာ 12.1 နဲ့အထက် ဖြစ်ရပါမယ် ။ ( အခု iOS 12.1 က Latest Update ဖြစ်ပါတယ် ) 
ဒုတိယကတော့ ဒီ Group FaceTime Video Call Feature ကို Support လုပ်တဲ့ Devices စာရင်းထဲမှာ မိမိရဲ့ Device ပါ , မပါ စစ်ကြည့်ရပါမယ် ။ Group FaceTime Video Call Feature ကို A9 Processor ကနေ အထက်ကိုပဲ Support ပါတယ် ။ ( ဒီတော့ iPhone 6S ကနေ စပြီး အထက်ကို ရပါမယ် ) 
( *** Group FaceTime Video Call Feature ကို မရတဲ့ Devices တွေကတော့ iPhone 5S , iPhone 6 , iPhone 6 Plus , iPad Air , iPad Mini 2 , iPad Mini 3 , iPad Mini 4 and 6th generation iPod Touch တို့ပဲ ဖြစ်ပါတယ် ။ *** )
Group FaceTime Video Calls ကို ဘယ်လိုခေါ်ရမလဲ ? 
Step ( 1 ) 
  • FaceTime App ထဲကို ဝင်ပါ ။ 
Step ( 2 ) 
  • ညာဖက်အပေါ်က ( + ) သင်္ကေတလေးကို နှိပ်ပါ ။

    Step ( 3 ) 
  • Next Screen ကို ရောက်တဲ့အခါ Search Bar ကို နှိပ်ပြီး ၊ ဆက်သွယ်မှု ပြုမယ့် Contacts ကို ရှာရပါမယ် ။ သူတို့ရဲ့ Number က အပြာရောင် ( Blue ) ဖြစ်နေတယ်ဆိုရင် သူတို့ FaceTime မှာ ရှိနေလို့ ဖြစ်ပါတယ် ။ အဲဒီလူကို Tap လိုက်ရပါမယ် ။ အဲဒီနောက် သူတို့နာမည်ရဲ့ နောက်က Space ကို ထပ်နှိပ်ပေးရပါမယ် ။ ဒါဆို Process ကို ထပ်လုပ်ပေးသွားပါလိမ့်မယ် ။ 
Step ( 4 ) 
  • Video or Audio Button ကို နှိပ်ပြီး မိမိခေါ်ဆိုမှု ပြုချင်တဲ့ လူတွေ အားလုံးကို ထပ်ပြီး ထည့်သွားလိုက်ရုံပါပဲ ။ ဒါဆို ခေါ်ဆိုမှု စပါပြီ ။ 
Step ( 5 ) 
  • Memoji Mask တို့ , Animoji တို့ , ဒါမှမဟုတ် Filters တွေကို ရယူဖို့အတွက်ကတော့ ဘယ်ဖက်အောက်ခြေက Effects Button လေးကို နှိပ်ပြီး သွားရပါမယ် ။ 
iMessages မှာ Group FaceTime Video Call ကို ဘယ်လို အသုံးပြုမလဲ ? 
Step ( 1 ) 
  • Messages App ထဲကို ဝင်ရပါမယ် ။ ပြီးရင် ပို့နေကြ ဖြစ်တဲ့ iMessage Thread ထဲကို သွားရပါမယ် ။ 
Step ( 2 ) 
  • အပေါ်မှာ ရှိတဲ့ Contact Bubbles လေးကို နှိပ်လိုက် ရပါမယ် ။ ပြီးအောက်ကို ဆင်းသွားပြီး FaceTime ကို နှိပ်ကာ Group Video Call ကို စခေါ်လို့ ရပါပြီ ။ Group Audio Call ကို ခေါ်ဖို့ကတော့ Audio Button ကို နှိပ်ပြီး ခေါ်ရပါမယ် ။ 
Step ( 3 ) 
  • FaceTime Group Call က ချက်ချင်း စပါတယ် ။ မိမိနဲ့အတူ ချိတ်ဆက်နေတဲ့ သူကို တန်းပြီး မြင်ရပါလိမ့်မယ် ။ 
Step ( 4 ) 
  • တစ်စုံတစ်ယောက်က ထွက်သွားတာနဲ့ တပြိုင်နက် နောက်မှ ပြန်ချိတ်နိုင်ရန်အတွက် Button လေးကို သူတို့ဖက်က မြင်တွေ့ရပါလိမ့်မယ် ။ 
ကဲ FaceTime App မှာ Activate လုပ်ပြီးတဲ့ ယူစာတွေ , iMessages မှာ Activate ဖြစ်ပြီးသား ယူစာတွေကတော့ iOS 12.1 နဲ့အတူ ပါလာတဲ့ New Feature Group FaceTime Video Call ကို ခေါ်ဆိုမှု ပြုနိုင်ကြပါပြီဗျား ။ 
Credit iPhoneHacks 
အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

