Friday, March 13, 2015

ios (iphone) နဲ့  Android ဖုန်း ဘာကို သုံးသင့်သလဲ အခြေခံသဘောတရားများဖတ်နိုင်ပါပြီ






ios အကြောင်းနှင့်ပက်သက်၍ ကျနော်လေ့လာမိသလောက်မျှဝေခြင်း (၁)

ios နှင့် android အားနှိုင်းယှဉ်ကြည့်မယ်ဆိုရင်
ios က android လောက် အသုံးပြုရတာ မလွယ်ကူပါ သို့သော် အရမ်းလည်း မခက်ပါ

ios ကိုစတင်အသုံးပြုတော့မယ်ဆိုရင် Apple ကဖြန်ချီထားတဲ့ App တွေ Game ကိုရယူသုံးစွဲဘို့ နဲ့ Apple ရဲ့ ဝန်ဆောင်မှုတွေကိုရယူဘို့ Apple ID account တစ်ခုလိုအပ်ပါတယ်
Android ဆိုရင်လည်းဒီလိုပါပဲ Google account တစ်ခုလိုပါတယ်

ios လွယ်လွယ်ပြောရင် iPhone တစ်လုံးကိုအသုံးပြုတော့မယ်ဆိုရင် ကွန်ပျူတာ တစ်လုံးတော့ ရှိထားသင့်ပါတယ်
ဘာကြောင့်လဲဆိုတော့ သီချင်းတွေ ဗီဒီယိုတွေ ကို android မှာလို bluetooth နဲ့ Share ပေးလို့မရဘူး external memory လည်းမရှိတာကြောင့် ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး
Apple မှအခမဲ့ဖြန့်ဝေထားသော itunes ဖြင့်သာ music , video , game , app & ebook စသည်တို့ကို သွင်းနိုင်မည်ဖြစ်သည်။
ဖုန်းဖြင့် App Store မှ download ဆွဲချရသော်လည်း မိမိမှာရှိသည့် မြန်မာသီချင်းများနှင့်ဗီဒီယို စာအုပ်များကို App Store တွင်ရှာမရနိုင်ပါ။
သူငယ်ချင်းတစ်ယောက်ဆီမှာရှိလို့ လိုချင်ရင်တောင် Bluetooth နဲ့ Share ပေးလို့လည်းမရတဲ့အတွက် သီချင်းတစ်ပုဒ်လိုချင်တိုင်း ကွန်ပျူတာမှသာ သွင်းယူရမှာဖြစ်လို့
ကွန်ပျူတာတစ်လုံးကတော့ ရှိသင့်ပါတယ်

iPhone အသစ်တစ်လုံးကို သင်ဝယ်တဲ့အခါ ဖုန်းရဲ့ ဘာသာစကားစနစ်မှာ မြန်မာစာ မပါလာပါဘူး
ကျနော်တို့က မြန်မာစာရေးချင် ဖတ်ချင်တဲ့အခါ မြန်မာစာစနစ်ကိုထည့်သွင်းပေးဘို့ လိုအပ်လာပါတယ်
အဲဒီမြန်မာစာရေးလို့ရတဲ့ ကီးဘုတ်နဲ့ ဖောင့်ကို မြန်မာပရိုဂရမ်မာများက တီထွင်ပေးထားပါတယ်
ဒါပေမဲ့ Apple က ဒါကိုထည့်သုံးခွင့်မပေးထားပါဘူး ကျနော်တို့က သုံးချင်တယ်ဆိုတော့ Apple ရဲ့ စနစ်ကို စပြီးချိုးဖောက်ရပါပြီ
အဲလိုချိုးဖောက်တာကိုပဲ Jailbreak လုပ်တယ်လို့ပြောဆိုကြပါတယ်.. Android နဲ့ ယှဉ်ပြောရရင်တော့ Root လုပ်တာပေါ့ဗျာ...
အဲလို Jailbreak လုပ်ပြီးတဲ့အခါ Android မှာ super user လိုမျိုး
ios မှာတော့ cydia ဆိုတာလေးရှိလာပါတယ်... အဲဒီ cydia ကိုအသုံးပြုပြီး ကျနော်တို့ လိုချင်တဲ့ မြန်မာကီးဘုတ်နဲ့ ဖောင့်အပြင်
အခြားသော Apple ကခွင့်မပြုထားတဲ့ App & hacking game တွေကို သင့်ရဲ့  i device ထဲကိုထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
မြန်မာကီးဘုတ်နဲ့ဖောင့်ထည့်နည်းကို နောက်ပိုင်းမှာ အဆင်ပြေသလိုဖော်ပြပေးသွားပါမယ်

