Thursday, February 26, 2015

iPhone ကနေသင့်သူငယ်ချင်းတွေကိုစနောက်ဖို့  နည်း။

iOS က iMessage ရဲ့ ကောင်းတဲ့အချက်တစ်ခုက တစ်ဖက်လူကစာရိုက်နေတဲ့အခါမှာ indicator လေးပြပေးနေတာပဲဖြစ်ပါတယ်။ အဲဒီ indicator လေးနဲ့ ဆင်တူတဲ့ GIF image ပုံတစ်ခု ကိုရှာပြီးသင့်သူငယ်ချင်းတွေကိုစနောက်ရင် ပျော်စရာကောင်းမှာပါ။ ပုံရရင် သင့်ဖုန်း မှာသိမ်းပါ။ ပြီးရင်စဖို့ သူငယ်ချင်းတစ်ယောက်ကိုရှာပြီးစကားပြောပါ။ပြီးရင် GIF ပုံကိုပို့ လိုက်ပါ။ပြီးရင်တော့ ဘာမှထပ်မရိုက်ဘဲအသာစောင့်နေပါ။ ဒါဆိုရင်သင့်သူငယ်ချင်းကသင်စာရိုက်နေတယ် လို့ ထင်မှတ်ပြီးစောင့်နေပါလိမ့်မယ်။တော်တော်ကြာကြာအထိ စောင့် နေရတဲ့အခါမှာတော့ သင့်သူငယ်ချင်းဆီက *&^%$# အသံတွေကြားရမှာဖြစ်ပြီး ရယ်မောနိုင်ပါပြီ။ တစ်ခုသတိထားရမှာက သင့်သူငယ်ချင်းကလည်း iPhone သုံးနေလားဆိုတာ သင်သိထားဖို့ လိုပါတယ်။ Mac,iPad တို့ သုံးနေတယ်ဆိုရင် GIF ပုံက device ရဲ့ ညာဘက်အခြမ်းမှာပေါ်မှာမဟုတ်လို့ ပါ။ Download iMessage Indicator GIF

ios (iphone) နဲ့  Android ဖုန်း ဘာကို သုံးသင့်သလဲ အခြေခံသဘောတရားများဖတ်နိုင်ပါပြီ