iOS 8.0 ကနေ လက်ရှိ iOS 12.1 အထိ အသုံးပြုနိုင်တဲ့ မြန်မာဖောင့်အလှတွေကို သွင်းကြမယ်

ကိုယ့်ရဲ့ iPhone , iPad တွေ အပေါ်မှာ ထည့်ထားတဲ့ Font ဒီဇိုင်းတွေက အသုံးကြာလာလို့ ရိုးပြီး အီနေကြပြီလား ။ 
ဒါမှမဟုတ် iOS Versions တစ်ခါ မြှင့်တိုင်း မလုပ်တတ် မကိုင်တတ်တာကြောင့် ကိုယ့်ရဲ့ Devices မှာ မြန်မာစာတွေ မမှန်တာ ၊ ဖတ်လို့ မရအောင် ထပ်နေတာမျိုး ဖြစ်နေ ကြုံတွေ့နေရပြီလား ။ 
ဟုတ်ပြီလေ … 
အခု ဒီပို့စ်လေးကို ဖတ်ကြည့်ပြီးရင်တော့ ရိုးနေကြတဲ့ သူတွေလည်း ပြန်ပြီး လန်းလာမယ် ၊ အဲ …
မြန်မာစာ ဟိုနေရာ မမှန် ဒီနေရာ အဆင်မပြေ ဖြစ်နေကြတဲ့သူတွေလည်း အကုန်လုံး အစစ အရာရာ အဆင်ပြေသွားလိမ့်မယ်ဗျာ ။ 
အခု ကျနော်ပြောမယ့် အကြောင်းလေးတွေကိုတော့ အစအဆုံး သေသေချာချာလေး ဖတ်ကြည့်ပြီး တဆင့်ချင်း လုပ်သွားဖို့တော့ လိုတာပေါ့နော့ ။ 
ဒီစာလုံး ဒီ ဒီဇိုင်းတွေပဲ မြင်နေရလို့ ရိုးတဲ့သူ ၊ ဟိုနေရာ ဒီနေရာမှာ မြန်မာစာ မမှန်လို့ စိတ်ညစ်နေရတဲ့ သူများခင်ဗျား ။ 
ပထမဆုံး – iPhone , iPad တွေရဲ့ Setting ကို သွားရပါမယ် ။ 
ဒုတိယ – General ထဲက Profile ထဲကို ဝင်လိုက်ရပါမယ် ။ 
တတိယ – အဲဒီထဲမှာ ရှိနေတဲ့ Zawgyi Profiles တွေကို တွေ့ရပါလိမ့်မယ် ။ တစ်ခုချင်းစီထဲကို ဝင်ပြီး အောက်က Remove Profile လေးကို နှိပ်ပေးလိုက်ကြပါဗျ ။ အရင်က ရှိပြီးသား ထည့်ပြီးသား ဇော်ဂျီတွေကို Remove လုပ်ပြီးပြီ ဆိုရင်တော့ … 
စတုတ္ထ – MyFont App ထဲကို ဝင်ရပါမယ် ။ ( MyFont App ကို Updated တော့ လုပ်ထားပါဗျ ။ ဒါမှ Features အသစ် အသစ်တွေကို ပိုင်ဆိုင်နိုင်မှာ 🥰 ) 