ယနေ့အချိန်ထိ နိုင်ငံအများစုမှာ android စနစ်ကိုသာလူသုံးများနေပါသေးတယ်
အထူးသဖြင့် မြန်မာပြည်မှာ ios ဟာတန်ကြေးမြင့်နေတဲ့ဖုန်းဖြစ်တာက တစ်ကြောင်း
android နဲ့စာရင် အသုံးပြုရ အနည်းငယ်ခက်ခဲနေတာက တစ်ကြောင်း
Application နှင့် ဂိမ်းများ android နဲ့စာရင် သုံးပုံတစ်ပုံလောက်သာရှိတဲ့အပြင် အခမဲ့ရယူနိုင်မှု android လောက်မပေါများတဲ့အတွက်တစ်ကြောင်း
မြန်မာပြည်သားအများစု အသုံးပြုနေတဲ့ မြန်မာ application နှင့် ဂိမ်းများ Android လောက် ios မှာမရှိခြင်းများနှင့်
လူတန်းစေ့ကိုင်နိုင်တဲ့ android ဖုန်းအသုံးပြုမှု များခြင်းဟာ အဆန်းတော့မဟုတ်ပေ...
ios က တန်ကြေးမြင့်သလို ပေးတာနဲ့တန်အောင်ကို သုံးလို့ကောင်းတယ်ဆိုတာ အသုံးပြုဖူးသူတိုင်း လက်ခံရမဲ့အချက်တစ်ချက်ပါ
သူ့ရဲ့ အရည်အသွေးဟာ ဖုန်းလောကမှာ အကောင်းဆုံးဆိုတာကိုငြင်းလို့မရအောင်ပါပဲ

ဆက်လက်မျှဝေပါဦးမည်...
ကျနော့်ရေးသားချက်များလိုအပ်နေသေးတယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိပါတယ် ဒီအတွက်စာဖတ်သူများကိုတောင်းပန်ထားချင်ပါတယ်
ကျနော်က ios ကိုလေ့လာတာသိပ်မကြာသေးလို့ အမှားပါခဲ့ရင်နားလည်ခွင့်လွှတ်စေချင်ပါတယ်
ကျနော့်ထက်တတ်ကျွမ်းသူများ ကျနော့်အမှားအား အကြံပေးမှုနှင့် ကျိုးကြောင်းမှန်ကန်ဝေဖန်မှုကို လေးစားစွာလက်ခံပါသည်။

IOS 8.2 Beta 2 ကို JailBreak ပြုလုပ်နိုင်သော TaiG jailbreak tool v1.3 ထွက်ရှိ

IOS 8.2 Beta 2 ကို Jailbreak လုပ်နိုင်သော TaiG jailbreak tool v1.3 ထွက်ရှိ

Myanmar Mobile App Store > iOS Jailbreak Tool > iOS 8.2 Beta 2 ကို Jailbreak လုပ်နိုင်သော TaiG jailbreak tool v1.3 ထွက်ရှိ ios-8-2-beta-2-jailbreak Author: သက်နိုင်စိုး March 8, 2015 iOS Jailbreak Tool 2015 ခုနှစ် ၂ လပိုင်း ၅ ရက်နေ့တွင် TaiG Jailbreak Team မှ iOS 8.2 Beta 2 ကို Jailbreak ပြုလုပ်နိုင်သော TaiG Jailbreak Tool version အသစ် 1.3 ကိုထုတ်ဝေခဲ့သည်။
ယင်း TaiG Jailbreak Tool v1.3 သည် iOS 8.1.3 မှလွဲပြီး ကျန်သည့် iOS 8.0 မှ iOS 8.1.2 အထိ ၊ iOS 8.2 Beta 2 တို့ကို Jailbreak ပြုလုပ်နိုင်သည်။
iOS 8.2 Beta 2 တင်ထားသူများအနေဖြင့် Jailbreak ပြုလုပ်လိုပါက TaiG Jailbreak Tool v1.3 ကိုအောက်က link မှာရယူနိုင်ပါတယ်။ TaiG Jailbreak Tool v1.3 အားရယူရန်

http://www.taig.com/en/