Apple Watch Series 4 ရဲ့ Fall-Detection Feature ကြောင့် အသက် 67 နှစ်အရွယ်ရှိတဲ့ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်လိုက်နိုင်ပါတယ်
—
Toralv Østvang လို့ အမည်ရတဲ့ အသက်
67 နှစ်အရွယ် လူတစ်ဦးဟာ သူ့ရဲ့ ရေချိုးခန်းထဲမှာ ချော်လဲပီးတော့
သွေးအိုင်ထဲမှာ သတိလစ်နေခဲ့တာပါ ဒါပေမဲ့ Apple Watch Series 4 ရဲ့
Fall-Detection Feature ကြောင့် Emergency Call ကို Automatically
ခေါ်ပေးတဲ့ အတွက် အသက်ကို ကယ်တင်လိုက်နိုင်တာပါ
—
Fall-Detection
Feature က လူတစ်ယောက်က ရုတ်တရက် လဲကျသွားတဲ့ အခါမျိုးတွေမှာ Alert Messags
တစ်ခုတက်လာပီးတော့ သင့်ကို အဆင်ပြေရဲ့လားဆိုတာကို မေးမှာဖြစ်ပါတယ်
အကယ်၍တစ်မိနစ်အတွင်း လှုပ်ရှားမှု မရှိဘူးဆိုရင်တော့ အရေးပေါ်ဖုန်းနံပါတ်ကို
တစ်ခါတည်း ခေါ်ပေးဖို့ အတွက် ထည့်သွင်းပေးထားတာဖြစ်ပါတယ်
—
ဒီ
Feature ကတော့ အသက် 65 အထက် Apple watch user တွေဆိုရင် automatically
enable ဖြစ်နေမှာပါ ဒီ Feature ကလည်း လူတွေ ရဲ့ အသက်ကို တစ်ဖက်တစ်လမ်းကနေ
ကယ်တင်ပေးနိုင်ပါတယ်
Apple Watch Series 4 မှာပဲ ပါတဲ့ ECG Feature ကလည်း လူတွေရဲ့ အသက်ကို ကယ်တင်နိုင်ထားတာကိုတွေ့ရပါတယ်
—
Apple Watch Series 4 ကို အသက်ကြီးတဲ့ သူတွေအနေနဲ့ ဝတ်ဆင်ထားမယ်ဆိုရင် ပါတဲ့ Feature တွေက ပိုသင့်တော်ပါတယ်
Apple ကလည်း မလိုအပ်တဲ့ Feature တွေကိုမထည့်ပဲ လိုအပ်တဲ့ feature တွေကို
တိတိကျကျနဲ့အလုပ်လုပ်နိုင်အောင်ထည့်ပေးထားတာ ကြောင့် User တွေအနေနဲ့ အကျိုး
ရှိရှိ အသုံးချနိုင်ပါတယ်