ပဉ္စမ – MyFont ထဲမှာ Essentials ရယ် , Collection ရယ်ဆိုပြီး ရှိပါတယ် ။ Collection ထဲကို ဝင်လိုက်ရပါမယ် ။ ( အခုမှ ဝင်ဖူးတဲ့ ယူစာအသစ်ဆိုရင်တော့ Fb Acc နဲ့ ချိတ်ဆက်ပေးရပါမယ် ။ ချိတ်လိုက်ပါ ။ New Feature Fonts လေးတွေက သင့်ကို ကြိုလင့်နေပါပြီ 😍 ) 
MyFont App ကို Update လုပ်ရန် 👉👉👉
ဆဌမ – ခဏစောင့်ပေးလိုက်ရင် ဇော်ဂျီဖောင့်အလှ စတိုင်မျိုးစုံနဲ့အတူ ယူနီကုတ်ဖောင့်မျိုးစုံတွေကိုပါ မြင်တွေ့ရပါလိမ့်မယ် ။ ( မပေါ်လာရင် အပေါ် ဘယ်ဖက်က MyFont ကို နှိပ်ပြီး ပြန်ထွက် ၊ ပြီး Collection ထဲကို ပြန်ဝင် ။ အောက်ကို ဆွဲချပြီး Refresh လုပ်ပေး ။ ဒါဆို ဖောင့်အလှ စတိုင်မျိုးစုံကို သင်မြင်တွေ့ ရပါပြီခင်ဗျား 😘 ) 
သတ္တမ – ကဲ ! သင်ကြိုက်နှစ်သက်ရာ ဖောင့်အလှစတိုင် တစ်ခုကို ရွေးချယ်ပြီးရင် ညာဖက်အပေါ်က Install ခလုတ်လေးကို နှိပ်လိုက် ရပါမယ် ။ ပြီး ပေါ်လာတဲ့ Popup လေးထဲက Allow ကို ဆက်နှိပ်ပေး ။ Install ပေါ်လာရင် ထပ်နှိပ် ။ ပြီး Done ကို နှိပ်လိုက်ရင်တော့ သင်နှစ်သက်တဲ့ ဖောင့်အလှတစ်ခုကို Install လုပ်လို့ ပြီးသွားပြီပဲ ဖြစ်ပါတယ် ။ 
အဌမ – သင်နှစ်သက်တဲ့ ဖောင့်အလှစတိုင်ကို Install လုပ်ပြီးသွားတာ မှန်ပေမယ့် All Finish ပြီးသွားသေးတာတော့ မဟုတ်ပါဘူး ။ အခုအချိန်မှာ သင့်အနေဖြင့် Noti တွေမှာသော်၎င်း ၊ အခြားသော နေရာတွေမှာလည်း မြန်မာစာ မမှန်သေးတဲ့ Errors အချို့ ကြုံတွေ့ရနိုင်ပါသေးတယ် ။ ဒါမှမဟုတ် အခု Install လုပ်လိုက်တဲ့ ဖောင့်အလှစတိုင်မျိုး မရသေးတာလည်း ဖြစ်တတ်ပါတယ် ။ ( အချို့လည်း တစ်ခါထဲနဲ့ အဆင်ပြေတတ်ပါတယ် ။ ) 
ဒါကြောင့် သင့်ရဲ့ iPhone , iPad တို့ကို Restart လုပ်ပေးဖို့ လိုအပ်ပါတယ် ။ ( Restart လုပ်နည်းလေးကို ပုံနဲ့ ပြသပေးထားပါတယ် ။ အဲဒီအတိုင်း လုပ်လိုက်ပါဗျ ။ )


