Wednesday, February 6, 2019

Fall-Detection Feature

Apple Watch Series 4 ရဲ့ Fall-Detection Feature ကြောင့် အသက် 67 နှစ်အရွယ်ရှိတဲ့ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်လိုက်နိုင်ပါတယ်

Toralv Østvang လို့ အမည်ရတဲ့ အသက် 67 နှစ်အရွယ် လူတစ်ဦးဟာ သူ့ရဲ့ ရေချိုးခန်းထဲမှာ ချော်လဲပီးတော့ သွေးအိုင်ထဲမှာ သတိလစ်နေခဲ့တာပါ ဒါပေမဲ့ Apple Watch Series 4 ရဲ့ Fall-Detection Feature ကြောင့် Emergency Call ကို Automatically ခေါ်ပေးတဲ့ အတွက် အသက်ကို ကယ်တင်လိုက်နိုင်တာပါ

Fall-Detection Feature က လူတစ်ယောက်က ရုတ်တရက် လဲကျသွားတဲ့ အခါမျိုးတွေမှာ Alert Messags တစ်ခုတက်လာပီးတော့ သင့်ကို အဆင်ပြေရဲ့လားဆိုတာကို မေးမှာဖြစ်ပါတယ် အကယ်၍တစ်မိနစ်အတွင်း လှုပ်ရှားမှု မရှိဘူးဆိုရင်တော့ အရေးပေါ်ဖုန်းနံပါတ်ကို တစ်ခါတည်း ခေါ်ပေးဖို့ အတွက် ထည့်သွင်းပေးထားတာဖြစ်ပါတယ်

ဒီ Feature ကတော့ အသက် 65 အထက် Apple watch user တွေဆိုရင် automatically enable ဖြစ်နေမှာပါ ဒီ Feature ကလည်း လူတွေ ရဲ့ အသက်ကို တစ်ဖက်တစ်လမ်းကနေ ကယ်တင်ပေးနိုင်ပါတယ်
Apple Watch Series 4 မှာပဲ ပါတဲ့ ECG Feature ကလည်း လူတွေရဲ့ အသက်ကို ကယ်တင်နိုင်ထားတာကိုတွေ့ရပါတယ်

Apple Watch Series 4 ကို အသက်ကြီးတဲ့ သူတွေအနေနဲ့ ဝတ်ဆင်ထားမယ်ဆိုရင် ပါတဲ့ Feature တွေက ပိုသင့်တော်ပါတယ်
Apple ကလည်း မလိုအပ်တဲ့ Feature တွေကိုမထည့်ပဲ လိုအပ်တဲ့ feature တွေကို တိတိကျကျနဲ့အလုပ်လုပ်နိုင်အောင်ထည့်ပေးထားတာ ကြောင့် User တွေအနေနဲ့ အကျိုး ရှိရှိ အသုံးချနိုင်ပါတယ်

No comments:

Post a Comment