ios အကြောင်းနှင့်ပက်သက်၍ ကျနော်လေ့လာမိသလောက်မျှဝေခြင်း (၁) ios နှင့် android အားနှိုင်းယှဉ်ကြည့်မယ်ဆိုရင် ios က android လောက် အသုံးပြုရတာ မလွယ်ကူပါ သို့သော် အရမ်းလည်း မခက်ပါ ios ကိုစတင်အသုံးပြုတော့မယ်ဆိုရင် Apple ကဖြန်ချီထားတဲ့ App တွေ Game ကိုရယူသုံးစွဲဘို့ နဲ့ Apple ရဲ့ ဝန်ဆောင်မှုတွေကိုရယူဘို့ Apple ID account တစ်ခုလိုအပ်ပါတယ် Android ဆိုရင်လည်းဒီလိုပါပဲ Google account တစ်ခုလိုပါတယ် ios လွယ်လွယ်ပြောရင် iPhone တစ်လုံးကိုအသုံးပြုတော့မယ်ဆိုရင် ကွန်ပျူတာ တစ်လုံးတော့ ရှိထားသင့်ပါတယ် ဘာကြောင့်လဲဆိုတော့ သီချင်းတွေ ဗီဒီယိုတွေ ကို android မှာလို bluetooth နဲ့ Share ပေးလို့မရဘူး external memory လည်းမရှိတာကြောင့် ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး Apple မှအခမဲ့ဖြန့်ဝေထားသော itunes ဖြင့်သာ music , video , game , app & ebook စသည်တို့ကို သွင်းနိုင်မည်ဖြစ်သည်။ ဖုန်းဖြင့် App Store မှ download ဆွဲချရသော်လည်း မိမိမှာရှိသည့် မြန်မာသီချင်းများနှင့်ဗီဒီယို စာအုပ်များကို App Store တွင်ရှာမရနိုင်ပါ။ သူငယ်ချင်းတစ်ယောက်ဆီမှာရှိလို့ လိုချင်ရင်တောင် Bluetooth နဲ့ Share ပေးလို့လည်းမရတဲ့အတွက် သီချင်းတစ်ပုဒ်လိုချင်တိုင်း ကွန်ပျူတာမှသာ သွင်းယူရမှာဖြစ်လို့ ကွန်ပျူတာတစ်လုံးကတော့ ရှိသင့်ပါတယ် iPhone အသစ်တစ်လုံးကို သင်ဝယ်တဲ့အခါ ဖုန်းရဲ့ ဘာသာစကားစနစ်မှာ မြန်မာစာ မပါလာပါဘူး ကျနော်တို့က မြန်မာစာရေးချင် ဖတ်ချင်တဲ့အခါ မြန်မာစာစနစ်ကိုထည့်သွင်းပေးဘို့ လိုအပ်လာပါတယ် အဲဒီမြန်မာစာရေးလို့ရတဲ့ ကီးဘုတ်နဲ့ ဖောင့်ကို မြန်မာပရိုဂရမ်မာများက တီထွင်ပေးထားပါတယ် ဒါပေမဲ့ Apple က ဒါကိုထည့်သုံးခွင့်မပေးထားပါဘူး ကျနော်တို့က သုံးချင်တယ်ဆိုတော့ Apple ရဲ့ စနစ်ကို စပြီးချိုးဖောက်ရပါပြီ အဲလိုချိုးဖောက်တာကိုပဲ Jailbreak လုပ်တယ်လို့ပြောဆိုကြပါတယ်.. Android နဲ့ ယှဉ်ပြောရရင်တော့ Root လုပ်တာပေါ့ဗျာ... အဲလို Jailbreak လုပ်ပြီးတဲ့အခါ Android မှာ super user လိုမျိုး ios မှာတော့ cydia ဆိုတာလေးရှိလာပါတယ်... အဲဒီ cydia ကိုအသုံးပြုပြီး ကျနော်တို့ လိုချင်တဲ့ မြန်မာကီးဘုတ်နဲ့ ဖောင့်အပြင် အခြားသော Apple ကခွင့်မပြုထားတဲ့ App & hacking game တွေကို သင့်ရဲ့  i device ထဲကိုထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ မြန်မာကီးဘုတ်နဲ့ဖောင့်ထည့်နည်းကို နောက်ပိုင်းမှာ အဆင်ပြေသလိုဖော်ပြပေးသွားပါမယ် ယနေ့အချိန်ထိ နိုင်ငံအများစုမှာ android စနစ်ကိုသာလူသုံးများနေပါသေးတယ် အထူးသဖြင့် မြန်မာပြည်မှာ ios ဟာတန်ကြေးမြင့်နေတဲ့ဖုန်းဖြစ်တာက တစ်ကြောင်း android နဲ့စာရင် အသုံးပြုရ အနည်းငယ်ခက်ခဲနေတာက တစ်ကြောင်း Application နှင့် ဂိမ်းများ android နဲ့စာရင် သုံးပုံတစ်ပုံလောက်သာရှိတဲ့အပြင် အခမဲ့ရယူနိုင်မှု android လောက်မပေါများတဲ့အတွက်တစ်ကြောင်း မြန်မာပြည်သားအများစု အသုံးပြုနေတဲ့ မြန်မာ application နှင့် ဂိမ်းများ Android လောက် ios မှာမရှိခြင်းများနှင့် လူတန်းစေ့ကိုင်နိုင်တဲ့ android ဖုန်းအသုံးပြုမှု များခြင်းဟာ အဆန်းတော့မဟုတ်ပေ... ios က တန်ကြေးမြင့်သလို ပေးတာနဲ့တန်အောင်ကို သုံးလို့ကောင်းတယ်ဆိုတာ အသုံးပြုဖူးသူတိုင်း လက်ခံရမဲ့အချက်တစ်ချက်ပါ သူ့ရဲ့ အရည်အသွေးဟာ ဖုန်းလောကမှာ အကောင်းဆုံးဆိုတာကိုငြင်းလို့မရအောင်ပါပဲ ဆက်လက်မျှဝေပါဦးမည်... ကျနော့်ရေးသားချက်များလိုအပ်နေသေးတယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိပါတယ် ဒီအတွက်စာဖတ်သူများကိုတောင်းပန်ထားချင်ပါတယ် ကျနော်က ios ကိုလေ့လာတာသိပ်မကြာသေးလို့ အမှားပါခဲ့ရင်နားလည်ခွင့်လွှတ်စေချင်ပါတယ် ကျနော့်ထက်တတ်ကျွမ်းသူများ ကျနော့်အမှားအား အကြံပေးမှုနှင့် ကျိုးကြောင်းမှန်ကန်ဝေဖန်မှုကို လေးစားစွာလက်ခံပါသည်။

Monday, February 9, 2015

iPhone 5 , 5 s နှင့်  5 c တို့ ၏ ( top ten secret codes) များ

1 ။ *#06# to find ime number (it will work many of smart phone) 2 ။ *#21# is display information about call forwarding (call voice and data ) 3 ။ *#62 # information call forwarding if iphone is switched or in case of none of services is available 4 ။ ## 002 # this code disable call forwarding . 5 ။ *#30# this codes allow (or) blocks the phone number calling you 6 ။ *# 31 # allow you to hide your number. 7 ။ *#33# multiple configuration like (call,sms,data,etc..) and show wether they are enabled or not. 8 ။ *#61# to know miss call 9 ။ *#43# to verify status call wating like ( sms,data and sync data ) 10 ။ *3001#12345#* to display many of inner setting of your phone. ======================================== ဆက်လက်ဖော်ပြပေးပါမည်။

Tuesday, February 3, 2015

iPhone Pattern & Password ဖြည်နည်း

နည်းလမ်း(၁) 1. ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။ 2. iFunBox အသုံးပြုပြီး "Raw File System" (File mgr.) ထဲ ဝင်ပါ။ 3. /Library/MobileSubstrate/DynamicLibraries ထဲဝင်ပြီး AndroidLock နာမည်နဲ့အစပြုတဲ့ ဖိုင်နှစ်ခုကို Delete လုပ်ပါ။ 4. iDevice ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။ 5. မြင်နေကျ "Slide to Unlock" ဆိုတဲ့ screen ကို တွေ့ရပါလိမ့်မယ်။Done! နည်းလမ်း(၂) ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။ iFunbox ကို ဖွင့်ပါ။ ပြီးလျှင် /var/mobile/Library/Preferences ကို သွားပါ။ com.zmaster.AndroidLock.plist ဆိုတဲ့ File Text Editor တစ်ခုခုနဲ့ ဖွင့်ပါ။ Password 123456 ကြားက နံပါတ်များသည် Password ဖြစ်ပါတယ်။ Download iTune Down ရန်း http://www.apple.com/itunes/download/ iFunbox Down ရန်း http://dl.i-funbox.com/