နဝမ – ကဲ ဦးဦးတို့ , ဒေါ်ဒေါ်တို့ , ကိုကိုတို့ , မမတို့ , ညီညီတို့ , ညီမလေးတို့ခင်ဗျား …. 
အခုဆိုရင် မိမိတို့ နှစ်သက်ရာ ဖောင့်အလှ စတိုင်လေးတွေနဲ့ အားရပါးရ လန်းနိုင်ကြပါပြီခင်ဗျား 🥰😍😘
Credit မူရင်း Fonts အလှ Creators များကို အထူး အထူး ကျေးဇူးတင်ရှိပါတယ်ဗျား 
အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

History of the iPhone ( 2008 to 2018 )

History of the iPhone ( 2008 to 2018 )

ထုတ်ကုန်တွေအကြား ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်မယ့် နည်းလမ်းကို မူပိုင်ခွင့်တင်လိုက်တဲ့ Apple

Apple က အမေရိကန်မူပိုင်ခွင့်ရုံး (USPTO) မှာ တင်ခဲ့တဲ့ မူပိုင်ခွင့်တစ်ခုမှာ Apple ထုတ်ကုန်တွေအကြား အားသွင်းနိုင်မယ့် စိတ်ဝင်စားဖွယ်ရာနည်းလမ်းတစ်ခုကို ဖော်ပြထားပါတယ်။
အဲ့ဒီမူပိုင်ခွင့်မှာ (bi-directional) အပြန်အလှန်သွားလာနိုင်တဲ့ လျှပ်စီးကြောင်းတစ်ခု ထုတ်လွှတ်ပေးနိုင်တဲ့ wireless charging coil တစ်ခုကို ဖော်ပြထားပါတယ်။ ဒါကြောင့် သီအိုရီအရ တူညီတဲ့ ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့ iPad ဒါမှမဟုတ် MacBook ဟာ ဘက်ထရီအားနည်းနေတဲ့ iPhone X ဒါမှမဟုတ် iPhone 8 ထံကို စွမ်းအင် လွှဲပြောင်းပေးနိုင်မှာဖြစ်ပါတယ်။


ဒီနည်းပညာဟာ ထုတ်ကုန်တစ်ခုပေါ်မှာ အခြားတစ်ခုကိုတင်ပြီး အားသွင်းနိုင်ဖွယ်ရှိပါတယ်။ ဥပမာအနေနဲ့ မူပိုင်ခွင့် ပုံကြမ်းတစ်ခုမှာ charging point အများအပြားပါဝင်တဲ့ MacBook တစ်ခုကို ပြသထားပါတယ်။ အဲ့ဒီ charging point တွေဟာ MacBook နဲ့ iPhone 8 Plus, Apple Watch စတဲ့ အခြားထုတ်ကုန် နှစ်ခု၊ သုံးခုလောက်ကြားမှာ စွမ်းအင်တွေကို လွှဲပြောင်းရာမှာ အသုံးပြုနိုင်ပါတယ်။
ထုတ်ကုန်တွေကို MacBook ပေါ်မှာထပ်ထားပြီး အားသွင်းမယ်ဆိုရင်တော့ MacBook ကို အသုံးပြုလို့ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစိတ်ကူးဟာ ထုတ်ကုန်သုံးခုကို MacBook ပေါ်မှာတင်ရုံနဲ့ အားသွင်းစေနိုင်မှာ ဖြစ်ပါတယ်။ ဒီသီအိုရီအရ Apple ကို iPhone ရဲ့ display ပေါ်မှာ တင်ပြီး အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
ဒီနည်းပညာစိတ်ကူး အမှန်တကယ် ဖြစ်မြောက်လာဖို့အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းရနိုင်ပါတယ်။